အာစီလီယာဇာတိ ဖြစ်သည်။ သူသည် ဆိုက်ရကူစ်မြို့တွင် ပညာဆည်းပူးခဲ့သည်။ သူသည် ကွန်စတန်တင်နိုပါလ်သို့ သွားသည်။ သို့သော် သူ၏ရည်မှန်းချက်အတိုင်း မဟုတ်ဘဲ ရသေ့တစ်ပါးနှင့် တွေ့သောအခါ စိတ်ပြောင်းလဲ၍ ချယ်နော့လကော့စ်မြို့ရှိ ရသေ့ကျောင်းသို့ ဝင်ခဲ့သည်။၈၁၅-ခုနှစ်တွင် လေအိုအာမေနီးယား လက်ထဲ၌ ဒုတိယအကြိမ် အိုင်ကိုနိုကလာစ်တီတို့၏ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသည်။ သူသည် ကြောက်ရွံ့ခြင်း မရှိဘဲ ဓာတ်တော် မွေတော်များ၊ သန့်ရှင်းသော ဆင်းတုများအား ရိုသေစွာ ထိန်းသိမ်းသည်။ စိန့်နီချဲဖော့ရပ်(စ်) နှင်ထုတ်ခြင်းခံပြီး သူသည် ရောမမြို့သို့သွား၍ ရဟန်းမင်းကြီး ပါစကား(၁)အား အခြေအနေများကို တင်ပြခဲ့သည်။ ၎င်းနေရာမှာပင် လေအို(၅) ဆုံးသွားသည်အထိ နေသည်။ ၈၂၁-ခုနှစ်တွင် ရဟန်းမင်းကြီး၏ စာနှင့်အတူ ကွန်စတန်တင်နိုပါလ်သို့ ပြန်လာသည်။ ဧကရာဇ်မင်း မိုင်ကယ်ထံသို့ ရဟန်းမင်းက မေသောဒီအူစ် ပါထရီယားအား စိန့်နီချဲဖော့ရပ်(စ်) နေရာတွင် အစားထိုးနေထိုင်ခွင့် တောင်းပေးသည်။ ၎င်းစာရသောအခါ ဧကရာဇ်မင်းသည် မေသောဒီအူစ်အား အပြစ်တင်၍ သူ့အား ညှဉ်းဆဲရန် အမိန့်ပေးသည်။ စိန့်အ--- ကျွန်းဆွယ်တွင် (၇)နှစ် အကျဉ်းထောင်၌ ချထားသည်။ ဧကရာဇ်မင်းအသစ်ဖြစ်သော တေအိုဖီလားစ် လက်ထက်၌ အသင်းတော်အား ညှဉ်းပန်းနှိပ်စက်ခြင်းသည် ကျယ်ပြန့်စွာ ဖြစ်ပေါ်လာသည်။ မေသောဒီအူစ်၏ လှုပ်ရှားမှုနှင့် ရဟန်းမင်းကြီး၏စာကြောင့် အပြစ်တင်ခြင်း ခံရသည်။ ၈၄၂-ခုနှစ်၊ ဧကရာဇ်မင်း သေဆုံးသောအခါ မင်းဘုရား တီအိုဒိုရာက သားတော် မိုက်ကယ်(၃)အား ရင်ခွင်ပိုက် အုပ်စိုးသူအဖြစ် ကြေညာလိုက်သည်။ သူသည် သူငယ်အရွယ်သာ ရှိသေးသည်။ တီအိုဖီလားစ် သေသောအခါ မေသောဒီအူစ်သည် ရသေ့ကျောင်းသို့ ပြန်လာသည်။ သို့သော် ဂျွန်ဂရမ်မာရီယား နန်းချခံရသည့်အတွက် မေသောဒီအူစ်အား ရာထူးအပ်နှင်းကြသည်။ ထိုအချိန်၌ ဓမ္မညီလာခံကြီး ကျင်းပသည်။ ၎င်းစာများအား စိန့်နီချယ်ဖော့ရပ်(စ်)က ကွန်စတန်တင်နိုပါလ်ဖြင့် ဘာသာပြန်သည်။ အာဏာရပြီး (၄)နှစ်တွင် ဖျဉ်းဆွဲနာရောဂါဖြင့် သေဆုံးသည်။ သူသည် လူ၏ အတ္ထုပ္ပတ္တိ ရေးရာ၌ နာမည်ကျော်သည်။ စိန့်မာရီနား၊ စိန့်အာကာတား၊ စိန့်ကောစမာနှင့် ဒါမီယား၊ စိန့်တီအိုဖာနယ် စသည်တို့ဖြစ်သည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)