22.06.2024 - 11th week of Saturday in Ordinary time
ဇွန်လ ၂၂ ရက်၊ ၂၀၂၄၊ ၁၁ ကြိမ်မြောက်သာမန်ကာလ စနေနေ့
Gospel (Mt; 6:24-34)- ရှင်မာတေးဦး ၆း၂၄-၃၄
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR
ကျွန်ုပ်တို့လူ့ဘ၀မှာ မကြာခဏစိုးရိမ်မှုတွေရောက်ရှိလာသည်ကိုတွေ့ကြုံရတယ်။မထင်မှတ်တဲ့အချိန် စိုးရိမ်မှုတွေရောက်တဲ့အခါ တည်ငြိမ်မှုရှိရမယ်။တည်ငြိမ်မှုမရှိရင်လုပ်ရပ်တွေလှုပ်ခါသွားတတ်တယ်။ဒီနေ့ ဧ၀ံဂေလိကျမ်းစာမှာခရစ်တော်ကကျွန်ုပ်တို့စား၀တ်နေရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ခြင်းမရှိဖို့ နိုးဆော်တယ်။ ကောင်းကင်ကငှက်တွေနဲ့ တောင်နှင့်ပန်းတို့ကိုတောင် ဂရုစိုက်တဲ့ဘုရားက ကျွန်ုပ်တို့ကိုဂရုမစိုက်ပဲ နေပါ့မလား။ သူ့ရဲ့ပုံရိပ်တွေအဖြစ်ဖန်ဆင်းထားတဲ့ ကျွန်ုပ်တို့ကိုစောင့်ရှောက်မှာပါ။ ကျွန်ုပ်တို့ဘုရားကကျွန်ုပ်တို့ရဲ့လိုအပ်ချက်ကို မတောင်းခင်ကတည်းက သိတဲ့ဘုရားပါ။(Mt; 6:8)ဒါကြောင့်ကျွန်ုပ်တို့ရဲ့ ပြဿနာကိုပဲအာရုံမပြုပဲ၊ကျွန်ုပ်တို့ရဲ့ ပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ဘုရားရှင်ကိုအာရုံပြုပြီး စိုးရိမ်မှုတွေကိုလျှော့ချပြီးဘုရားရှင်ပေါ်ထားရှိတဲ့ယုံကြည်ခြင်းကိုတိုးပွားနိုင်ဖို့ ကျေးဇူးတော်ကိုတောင်းခံကြပါစို့။