12.3.2024 – Tuesday of the 4th week of Lent
၂၀၂၄ ခုနှစ် မတ်လ၊ ၁၂ ရက်- ဝါတွင်းကာလ စတုတ္ထသီတင်းပတ် - အင်္ဂါနေ့
John 5: 1-16 - ရှင်ယောဟန် ၅း၁-၁၆
Gospel Reflection By Sr. Christine Dah (RGS)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ဂျေရုဆလင်မြို့ရှိ၊သိုးတံခါးအနီးတွင် ရေကန်တစ်ကန်ရှိ၏။ထိုရေကန်၌ မုခ်ဦးငါးများအောက်၌ မျက်စိမမြင်သောသူ၊ ခြေမသန်သောသူနှင့်လေဖြတ်သောသူစသည့်နာမကျန်းဖြစ်နေသူများစွာတို့သည်လဲလျောင်းလျက်ရှိကြ၏။ သုံးဆယ့်ရှစ်နှစ်ပတ်လုံး နာမကျန်းဖြစ်နေသောလူတစ်ဦးသည်လည်း ထိုနေရာ၌ရှိလေ၏။ ယေဇူးသည် ထိုသူ့ကိုမြင်လျှင် သူသည် ထိုနေရာ၌ကြာမြင့်စွာလဲလျောင်းနေခဲ့ကြောင်းကိုသိသဖြင့် သင်သည်ဝေဒနာပျောက်ကင်းလိုသလောဟု သူ့အားမေးမြန်းတော်မူ၏။ နာမကျန်းဖြစ်သောသူကလည်း သခင်၊ ရေလှုပ်ရှားသောအခါ အကျွန်ုပ်ကိုရေကန်ထဲသို့ ချပေး မည့်သူမရှိပါ။ အကျွန်ုပ်သွားနေစဉ်တွင်အခြားတစ်ယောက်သည် အကျွန်ုပ်ရှေ့မှဆင်းသွားပါသည်ဟု လျှောက်လေ၏။ ထိုအခါ ယေဇူးက ကရုဏာသက်၍ ထလော့၊ သင့်အိပ်ရာကိုယူ၍ လျှောက်လှမ်းသွားလော့ဟုသူ့အားမိန့်တော်၏။ ထိုသူသည်လည်း ချက်ချင်းပင်အကောင်းပကတိဖြစ်၍ မိမိ၏အိပ်ရာကို သယ်ဆောင်လျက် လမ်းလျှောက်သွားလေ၏။ ရှင်ယောဟန် ၅:၂-၉#ထောက်ရှုချက် ဖေဖေလေဖြတ်သောကြောင့် အိပ်ယာထဲတွင် နာတာရှည်လူနာအဖြစ် (၈) နှစ်ကြာခဲ့သည်။လေဖြတ်ပြီးနောက် “ငါယောကျာ်ဟေ့” ဆိုသောအားမာန်ပျောက်သွားပြီး ငိုလွယ် ရီလွယ် စိတ်လှုပ်ရှားလွယ်သည်။ အရာရာမှာ အိမ်သူအိမ်သားပေါ်မှီခိုသည်။ သို့ဖြစ် စကားမပြောနိုင်လူနာကို သူ့စိတ်အစဉ်အမြဲဖတ်ရသည်။ယနေ့လူအုပ်ကြီးကြားမှ (၃၈)တိုင်အောင် နာမကျန်းဖြစ်သောလူနာသည်သူ့စိတ်အစဉ်ဖတ်၍ အနီးကပ်ပြုစုစောင့်လျှောက်သူ မိသားစုဝင်ဟူ၍ ဖော်ပြထားခြင်းမရှိ။ ခရစ်တော်ကသူ့၏အပြင်ပိုင်းရုပ်ခန္ဓာယ်ဝေဒနာမက အတွင်းပိုင်းစိတ်အစဉ်ကို သတိထားရာ ကရုဏာသက်၍ ရေကန်ထဲဆင်းရန်မလို။ အနာငြိမ်းစေခဲ့သည်။စစ်မီးတောက်နေသောခေတ်တွင် ရှင်သန်နေရသော ကျွန်ုပ်တို့သည် ကိုယ်စီကာယ၊ စိတ်ဓာတ်နာတာရှည်ခံစားနေရသည်။ ခရစ်တော်၏မျက်လုံးကိုဝတ်ဆင်လျက် တစ်ဦးကိုတစ်ဦး ကရုဏာသက်သောမျက်လုံးဖြင့် အချင်းချင်းအနာငြိမ်း ကုစားနိုင်ကြရန်လိုအပ်သောကျေးဇူးများတောင်းလျောက်ကြပါစို့။