THE INSTITUTE OF THE SISTERS OF REPARATION (ISR)
OUR ORIGIN:
The Institute of the Sisters of Reparation, dedicated to the Sacred Heart of Jesus and to the Immaculate Heart of Mary, was founded by Fr. Carlo Salerio of the Pontifical Institute of Foreign Missions (PIME) and Mother Caroline Orsenigo, on the 2nd October 1859 in Milan, Italy.
The intention of instituting the Institute was:
· to restore the lives of those girls who are with morality decline and save their souls.
· to share with the Saviour in the great task of the salvation of the world, under the protection of the Sacred Heart of Jesus and the Immaculate Heart of Mary, and to offer oneself as a victim of reparation to atone for one’s own sins, for the sins of all humankind and for the sins committed against the Blessed Sacrament.
· For the salvation of souls especially those most forlorn and despised, and for promoting their living standard by dedicating our lives in the apostolate.
The MOTTO of the Sisters of Reparation is “REDEMPTION THROUGH LOVE”
What is the meaning of “our MOTTO”?
THE CROSS:
We are invited to carry our daily crosses in union with Christ Jesus to cooperate His redemptive work.
SACRED HEART OF JESUS:
We are invited to share Jesus’ pain and to console Him. Also, we are called to make reparation for the sins opposed to His love.
IMMACULATE HEART OF MARY:
We are invited to live only for God and to be a new Mary for the salvation of mankind.
LILY AND ROSE:
The flowers of Lily and Rose are the symbols of purity and charity. With their perfume, they will tell the whole world that Redemption is possible only through love.
OUR CHARISM:
The CHARISM of the Sisters of Reparation is “REPARATION”. It is to make amends for the sin against the love of God.
HOW?
· REPARATION through “EUCHARISTIC ADORATION”
· REPARATION through “APOSTOLATE”
OUR VISION:
The Sisters in the Institute of the Sisters of Reparation are Eucharistic Centered through the works of Reparation to save souls, to serve the Church and to develop the poor in the Mission lands.
OUR MISSION:
The Sisters of Reparation are Consecrated to the Sacred Heart of Jesus and Mary, and dedicate themselves totally to the Church, by living the lifestyle of Reparation, Eucharistic Adoration, self-denial, atoning for the sins of the world, performing the works of mercy spiritually and temporally and developing the poor, marginalized, and downtrodden in the Mission.
OUR VOCATION:
We are called “to do Reparation” in other words “to cooperate with Jesus in the work of Redemption” by offering ourselves as victims of expiation and reparation.
OUR GENERALATE:
Istituto Suore della Riparazione
Casa Generalizia
Via Padre Carlo Salerio, 53
20151 Milano
OUR REGIONALATE:
St. Joseph Convent
No. 55, Bo Hmu Pho Kun and
Khaymar Streets Corner
Taungngu, Myanmar
Tel. 054-23260
OUR COMMUNITIES:
According to the spirit that burned in the heart of the Founder, the Institute of the Sisters of Reparation, which was founded in Italy (in 1859), is serving the Church in the following countries as well:
Myanmar -1895
Brazil -1966
Philippines -2002
Australia -2005
Papua New Guinea - 2005
TOTAL CONVENTS IN THE WORLD (2019):
Convents in Italy - 10
Convents in Myanmar - 63
Convents in Braz - 4
Convent in Philippines - 1
Convent in Australia - 1
Convent in Papua New Guinea - 1
TOTAL CONVENTS -80 CONVENTS
============================================
TOTAL SISTERS IN THE WORLD (2019):
Sisters in Italy = 113
Sisters in Myanmar = 392
Sisters in Brazil = 16
Sisters in Philippines = 3
Sisters in Australia = 5
Sisters in Papua New Guinea = 3
TOTAL SISTERS = 532
TOTAL CONVENTS IN MYANMAR (2019):
Through the request of Msgr. Rocco Tornatore (PIME) the first (6) missionary Sisters started their mission works in Myanmar on 27th October 1895 at St. Joseph Convent in Taung Ngu. From then on until now the Institute of the Sisters of Reparation dedicated themselves to the salvation of souls and for the development of the mission in Myanmar.
Today (in the year 2019), in Myanmar, there are:
1. Taung Ngu Diocese = 18 Convents
2. Taunggyi Archdiocese = 4 Convents
3. Phekhon Diocese = 7 Convents
4. Loikaw Diocese = 15 Convents
5. Lashio Diocese = 9 Convents
6. Mandalay Archdiocese = 1 Convent
7. Myitkyina Diocese = 2 Convents
8. Banmaw Diocese = 2 Convents
9. Yangon Archdiocese = 3 Convents and
10. Kyaingtong Diocese = 2 Convents
Total Convents in Myanmar = 63 Convents
=======================================
OUR APOSTOLATE AND MISSIONARY ACTIVITIES:
Following Christ’s footsteps, the Sisters of Reparation, faithful to its Charism, will always be ready to take part in the various missionary activities in the spirit of Reparation.
Our Founder who was an ardent apostle who was always seeking ways of helping souls was formerly PIME missionary who had always been inspired by a missionary spirit. According to the spirit of our Founder, the Congregation of the Sisters of Reparation was born with both an Evangelical and Missionary spirit.
Our main Apostolic Activities are as follows:
· Our main apostolic activities are: witness of Christ through Evangelization; collaborating with the priests, Bishops, and other Religious Congregations in the local Church; working for the development of education for the girls; offering education on Christian faith to the children; helping in the formation of youths and parents; leading the Associations of Legion of Mary, St. Anne, St. Mary Magdalene, Children of Mary, Holy Childhood; pay visit to homes, hospitals, prisons, refugee camps, rehabilitation centers and leprosy colony; rendering services in health care, in the orphanages and at home for the aged.
Different stages of the Formation program:
ASPIRANCY:
They are given a particular gift of Reparation from Jesus Christ who wishes to continue His salvific action in the world. The duration of this period is from 3 to 6 months. The purpose of this period is to accompany them in completing their human and Christian formation.
POSTULANCY:
Postulancy is the period of trial and it is also the period for implanting the foundation of the religious building by picking up those tendencies and blessed habits which make the sacrifices of community life and the exercising of religious virtues so dear and delightful (Directory no. 32).
This is the period of (2) years: one year is in the formation house and the other is in the branch houses for trial.
NOVITIATE:
The Novitiate marks the beginning of religious life. The purpose of this period is to prepare for a life of total consecration in the Institute and a life of total transformation into Christ. This is the period that the novice prepares herself for the Profession of her vows: Chastity, Poverty, and obedience.
This preparation period lasts two years: The canonical year and the Second year.
· Profession binds the Religious to follow Christ the Redeemer with generous souls and pure hearts, contributing towards making Jesus present in the Church and in the world.
· The Reparatrix, in a particular manner, produces in her life the aspects of Jesus the Redeemer and Reparator, Victim for the sins of mankind. “I offer myself as a victim of Reparation for your glory and the salvation of mankind.”
· She receives the veil at the altar as a symbol of her detachment from the world.
· The Book of the Constitutions and a mantle for solemn adoration are also delivered to her.
· To deepen and complete their spiritual and apostolic formation, the Juniors are given a religious and apostolic formation, a doctrinal and a professional formation.
