24.2.2024 – First of week Lent, Saturday
၂၄ ဖေဖေါ်ဝါရီလ၊ ဝါတွင်းကာလ ပထမသီတင်းပတ် - စနေနေ့
Matthew 5:43-48 - ရှင်မာတေဦး ၅:၄၃-၄၈
Reflection by Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
တရားဟောရာကျမ်း၂၆:၁၆-၁၉။ မာတေဦး ၅:၄၃-၄၈ဖာရီဇေးဦးတွေကဝတ်ပြုရာကျမ်း ၁၉:၁၈ အရ‘ကိုယ့်ကိုချစ်တဲ့သူကိုပဲပြန်ချစ်ရမယ်’လို့အဓိပ္ပါယ်ကောက်ကြတယ်။ဒီလိုပဲ ဆာလံ၁၃၉:၁၉-၂၂ နဲ့ ၁၄၀:၉-၁၁ အရ‘ရန်သူတွေကိုမုန်းရမယ်’လို့ သတ်မှတ်ပြန်တယ်။တကယ်တော့ခရစ်ယာန်ဆိုတာ သူများထက်ထူးကိုထူးရမယ်၊ကောင်းတဲ့ဖက်မှာထူးခြားသူတွေဖြစ်ရပါမယ်။အဖဘုရားကဲ့သို့ကောင်းမွန်ပြည့်စုံစေဖို့ရာဒီလေးချက်ကိုတင်ပြလိုပါတယ်။-အကျင့်စရိုက်ကောင်းမွန်ခြင်း-ဝိညာဉ်ရေးရာသန့်ရှင်းစင်ကြယ်ခြင်း-စိတ်သဘောထားရင့်ကျက်ခြင်း-မေတ္တာထားတတ်ခြင်း-ကိုယ်တော်၌ မျှော်လင့်ထားသောသူတိုင်းသည်ကိုယ်တော်ကဲ့သို့သန့်ရှင်းစင်ကြယ်ခြင်းရှိရန်မိမိကိုယ်ကိုသန့်စင်ကြလေ၏ (ပ-ယော၃:၃)။