20.2.2024 - Tuesday of the 1st week of Lent
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ၊ ၂၀ ရက်- ဝါတွင်းကာလ ပထမသီတင်းပတ် - အင်္ဂါနေ့
Matthew 6:7-15 - ရှင်မာတေဦး ၆:၇-၁၅
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ဟေရှာယ ၅၅:၁၀-၁၁။ မာတေဦး၆:၇-၁၅တစ်ခါက ဆရာဝန်တစ်ဦး၊အင်္ဂျင်နီယာတစ်ဦးနဲ့ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးတို့အပျော်တမ်း အမဲလိုက်ထွက်ကြတော့ဒရယ်တစ်ကောင်ရပါသတဲ့။ သုံးဦးစလုံးက‘ငါပစ်လို့ထိတာ’ဆိုပြီး ငြင်းနေကြလို့ ဒေသခံဝါရင့်မုဆိုးကြီးဆီမှာ အဆုံးအဖြတ်ခံယူဖို့သဘောတူလိုက်ကြတယ်။ မုဆိုးကြီးက‘ကျောင်းထိုင်ဘုန်းကြီးပစ်လို့ထိတာ’လို့သတ်မှတ်လိုက်ပါတယ်။ အကြောင်းရင်းကိုမေးကြည့်တော့‘ကျည်ဆန်က ဒီဖက်နားကဖောက်ဝင်ပြီးဟိုဖက်နားကနေဖောက်ထွက်သွားလို့ပါ’တဲ့။ ‘မိုးရေသည်မြေကိုအကျိုးမပြုဘဲ ကောင်းကင်သို့ ပြန်မတက်’ (ဟေရှာယ ၅၅:၁၀)။