Untitled Document
Untitled Document
Untitled Document
ေဆာင္းပါး
သမ္မာကျမ်းစာ သမိုင်းအကျဉ်း (ရွာသစ်ဖိုး)

Zawgyi

 

"သမၼာက်မ္းစာ သမိုင္းအက်ဥ္း"

 

လြန္ခဲ့ေသာႏွစ္ေပါင္း ၃၅၀၀ခန္႔တြင္ ပထမဦးဆံုးက်မ္းစာကို တမန္ေတာ္ႀကီး Moses က Hebrew ဘာသာအားျဖင့္ (သေကၤတမ်ား သို႔မဟုတ္ ေျမေစးခ်ပ္မ်ားအသုံးျပဳကာ) ေရးသားခဲ့ၿပီး B.C ၁၄၀၀ ၀န္းက်င္ခန္႔မွာ ၿပီးဆံုးခဲ့ပါတယ္။ “ဤစကားမ်ားကို ေရးထားေလာ့။ ဤစကားမ်ား လာသည့္အတိုင္း သင္မွစ၍ ဣသေရလအမ်ိဳးႏွင့္ ငါပဋိညာဥ္ျပဳသည္ဟု ေမာေရွအားမိန္႔ေတာ္မူ၏။” ထြက္ေျမာက္ - ၃၄း၂၇

ဓမၼေဟာင္းက်မ္းစာအားလံုးနီးပါးကို Hebrew ဘာသာစကားအားျဖင့္ေရးသားခဲ့တာျဖစ္ၿပီး ပေရာဖက္ Ezra နဲ႔ ပေရာဖက္ Daniel တို႔ရဲ႕ အခန္းႀကီးတခ်ိဳ႕ကိုေတာ့ Aramaic ဘာသာနဲ႔ေရးသားခဲ့ပါတယ္။ BC ၃၀၀ ၀န္းက်င္ေလာက္မွာေတာ့ Hebrew ဘာသာနဲ႔ေရးသားခဲ့တဲ့ ဓမၼေဟာင္းက်မ္းစာကို Greek ဘာသာအားျဖင့္ ဘာသာျပန္ခဲ့တာ BC ၂၀၀ ေလာက္မွာၿပီးသြားခဲ့ပါတယ္။ ေနာက္ဆံုး ဓမၼေဟာင္းက်မ္းတစ္ေစာင္ျဖစ္တဲ့ 1 Maccabees က်မ္းကိုေတာ့ B.C ၁၀၀ ၀န္းက်င္မွာ Hebrew ဘာသာအားျဖင့္ Jew စာေရးသူတစ္ဦးမွ ေရးသားခဲ့ပါတယ္။ ထိုအခ်ိန္ကတည္းက အဆိုဓမၼေဟာင္းက်မ္းစာအားျဖင့္ ၀တ္ျပဳရာဘုရားေက်ာင္းေဆာင္ေတြမွာ ေရွးဦးခရစ္ယာန္မ်ားက စတင္အသံုးျပဳခဲ့တာျဖစ္ပါတယ္။

 