· She embraces community life and is introduced to apostolic activities. Through her consecration, she has placed the whole of her being, at the Service of God in the Church and in the world. This period of Juniorate lasts for five years.
· Through her profession, the Sisters of Reparation cooperates with Jesus, the One and only mediator, and Saviour in His work of Redemption for the glory of the Father and the salvation of her brothers and sisters.
· She receives a golden ring as the Bride of the eternal king to whom she shall remain faithful forever.
· Having recited the Act of Consecration, previously written by her, the Professed Sister places the sheet of paper on the altar and signs it.
Let us render our thanks to our Heavenly Spouse for having called us to serve Him among the Sisters of Reparation.
THE INSTITUTE OF THE SISTERS OF REPARATION (ISR)
ဆပ်ဖြေခြင်းသီလရှင်းအသင်းဂိုဏ်း
အသင်းဂိုဏ်းသမိုင်းအကျဉ်း
သခင်ယေဇူး၏ရွှေနှလုံးတော်နှင့် မယ်တော်သခင်မ၏သန့်ရှင်းဖြူစင်သောနှလုံးတော်
ထံ အပ်နှံပူဇော်ထားသော ဆပ်ဖြေခြင်းသီလရှင်ဂိုဏ်းကို ပီမေသာသနာပြုဂိုဏ်းဝင် ဖာသာရ်ချားလ်(စ်)ဆာလေးရီယို (Fr. Carlo Salerio) နှင့် မာသာရ် ကယ်ရိုလိုင်း အော်စေ့နီဂို (M. Caroline Orsenigo ) တို့မှ ၁၈၅၉ ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် အီတလီနိုင်ငံ၊ မီလန်မြို့၌ တည်ထောင်ခဲ့ပါသည်။
ပထမဉီးဆုံးသော ပီမေသာသနာပြုဘုန်းတော်ကြီးအဖွဲ့ဝင်များနှင့် Blessed Giovanni Mazzucconi ၏အဖော်များထဲမှတစ်ဉီးလည်းဖြစ်သော ဖာသာရ် ချားလ်စ် ဆာလေးရီယိုသည် ၁၈၅၂ ခုနှစ်တွင် Oceania ကျွန်းသို့ သာသနာပြု ထွက်ခဲ့ပါသည်။ ၁၈၅၅ ခုနှစ်တွင် ဖခင် Salerio သည် ငှက်ဖျားရောဂါနှင့် အခြားသောရောဂါများကြောင့် မီလန်သို့ပြန်လည်ရောက်ရှိ
လာခဲ့ရပါသည်။ ကျန်းမာရေးချို့တဲ့လာသောကြောင့် သူ့ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်သော် လည်း ဘုရားသခင်သည် မိမိထံမှမည်သည့်အရာကိုတောင်းဆိုလိုကြောင်း မေးခွန်းထုတ်ခဲ့ သည်။ ဖာသာရ်ဆာလေးရီယိုသည် သူ၏မွေးရပ်မြေတွင်လည်း နှိပ်စက်ညှဉ်းပန်းခံရပြီး စွန့်ပစ်ခြင်းခံနေရသော ဝိညာဉ်များစွာရှိနေကြောင်းကို သူမြင်ခဲ့ပြီးဖြစ်သောကြောင့် သူတို့၏ ဘဝကိုပြန်လည်ထူထောင်ပေးလိုပြီး ၄င်းတို့၏ဝိညာဉ်များကယ်တင်ခြင်းရရှိစေလိုသည်။
ဘုရားသခင်သည် ဂရုဏာရေးစိတ်ဓါတ်နှင့်ပြည့်ဝပြီး ပညာဆည်းပူးခွင့်မရသော မိန်းကလေးများနှင့် အလုပ်သမားငယ်များကို ပြုစုစောင့်ရှောက်ပေးနေသောမိန်းမပျို ကာရိုလိုင်းအော်ဆေးနီဂိုနှင့် ဖာသာရ်ဆာလေးရီယိုတို့နှစ်ဉီးအား တွေ့ဆုံစေခဲ့ပါသည်။ ထိုအချိန်၌ ကာရိုလိုင်းသည် ဆင်းရဲသောမိန်းကလေးများ၊ ခဝါသည်များ၊ ကလေးများ၊ မီးခိုးတိုင် သန့်ရှင်းရေးလုပ်သားများ၊ စက်ရုံအလုပ်သမားများကိုစုစည်းကာ ခရစ်ယာန် ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့သည်။
ဘုရားသခင်၏ဘုန်းတော်ဂုဏ်တော်နှင့် ဝိညာဉ်များ ကယ်တင်ခြင်းဟူသော ဖာသာရ် ဆာလေးရီယို နှင့် ကာရိုလိုင်း အော်ဆေးနီဂိုတို့၏ တူညီသောဘုံအိမ်မက်ကို သူတို့အတူတကွ လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။ စစ်၏ဂယက်ရိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရချိန်ဖြစ်သော်လည်းပဲ "မကောင်းမှုသည် သင်တို့ကို အနိုင်မယူစေနှင့်၊ ကောင်းကျိုးကိုပြုခြင်းအားဖြင့် မကောင်းမှုကိုအနိုင်ယူကြလော့"(ရောမ ၁၂း ၂၁)ဟူသော ဘုရားသခင်၏ကျမ်းစကားသည် ဖာသာရ် ဆာလေးရီယိုနှင့် အော်ဆေးနီဂိုတို့၏ နှလုံးသား ထဲတွင် ပဲ့တင်ထပ်စေခဲ့သည်။
ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုဖြင့် ဤမြင့်မြတ်သောအလုပ်ကို ထိရောက်စွာလုပ်ဆောင်နိုင်ရန်အတွက် သူတို့သည်ဆပ်ဖြေခြင်းအသင်းဂိုဏ်းကို တည်ထောင်ခဲ့ကြသည်။ ဖာသာရ်ဆာလေးရီယိုသည် မာသာရ်အော်ဆေးနီဂိုနှင့်အတူ ပထမဆုံးခေါ်တော်မူခြင်းခံရသောအမျိုးသမီးအဖွဲ့အတွက် စကားလုံးတစ်လုံးတည်းဖြင့် အကျဉ်းချုံးဖော်ပြခဲ့သည်မှာ "ကျွန်တော်သည် စကားလုံးများစွာပြောမည်မဟုတ်ပါ။ “ဆပ်ဖြေခြင်း” ဆိုသည့် စကားလုံးတစ်ခွန်းတည်းသာ ပြောပါမည်” ဟုရေးသားခဲ့ပါသည်။
