ယနေ့ပွဲနေ့ရှင်သည် တပည့်တော်ကြီး (၁၂)ပါး အပါအဝင် မဟုတ်ခဲ့သော်လည်း ကနဦး ခရစ်ယာန် သာသနာ၌ တပည့်တော်ကြီးများ၊ အထူးသဖြင့် သံပေါလုနှင့် လက်တွဲ၍ သာသနာ့ အမှုတော်ကို ထမ်းဆောင်ခဲ့သော တမန်တော် ဖြစ်ပါသည်။ သူ့အား ဆိုင်းပရပ်(စ်)တွင် မွေးဖွား သန့်စင်ခဲ့ပြီး ငယ်မည်မှာ ဂျိုးဇက် ဖြစ်ပါသည်။ အစောပိုင်းဘဝ၌ သူသည် ခရစ်ယာန် မဟုတ်ခဲ့ပေ။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆင်းသက်သောပွဲ (ပင်တေကော့စတယ်) ပွဲအလွန်မှသာ ပြောင်းလဲ ယုံကြည်လာခဲ့သူ ဖြစ်သည်။ သူသည် ကုံလုံပြည့်စုံသော မိသားစုမှ ဖြစ်ပြီး ခရစ်တော် နောက်သို့လိုက် ရန် သူ၏ ပိုင်ရာဆိုင်ရာများ အားလုံးကို စွန့်လွှတ်ခဲ့သည်။ ဘားနားဘာ(စ်)၏ အနက်ကား ‘နှစ်သိမ့်ခြင်းကို ပေးသောသား’ ဟု ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အလွန် စိတ်ကောင်းရှိပြီး ကူညီယိုင်းပင်း တတ်သောဗီဇ ရှိသည်။ သူသည် ခရစ်ယာန်အဖြစ် မကြာမီကမှ ကူးပြောင်းလာသော ပေါလူအား သူ၏ ပထမသာသနာပြု ခရီးစဉ်တွင် မိတ်ဆွေကောင်းအဖြစ် ကူညီပေးခဲ့သည်။ ထုံးတမ်းစဉ်လာ မှတ်တမ်းအရ အေဒီ (၆၀)၀န်းကျင်တွင် သူသည် မိမိ၏မွေးရပ်ဆိုင်ပရပ်(စ်)၌ပင် တရားတော်အတွက် ကွက်မျက် ခံခဲ့ရသည်ဟု ဆိုပါသည်။
#Fr.ကလေးမင်းအားတယ် (ဘာသာပြန်)