26.2.2024 - Monday of the 2nd week of Lent
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ၊ ၂၆ ရက်- ဝါတွင်းကာလ ဒုတိယသီတင်းပတ် - တနင်္လာနေ့
Luke 6:36-38 - ရှင်လုကာ ၆:၃၆-၃၈
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ဒါနီအဲလ် ၉:၄ခ-၁၀။ ရှင်လုကာ ၆:၃၆-၃၈မှန်ကြည့်ပြီး ပြုံးပြရင်မှန်ထဲကလူကလည်း ကိုယ့်ကိုပြန်ပြုံးပြမယ်။တောင်နံရံနှစ်ခုကြားမှာ အားရ ပါးရ အော်ဆဲလိုက်ရင်ဆဲတဲ့အသံကိုပြန်ကြားရမယ်။ လောကကြီးက တရားပါတယ်။ ကိုယ်ပြုတဲ့အတိုင်းပြန်ပြီး ခံရ စံရမှာပါပဲ။ ဒါကလူ့အဆင့်အတန်း သတ်မှတ်ချက်ပါ။ ကျွန်ုပ်တို့ရဲ့ ဘုရားသခင်က သူ့အဆင့်အတန်းအတိုင်းလိုက်နာစေချင်လို့ ဒီနေ့ဖိတ်ခေါ်နေပါတယ်။“ခမည်းတော် သနားကြင်နာသကဲ့သို့သနားကြင်နာရမယ်”တဲ့။ ခမည်းတော်လို သနားကြင်နာတတ်ဖို့ ဒီပါရမီသုံးခုကိုကျင့်ရပါမယ်။ အဲ့ဒါတွေကတော့ သူတစ်ပါးကို မစီရင်မဆုံးဖြတ်ဖို့၊ပြစ်တင်ရှုံ့ချခြင်း မပြုဖို့နဲ့ ခွင့်လွှတ်ဖို့ ဖြစ်ပါတယ် (ပ-ကော ၄:၅၊ ယာကုပ် ၄:၁၂၊ဧဖက် ၄:၃၂)။လောကကြီးထဲကို သင်ပေးလိုက်သလောက် သင်ပြန်ရမှာပါ။ ဒါပေမယ့် ဘုရားသခင်လိုကြင်နာတတ်ရင်တော့ ပြည့်သိပ်ရုံမက မောက်လျှံနေအောင်ပြန်ရပါလိမ့်မယ်။