ဆပ်ဖြေခြင်းသီလရှင်များသည် တစ်ဖက်တွင်တရားဘာဝနာစီးဖြန်းသော အသက်တာ အဖြစ် စဉ်ဆက်မပြတ် ဆုတောင်းပဌနာပြုရပါသည်။ “တရားဘာဝနာ စီးဖြန်းသော အသက်တာသည် သာသနာပြုအသက်တာ၏ အခြေခံအုတ်မြစ်ဖြစ်သင့်သည် " (ဖာသာရ် ဆာလေးရီယို)။ နောက်တစ်ဖက်တွင် လူသား၏ကယ်တင်ခြင်းအတွက်တမန်တော်လုပ်ငန်း ၌ပါဝင်ထမ်းဆောင်ကြရပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများအဖြစ် အသက်ရှင် နေထိုင်ရမည်ဖြစ်သည်။ ဤအကြောင်းကြောင့် ဖာသာရ်ဆာလေးရီယို ပြောခဲ့သည်မှာ “သင်တို့၏ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၌သာ အဆုံးသတ်၍မရပါ။ ဘုရားသခင်အတွက်သာမက ဝိညာဉ်များအတွက်ပါ ကြီးမြတ်သောမေတ္တာ တစ်ခုလိုအပ် ပါသည်”။ “သင်တို့အား ငါဆိုသည်မှာ၊ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို နှိပ်စက်ညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့”(မဿဲ ၅း၄၃-၄၈)။ ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာသည် ထိုမျှမကသေးပါ၊ ကျွန်ုပ်တို့သည် ခရစ်တော်ကဲ့သို့ ချစ်တတ်ရန်အတွက် ဘုရားသခင်၏မေတ္တာကို လိုအပ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်သကဲ့သို့ သူတော်စင်တို့သည် မိမိကိုယ်ကို ချစ်ရန်နှင့် အခြားသူများကိုလည်း ချစ်နိုင်စေရန်ဆုတောင်း ကြရပြီး၊ ဒုက္ခအမျိုးမျိုးခံစားနေရသောသူများအတွက်နှင့် တစ်ပါးသူအား နှိပ်စက်ကလူပြုနေ သောသူတို့၏နှလုံးသားများပြုပြင်ပြောင်းလဲနိုင်ရန်အတွက်လည်း ဆုတောင်းဆပ်ဖြေပေးကြ ရသည်။ ထို့အပြင် မကောင်းမှုကိုကြိုတင်ဟန့်တားရန် (သို့) တားဆီးနိုင်ရန် ဧဝံဂေလိတရား ဟောပြောခြင်း၊ လူသားဘဝမြှင့်တင်ခြင်း၊ ပညာရေးနှင့် ပြုပြင်ပုံသွင်းခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းတို့သည်လည်း ဆပ်ဖြေခြင်းလုပ်ဆောင်ချက်များဖြစ်ပါသည်။
ဖာသာရ်ဆာလေးရီယို၏ သာသနာပြုစိတ်ဓာတ်နှင့် လမ်းညွှန်ပြသပေးမှုကြောင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူသားများအတွက်နေရာတိုင်းတွင် ဂရုဏာတရား/ ချစ်ခြင်းမေတ္တာကို ဆောင်ကြဉ်းပေးရန် ဆပ်ဖြေခြင်းသီလရှင်များ ဖိတ်ခေါ်ခြင်းခံရသည်- "သင်တို့အား ကမ္ဘာအရပ်ရပ်သို့ သာသနာပြုသောသီလရှင်များဖြစ်စေလိုပါသည်"(ဖာသာရ် ဆာလေးရီယို)။ ၁၈၉၅ ခုနှစ်တွင် ပီမေသာသနာပြုဘုန်းတော်ကြီးများနှင့်အတူ မြန်မာနိုင်ငံ သို့ ပထမဆုံးရောက်ရှိလာသည့် ဆပ်ဖြေခြင်းသီလရှင်များသည် သာသနာပြုမြေပြင်သို့ ရောက်ရှိစေလိုသည့် ဖာသာရ်ဆာလေးရီယို၏အိပ်မက်ကို လက်တွေ့အကောင်အထည် ဖေါ်စေခဲ့သည်။ မာသာရ်ကြီးအော်ဆေးနီဂိုပြောခဲ့သည်မှာ “ယခု ကျွန်ုပ်တို့သည် သေးငယ် သောမျိုးစေ့ဖြစ်သော်လည်း ဆပ်ဖြေခြင်းဆိုသည့်မျိုးစေ့သည် သစ်ပင်တစ်ပင်ဖြစ်လာပြီး ၄င်း၏အကိုင်းအခက်များသည် ကျယ်ပြန့်စွာပွားများပါလိမ့်မည်”။ မာသာရ်အော်ဆေးနီဂို၏ ထိုးထွင်းသိမြင်မှုအရ အသင်းဂိုဏ်းသည်ကျယ်ပြန့်လာပြီး ယခုအခါ အီတလီ၊ မြန်မာ၊ ဘရာဇီး၊ ဖိလစ်ပိုင်၊ သြစတြေးလျနှင့် ပါပူဝါနယူးဂီနီတို့တွင် သာသနာအမှုတော်ကို ဆောင်ရွက်လျက်ရှိသည်။ အသင်းဂိုဏ်း၏စိတ်ထားအရ ဆပ်ဖြေခြင်းသီလရှင်များသည် အခြားအသင်းဂိုဏ်းများ ငြင်းပယ်သည့်နေရာများနှင့် သာသနာပြုလုပ်ငန်းကို ပို၍ နှစ်သက်ရန်နှင့် အခြားသူများမှ ထိုလုပ်ငန်းကိုတာဝန်ယူဆောင်ရွက်လိုလျှင် လွှဲအပ်ရန် အဆင်သင့်ရှိရမည်ဖြစ်ပြီး အသင်းဂိုဏ်းဝင်သီလရှင်များသည် ပို၍အရေးကြီးလိုအပ်သော လုပ်ငန်းများအတွက် အစဉ်အမြဲ အဆင်သင့်ရှိနေရမည်။
အသင်းဂိုဏ်းတည်ထောင်ခြင်း၏ရည်ရွယ်ချက်မှာ-
- အကျင့်စာရိတ္တယိုယွင်းနေသော အမျိုးသမီးငယ်များ၏ ဘဝကိုပြန်လည်ထူထောင် ရန်နှင့် ၎င်းတို့၏ဝိညာဉ်များကိုကယ်တင်ရန်။
- သခင်ယေဇူး၏မြင့်မြတ်သောနှလုံးသားနှင့် မယ်တော်သခင်မ၏မြင့်မြတ်သောနှလုံး တော်၏ စောင်မမှုအောက်၌ မိမိကိုယ်ကိုယဇ်ကောင်ပမာဆက်ကပ်ပြီး မိမိအပြစ်များ
