Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#ဇွန်လ - ၁၃ရက် #ပါးဒူအာမြို့မှစိန့်အန်ထော်နီ #Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်) Posted by M Sulatthtwe

ယနေ့ပွဲနေ့ရှင် စိန့်အန်ထော်နီသည် ပေါ်တူဂီလူမျိုး ဖြစ်ပြီး သူ့အား (၁၁၉၅ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ၊ လစ်ဘွန်မြို့တွင် မွေးဖွား သန့်စင်ခဲ့ပါသည်။ သူ၏ ဆေးကြောခြင်း အမည်မှာ ဖာနန်းဒို ဖြစ်ပါသည်။ သူသည် စိန့်သြဂုတ်စတင်း ဝိညာဉ်ရေး ကျင့်စဉ်ကို ကျင့်သော စိန့်သြဂုစ်စတင်း အသင်းဝင် ရဟန်းတစ်ပါး ဖြစ်လာခဲ့ပါသည်။ သို့သော် မော်ရောကိုနိုင်ငံ၌ တရားတော်အတွက် ကွက်မျက်ခံခဲ့ရသော ဖရန်စစ်ကင် ဘုန်းတော်ကြီးများအား ကြည်ညို အားကျသောကြောင့် ဖရန်စစ်ကင် အသင်းသားအဖြစ် ပြောင်းလဲ ခံယူလိုက်ပါသည်။ ထို့နောက် ဖာနန်းဒို အမည်မှ အန်ထော်နီ အမည်သို့လည်း ပြောင်းလဲ ခံယူခဲ့ပါသည်။ ထို့နောက် (၁၂၂၁ခုနှစ်တွင် အစီစီမြို့၌ သီတင်း သုံးနေသော စိန့်ဖရန်စစ် ရှိရာသို့ သွားရောက်ခဲ့ပါသည်။ သူသည် ပြင်သစ်နှင့် အီတလီနိုင်ငံ မြောက်ပိုင်းတစ်ဝှမ်း ဒေသနာတရား ဟောကြားခဲ့ပါသည်။ အထူးသဖြင့် ကက်သလစ် သာသနာ၏ သွန်သင်ချက်ကို မှားယွင်းသော အယူဝါဒများဖြင့် နှောက်ယှက် တိုက်ခိုက်နေသော Chathari အယူဝါဒကို ကာကွယ်ခဲ့ပါသည်။ သူသည် အီတလီနိုင်ငံ၊ ပါးဒူအားမြို့၌ သက်တော် (၃၆)နှစ်တွင် ပျံလွန်သွားခဲ့ပါသည်။ ကက်သလစ် ဘာသာတူများအပေါ် သူ၏လွှမ်းမိုးမှုမှာ အံ့မခန်း လောက်ပေသည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

 

ရဟႏာၱ