Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#ဇွန်လ (၁၆) ရက်နေ့ #St.John Francis Regis, စိန့်ဂျွန်ဖရန်စစ်ရေဂျီစ် (1597 – 1640) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M Sulatthtwe

ပြင်သစ်ပြည် လန်ကွာဒို ဇာတိဖြစ်သည်။ အသက် (၁၉)နှစ်တွင် ဂျေဆွိဂိုဏ်းသို့ ဝင်ပြီး (၃၃)နှစ်တွင် ရဟန်းသိက္ခာ ခံယူသည်။ သူမသေခင် (၁၀)နှစ်လုံးလုံး ဆင်းရဲသားများကြားတွင် အလုပ်လုပ်သည်။ ဘာသာရေး စစ်ပွဲကြောင့် ဘေးဒုက္ခရောက်သူ၊ တောင်သူ လယ်သမားများကြားတွင် ကူညီလုပ်ကိုင် ပေးရသည်။ ပြင်သစ်ပြည် တောင်ပိုင်း၌ ဘာသာရေးစစ်ပွဲ ဖြစ်ပွား၍ ဆင်းရဲဒုက္ခ ရောက်သူများကို ကူညီခဲ့သည်။ သူသည် ကက်သလစ် ဘာသာပျက် ပြင်သစ် လူမျိုးများကို ဘာသာထဲသို့ ပြန်လည် သွင်းယူသည်။ ဝါသနာချင်း တူသောသူအား အကျိုးဖြစ်ထွန်းရန် အမျိုးသမီးများအတွက် အဖွဲ့တစ်ခု တည်ထောင်သည်။ ဆင်းရဲသားများ အကျိုးကိုမျှော်၍ ကုန်စိမ်း (စပါးရောင်းဝယ်ရေး) ရောင်းဝယ်ရေးကို တည်ထောင်ပြီး လုပ်ငန်း စတင်ပေးသည်။ သူ့ဘဝတစ်ခုလုံး ဆင်းရဲခြင်း ပါရမီ၌ မြှုပ်နှံ၍ အကြီးအကဲများအား နာခံခြင်းကို အပြည့်အဝ ကျင့်သုံးသည်။ ကရုဏာလုပ်ငန်း၌ စိတ်အားထက်သန်စွာ ပြုလုပ်၍ အကောင်းမြင် ဝါဒအားဖြင့် အမြဲလုပ်ငန်းတွင် ဝေမျှလေ့ရှိသည်။ စိန့်ဂျွန်ဖရန်စစ် ရေဂျီစ်သည် ကန်ဆာမြို့ ကိုးစားရာ ရဟန္တာဖြစ်သည်။ အမေရိကပြည်ရှိ မွန်တာနိုများ၏ လေးစားမှု ရရှိသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

 

 

 

ရဟႏာၱ