အတွက်၊ လူသားများ၏အပြစ်များအတွက်နှင့် ကိုယ်တော်မြတ်စက္ကရမင်း မဂလာအား
ထိခိုက်စော်ကားသောအပြစ်များအတွက် ကယ်တင်ရှင်နှင့်အတူပူးပေါင်းပြီးကယ်တင်
ခြင်း လုပ်ငန်းကြီးတွင်ပါဝင်ရန်။
- အထူးသဖြင့် ခိုကိုးရာမဲ့ပြီးလူ့အသိုင်းအဝိုင်း၏အထင်သေးခြင်းခံရသော ပုဂ္ဂိုလ်များ၏
ဝိညာဉ်များကယ်တင်ခြင်းရရှိနိုင်ရန် မိမိတို့၏အသက်တာကိုဆက်ကပ်အပ်နှံခြင်းဖြင့် သူတို့၏လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်။
Motto |
Logo
|
Sisters of Reparation Founder / Foundress’ Logo and Motto
အသင်းဂိုဏ်း၏ဆောင်ပုဒ်
အသင်းဂိုဏ်း၏စံနှုန်းများနှင့် စိတ်နေသဘောထားကို၎င်း၏လက်ဝါးကားတိုင် ပါသော ဒိုင်းအမှတ်တံဆိပ်ပေါ်တွင် ချစ်ခြင်းအားဖြင့်ကယ်တင်ခြင်း ဟူသော စာတမ်းကို ရေးထိုးထားသည်။ ဤဆောင်ပုဒ်ကို လက်ဝါးကပ်တိုင်၊ သန့်ရှင်းမြင့်မြတ်သော ယေဇူး၏ ရွှေနှလုံးတော်၊ မွန်မြတ်သောမယ်တော်၏နှလုံးတော်၊ လီလီပန်းနှင့်နှင်းဆီပန်းတို့ဖြင့် ဖော်ပြ ထားပါသည်။
လက်ဝါးကားတိုင်-
ဆပ်ဖြေခြင်းသီလရှင်များသည် မိမိတို့၏နေ့စဉ်လက်ဝါးကားတိုင်များကို ခရစ်တော် ယေဇူးနှင့်အတူမျှဝေထမ်းဆောင်လျက် ဘုရားရှင်၏ကယ်တင်ခြင်းအမှုတော်မြတ်၏ လုပ်ငန်းတွင် ဆောင်ရွက်ရန် ခေါ်တော်မူခြင်းခံရပါသည်။
သခင်ယေဇူး၏သန့်ရှင်းမြင့်မြတ်သောနှလုံးတော်
ဆပ်ဖြေခြင်းသီလရှင်များသည် သခင်ယေဇူး၏ဒုက္ခစရိယာကို မျှဝေခံစားရန် သူ့ကို နှစ်သိမ့်ရန်နှင့် သူ၏ချစ်ခြင်းမေတ္တာကို ဆန့်ကျင်သူများ၏အပြစ်များအတွက် ဆပ်ဖြေခြင်း အမှုပြုပေးရန် ဖိတ်ခေါ်ခံရသည်။
မယ်တော်၏သန့်ရှင်းဖြူစင်သောနှလုံးတော်
ဆပ်ဖြေခြင်းသီလရှင်များသည် ဘုရားသခင်အတွက်သာ အသက်ရှင် နေထိုင်ရန်နှင့် လူသားတို့၏ကယ်တင်ခြင်းအတွက် မယ်တော်မာရီယားအသစ်ဖြစ်ရန် ခေါ်တော်မူခြင်း ခံရသည်။
လီလီနှင့် နှင်းဆီပန်း
လီလီနှင့်နှင်းဆီပန်းများသည် သန့်ရှင်းဖြူစင်ခြင်းနှင့်ချစ်ခြင်းမေတ္တာ၏သရုပ်ကို ဖော်ဆောင်သောသင်္ကေတများဖြစ်သည်။ ကယ်တင်ခြင်းအမှုတော်သည် သန့်ရှင်းဖြူစင်ခြင်း နှင့် ချစ်ခြင်းဖြင့်သာလျှင်ရရှိနိုင်ကြောင်းကို ၄င်းတို့၏သင်းပျံ့သောအသက်တာအားဖြင့် ကမ္ဘာကိုကြေငြာလျက်ရှိနေပါသည်။
ကျင့်စဉ်
ဆပ်ဖြေခြင်းသီလရှင်တို့၏ကျင့်စဉ်သည် "ဆပ်ဖြေခြင်း" ဖြစ်သည်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ဆန့်ကျင်သော အပြစ်အတွက် ဆပ်ဖြေခြင်းဖြစ်သည်။
မည်ကဲ့သို့ဆပ်ဖြေမည်နည်း….
ကိုယ်တော်မြတ်စက္ကရမင်းမဂလာအား ဝတ်ပြုဖူးမြှော်ခြင်းအားဖြင့် ဆပ်ဖြေခြင်း |
တမန်တော်လုပ်ငန်းအားဖြင့် ဆပ်ဖြေခြင်း |
မျှော်မှန်းချက်-
ဆပ်ဖြေခြင်းသီလရှင်များသည် ကိုယ်တော်မြတ်စက္ကရမင်းမဂလာကိုဗဟိုပြု၍ ဝိညာဉ်များ ကယ်တင်ခြင်းရရှိရန်၊ သာသနာတော်ကိုအစေခံရန်နှင့် သာသနာနယ်မြေများရှိ ဆင်းရဲနွမ်းပါးသူများ၏ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆပ်ဖြေခြင်းလုပ်ငန်းများလုပ်ဆောင် ခြင်းဆီသို့။
လုပ်ဆောင်ချက်-
Ø သန့်ရှင်းမြင့်မြတ်သောယေဇူး၏ရွှေနှလုံးတော်နှင့် မယ်တော်သခင်မ၏ နှလုံးတော် ထံ အပ်နှံထားသောဆပ်ဖြေခြင်း သီလရှင်များသည် ဆပ်ဖြေခြင်းဘဝ အသက်တာ
ဖြင့် နေထိုင်ပါမည်၊
Ø ကိုယ်တော်မြတ်ကိုဝတ်ပြု ဆုတောင်းပါမည်၊
Ø မိမိကိုယ်ကို ငြင်းပယ်ပြီး လူသားအားလုံး၏အပြစ်များအတွက်ဆပ်ဖြေပါမည်၊
Ø ဝိညာဉ်ရေးရာနှင့်လောကီရေးရာကရုဏာလုပ်ငန်းများလုပ်ဆောင်ပြီး သာသနာ နယ်အတွင်းတွင်ရှိသော ဆင်းရဲ နွမ်းပါးသူများ၊ ဘေးဖယ်ခြင်း ခံရသောသူများနှင့် ဖိနှိပ်ခံရသူများအား ပြုစုပျိုးထောင်ပေးခြင်းဖြင့် သာသနာတော်အတွက် မိမိကိုယ်ကို လုံးလုံးလျားလျား ဆက်ကပ်အပ်နှံပါမည်။
ခေါ်တော်မူခြင်း
ကျွန်ုပ်တို့အား “ဆပ်ဖြေခြင်းအမှုပြုရန်” တစ်နည်းအားဖြင့် “ကယ်တင်ခြင်း အမှုတော်၌ ခရစ်တော်သခင်နှင့် ပူးပေါင်းဆောင်ရွက်ရန်” အတွက် မိမိကိုယ်ကို ယဇ်ကောင်အဖြစ် ပူဇော်ရန် ခေါ်တော်မူခြင်းခံရသည်။
ဆပ်ဖြေခြင်းသီလရှင်ကျောင်းများ
၁၈၅၉ ခုနှစ် အီတလီနိုင်ငံတွင် တည်ထောင်ခဲ့သည့် ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းသည် တည်ထောင်သူ ဖာသာရ်ဆာလေးရီယို၏ စိတ်ဓာတ်အတိုင်း အောက်ပါနိုင်ငံများ၌ သာသနာ့အမှုတော်ကို ထမ်းဆောင်လျက်ရှိပါသည်။
