Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#10 June 2021 #St.Getulius and Companions (Martyrs), စိန့်ဂျေတူလီအူးစ်နှင့် အပေါင်းအဖော်များ (ဓမ္မအာဇာနည်များ) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

ဂျေတူလီအူးစ်သည် စိန့်ဆီဖိုရိုဆာ၏ ယောင်္ကျားဖြစ်သည်။ သူသည် ထရာဂျာနှင့် ဟာဒရင်းတို့ လက်အောက်ခံ ရောမစစ်သား အရာခံဗိုလ်ဖြစ်သည်။ သူသည် ခရစ်ယာန်ဘာသာသို့ ပြောင်းလဲဝင်လာသူ ဖြစ်သည်။ သူသည် လုပ်ငန်းမှအနားယူ၍ အမွေရယူရာ တီဗောလီအနီး ဆာဘီတောင်တွင် နေထိုင်သည်။ သူသည် ခရစ်ယာန် အစည်းအရုံး အနည်းငယ်နှင့်အတူ အနားယူနေထိုင်သည်။ သူတို့သည် ခရစ်ယာန် အယူဝါဒများကို သွန်သင်ပံ့ပိုးပေးသည်။ တစ်နေ့တွင် သူ့ကို သွန်သင်ပေးရန် ကမ်းလှမ်းကြသည်။ ထို့ကြောင့် သူအံ့ဩခဲ့ရသည်။ သူ့ကို အကျဉ်းထောင်သို့ ပို့သည်။ ဆီရီလီစ်သည် ခရစ်ယာန်ကို စိတ်ဝင်စားလာသည်။ ဂျေတူလီအူးစ်နှင့် ပြောဆိုဆက်ဆံခြင်းအားဖြင့် ခရစ်ယာန်ဘဝကို သဘောပေါက်လာသည်။ သူ့ညီတစ်ဦး အာမန်တီအူစ်သည် ခရစ်ယာန် ယုံကြည်၍ သက်သေခံသူဖြစ်သည်။ ရောမစစ်တပ်၌ အမှုထမ်းနေသည်။ ဆီရီလီစ် ခရစ်ယာန် ဖြစ်လာကြောင်း ဧကရာဇ်မင်း ကြားသိသောအခါ အတိုင်ပင်ခံ လီဆီနီအူစ်ကို စေလွှတ်၍ ဖမ်းစေသည်။ ထို့ကြောင့် ဆီရီလီစ်၊ ဂျေတူလီအူစ်နှင့် ညီငယ်တို့အား သေဒဏ်အမိန့်ချမှတ်သည်။ သူတို့သည် မိမိယုံကြည်ရာများကို မစွန့်လွှတ်သည့်အတွက် တီဗောလီမြို့တွင် ရက်ပေါင်း (၂၇)ရက် ညှဉ်းပန်းနှိပ်စက်ကာ အကျဉ်းထောင်၌ ချကြသည်။ ဗီအာဆာလရီတွင် ခေါင်းဖြတ်၊ မီးရှို့ကာ သတ်ဖြတ်ကြသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

ရဟႏာၱ