7.3.2024 – Thursday of the 3rd week of Lent
၂၀၂၄ ခုနှစ် မတ်လ၊ ၇ ရက်- ဝါတွင်းကာလ တတိယသီတင်းပတ် - ကြာသပတေးနေ့
Luke 11: 14-23 - ရှင်လုကာ ၁၁:၁၄-၂၃
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ကိုယ်တော်သည် ဆွံ့စေသောသူအား နတ်ဆိုးကိုနှင်ထုတ်တော်ပေးတော်မူသဖြင့်ထိုသူသည် စကားပြန်ပြောနိုင်လေ၏။ ထိုနောက် မိန့်တော်မူသည်ကားမည်သည့်တိုင်း နိုင်ငံမဆိုမိမိအတွင်း၌ စိတ်ဝမ်းကွဲပြားခြင်းရှိလျှင်ပြိုကွဲပျက်စီးလိမ့်မည်။အိမ်ထောင်စုသည်လည်းအတွင်း၌ မသင့်မတင့်ဖြစ်ပါက ပြိုကွဲပျက်စီးလိမ့်မည်။ ခွန်အားကြီးသူတစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် မိမိအိမ်ကိုစောင့်ရှောက်လျှင်သူ၏ဥစ္စာပစ္စည်းတို့သည်လုံခြုံစွာရှိ၏။သို့သော် သူ့ထက်ခွန်အားကြီးသူပေါ်လာသောအခါ သူ့ကိုတိုက်ခိုက်အနိုင်ယူ၍သူအားထားသောလက်နက်တန်ဆာတို့ကိုယူပြီးလျှင်သိမ်းဆည်းရမိသောပစ္စည်းတို့ကိုခွဲဝေယူလိမ့်မည်။ ငါ့ဘက်၌မရှိသော သူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုသိမ်းသောသူသည် ကြဲဖြန့်သူဖြစ်၏။ ရှင်လုကာ ၁၁:၁၄, ၁၇, ၂၁-၂၃#ထောက်ရှု့ချက်-နတ်ဆိုးပုံရိပ်ကို ကမ္ဘာ့နာမည်ကြီး ပန်းချီ၊ပန်းပုဆရာမိုယ်ကယ်အန်ဂျေလူးက အမြည်း ဦးချိုတပ်ပေးသည်။ အသင်းတော်တွေမူ မိမိကိုယ်ကိုယ် မာနထောင်လွား ဘဝင်မြင့်၍ဘုရားကိုအံတုရာမှကျရှုံးသူဟုဆိုသည်။ဒီနေ့ ဧဝံဂေလိတရားတွင်ခရစ်တော်က နတ်ဆိုးဟူသည်မိမိတို့အချင်းချင်း၌ စိတ်ဝမ်းကွဲကြားခြင်း၊ပြိုဖျက်ခြင်း၊ကြဲဖြန့်စေခြင်း၊မသင့်မတင့်ဖြစ်ခြင်း၊ ကွဲပြားစေခြင်း၊ လက်နက်တန်ဆာတို့ဖြင့် ဥစွာစုစည်းခြင်းသည် နတ်ဆိုးဖြစ်ကြောင်းဖော်ဆောင်သည်။ပိုင်းခြားမှု ကြီးမားလေ ကွဲပြားမှုများပြားလေဖြစ်သည်။ လွန်ဆွဲမှုကြီးမားလေ ဆုံးရှုံးမှုကြီးမားလေဖြစ်သည်။ ကျန်းမာရေး၊ စည်းစိမ်ဥစွာဆုံးရှုံးလျင်ထက်ဝက်မျှသာ ဆုံးရှုံးသည်။ ကိုယ်ကျင့်တရားဆုံးရှုံးလျင် အားလုံးဆုံးရှုံးသည် ဟုပညာရှိကဆိုသည်။ယနေ့ ဂီတသံစဉ်လိုင်းကြားကဗျာဆန်သော လူငယ်တို့သည်လူလူချင်းသတ်ရဲဖြတ်ရဲကြကုန်သည်။ ဤသည်ကာ ဘက်လိုက်ခြင်းမဟုတ်အလုံးစုံ ဆုံးရှူံးနေရသည်ကိုမျက်ကွယ်ပြု၊ကိုယ်လှေကိုယ်ထိုး၊ ကိုယ့်မင်းကိုယ်တည်၊ကိုယ်ခြေပေါ်ကိုယ်ရပ် ရုန်းကန်နေရသည်မှာခြေကုန်လက်ပန်းကျနေရသည်။ အပြစ်မဲ့ခလေးတို့မြေဇာပင်ဖြစ်ရသည်။ခရစ်တော်၏ သမ္မာတရား၌တည်လျက် စုစည်းသူ၊တည်ဆောက်သူ၊ငြိမ်းချမ်းရေးဖော်ဆောင်သူဖြစ်ခြင်းဖြင့်ဤလောက ကောင်းကင်နိုင်ငံတော်တည်ထူသူဖြစ်နိုင်ကြပါစေ။May Peace be with you all.