|
|
မြန်မာနိုင်ငံသို့ရောက်ရှိလာခြင်း
Msgr. Rocco Tornatore (PIME) ၏တောင်းဆိုချက်အရ ပထမဆုံး သာသနာပြု သီလရှင်(၆)ပါးသည် မြန်မာနိုင်ငံသို့ ၁၈၉၅ ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့တွင် တောင်ငူမြို့ရှိစိန့်ဂျိုးဇက်ကွန်ဗင့်သို့ရောက်ရှိလာပြီး သနာပြုလုပ်ငန်းကိုစတင်ဆောင်ရွက် ခဲ့ပါသည်။ ထိုအချိန်မှစ၍ ယနေ့အချိန်အထိ ဆပ်ဖြေခြင်းသီလရှင်များသည် မြန်မာနိုင်ငံတွင် သာသနာတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိ၏ဘဝကို ဆက်ကပ်ပူဇော်ရင်း ဆပ်ဖြေခြင်း အမှုကို ဆောင်ရွက်လျက်ရှိပါသည်။
သာသနာပြုလုပ်ငန်းလှုပ်ရှားမှုများ-
သခင်ခရစ်တော်၏ခြေရာနောက်ကိုလိုက်ပြီး၊ မိမိတို့၏(Charism)ကျင့်စဉ်အတိုင်း ဆပ်ဖြေခြင်းသီလရှင်များသည် ဆပ်ဖြေခြင်းစိတ်ဓာတ်ဖြင့် သာသနာပြုလုပ်ငန်းများတွင် ပါဝင်ရန် အမြဲအသင့်ရှိကြသည်။ ဝိညာဉ်ကယ်တင်ခြင်းအတွက် စိတ်အားထက်သန်သော ဆပ်ဖြေခြင်းအသင်းဂိုဏ်းတည်ထောင်သူ ဖာသာရ်ဆာလေးရီယိုသည် ယခင်က (PIME) သာသနာပြုတစ်ဦးဖြစ်ပြီး သာသနာပြုစိတ်ဓာတ်ဖြင့် အမြဲလှုံ့ဆော်ခံခဲ့ရသူဖြစ်သည်။ ထို့ကြောင့် ဆပ်ဖြေခြင်းသီလရှင်များသည် အသင်းဂိုဏ်းတည်ထောင် သူ၏စိတ်ထားနှင့် အညီ ဧဝံဂေလိလုပ်ငန်းနှင့်သာသနာပြုစိတ်ဓာတ် နှစ်မျိုးလုံးဖြင့်မွေးဖွားလာပါသည်။
ကျွန်ုပ်တို့၏အဓိကတမန်တော်လှုပ်ရှားမှုများမှာ - ဧဝံဂေလိတရားအားဖြင့် ခရစ်တော်ကို သက်သေခံခြင်း၊ ဒေသန္တရသာသနာအတွင်းရှိဘုန်းတော်ကြီးများ၊ ဆရာတော်များနှင့် ဘာသာရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ အမျိုးသမီးငယ်များ၏ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကူညီလုပ်ဆောင်ခြင်း၊ ကလေးသူငယ်များအား ခရစ်ယာန် ယုံကြည်ခြင်းဆိုင်ရာပညာပေးခြင်း၊ လူငယ်များနှင့်မိဘများအားပြုပြင်ပုံသွင်းရာတွင် ကူညီ ပေးခြင်း၊ မယ်တော်တမန်တော်အသင်း၊ မိခင်အားနာအသင်း၊ သံတာမာဒလေးနား အသင်း၊ မယ်တော်သမီးပျိုများအသင်း၊ ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုကလေးသူငယ်များအသင်း
စသည့်အဖွဲ့အစည်းများအား ဉီးဆောင်လမ်းညွှန်ပေးခြင်း၊ နေအိမ်များ၊ ဆေးရုံများ၊ အကျဉ်းထောင်များ၊ ဒုက္ခသည်စခန်းများ၊ ပြန်လည်ထူထောင်ရေးစခန်းများနှင့် အနာကြီး ရောဂါသည်စခန်းများသို့သွားရောက်လည်ပတ်ခြင်း၊ မိဘမဲ့ကလေးများအား ပြုစုပျိုးထောင် ပေးခြင်းနှင့် ဘိုးဘွားရိပ်သာများရှိသက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်မှုပေးခြင်း စသည်တို့ဖြစ်ပါသည်။
ဆပ်ဖြေခြင်းသီလရှင်တစ်ပါးဖြစ်ရန် လျှောက်လှမ်းရမည့်အဆင့်များ
ဝင်လိုသူအဆင့်
ဤအဆင့်သည် ခရစ်တော်သခင်၏ကယ်တင်ခြင်း လုပ်ငန်း
တွင်ပါဝင်လုပ်ဆောင်ရန်ယေဇူးသခင်ထံမှအထူးဆုကျေးဇူး အဖြစ်ပေးအပ်ခြင်းခံရသည်။ဤပထမအဆင့်၏ သက်တမ်း
မှာ(၃)လမှ(၆)လအထိဖြစ်ပြီး Human Formation နှင့် Christian Formation ကို သင်ယူရမည့် အချိန်ကာလ ဖြစ်သည်။
သီလရှင်လောင်း ပထမအဆင့်
First Year |
Second Year
|
ဤအဆင့်သည်စမ်းသပ်ခြင်း အချိန်
ကာလဖြစ်၍ သင်းဂိုဏ်း၏ စိတ်နေ သဘော
ထားများနှင့်အညီ ကုသိုလ်ပါရမီများကို လေ့လာဆည်းပူးခြင်းဖြင့် သူတော်စင် အသက်တာကို အစပျိုးသည့် ကာလလည်း ဖြစ်သည် (Directory no. 32)။ ဤအဆင့်သည် (၂)နှစ်တာကာလဖြစ်သည်။ ပထမနှစ်၌ Formation ကျောင်းတွင်ဖြစ်ပြီး ဒုတိယနှစ်မူကား သီလရှင်ကျောင်းခွဲများတွင် လက်တွေ့ ကွင်းဆင်းရသည်။
သီလရှင်လောင်း ဒုတိယအဆင့်
ဤအဆင့်သည်သူတော်စင်ဘောင်အသက်တာ၏အစဖြစ်သည်။ ဤကာလ၏ရည်ရွယ် ချက်မှာ သင်းဂိုဏ်းတွင် ပြည့်ဝစုံလင်သော အသက်တာအတွက်ပြင်ဆင်ရန်နှင့် ခရစ်တော် အဖြစ်သို့လုံးလုံးအသွင်ပြောင်းသော အသက်တာအတွက် ပြင်ဆင်ရန်ဖြစ်သည်။
First Year
|
Second Year
|
ဤကာလသည် ပထမယာယီသစ္စာ (ဖြူစင် ခြင်း၊ဆင်းရဲခြင်းနှင့်နာခံခြင်း)ခံယူရန်
အတွက်ပြင်ဆင်သောကာလဖြစ်သည်။
