3.3.2024 – Sunday of the 3rd week of Lent
၂၀၂၄ ခုနှစ် မတ်လ၊ ၃ ရက်- ဝါတွင်းကာလ တတိယသီတင်းပတ် - တနင်္ဂနွေနေ့
John 2: 13-25- ရှင်ယောဟန် ၂း၁၃-၂၅
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ကိုယ်တော်သည် ဗိမာန်တော်အတွင်း၌နွား၊သိုးနှင့်ခိုများအားရောင်းနေကြသော သူတို့နှင့် ငွေကြေးလဲလှယ်သူများကိုတွေ့ တော်မူလျှင်၊ကြိုးများကိုစည်း၍ကျာပွတ်ပြုလုပ်ပြီး ထိုသူအားလုံး တို့ကိုသိုးများ၊နွားများနှင့်အတူ ဗိမာန်တော်အပြင်သို့မောင်းထုတ်တော်မူ၏။ ကိုယ်တော်သည် ငွေလဲလှယ်သူတို့၏ငွေများကိုလည်း သွန်ချ၍ သူတို့၏စားပွဲများကို မှောက်ပစ်တော်မူ၏။ကိုယ်တော်က ခိုရောင်းသော သူတို့အား ဤအရာများကို ယူသွားကြလော့။ ငါ့ခမည်းတော်၏ အိမ်တော်ကိုစျေးတန်းမဖြစ်စေကြနှင့်ဟုမိန့်တော်မူ၏။ ယေဇူးကလည်းဤဗိမာန်တော်ကိုဖြိုဖျက်ကြလော့။ ၎င်းကိုသုံးရက်အတွက်ငါပြန်လည်တည်ဆောက်မည်ဟု သူတို့အားဖြေကြားတော်မူ၏။ သို့သော် ကိုယ်တော်သည်မိမိခန္ဓာကိုယ်တည်းဟူသော ဗိမာန်တော်ကိုရည်ညွှန်းပြောဆို ခြင်းဖြစ်၏။ ရှင်ယောဟန် ၂:၁၄-၁၆, ၁၉, ၂၁#ထောက်ရူချက်# ဗိမ္မာန်တော်ဟူသည် သန့်ရှင်းမြင့်မြတ်သောဘုရားအိမ်တော်ဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးခြင်းစီသည် ခရစ်တော်ဗိမ္မာန်တော်ဖြစ်သည်။ ယနေ့ ဧဝံဂေလိကျမ်းတွင်ဗိမ္မာန်တော်ကို အလွဲသုံးလာကြသူတို့သည် အလွဲသုံးမှန်းမသိ အလွဲကြီးလွဲနေကြသည်။မစင်ကြယ်သောဗိမ္မာန်တော်ကို ခရစ်တော်သည် အသစ်ပြန်လည်တည်ဆောက်မည် ဟု ကြွေးကြော်သည့်အတိုင်းပြုခဲ့သည်။စိတ်ပညာ၊ ဆေးဆရာတို့၏အကြံဖြင့် မိမိတို့၏ ရုပ်ပိုင်း၊ စိတ်ပိုင်းကိုပြုစုကြသည်။ ဝိညာဉ်ရေး လမ်းမလွဲရလေအောင် ဆေးဆရာ၊ ဆေးအညွန်းများ၊ ဓာတ်စာများဖြစ်သော သမ္မာတရားနာယူခြင်း၊ စက္ကမင်းတူးခံယူခြင်း၊ ဆုတောင်းခြင်း၊ကုသိုလ် ဒါနကောင်းမှုပြုခြင်းတို့ ပိုမိုပြုလုပ်ခြင်းအားဖြင့်ကိုယ်သည် အသက်ရှင်သောခရစ်တော်၏ကိုယ်ပွါး၊ကိုယ်၌တည်သော ခရစ်တော်၏မြင့်မြတ်သော ဗိမ္မာန်တော်ကိုတည်ဆောက်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။