သူ့နာမည်ကား မွေးဇာတိနေရာကို အမြဲထည့်၍ ဆာဟာကန်မှ မြောက်ပိုင်း စပိန်ရဟန္တာဟု ခေါ်ကြသည်။ သူ၏ဉာဏ်ပညာ ထက်မြက်ခြင်းမှာ ထင်ရှားသည်။ ထို့ကြောင့် ဘာရိုစ်ဆရာတော်က သဘောကျ၍ ပညာဆက်လက် သင်စေသည်။ အသက် (၂၆)နှစ်တွင် ရဟန်းသိက္ခာ ခံယူသည်။ ဆာလမာကန် တက္ကသိုလ်တွင် ဓမ္မသင်္ဂြိုလ်ပညာ (သီအိုလော်ဂျီ) အောင်မြင်သည်။ သူသည် စိန့်ဩဂတ်စတင်း ရသေ့ဂိုဏ်းသို့ ဝင်ရန် ဆုံးဖြတ်သည်။ နိုဗီ(စ်)သို့ ရောက်သောအခါ အကြီးအကဲ ဖြစ်လာသည်။ စိန့်ဂျွန်သည် ကိုယ်တော်မြတ်ကို အလွန်ကိုးစား ယုံကြည်သည်။ မစ္ဆားတရား ပူဇော်သောအခါ ကိုယ်တော်မြတ်သည် အရောင်တောက်ပနေကြောင်း အမြဲမြင်တွေ့ရသည်။ ဘုရားသခင် ထင်ရှားပြကြောင်း တွေ့ရသည်။ ညတိုင်း မစ္ဆားမပူဇော်မီ အမြဲတမ်း ကိုယ်တော်မြတ် ဖူးလေ့ရှိသည်။ တရားဟောရာ၌ ကြောက်ရွံ့ခြင်း မရှိဘဲ သန့်ရှင်း ဖြူစင်ခြင်းအား ဆန့်ကျင်သော အရာဟူသမျှကို တိုက်ဖျက်လေ့ ရှိသည်။ သူ့ကို လုပ်ကြံ သတ်ဖြတ်ရန် လူတစ်ဦးအား ရန်သူများက ငှားရမ်းကြသည်။ သို့သော် ထိုသူသည် သိကြားတမန်များ၏ ကူညီစောင်မ တော်မူခြင်းအားဖြင့် လက်နက်မဲ့သူကဲ့သို့ ဘာမှမလုပ်နိုင်ဘဲ ငြိမ်ကျသွားသည်။ သူ့ကို လုပ်ကြံရန် အငှားလူသည် ကြောင်တောင်တောင် ဖြစ်သွားသည်။ စိန့်ဂျွန်သည် ဆာလမန်ကာ၏ ကိုးစားရာ ရဟန္တာကြီး ဖြစ်သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)