ယာယီသစ္စာခံဘ၀ ဆပ်ဖြေသူသည်လူသားတို့၏အပြစ်များကိုကယ်ချွတ်တော် မူသော ကယ်တင်ရှင်နှင့် ဆပ်ဖြေသူယေဇူးသခင်၏ သွင်ပြင်လက္ခဏာများကို သူမ၏ဘဝအသက်တာ၌ဆောင် ယူလျက် “ကိုယ်တော်၏ဘုန်းတော်ဂုဏ်တော်နှင့်လူသား တို့၏ ကယ်တင်ခြင်းအတွက်မိမိကိုယ်ကိုဆပ်ဖြေခြင်း၏ ယဇ်ကောင်အဖြစ်ပူဇော်ပါသည်။”
- လောကကြီးကိုစွန့်ခွာပြီး ခရစ်တော်သခင်၏ခင်ပွန်းသည်ကဲ့သို့ ရိုးသားဖြူစင်နှိမ့်ချလျက် နှလုံးသား၌ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝကာ မိမိကိုယ်ကို ခရစ်တော်ဘုရားရှင်အား ထာဝရဆက်ကပ်၍အမှုတော် ထမ်းဆောင်ရန် အမှတ်သကေတအဖြစ် ခေါင်းဆောင်းကို လက်ခံ ရရှိသည်။
- မိမိ၏စိတ်နှလုံးထဲ၌စွဲမြဲစေပြီး ဘဝအသက်တာ၌သစ္စာရှိရှိ လက်တွေ့ ကျင့်ဆောင်ရန် အသင်းဂိုဏ်း၏ဥပဒေစာအုပ်နှင့် ကိုယ်တော်မြတ်ကို ဝတ်ပြုကိုးကွယ်ရာ၌အသုံးပြုရန် အဖြူရောင်ခြုံထည်(Mentle Veil) ကို ခံယူရရှိသည်။
- ဝိညာဉ်ရေးပိုမိုလေးနက်မှုရှိရန်နှင့် တမန်တော်လုပ်ငန်း အတွက်အထောက်အကူပြုရန် အယူဝါဒဆိုင်ရာနှင့်အသက်
မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များကိုအကျယ်တဝင့်လေ့လာဆည်းပူးရသည်။
- Communityအသက်တာကို ထွေးပိုက်ပြီးမိမိ၏ဘဝကို
ဆက်ကပ်အပ်နှံခြင်းဖြင့်ကမ္ဘာလူသားအတွက်၊သာသနာ
တော်အတွက် တမန်တော်လုပ်ငန်း၌ပါဝင် လုပ်ဆောင်
သည်။
First Year |
Second Year |
Third Year |
Fourth Year |
Fifth Year
ရာသက်ပန်သစ္စာခံပြီးဘဝ
- ထာဝရဘုရင်၏ တို့သမီးအမှတ်လက္ခဏာအဖြစ် ရွှေလက်စွပ်ကို လက်ခံရယူသည်။
ထိုသစ္စာခံသီလရှင်များသည် ဘုရားရှင်ထံ ကတိသစ္စာရွတ်ဆိုပြီးနောက် ၄င်းစာရွက်ကို ယဇ်ပလ္လင်ပေါ်တွင်လက်မှတ်ရေးထိုး ရသည်။
- ပြည့်ဝသောဆပ်ဖြေသူအဖြစ် အသင်းဂိုဏ်း၏ ကြိုဆိုလက်ခံခြင်းကိုရရှိသည်။ သစ္စာခံယူခြင်းဖြင့် ဆပ်ဖြေခြင်းသီလရှင်များသည် အဘဘုရား၏ ဘုန်းဂုဏ်တော်အတွက်နှင့် လူသားတို့၏ကယ်တင်ခြင်းအတွက် တစ်ပါးတည်းသောကြားဝင်ဖျန်ဖြေသူ ကယ်တင်ရှင်သခင်ခရစ်တော်နှင့်အတူပူးပေါင်းကာ ကယ်တင်ခြင်း လုပ်ငန်း၌ပါဝင် လုပ်ဆောင်သည်။
ဆက်သွယ်ရန်လိပ်စာ
OUR GENERALATE:
Istituto Suore della Riparazione Casa Generalizia Via Padre Carlo Salerio, 53 20151 Milano 2022 Our General Superior Mother Valentina Pozzi(ISR) *General Superior's Counselors* |
OUR REGIONALATE: St. Joseph Convent No. 55, Bo Hmu Pho Kun and Khaymar Streets Corner Taungngu, Myanmar,Tel. 054-23260 6.1.2023- New Regional Superior Mother Maria Goretti Lity(ISR) (2023-2028) |
ဆပ်ဖြေခြင်းသီလရှင် အသင်းဂိုဏ်း ဖြစ်တည်လာခြင်း
ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းကို ၁၈၅၉ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် အီတလီနိုင်ငံမီလန်မြို့ ၌ တည်ထောင်ခဲ့ပါသည်။ အသင်းဂိုဏ်းတည်ထောင်သူမှာ ဖာသာရ် ကားရ်လိုဆာလေးရီယိုဖြစ်ပြီး သူသည် ပီးမေအသင်းဂိုဏ်း (PIME) (Pontifical Institute for Foreign Missions - သာသနာပိုင် ပုပ်ရဟန်းမင်းကြီး နှင့်ဆိုင်ရာ နိုင်ငံရပ်ခြားတိုင်းတပါးအတွက် သာသနာပြုအသင်းဂိုဏ်း) ၏ ပထမဦးဆုံးသော ရဟန်းများထဲမှတစ်ပါး
အပါအဝင် ဖြစ်ပါသည်။
၁၈၉၅ ခုနှစ် မေလ(၂၈)ရက်နေ့တွင် ဤအသင်းဂိုဏ်းအသစ်သည် ပုပ်ရဟန်းမင်းကြီး တစ်ဆယ့်သုံးပါးမြောက်လေအိုထံမှ တရားဝင်အတည်ပြုကြောင်း အမိန့်ဒီဂရီ (Decree of Suimia Lude) ကို ရရှိခဲ့ပါသည်။ ဤသို့ဖြင့် ဆပ်ဖြေခြင်းအသင်းဂိုဏ်းသည် သာသနာပိုင်ပုပ်ရဟန်းမင်းကြီးနှင့်ဆိုင်ရာ အသင်းဂိုဏ်း တစ်ခု ဖြစ်လာခဲ့ပါသည်။ ၁၉၂၃ ခုနှစ် ဇူလိုင်လ(၁၇) ရက်နေ့တွင် အသင်းဂိုဏ်း၏ ဥပဒေများကို (၇)နှစ်တာ စမ်းသပ်လေ့လာသည့် အချိန်ကာလကို အတည်ပြုခဲ့ပြီးသည့်နောက် ၁၉၃၃ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးရုံးတော်မှ အပြီးသတ် တရားဝင်အတည်ပြု ပြဋ္ဌာန်းလိုက်ပါသည်။
ဆပ်ဖြေခြင်းအသင်းဂိုဏ်း၏ အရုဏ်ဦးအချိန်များ
