Solemnity of Christ the King; St. Andrew Dung-Lac and Companions
Christ The King
နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၄၊ တနင်္ဂနွေနေ့၊ သာမန်ကာလ (၃၄) ကြိမ်မြောက် သီတင်းပတ်
(ယေဇူးဘုရင်ပွဲတော်ကြီး)
Reflection by Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Benedettaa Myat Hnin Nwe,ISR
(ဒံယေ 7:13-14, Judson)“13. ထိုညဉ့်အခါ ငါသည်အာရုံပြု၍၊ လူသားနှင့်တူသောသူတဦးသည် မိုဃ်းတိမ်ကိုစီးလျက်၊အသက်ကြီးသောသူ၏အထံတော်သို့ရောက်လာ၏။ ထိုသူကိုအထံတော်ပါးသို့သွင်းကြ၏။အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသောလူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ၊ထိုသူသည်နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည်ပျက်စီးခြင်းသို့မရောက်နိုင်ရာ။”(ဆာလံ 93:1-2, 5 ထာဝရဘုရားသည် ဘုဏ်းကျက်သရေတော်ဖြင့် စိုးစံတော်မူ၏။ ထာ၀ရဘုရားသခင်သည် စိုးစံတော်မူ၏။ ကိုယ်တော်သည် ဂုဏ်ကျက်သရေတော်ကို ဆင်မြန်းတော်မူ၏။ လက်ရုံးတော်ကိုခွန်အားဖြင့်ပြည့်စေတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုခိုင်မြဲစွာတည်စေတော်မူသည်ဖြစ်၍ ၎င်းသည်မည်သို့မျှလှုပ်ရှား၍မရနိုင်ချေ။ ကိုယ်တော်၏ရာဇပလ္လင်တော်ကို ရှေးကာလမှစ၍ တည်တော်မူခဲ့၏။ ကိုယ်တော်သည် အစဉ်ထာ၀ရကပင် တည်ရှိတော်မူ၏။” “အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏အမိန့်တော်တို့သည် တည်တံ့ခိုင်မြဲပါ၏။ သန့်ရှင်းမြင့်မြတ်တော်မူခြင်းသည် ကိုယ်တော်၏အိမ်တော်ကို ကာလအစဉ်အဆက်တန်ဆာဆင်တော်မူပါ၏။”(ဗျာ 1:5-8,ကက်သလစ်သမ္မာကျမ်းစာCBCM)“ကမ္ဘာပေါ် ရှိဘုရင်တို့၏ဘုရင်ဖြစ်ပြီးသေခြင်းမှထမြောက်သော သူတို့တွင်သားဦးဖြစ်၍သစ္စာရှိသောသက်သေခံဖြစ်တော်မူသည့်ယေဇူးခရစ်တော်ထံတော်မှလည်းကောင်း ထွက်ပေါ်လာ၍ သင်တို့အပေါ်သို့ သက်ရောက်ပါစေ။ ငါတို့ကို ချစ်တော်မူ၍ မိမိ၏အသွေးတော်နှင့် ငါတို့ကို အပြစ်များမှ ဖြေလွှတ်ပြီး၊-6. ငါတို့အတွက် နိုင်ငံတော်တည်ထောင်ကာ မိမိခမည်းတော်ဘုရား၏ အမှုတော်ကိုဆောင်ရွက်ရန် ငါတို့ကို ရဟန်းအမျိုးအနွယ် ဖြစ်စေသော ကိုယ်တော်အား ကာလအဆက်ဆက် ဘုန်းဂုဏ်တော်နှင့်တန်ခိုးအာဏာတော်ရှိပါစေသော်။ အာမင်။ကြည့်လော့၊ ကိုယ်တော်သည် မိုးတိမ်များနှင့်အတူကြွလာတော်မူလေပြီ။ ကိုယ်တော့်ကိုထိခိုက်နာကျင်စေသောသူများအပါအဝင်လူတိုင်းသည်ကိုယ်တော့်ကိုဖူးမြင်ကြရလိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်လည်း ကိုယ်တော့်အတွက်ကြောင့် ငိုကြွေးကြလိမ့်မည်။ ထိုကဲ့သို့ပင်ဖြစ်ပေလိမ့်မည်။အာမင်။ ပစ္စုပ္ပန်၊အတိတ်၊အနာဂတ်ကာလတို့တွင် အစဉ်တည်နေတော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်သည့်ထာ၀ရအရှင် ဘုရားသခင်က ငါသည်အာလ်ဖါနှင့် အိုမီဂါဖြစ်သည်ဟုမိန့်တော်မူ၏။”(ရှင်ယောဟန် 18:33-37,ကက်သလစ်သမ္မာကျမ်းစာ CBCM)“ ထိုအခါ ပီလာတုမင်းသည် အိမ်တော်ထဲသို့ပြန်ဝင်၍ ယေဇူးကိုခေါပြီးလျှင် သင်သည် ဂျူးလူမျိုးတို့၏ရှင်ဘုရင်ဖြစ်သလောဟု ကိုယ်တော်အား မေးလေ၏။ ယေဇူးက မင်းကြီးသည် ဤစကားကို မိမိအလိုအလျောက်ဆိုသလော။ သို့မဟုတ်လျှင်ငါ၏အကြောင်းကို တစ်ပါးသူတို့က မင်းကြီးအားပြောပြထားသလောဟု မေးတော်မူ၏။ပီလာတုမင်းကလည်း ငါသည်ဂျူးလူမျိုးဖြစ်သလော။ သင်၏လူမျိုးနှင့်ရဟန်းအကြီးအကဲတို့သည်သင့်ကို ငါ့လက်သို့ အပ်ခဲ့ကြပြီ။ သင်သည် အဘယ်အမှုကို ပြုခဲ့သနည်းဟု မေးလေ၏။ယေဇူးက ငါ၏နိုင်ငံသည် ဤလောကနှင့် သက်ဆိုင်သည်မဟုတ်။ ငါ၏နိုင်ငံသည် ဤလောကနှင့် သက်ဆိုင်လျှင် ငါသည် ဂျူးလူမျိုးတို့၏ လက်သို့အပ်နှံခြင်း မခံရအောင် ငါ၏အမှုထမ်းများသည် တိုက်ခိုက်ကြလိမ့်မည်။ သို့သော်ငါ၏နိုင်ငံသည် ဤလောကနှင့်သက်ဆိုင်သည် မဟုတ်ဟုမိန့်တော်မူ၏။ပီလာတုမင်းက ဤသို့ဖြစ်လျှင် သင်သည်ရှင်ဘုရင်ဖြစ်သလောဟုမေး၏။ ယေဇူးက မင်းကြီးဆိုသည့်အတိုင်း ငါသည်ရှင်ဘုရင်ဖြစ်၏။ ငါသည်သမ္မာတရားကို ဟောပြောခြင်းငှာ မွေးဖွားခြင်းခံခဲ့၍ ဤအတွက်ကြောင့် လောကသို့ ကြွလာ၏။ သမ္မာတရားနှင့် သက်ဆိုင်သူ ဟူသမျှ သည် ငါ၏စကားကိုနားထောင်ကြ၏ဟု မိန့်တော်မူ၏။-”ထောက်ရှုချက် "မင်းကြီးဆိုသည့်အတိုင်း ငါသည် ရှင်ဘုရင်ဖြစ်၏။ ငါသည် သမ္မာတရားကို ဟောပြောခြင်းငှာ မွေးဖွားခြင်းခံခဲ့၍ ဤအတွက်ကြောင့် လောကသို့ ကြွလာ၏။ သမ္မာတရားနှင့်သက်ဆိုင်သူ ဟူသမျှသည် ငါ၏စကားကိုနားထောင်ကြ၏"(ရှင်ယောဟန် 18: 37)ဒီနေ့မှာ ကျွန်ုပ်တို့ အားလုံးယေဇူးဘုရင်ပွဲတော်ကြီးကိုကျင်းပနေကြပါတယ်။ ယေဇူးသခင်းက ရှင်ဘုရင်လား။ဟုတ်ပါတယ်။ ကိုယ်တော်ဘုရားက ရှင်ဘုရင်ဖြစ်ပါတယ်။ယေဇူးသခင်ကိုယ်တော်တိုင်က သူဟာရှင်ဘုရင်ဖြစ်တဲ့အကြောင်းပီလာတူးမင်းကိုပြောခဲ့ပါတယ်။ မယ်တော်မာရိယာကို ကောင်းကင်တမန်တော်ကအမိန့်တော်ပြန်တဲ့အခါမှာ သူမမှမွေဖွားလာမည့်သားငယ်ဟာဘုရင်ဖြစ်တဲ့အကြောင်းကြိုတင်ပြီးတော်လည်းအမိန့်ရှိပြီးစသားဖြစ်ပါတယ်။“သူသည်ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောအရှင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုလည်း ခံရလိမ့်မည်။ ထာ၀ရအရှင် ဘုရားသခင်သည် သူ့အဖဒါဝိဒ်၏ ရာဇပလ္လင်ကို သူ့အား ပေးအပ်တော်မူလိမ့်မည်။ထိုအခါ သူသည် ယာကုပ်၏ အမျိုးအနွယ်ကို အစဉ်အမြဲအုပ်စိုးတော်မူလိမ့်မည်။ သူ၏နိုင်ငံတော်သည်လည်း အဆုံးမရှိ အစဉ်တည်နေလိမ့်မည်ဟု မိန့်ဆိုလေ၏။-”(လုကာ 1:32-33, ကက်သလစ်သမ္မာကျမ်းစာ CBCM) သို့သော် ဒီလောက လူတွေနားလည်ထားတဲ့ရှင်ဘုရင်မျိုးတော့မဟုတ်ပါဘူး။ ဖြောင့်မတ်ခြင်းတရား (သို့) သမ္မာတရားနဲ့သာက်ဆိုင်တဲ့ဘုရင်မင်းကြီးဖြစ်ပါတယ်။ သခင်ခရစ်တော်က သခင်တကာတို့ရဲ့သခင်ဘုရင်တကာတို့ရဲ့ဘုရင်ဖြစ်ပါတယ်။“သူ၏ဝတ်ရုံနှင့် သူ၏ပေါင်ပေါ်တွင် ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟူသော အမည်နာမကို ရေးထားလျက်ရှိ၏။” (ဗျာဒိတ်ကျမ်း 19:16)သူ၏အုပ်စိုးခြင်းက အစဥ်ထာဝရတည်နေမှာဖြစ်ပါတယ်။သူ့ရဲ့အုပ်စိုးမှုကိုလက်မခံတဲ့သူများရှိနေပါတယ်။ထိုသူများကတော့ စာတန်နဲ့ သူ့၏နောက်လိုက်များဖြစ်ပါတယ်။စာတန်နတ်ဆိုးဆိုတာက "the father of all lies"လိမ်ညာခြင်းအားလုံးရဲဖခင်ဖြစ်ပါတယ်။မတရားပြုသူများ၊ ဒုစရိုက်အမှုတွေကျူးလွန်နေသူများဟာစာတန်နတ်ဆိုးရဲ့ သားသမီးတွေ၊ နောက်လိုက်တွေဖြစ်ပါတယ်။ နောက်ဆုံးနေ့မှာ ယေဇူးသခင်းက သူ့ရဲ့ရန်သူအားလုံးကိုတိုက်ခိုက်နိမ်နင်းပြီး၊ ဒီစက်ကြာဝဋာတစ်ဝှမ်းလုံးကိုထာဝရအုပ်စိုးမှာဖြစ်ပါတယ်။ ဒီအချက်ကို ဗျာဒိတ်ကျမ်းမှာဖော်ပြထားပါတယ်။ ထိုအခါ ကောင်းကင်ပွင့်လှစ်လျက်ရှိ၍ မြင်းဖြူတစ်ကောင်ပေါ်လာသည်ကိုငါမြင်ရ၏။ ထိုမြင်းကိုစီးသောသူမှာ သစ္စာသမာဓိရှိသူဟူ၍ အမည်တွင်လေ၏။ သူသည် တရားမျှတစွာစီရင်၍ စစ်ခင်းသောသူဖြစ်၏။သူ၏မျက်စိများသည် မီးလျှံများကဲ့သို့တောက်ပလျက် သူ၏ခေါင်းပေါ်တွင် သရဖူများစွာ ဆောင်းထား၏။ သူမှတစ်ပါး မည်သူမျှမသိနိုင်သော အမည်ကိုလည်း သူ့အပေါ်၌ ရေးထွင်းထား၏။သူသည် သွေးတွင်နှစ်ထားသော ဝတ်ရုံကိုဆင်မြန်းထား၍ သူ့ကို ဘုရားသခင်၏နှုတ်တော်ထွက်စကားဟူ၍ ခေါ်ဆိုကြလေ၏။ဖြူစင်သောပိတ်ချောထည်များကို ဝတ်ဆင်ထားသည့်ကောင်းကင်ဗိုလ်ခြေစစ်သည် အပေါင်းတို့သည်လည်းမြင်းဖြူများကိုစီးလျက် သူ၏နောက်မှလိုက်ကြ၏။တိုင်းနိုင်ငံတို့ကို ဖြိုခွင်းနှိမ်နင်းရန်အတွက် သူ၏ခံတွင်းမှထက်သော ဓားတစ်လက်ထွက်ပေါ်လာ၏။ သူသည် ထိုသူတို့ကို သံတောင်ဝှေးဖြင့် အုပ်စိုးလိမ့်မည်။ သူသည် အနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏ အမျက်တော်တည်းဟူသော စပျစ်သီးညှစ်ရာ ကျင်းတွင် စပျစ်သီးများကို နင်းချေလိမ့်မည်။သူ၏ဝတ်ရုံနှင့် သူ၏ပေါင်ပေါ်တွင် ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟူသော အမည်နာမကို ရေးထားလျက်ရှိ၏။” ဗျာဒိတ် 19:11-16, ကက်သလစ်သမ္မာကျမ်းစာ CBCM)နောက်ဆုံး ယေဇူးသခင် ဖျက်ဆီးရမည့်ရန်သူကားသေခြင်းဖြစ်ပါတယ်။ ထို့နောက် ကမ္ဘာကုန်ဆုံးချိန်ရောက်လာပြီးလျှင် ကိုယ်တော်သည် ရှိသမျှသောမင်းများ၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များ ကိုဖျက်ဆီး၍ နိုင်ငံတော်ကို ခမည်းတော်ဘုရား၏လက် တော်သို့ပေးအပ်တော်မူလိမ့်မည်။အကြောင်းမူကား ကိုယ်တော်သည် ရန်သူအပေါင်းတို့အား မိမိ၏ခြေဖဝါး အောက်သို့ရောက်သည့်တိုင်အောင် အုပ်စိုးရလိမ့် မည်။နောက်ဆုံးနှိမ်နင်းရမည့်ရန်သူကား သေခြင်းပင်ဖြစ်၏။-”(၁ ကောရိန်သု 15:24-26,ကက်သလစ်သမ္မာကျမ်းစာCBCM)ကျွန်ုပ်တို့သည် မည့်သူ့အားအစေခံနေပါသလဲ။သမ္မတရားရဲ့အရှင်သခင် ယေဇူးခရစ်တော်ကိုအစေခံနေပါသလား။ပျက်စီးခြင်း တို့ရဲ့အရှင်သခင် စာတန်ကိုအစေခံနေကြပါသလား။ သမ္မတရားရဲ့အရှင်သခင် ယေဇူးခရစ်တော်ကို အစေခံနေသူများဟာနောက်ဆုံးသောနေ့ရက်မှာ ကောင်းကင်ကကြယ်များကဲ့သို့တောက်ပနေမှာဖြစ်ပြီး ထာဝရဘုရားရှင်ရဲ့ဘုဏ်းစီးစိမ်မှာထာဝရစံစားကြရပါလိမ့်မယ်။ ပျက်စီးခြင်း တို့ရဲ့အရှင်သခင် စာတန်ကိုအစေခံနေကြသောသူများကတော့ ထာဝရမီးငရဲထဲအပို့ခံရမှာဖြစ်သည်။