4.3.2024 – Monday of the 3rd week of Lent
၂၀၂၄ ခုနှစ် မတ်လ၊ ၄ ရက်- ဝါတွင်းကာလ တတိယသီတင်းပတ် - တနင်္လာနေ့
Luke 4: 24-30 ရှင်လုကာ ၄း၂၄-၃၀
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
သို့သော် သင်တို့အား ငါအမှန်ဆိုသည်ကား မည်သည့် ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမချေ။ တရားဇရပ်တွင်ရှိသောလူအပေါင်းတို့သည်လည်း ဤစကားကိုကြားသောအခါ အမျက်ပြင်းစွာထွက်ကြ၏။ ထိုအခါ သူတို့သည်ထ၍ ကိုယ်တော့်ကိုမြို့ပြင်သို့ ထုတ်ပြီးလျှင်မြို့တည်ရှိရာ တောင်ထိပ်စွန်းမှတွန်းချခြင်းငှာ ခေါ်ဆောင်သွားကြ၏။ သို့ရာတွင် ကိုယ်တော်သည် သူတို့အလယ်မှလျှောက်၍ကြွသွားတော်မူ၏။ရှင်လုကာ ၄:၂၄,၂၈-၃၀#ထောက်ရှုချက်မိမိနှင့်နီးစပ်သူ၏တန်ဖိုးကိုမမြင်နိုင်ခြင်းသည် ကြီးမားသောဆုံးရှုံးမှုနှင့်ကျဉ်းမြောင်းသောကမ္ဘာဖြစ်လာသည်။ပုပ်ဖရန်းစစ်သည် ရိုးရှင်းသော နှလုံးသားနှင့်အသိအမြင်ဖွင့်ထားရန် အားပေးလျက်ရှိသည်။ခရစ်တော်အသက်တာ၌ အပယ်ခံခြင်း၊ပြစ်တင်ဝေဖန်ခြင်း၊နှင်ထုတ်ခြင်းတို့ကြုံရလျှင် မည်သို့ပင် အမှန်တရားနှင့်အများကောင်းကျိုးဟု ဆိုစေကာမူခရစ်တော်ကဲ့သို့ကျဉ်းမြောင်းသူတို့၏ တွန်းချခြင်းမျိုး ကြုံကြရပေမည်။ သို့သော် ခရစ်တော်သည် သူသည်ဖရောဖက်ဖြစ်ကြောင်း အခိုင်အမာ ရပ်တည်ပြောဆိုသည်။မသေချာ မရေရာနှင့်တွယ်ရာမဲ့လူ့လောကတွင် ခရစ်တော်၌အမြစ်တွယ်နေလျင် ခရစ်တော်ကဲ့သို့ မနှစ်သက်သူများအလယ်တွင်အမှန်တရားတွက် ရဲ့ဝံ့စွာ ဖြတ်လျောက်လျက် ချစ်ခြင်းဖော်ဆောင်သူဖြစ်ရန် လိုနေသောဆုကျေးဇူးတို့ကို တောင်းလျောက်ကြိုးစားကြပါစို့။