ဖာသာရ်ကားရ်လိုဆာလေးရီယိုသည် အိုဆီးရီးယား (Oceania) တွင် များပြားလှသော ဆင်းရဲသောပင်ပန်း ခက်ခဲခြင်းများ၊ ကျန်းမာရေး ချို့ယွင်းခြင်းများနှင့် အကျပ်အတည်း မိုးစုံတို့ကြောင့် အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်ခဲ့ရသော်လည်း ဇွဲလုံ့လထက်သန်ပြီး စိတ္တခွန်အား ပြည့်ဝလျှက်ရှိသော ငယ်ရွယ်နုပျိုသည့် ရဟန်းတစ်ပါးအဖြစ် အိုဆီးနီးယားမှ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့နောက် ဘုရားသခင်သည် မိမိထံမှ မည်သည့်အရာကို တောင်းဆိုလျှက်ရှိကြောင်း စဉ်းစားဆင်ခြင်၍ နေလေသည်။
၁၈၅၆ခုနှစ်တွင် အီတလီနိုင်ငံသည် မိမိ၏လွတ်လပ်ရေးအတွက် တိုက်ပွဲဆင်နွဲနေချိန်ဖြစ်သည်။ မီလန်မြို့တွင်လည်း စစ်၏ဂရက်ရိုက်ခတ်မှုကြောင့် မိန်းမပျိုလေးများ အကျင့်စာရိတ္တယိုယွင်းလာခဲ့ကြသည်။ ပီးမေအသင်းဂိုဏ်းဝင်ဖြစ်သည့် ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် ကိုယ်ကျင့်တရားမဲ့သည့် အခြေအနေတွင် ရှိနေကြသည့် မိန်းကလေးများအတွက် လွန်စွာပင် စိုးရိမ်ပူပန်လျှက်ရှိနေသည်။ သူတို့အား ဘဝလမ်းမှန်သို့ ပြန်လည်ရောက်ရှိလာစေရန် ဖေးမကူညီလိုသည်။ ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် မိမိသာသနာပြုရမည့် နေရာဒေသမှာ အိုဆီးနီးယားကဲ့သို့ပင် ဘုရားသခင်၏ ကူညီစောင်မမှုကို လိုအပ်နေသော ဝိညာဉ်များရှိသည့် ဤမီလန်မြို့၌ပင် ဖြစ်ကြောင်းကို သတိပြုမိခဲ့ပြီး ၎င်းဝိညာဉ်များ၏ ကယ်တင်ခြင်းအတွက် လုပ်ဆောင်ရန် ဆန္ဒဖြစ်ပေါ်လာခဲ့ သည်။
ထို့ကြောင့် သူသည် မိမိ၏ စိတ်ကူးအကြံအစည်များကို အကောင်အထည်ဖေါ်ရာ၌ ပါဝင်ကူညီပေးနိုင်မည့် သင့်တော်သည့် လက်တွဲဖော်အမျိုးသမီးတစ်ဦးကိုလည်း အလိုရှိခဲ့သည်။ ထို့အပြင် ဘုရားသခင်အား ထိခိုက် စော်ကားသော လူသားတို့၏ အပြစ်များအတွက် ဆပ်ဖြေခြင်း အမှုကိုပြုရန် အသင်းအဖွဲ့တစ်ခုကို ဖွဲ့စည်းရန်လည်း စိတ်ဆန္ဒပြင်းပြခဲ့သည်။ သို့ရာတွင် သူသည် ပီးမေသာသနာပြုဂိုဏ်းဝင်တစ်ဦးဖြစ်သည့် အားလျော်စွာ မိမိ၌ . ပီးမေအသင်းဂိုဏ်းတွင်လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများလည်း ရှိနေသေးသည်။ ထို့ကြောင့် မိမိ၏ ပြင်းပြလှ သော ရည်ရွယ်ချတ်ကို ဘုရားသခင်၏ လက်တော်တွင်အပ်နှံထားကာ ဆုတောင်းလျက် အလိုတော်ကို စောင့်လျက်နေခဲ့သည်။
၁၈၅၇ ခုနှစ်တွင် ဖာသာရ်ကားရီလို ဆာလေးရီယိုသည် သူ၏မိတ်ဆွေဖြစ်သော ဇာသာရ်ဂျွန်ရီဘိုးလ်ဒီ နှင့် တွေ့ဆုံပြီး မိမိ၏ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။ ဖာသာရ် ဂျွန်ရီဘိုးလ်ဒီသည် ဖာသာရ် ကားရ်လိုဆာလေးရီယို၏ အစီအစဉ်ကို အပြည့်အဝထောက်ခံပြီးလျင် သူ၏စိန့်မတ်စ် သာသနာအုပ်စုတွင်ကရုဏာရေးလုပ်ငန်းများကို စေတနာထက်သန်စွာ လုပ်ကိုင်လျက်ရှိနေသော အမျိုးသမီးတစ်စုအကြောင်းကို ပြောပြခဲ့သည်။ ၎င်းအဖွဲ့ကို ဦးဆောင်သူမှာ ကျောင်းဆရာမလေးကယ်ရိုလင်းနာအော်ဆေးနီကို ဖြစ်သည်။ သူမသည် ငယ်ရွယ်စဉ် ကတည်းကပင် ကရုဏာရေးလုပ်ငန်းများအတွက် မိမိကိုယ်ကို ဆက်ကပ်အပ်နှံခဲ့သူဖြစ်ပြီး ဘုရားသခင်နှင့် မိမိ၏ နီးစပ်သူများအပေါ် ပြင်းပြသော ချစ်ခြင်းမေတ္တာထားရှိသည့် အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။ မြို့စား အညေးဇယ်ဆာလာဇာ (နောင်တွင်သူမသည် ဆပ်ဖြေခြင်းအသင်းဂိုဏ်း တည်ထောင်ပြီးနောက် သီလရှင်လောင်း များ၏ ပထမဦးဆုံး အုပ်ထိန်းသူဖြစ်လာသည်) သူသည် ကရုဏာရေးလုပ်ငန်းများကို စိတ်ဝင်စားပြီး ကာရိုလင်းနာ အော်ဆေးနီဂို တို့အဖွဲ့နှင့်လည်း ခင်မင်ရင်းနှီးသူတစ်ဦး ဖြစ်သည်။ သူမ၏ ဝိညာဉ်ရေးလမ်းညွှန်ပုဂ္ဂိုလ်မှာ ဖာသာရ် ဂျွန်ရီဘိုးလ်ဒီ ဖြစ်သည်။ ဖာသာရ် ဂျွန်ရီဘိုးလီဒီသည် ပြောင်းရွှေ့သွားသောအခါ ဝိညာဉ်ရေးလမ်းညွှန်ပုဂ္ဂိုလ် အသစ်ကို ရှာဖွေရပါတော့သည်။ ဤသို့ရှာဖွေရင်း တစ်နေ့တွင် သူမသည် မမျှော်လင့်ပဲနှင့် ဖာသာရ် ကားရ်လိုဆာလေးရီယိုထံတွင် အာပတ်ဖြေရန် အကြောင်းဖန်လာခဲ့သည်။ အာပတ်ဖြေပြီးသည့်နောက် ဖာသာရ်ကားရ်လို ဆာလေးရီယိုကို သူမ၏ဝိညာဉ်ရေး လမ်းညွှန်ပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်သည်။
