2.3.2024 – Saturday of the 2nd week of Lent
၂၀၂၄ ခုနှစ် မတ်လ၊ ၂ ရက်- ဝါတွင်းကာလ ဒုတိယသီတင်းပတ် - စနေနေ့
Luke 15:1-3, 11-32 - ရှင်လုကာ ၁၅း၁-၃,၁၁-၃၂
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
တစ်ဖန် ကိုယ်တော်ကမိန့်တော်မူသည်မှာ လူတစ်ဦး၌ သားနှစ်ယောက်ရှိ၏။ သူတို့နှစ်ယောက်တွင်သားငယ်ကအဖ၊ အကျွန်ုပ်နှင့်ဆိုင်သောအမွေကို အကျွန်ုပ် အားပေးပါဟုဆိုလျှင်ဖခင်သည် မိမိ၏ ဥစ္စာပစ္စည်းများကိုသူတို့အား ခွဲဝေပေးလေ၏။ ရက်များ မကြာမီသားငယ်သည် မိမိရရှိသမျှဥစ္စာ တို့ကို စုသိမ်းပြီးလျှင် ဝေးလံသောတိုင်း တစ်ပါးသို့ ထွက်သွား၍ ထိုအရပ်တွင် အပျော်အပါးလိုက်စားလျက် မိမိဥစ္စာပစ္စည်းတို့ကို ဖြုန်းတီးလေ၏။ သူ၌ရှိသမျှတို့ကို သုံးဖြုန်း၍ ကုန်သောအခါ ထို တိုင်းပြည်၌ ဆိုးရွားသောငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်သ ဖြင့် သူသည်လည်း ဆင်းရဲချွတ်ခြုံကျလေ၏။ ထို့ကြောင့် သူသည် ထိုပြည် သားတစ်ဦးထံ သွားရောက်လုပ်ကိုင်ရာ ထိုသူကသူ့အား မိမိ၏ ဝက်များကိုထိန်းကျောင်းအစာကျွေးရန် မိမိ၏ လယ်တောသို့ စေလွှတ်လေ၏။ ထိုအခါ သူသည် အမြင်မှန်ရ၍ ရေရွတ်သည်မှာ ငါ့အဖ၏ အစေခံများသည် ဝလင်စွာစားရလျက် ပိုလျှံနေကြ၏။ ငါမူကား ဤအရပ်တွင် အစာငတ်၍ သေရတော့မည်။ ငါသည် ထ၍ ငါ၏ အဖထံသို့ သွားပြီးလျှင် အဖ၊ အကျွန်ုပ်သည် ကောင်းကင်ကို လည်းကောင်း၊ အဖကိုလည်းကောင်း ပြစ်မှားမိပါပြီ။ အကျွန်ုပ်သည် အဖ၏ သားဟူ၍ အခေါ် ခံရန် မထိုက်တန်ပါ။ အဖ၏ အစေခံတစ်ဦး ကဲ့သို့ အကျွန်ုပ်ကိုထားပါဟူ၍ သူ့အား ပြောမည်ဟုဆိုလေ၏။ ထို့နောက်သူသည် ထ၍ သူ၏ အဖထံသို့ ပြန်သွားလေ၏။ သို့သော် သူသည် အဝေး၌ ရှိစဉ်ပင်သူ၏ အဖသည် သူ့ကို တွေ့သဖြင့် သနားခြင်း စိတ်ရှိ၍ ပြေးသွားပြီး လျှင် သူ့ ကို ပွေ့ဖက်၍ နမ်းရှုပ်လေ၏။ သားဖြစ်သူကလည်း အဖ၊ အကျွန်ုပ်သည် ကောင်းကင်ကို လည်းကောင်း၊ အဖကိုလည်းကောင်း ပြစ်မှားမိပါပြီ။ အကျွန်ုပ်သည် အဖ၏ သားဟူ၍ပင် အခေါ် ခံရန် မထိုက်တန်တော့ပါဟုပြောလေ၏။ သို့ရာတွင် အဖကမိမိ၏ အစေခံတို့အား ဆိုသည်ကား အကောင်းဆုံးသောဝတ်ရုံကို အလျင်အမြန်ယူလာ၍ သူ့ကို ဝတ်ဆင်ပေးကြလော့။ သူ၏လက်၌ လက်စွပ်ကိုလည်းကောင်း၊ သူ၏ခြေတို့ ၌ ဖိနပ်ကိုလည်းကောင်း ဆင်မြန်းပေးကြလော့။ ဆူဖြိုးသောနွားငယ်ကိုယူခဲ့၍ သတ်ကြလော့။ ငါတို့သည် စားသောက်ပွဲ ကျင်းပ ၍ ပျော်ရွှင်ဝမ်းမြောက်ကြကုန်အံ့။ အကြောင်းမူကား ငါ၏သား၊ ဤသူသည်သေပြီးမှ ယခုအသက်ပြန်ရှင်လေပြီ။ သူသည် ပျောက်ဆုံးပြီးမှ ယခု သူ့ကို ပြန်တွေ့ရလေပြီဟုဆို၏။ ထို့နောက်သူတို့ သည် ပျော်ပွဲရွှင်ပွဲကို စတင်ကျင်းပကြလေ၏။ ထိုအချိန် ၌ သားကြီးဖြစ်သူ သည် လယ်တောတွင် ရှိနေ၏။ သူသည် ပြန်လာ၍ အိမ်အနီးသို့ ရောက်သောအခါ တီးမှုတ်သံ နှင့် ကခုန်သံတို့ကို ကြားရလေ၏။ ထို့ကြောင့်သူသည် အစေခံတစ်ဦးကို ခေါ် ပြီးလျှင် မည်သည့် အကြောင်းအရာဖြစ်သည် ကိုမေးလေ၏။ သင်၏ညီဤသူသည်ကား သေပြီးမှပြန်ရှင်၏။ ပျောက်ဆုံးပြီးမှ သူ့ကို ပြန်ရသောကြောင့် ငါတို့သည် ဝမ်းမြောက်ကြလျက် ပျော်ပွဲရွှင်ပွဲကိုကျင်းပသင့်သည် ဟူ၍ သူ့အားပြန်ပြောလေသည် ဟု မိန့်တော်မူ၏။ ရှင်လုကာ ၁၅:၁-၃,၁၁-၃၂ ဧဝံဂေလိကျမ်းစာသည် ဖခင်၊ သားကြီးနှင့်စားငယ်ဟူ၍ ပုဂ္ဂိုလ်တွေ့(၃)ဦးတွေ့ရသည်။၁) ကြင်နာသနားတတ်သောဖခင်၊ခွင့်လွတ်ခြင်းတရားကြီးမားသောဖခင်၊ရက်ရောတတ်သောဖခင်၊ချစ်ခြင်းနှင့်ပြည့်ဝသောဖခင်ဖြစ်သည်။ ၂)မိမိဘဝတိုးတက်ရေးကို ကိုယ်ပိုင်စွန့်စားရှာဖွေလိုသောသား၊အသိနှင့်သတိနှင့်အတွေးပြန်လည်ပြီးအဖေ့ဆီကိုပြန်လာသောသား၊ဘဝအတွေ့အကြုံအပေါ်သင်ယူတတ်သောသား၊အမှားကိုအမှားဖြစ်ကြောင်းနောင်တနှင့်မထိုက်တန်ကြောင်းနှိမ်ချဝန်ခံတတ်သောသားငယ်။ ၃)မိမိသည်သာ လူစွမ်းကောင်း၊ပါရမီထူးသူ၊ စိတ်ကြီးဝင်သူ၊ အဆိုမြင်စိတ်၊ သဘောထားသေးသိမ်သူ၊ လွယ်ကူစွာပြစ်တင်ဝေဖန်တတ်သော သားကြီး ဟူ၍ဖြစ်သည်။ သို့သော် ကျမ်းပိုဒ်တစ်ခုလုံးသည် ပျောက်သောသားဟူ၍ သားငယ်နှင့် သူ၏အားနည်းချက်ကို မီးမှောင်းထိုးထားသည်။ တကယ်တော့ပျောက်သောသားထက် စိတ်ကြီးဝင်သောသားကြီးသည် ပို၍ အန္တရာယ်ရှိသည်။ အမှားနှင်မကင်းသောလူသားမို့ အထူးသဖြင့် ဝါတွင်းကာလ၌ မိမိကိုယ်ကိုဆင်ခြင်ပြီး မေတ္တာကြီးမားသော ဖခင်ကြီးထံ ပြန်လာနိုင်ရန် အသိ သတိ ဆုတောင်း ဝါရှောင် ခြိုးခြုံကြပါစို့။