ဓမၼသစ္က်မ္းအခ်ိဳ႕ကို ေရးသားတဲ့ႏွစ္ တိက်စြာသိႏိုင္ေပမဲ့ အခ်ိဳ႕ကိုသာ နီးစပ္စြာပဲ ခန္႔မွန္းခဲ့ၾကတာျဖစ္ပါတယ္။ ဓမၼသစ္က်မ္းစာကိုေတာ့ Greek ဘာသာစကားနဲ႔ ေအဒီ ၅၀-၁၀၀ အတြင္းမွာ ေရးသားခဲ့တာျဖစ္ပါတယ္။ ဓမၼသစ္က်မ္း အားလံုးကို A.D ၁၀၀ အတြင္း ေရးသားၿပီးခဲ့တာနဲ႔ပတ္သက္လို႔ အခ်ိဳ႕က အျငင္းပြားၾကေပမဲ့ က်မ္းစာပညာရွင္ေတာ္ေတာ္မ်ားမ်ားကေတာ့ ဓမၼသစ္က်မ္း ၂၇ ေစာင္လံုးကို ၁ရာစုႏွစ္အတြင္းမွာ ၿပီးေအာင္ ေရးသားခဲ့ၾကတယ္လို႔ဆိုပါတယ္။ ဓမၼသစ္က်မ္းကို Latin ဘာသာအားျဖင့္ A.D ၄၀၅ မွာ အၿပီးသတ္ဘာသာျပန္ခဲ့ပါတယ္။ ပထမဦးဆံုး အဂၤလိပ္ဘာသာ ဓမၼသစ္က်မ္းစာကိုေတာ့ A.D ၁၃၈၀မွာ John Wycliffe လက္ေရးျဖင့္ေရးသားၿပီးစီးခဲ့ပါတယ္။ ပထမဆံုး ပံုႏွိပ္သမၼာက်မ္းစာကိုေတာ့ A.D ၁၄၅၂ ဂ်ာမနီႏိုင္ငံ Mainz မွာ ပံုႏွိပ္ႏိုင္ခဲ့ပါတယ္။ ၁၅-၁၉ ရာစုႏွစ္အတြင္းမ်ားမွာေတာ့ protestant အသင္းေတာ္မ်ားက Latin ဘာသာျဖင့္ေရးသားေသာ က်မ္းစာကို ျပန္လည္ဘာသာျပန္ခဲ့ၾကပါတယ္။ ေႏွာင္းပိုင္းမွာ တခ်ိဳ႕ကေတာ့ မူရင္းျဖစ္တဲ့ Hebrew နဲ႔ Greek ဘာသာနဲ႔ေရးသားခ်က္မ်ားကိုလည္း ဘာသာျပန္ရာမွာ အသံုးျပဳလာခဲ့ၾကပါတယ္။

 

သမၼာက်မ္းစာမွာ ဓမၼေဟာင္းႏွင့္ ဓမၼသစ္က်မ္းအားလံုး ၇၃က်မ္းကို ကက္သလစ္ဘာသာက လက္ခံအသံုးျပဳေနေပမဲ့ ကက္သလစ္မဟုတ္တဲ့ အျခားေသာခရစ္ယာန္မ်ားကေတာ့ ၆၆က်မ္းကိုသာ လက္ခံအသံုးျပဳေနတာျဖစ္ပါတယ္။ A.D ၃၆၇ မွာ St. Athanasius (ထိုအခ်ိန္က ဆရာေတာ္) က သမၼာက်မ္းစာအတြက္ က်မ္း ၇၃ေစာင္ကို အၿပီးသတ္တင္ျပၿပီး A.D ၃၈၂ခုႏွစ္မွာ ပုပ္ရဟန္းမင္းႀကီး Damasus I မွ တရား၀င္အတည္ျပဳခဲ့သလို အသင္းေတာ္ေကာင္စီမွလည္း အဆိုပါႏွစ္မွာပင္ အတည္ျပဳခဲ့ပါတယ္။ A.D ၄၁၉ Africa မွာျပဳလုပ္တဲ့ မွာလည္း Council of Carthage က အဆိုပါက်မ္း ၇၃ ေစာင္ကိုထပ္မံအတည္ျပဳခဲ့ပါတယ္။ ဒါေပမဲ့ A.D ၁၅၄၆မွာေတာ့ အီတလီမွာ ကက္သလစ္အသင္းေတာ္ ကျပဳလုပ္တဲ့ Council of Trent မွာ အတည္ျပဳထားတဲ့ သမၼာက်မ္းစာ ၇၃ေစာင္မွာ ဓမၼေဟာင္းမွက်မ္း ၇က်မ္းကို ပယ္ထုတ္ဖို႔ ျပန္လည္တံု႔ျပန္ခဲ့ပါတယ္။ ေနာက္ပိုင္း ရာစုႏွစ္မ်ားမွာ ခရစ္ယာန္အသင္းေတာ္မ်ားကြဲျပားလာရာမွာ ကက္သလစ္အသင္းေတာ္မဟုတ္ေသာ ခရစ္ယာန္ေတာ္ေတာ္မ်ားမ်ားမွာ ယခင္က်မ္း ၇၃ေစာင္အစား ၆၆ေစာင္ကိုသာအသံုးျပဳခဲ့ပါတယ္။ Martin Luther လည္းဓမၼသစ္က်မ္းမ်ားထဲမွ James, Hebrews, Jude နဲ႔ ဗ်ာဒိတ္က်မ္းတို႔ကိုပင္ ပယ္ခ်င္တဲ့အထိ က်မ္းေစာင္မ်ားကို ေလ်ာ့ခ်ခ်င္ခဲ့တာျဖစ္ပါတယ္။ ကက္သလစ္အသင္းေတာ္ကေတာ့ ယခင္အတည္ျပဳထားၿပီးသား က်မ္း၇၃ေစာင္ကို ယေန႔တိုင္အသံုးျပဳေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သမၼာက်မ္းစာကို ဘာသာစကားေပါင္း ၂၃၀၀ ေက်ာ္နဲ႔ ကမာၻေပၚမွာ ဘာသာျပန္ၿပီးျဖစ္ပါတယ္။

