Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-07-01 04:59:14

2.07.2024 - 13th week of Tuesday in Ordinary time
ဇူလိုင် ၂ ရက်၊ ၂၀၂၄၊ ၁၃ ကြိမ်မြောက်သာမန်ကာလအင်္ဂါနေ့  
Gospel (Matthew 8;23-27) ရှင်မာတေးဦး ၈:၂၃-၂၇
Reflection by Sr. Benedetta Myat Hnin Nwe,ISR

ကိုယ်တော်သည် လှေပေါ်သို့တက်တော်မူသောအခါ တပည့်တော်တို့သည်လည်း ကိုယ်တော်၏နောက်တော်သို့ လိုက်ကြ၏။ ထိုအခါ ပင်လယ်တွင်ရုတ်တရက်မုန်တိုင်း ပြင်းထန်စွာကျရောက်သဖြင့် လှေသည်လှိုင်းတံပိုးများအကြားတွင် နစ်မြုပ်လုမတတ်ဖြစ်လေ၏။ ကိုယ်တော်မူကား ကျိန်းစက်လျက်ရှိတော်မူ၏။ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ ကိုယ်တော့်ကိုနှိုးပြီးလျှင် သခင်၊ကယ်တော်မူပါ၊တပည့်တော်တို့သည် ပျက်စီးခြင်းသို့ရောက်ရပါတော့မည်ဟု အသနားခံကြ၏။ကိုယ်တော်ကလည်း ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့်ကြောက်ရွံ့ကြသနည်းဟုသူတို့အား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ထ၍လေနှင့်ပင်လယ်ကိုကြိမ်းမောင်းတော်မူသောအခါ ထိုနေရာသည် လွန်စွာငြိမ်သက်သာယာလေ၏။ သူတို့သည်လည်းအံ့ဩကြ၍ ဤသူသည် မည်သို့သောသူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့ပင်လျှင် သူ့ကိုနာခံကြပါသည်တကားဟု ဆိုကြလေ၏။***ထောက်ရှုချက်***လူ့ဘဝမှာ မုန်တိုင်းအမျိုးမျိုးနှင့်ရင်ဆိုင်နေကြရပါတယ်။ ဘဝမုန်တိုင်းများဖြစ်ကြတဲ့ သဘာဝဘေးဒဏ်၊ လူအချင်းချင်းပေးကြသောဒုက္ခ၊ သောကများ၊ ခြိမ်းခြောက်မှုများ၊ စုံစမ်းနှောက်ယှက်ခြင်းဒုက္ခ၊ စစ်ဘေးဒုက္ခ၊ရောဂါဝေနာများ စတဲ့မုန်တိုင်းကြားမှ မိမိတို့ယုံကြည်ခြင်းယိုင်မသွားဖို့ ဒီနေ့ကျမ်းစာအားဖြင့် သတိပေးနေပါတယ်။ ဘုရားကိုမျက်မှောက်ပြုကာ ဘုရားငါတို့နားတွင်ရှိကြောင်းယုံကြည်လျက် ရင်ဆိုင်နေရသောမုန်တိုင်းပင်လယ်ကြီးကို တိုက်ခိုက်ကျော်လွှားနိုင်ရန် ကာကွယ်၊စောင့်ရှောက်၊ ခွန်အားပေးသော ဘုရားရှင်ကို မှီခိုအားထားကာ ကျေးဇူးတော်တောင်းခံကြပါစို့။

Daily Reflection