1.3.2024 – Friday of the 2nd week of Lent
၂၀၂၄ ခုနှစ် မတ်လ၊ ၁ ရက်- ဝါတွင်းကာလ ဒုတိယသီတင်းပတ် - သောကြာနေ့
Matthew 21:33-43,45-46 - ရှင်မာတေးဦး ၂၁း၃၃-၄၃,၄၅-၄၆
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
“မြေပိုင်ရှင်တစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍ ခြံဝင်းကာရံပြီးလျှင် စပျစ်သီးဆွတ်ခူးချိန်နီးလာသောအခါ အစေခံများကို သီးစားလုပ်သူတို့ထံသို့စေလွှတ်လိုက်၏။ ထိုအခါသီးစားလုပ်သူတို့သည်ထိုအစေခံများကိုဖမ်းပြီးလျှင်တစ်ဦးကိုရိုက်ကြပြီးတစ်ဦးကိုသတ်ကာနောက်တစ်ဦးကို ကျောက်ခဲနှင့် ပစ်ပေါက်ကြ၏။တစ်ဖန်သူသည် ယခင်ထက် အရေ အတွက်ပိုများသောအစေခံတို့ ကို စေလွှတ်ပြန်လျှင် သီးစားလုပ်သူတို့သည် သူတို့ကိုလည်း ထိုနည်းတူပြုကြ၏။ နောက်ဆုံး၌မူ သူတို့သည် ငါ၏သားကို လေးစားကြလိမ့်မည်ဟုဆို၍ မိမိ၏သားကို သူတို့ထံသို့စေလွှတ်လေ၏။ သို့သော်သီးစားလုပ်သူတို့သည်သားဖြစ်သူကိုမြင်ကြလျှင် ဤသူသည်အမွေခံသားဖြစ်၏။ လာကြ၊သူ့ကိုသတ်၍ သူ၏အမွေကိုယူကြကုန်အံ့ဟု အချင်းချင်းပြောဆိုကြလေ၏။ ထို့နောက် သူတို့သည်သူ့ကိုဖမ်းပြီးလျှင် ဥယျာဉ်အပြင်သို့ ထုတ်၍သတ်ပစ်ကြ၏။ရှင်မာသေဦး ၂၁:၃၃-၃၉ယနေ့ပထမကျမ်းတွင် ဂျိုးဇက်က သူ၏ညီအစ်ကိုများရောင်းစားခြင်းခံစားရကြောင်းဖော်ပြသည်။“Rejection” ဆိုတဲ့“အပယ်ခံခြင်း”သည် လူတစ်ဦးစီအတွက်ရိုက်ချက်ပြင်းသောစိတ်ခံစားခြင်းဖြစ်သည်။အပယ်ခံခြင်းအမျိုးမျိုးမှမိသားစု၊ချစ်သူ၊ မိတ်ဆွေရင်းချာများအပယ်ခံခြင်းသည် အဆိုးရွားဆုံးသော၊ ခံရခက်ဆုံးသော ဝေဒနာဖြစ်သည်။လူ့အခွင့်အရေးများကို ချိုးဖေါက်သောအခါ စစ်မက်ဖြစ်ပွါးမှုဖြစ်လာသည်။ ဧဝံဂေလိကျမ်းက ဥပမာသည် အမွေစားသားကိုလေးစားမည့်ဥပမာဖော်ပြသည်။မတူညီသော လူသားမျိုးနွယ်များတွက် အကောင်းဆုံးသော ဆုလက်ဆောင်မှာ လေးစားမှုဖြစ်သည်။ လေးစားခြင်းနှင့်အနီးကပ်ဆုံးသော ပါရမီမှာချစ်ခြင်းဖြစ်သည်။ ခရစ်တော်သွန်သင်သည်ကားအချင်းချင်းချစ်ကြပါ။