 

ရြာသစ္ဖိုး

 

ကိုးကားခ်က္မ်ား

http://www.biblica.com/…/in-what-language-was-the-bible-fi…/

http://www.beginningcatholic.com/when-was-the-bible-written…

http://www.ccel.org/bible/phillips/CN620NTHISTORY.htm

 

Unicode

 

"သမ္မာကျမ်းစာ သမိုင်းအကျဉ်း"

 

လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ခန့်တွင် ပထမဦးဆုံးကျမ်းစာကို တမန်တော်ကြီး Moses က Hebrew ဘာသာအားဖြင့် (သင်္ကေတများ သို့မဟုတ် မြေစေးချပ်များအသုံးပြုကာ) ရေးသားခဲ့ပြီး B.C ၁၄၀၀ ဝန်းကျင်ခန့်မှာ ပြီးဆုံးခဲ့ပါတယ်။ “ဤစကားများကို ရေးထားလော့။ ဤစကားများ လာသည့်အတိုင်း သင်မှစ၍ ဣသရေလအမျိုးနှင့် ငါပဋိညာဉ်ပြုသည်ဟု မောရှေအားမိန့်တော်မူ၏။” ထွက်မြောက် - ၃၄း၂၇

ဓမ္မဟောင်းကျမ်းစာအားလုံးနီးပါးကို Hebrew ဘာသာစကားအားဖြင့်ရေးသားခဲ့တာဖြစ်ပြီး ပရောဖက် Ezra နဲ့ ပရောဖက် Daniel တို့ရဲ့ အခန်းကြီးတချို့ကိုတော့ Aramaic ဘာသာနဲ့ရေးသားခဲ့ပါတယ်။ BC ၃၀၀ ဝန်းကျင်လောက်မှာတော့ Hebrew ဘာသာနဲ့ရေးသားခဲ့တဲ့ ဓမ္မဟောင်းကျမ်းစာကို Greek ဘာသာအားဖြင့် ဘာသာပြန်ခဲ့တာ BC ၂၀၀ လောက်မှာပြီးသွားခဲ့ပါတယ်။ နောက်ဆုံး ဓမ္မဟောင်းကျမ်းတစ်စောင်ဖြစ်တဲ့ 1 Maccabees ကျမ်းကိုတော့ B.C ၁၀၀ ဝန်းကျင်မှာ Hebrew ဘာသာအားဖြင့် Jew စာရေးသူတစ်ဦးမှ ရေးသားခဲ့ပါတယ်။ ထိုအချိန်ကတည်းက အဆိုဓမ္မဟောင်းကျမ်းစာအားဖြင့် ဝတ်ပြုရာဘုရားကျောင်းဆောင်တွေမှာ ရှေးဦးခရစ်ယာန်များက စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။

 

ဓမ္မသစ်ကျမ်းအချို့ကို ရေးသားတဲ့နှစ် တိကျစွာသိနိုင်ပေမဲ့ အချို့ကိုသာ နီးစပ်စွာပဲ ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။ ဓမ္မသစ်ကျမ်းစာကိုတော့ Greek ဘာသာစကားနဲ့ အေဒီ ၅၀-၁၀၀ အတွင်းမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဓမ္မသစ်ကျမ်း အားလုံးကို A.D ၁၀၀ အတွင်း ရေးသားပြီးခဲ့တာနဲ့ပတ်သက်လို့ အချို့က အငြင်းပွားကြပေမဲ့ ကျမ်းစာပညာရှင်တော်တော်များများကတော့ ဓမ္မသစ်ကျမ်း ၂၇ စောင်လုံးကို ၁ရာစုနှစ်အတွင်းမှာ ပြီးအောင် ရေးသားခဲ့ကြတယ်လို့ဆိုပါတယ်။ ဓမ္မသစ်ကျမ်းကို Latin ဘာသာအားဖြင့် A.D ၄၀၅ မှာ အပြီးသတ်ဘာသာပြန်ခဲ့ပါတယ်။ ပထမဦးဆုံး အင်္ဂလိပ်ဘာသာ ဓမ္မသစ်ကျမ်းစာကိုတော့ A.D ၁၃၈၀မှာ John Wycliffe လက်ရေးဖြင့်ရေးသားပြီးစီးခဲ့ပါတယ်။ ပထမဆုံး ပုံနှိပ်သမ္မာကျမ်းစာကိုတော့ A.D ၁၄၅၂ ဂျာမနီနိုင်ငံ Mainz မှာ ပုံနှိပ်နိုင်ခဲ့ပါတယ်။ ၁၅-၁၉ ရာစုနှစ်အတွင်းများမှာတော့ protestant အသင်းတော်များက Latin ဘာသာဖြင့်ရေးသားသော ကျမ်းစာကို ပြန်လည်ဘာသာပြန်ခဲ့ကြပါတယ်။ နှောင်းပိုင်းမှာ တချို့ကတော့ မူရင်းဖြစ်တဲ့ Hebrew နဲ့ Greek ဘာသာနဲ့ရေးသားချက်များကိုလည်း ဘာသာပြန်ရာမှာ အသုံးပြုလာခဲ့ကြပါတယ်။

