Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-24 03:29:47

25.2.2024 -2nd Sunday of Lent
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊ ၂၅ ရက်- ဝါတွင်း ဒုတိယ တနင်္ဂနွေနေ့
Mark 9:1-9 - ရှင်မာကု ၉:၁-၉
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ကမ္ဘာဦးကျမ်း ၂၂:၁-၂၊၉က၊၁၀-၁၃၊၁၅-၁၈။ ရောမ ၈:၃၁-၃၄။ ရှင်မာကု ၉:၁-၉အာဗြဟံရဲ့ယုံကြည်ခြင်း ဘယ်လောက်ခိုင်မြဲသလဲဆိုတာ စမ်းသပ်ခဲ့တဲ့အကြောင်း ဒီနေ့ပထမကျမ်းစာမှာတွေ့ရပါတယ်။ အသက်ကြီးမှရတဲ့တစ်ဦးတည်းသော သားလေး ၁၃-၁၄နှစ် အရွယ် ရောက်တော့ အာဗြဟံဟာ ဖခင်တစ်ယောက်အနေနဲ့ ဘယ်လောက်ဝမ်းသာကြည်နူးနေမယ်ဆိုတာ ခန့်မှန်းကြည့်ရင်သိနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဘုရားသခင်က သားကိုသတ်ပြီး ယဇ်ပူဇော်ဖို့တောင်းဆိုလာတယ်။ အာဗြဟံဘယ်လိုခံစားရမလဲ။ သူ့ရင်ထဲမှာ မေးခွန်းတွေရှိနေမှာ အမှန်ပါပဲ…ဒီသားကိုပေးခဲ့တာ ဒီလိုပူဇော်ခိုင်းဖို့လား?ဒီသားကိုရတာ သူစိတ်ဒုက္ခခံစားရဖို့ သက်သက်ပဲလား?ဒီသားသေသွားရင် မြေး၊မြစ်တွေကြယ်တွေသဲတွေလို များပြားစေမယ်ဆိုတဲ့ကတိဘယ်လိုလုပ်ပြည့်စုံနိုင်တော့မှာလဲ?ကိုယ်တော်တပည့်တော်ကို ချစ်တဲ့အချစ်ဟာဒါပဲလား…လို့ ဘုရားသခင်ကို ပြန်မေးလိုက်ချင်မှာ အမှန်ပါပဲ။သိုးတစ်ကောင်နဲ့ အစားထိုးပေးလိုက်ချိန် အဖခမည်းတော်ဘုရားရဲ့ ရင်ထဲမှာ အာဗြဟံကိုပြောပြချင်တဲ့ စကားတချို့ ရှိပါလိမ့်မယ်။ အဲဒါကတော့ “အာဗြဟံ၊ မင်းရဲ့သားကိုသတ်ပြီး ပူဇော်ဖို့မလိုပါဘူးကွယ်၊ကျွန်ုပ်ရဲ့သားကိုပဲ အသေခံပြီးလူတွေရဲ့အပြစ်ကနေကယ်တင်ခိုင်းမှာပါ”လို့။တရားကျမ်းတွေကကျွန်ုပ်တို့ကို ကယ်တင်နိုင်မှာမဟုတ်တဲ့အတွက် မိုးဇယ်မရှိလည်းရပါတယ်။ ပရောဖက်ကျမ်းတွေကကျွန်ုပ်တို့ကိုကယ်တင်နိုင်မှာ မဟုတ်တဲ့အတွက်ဧလိယမရှိလည်းဖြစ်ပါတယ်။ သခင်ဘုရားနဲ့ကားတိုင်တော်က ကျွန်ုပ်တို့ကို ကယ်တင်မှာဖြစ်တဲ့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

Daily Reflection
2024-05-14 07:22:35

15.5.2024 - 7th Week of Easter, Wednesday
St. Isidore the Farmer
မေလ ၁၅ ရက်၊ ၂ ၀၂၄၊ ပါစကားကာလသတ္တမပတ် ‌ဗုဒ္ဓဟူးနေ့၊
ရှင်ယောဟန် ၁၇း ၁၁ - ၁၉ - John 17:11-19
Reflection by Bro. John Therersan O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR