Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#9 June 2021 #စိန့်ဧဖရိမ် #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) Posted by M Sulatthtwe

စိန့်ဧဖရိမ်ကို (၃၀၆ခုနှစ်၊ နီစီဘီ(စ်) (ယနေ့ခေတ် တူရကီတွင် မွေးဖွားသန့်စင်ခဲ့ပါသည်။ အရွယ်ရောက်လာသောအခါ ဦးပဥ္စင်းဘဝကို ခံယူကာ ဆီးရီးယား သာသနာနယ်တွင် အမှုတော်မြတ်၌ ဆက်ကပ် ရှင်သန်ခဲ့ပါ သည်။ ထို့နောက် မက်ဆိုပိုတေးမီးယား ဒေသရှိ Edessa သို့ ပြောင်းရွေ့ တာဝန် ထမ်းဆောင်ခဲ့ရပါသည်။ ဦးပဥ္စင်းသာ ဖြစ်သော်လည်း ပညာရည် မြင့်မားသောကြောင့် သူသည် ဘာသာရေး အတွေးအခေါ်ဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်ခဲ့ပါသည်။ သူသည် ဘာဝနာစီးဖြန်းခြင်းနှင့် တရားအသက္တာ (အသိနှင့်အကျင့်နှစ်ခုကို ပေါင်းစပ်၍ သင်ကြားပေးခဲ့သည်။ သူသည် စာပေလင်္ကာများ ရေးသားသူလည်း ဖြစ်ပါသည်။ သူ၏ဆုံးမသြဝါဒများ၌ သူရေးစပ် သီကုံးသော ကဗျာလင်္ကာများကို ထည့်သွင်း အသုံးပြု၍ ဘာသာရေး၏ အနှစ်သာရများ၊ သမ္မာတရားများကို သင်ကြားပေးလေ့ ရှိသည်။ သူ့အား ၀ိညာဉ်တော်၏ စောင်းတော်’ ဟု တင်စား ခေါ်ဝေါ်ကြပါသည်။ (၃၆၃ခုနှစ်တွင် ယေဇူးသခင်နှင့် အမိမယ်တော်အား ချစ်သောချစ်ခြင်းကို ပြည့်ဝစွာ ခံစားရင်း သက်တော် ကုန်ဆုံးသွားခဲ့ပါသည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

 

ရဟႏာၱ