 

သမ္မာကျမ်းစာမှာ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းအားလုံး ၇၃ကျမ်းကို ကက်သလစ်ဘာသာက လက်ခံအသုံးပြုနေပေမဲ့ ကက်သလစ်မဟုတ်တဲ့ အခြားသောခရစ်ယာန်များကတော့ ၆၆ကျမ်းကိုသာ လက်ခံအသုံးပြုနေတာဖြစ်ပါတယ်။ A.D ၃၆၇ မှာ St. Athanasius (ထိုအချိန်က ဆရာတော်) က သမ္မာကျမ်းစာအတွက် ကျမ်း ၇၃စောင်ကို အပြီးသတ်တင်ပြပြီး A.D ၃၈၂ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး Damasus I မှ တရားဝင်အတည်ပြုခဲ့သလို အသင်းတော်ကောင်စီမှလည်း အဆိုပါနှစ်မှာပင် အတည်ပြုခဲ့ပါတယ်။ A.D ၄၁၉ Africa မှာပြုလုပ်တဲ့ မှာလည်း Council of Carthage က အဆိုပါကျမ်း ၇၃ စောင်ကိုထပ်မံအတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ A.D ၁၅၄၆မှာတော့ အီတလီမှာ ကက်သလစ်အသင်းတော် ကပြုလုပ်တဲ့ Council of Trent မှာ အတည်ပြုထားတဲ့ သမ္မာကျမ်းစာ ၇၃စောင်မှာ ဓမ္မဟောင်းမှကျမ်း ၇ကျမ်းကို ပယ်ထုတ်ဖို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ နောက်ပိုင်း ရာစုနှစ်များမှာ ခရစ်ယာန်အသင်းတော်များကွဲပြားလာရာမှာ ကက်သလစ်အသင်းတော်မဟုတ်သော ခရစ်ယာန်တော်တော်များများမှာ ယခင်ကျမ်း ၇၃စောင်အစား ၆၆စောင်ကိုသာအသုံးပြုခဲ့ပါတယ်။ Martin Luther လည်းဓမ္မသစ်ကျမ်းများထဲမှ James, Hebrews, Jude နဲ့ ဗျာဒိတ်ကျမ်းတို့ကိုပင် ပယ်ချင်တဲ့အထိ ကျမ်းစောင်များကို လျော့ချချင်ခဲ့တာဖြစ်ပါတယ်။ ကက်သလစ်အသင်းတော်ကတော့ ယခင်အတည်ပြုထားပြီးသား ကျမ်း၇၃စောင်ကို ယနေ့တိုင်အသုံးပြုနေပါတယ်။ လက်ရှိအချိန်မှာတော့ သမ္မာကျမ်းစာကို ဘာသာစကားပေါင်း ၂၃၀၀ ကျော်နဲ့ ကမာ္ဘပေါ်မှာ ဘာသာပြန်ပြီးဖြစ်ပါတယ်။

 

ရွာသစ်ဖိုး

 

ကိုးကားချက်များ

http://www.biblica.com/…/in-what-language-was-the-bible-fi…/

http://www.beginningcatholic.com/when-was-the-bible-written…

http://www.ccel.org/bible/phillips/CN620NTHISTORY.htm

ေဆာင္းပါးမ်ား