တစ်နေ့တွင် သူမသည် ဖာသာရ် ကားရ်လိုဆာလေးရီယိုအား ကာရိုလင်းနာအော်ဆေးနီဂို တို့၏ အသင်းအဖွဲ့ အကြောင်းကိုရှင်းပြခဲ့သည်။ ဤသို့ရှင်းပြပြီးသည့်နောက် ၎င်းအဖွဲ့တွင် ပါဝင်ရန် သင့်လျော်သည် မသင့်လျော် သည်ကို အကြံပေးပါရန် ဖာသာရ် ကားရ်လိုဆာလေးရီယိုအား တောင်းခံခဲ့သည်။ ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် သူမအား တိကျသောအဖြေကိုပေးရန်ထက် ထိုအဖွဲ့နှင့် အဖွဲ့ဝင်တို့၏ လှုပ်ရှားမှုများ အကြောင်းကိုသာ စိတ်ဝင်စားစွာမေးမြန်းခဲ့သောကြောင့် သူမသည် ဝိညာဉ်ရေးလမ်းညွှန် ရဟန်းအပေါ် အံ့အားသင့်ပြီး စိတ်၌ရှုပ်ထွေးမှုလည်း ဖြစ်ပေါ်ခဲ့ရသည်။ သို့သော် ထိုရဟန်း၏ လျှို့ဝှက်ဆန်းကျယ်သော စကားများအရ သူ၌ပြင်းပြသော ရည်မှန်းချက်ရှိကြောင်းကို သူမ သတိမူမိခဲ့သည်။ ဖာသာရ်ကားရ်လို ဆာလေးရီယို၏ အတွင်းစိတ်တွင် ဘုရားသခင်၏ အလိုတော်ကို သိမြင်ခြင်း ရှိနေသည်ဟု အညေးဇယ်ဆာလာဇာ ခံစားလိုက်ရသည်။ ထို့နောက် ဖာသာရ်ကားရ်လိုဆာလေးရီယိုသည် သူမကို ကာရိုလင်းနာအော်ဆေးနီဂိုအား သူ့ထံသို့ စေလွတ်ပေး ပါရန် ပြောလိုက်သည်။
ဤသို့ဖြင့် ၁၈၅၈ ခုနှစ် ဇူလိုင်လ တွင် ဖာသာရ်ကားရ်လိုဆာလေးရီယိုနှင့် ကာရှိလင်းနာအော်ဆေးနီဂို တို့နှစ်ဦး တွေ့ဆုံခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး တူညီသောရည်ရွယ်ချက်များ ရှိနေကြောင်းကို ချက်ချင်းပင် သိနားလည် လိုက်ကြသည်။ ဖာသာရ်ကားရ်လိုဆာလေးရီယို ဆိုသည်မှာ တို့တတွေ လက်ဝါးကားတိုင်ပုံတော်ကို မကြာခဏ မြင်တွေ့နေကြရသော်လည်း ၎င်းနှင့်ပတ်သက်၍ လေးလေးနက်နက် ထောက်ရှုစဉ်းစားရန် အချိန်မပေးတတ် ကြပေ။ ထိုလက်ဝါးကားတိုင်ပေါ်တွင် ရက်စက်စွာ အသတ်ခံရခြင်းဝေဒနာကို ကြီးစွာခံစားနေရသော ခရစ်တော်၏ ခန္ဓာတော်၊ သံလွင်ဥယျာဉ်ထဲတွင် ဆုတောင်းနေစဉ် ဝမ်းနည်းပူဆွေးမှု ပြင်းစွာခံစားရသည့် ခရစ်တော်၏ နာကျင်နေသော ရွှေနှလုံးတော်၊ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်ခဲ့ပြီးသော၊ ဆက်လက်ဖြစ်ပေါ် နေအုံးမည်ဖြစ်သော ကောက်ကျစ်စဉ်းလဲမှု၊ အကြမ်းဖက်မှု၊ လူသတ်မှု စသည်တို့အတွက် မွန်းကြပ်နာကျင်လျက် ရှိနေသော ခရစ်တော်၏ ရွှေနှလုံးတော် စသည်တို့ကို ဖော်ပြနေပြီး ထိုလက်ဝါးကားတိုင်ပေါ်တွင် ခရစ်တော်သည် ဘုရားသခင်ထံ လူသားအားလုံး၏ အပြစ်များအတွက် မိမိကိုယ်ကို ယဇ်ကောင်အဖြစ် ဆပ်ဖြေပူဇော်ပေးခဲ့ပါသည်။
ခရစ်တော်သခင်သည် သူ၏မိတ်ဆွေများအား “သင်တို့၏ နေရာသည် လက်ဝါးကားတိုင်၏ ခြေရင်း၌ရှိပြီး သခင့်ရှေ့မှောက်တော်ဝယ် လော်ဗန်အဖြစ် ရှိနေကြရမည် ဖြစ်သည်လော်ဗန်သဖွယ် သင်တို့သည်အပြစ်အညစ် အကြေးနှင့် ကောက်ကျစ်စဉ်းလဲမှုများ၏ အနံ့ဆိုးများကို ဖယ်ရှားပေးပြီး သင်တို့၏မွှေးကြိုင်သောရနံ့ဖြင့် ကမ္ဘာမြေကို မွှေးထုံစေရမည်ဖြစ်သည်”ဟုမိန့်တော်မူ၏။ ဤသို့ဖြင့် ဖခင်ကြီးသည် မိမိတည်ထောင်လိုသည့် အသင်းဂိုဏ်း၏ အနှစ်သာရကို ဖွင့်ဆိုခဲ့လေသည်။
ဖာသာရ်ကားရ်လိုဆာလေးရီယိုသည် ကာရိုလင်းနာအော်ဆေးနီဂိုနှင့် အဖော်သုံးဦးဖြစ်သည့် မေရီအန်းဂျေလာ အာရ်နာဘိုးလ်ဒီ၊ ရောဇာမော်ရ်လားခီနှင့် တရေးဇာဂတ်တီ တို့အားသူတော်စင်ဘဝ၏ နက်နဲမှုများ၊ အခက်အခဲများ၊ ကျင့်ဆောင်ရမည့်ပါရမီများကို လေးနက်စွာသိရှိစေပြီး တန်ဖိုးထားတတ်ရန် ပြင်ဆင်ပေးခဲ့သည်။ ကာရိုလင်းနာအော်ဆေးနီဂိုနှင့်အဖွဲ့သည် သူတို့၏အလုပ် ကရုဏာရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရင်း မိမိတို့၏ ခေါ်တော်မူခြင်းအတွက် ဖာသာရ်ကားရ်လိုဆာလေးရီယို၏ လမ်းညွှန်မှု အောက်တွင်ပြင်ဆင်ခဲ့ကြသည်။ ဤသို့ပြင်ဆင်နေခဲ့သော အချိန်ကာလများသည် ဆပ်ဖြေခြင်းအသင်းဂိုဏ်းတည်ထောင်ရန်အတွက်အရုဏ်ဦးအချိန် ကာလများပင်ဖြစ်ပါတော့သည်။
ဆပ်ဖြေခြင်းအသင်းဂိုဏ်၏ မွေးနေ့တော်
၁၈၅၉ ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့ ကိုယ်စောင့်သိကြားများပွဲနေ့တွင် ဖခင်ကြီး ဖာသာရ်ကားရ်လို
ဆာလေးရီယိုသည် မိမိတည်ထောင်လိုသည့် အသင်းဂိုဏ်းအတွက် အိမ်သန့်ရှင်းရေးများပြုလုပ်ခြင်းပြုပြင်မွမ်းမံ ခြင်းများ ပြုလုပ်ခြင်းတို့တွင် ကိုယ်တိုင်ပင် တတတ်တအားတက်ကြွစွာ မိမိ၏သမီးများ နေထိုင်မည့်အိမ်ကို ပြင်ဆင်ပေးခဲ့လေသည်။ အသင်းဂိုဏ်းမွေးဖွားသည့် ဤနေ့ရက်၌ သန့်ရှင်းရေးအတွက် ပင်ပန်းကြီးစွာနှင့် မြောက်များလှစွာသော အလုပ်များလုပ်ဆောင်ရခြင်းသည် ကိုယ်ကျင့်တရား ယိုင်လဲနေသော မိန်းကလေးများကို ပြုပြင်ထိန်းသိမ်းပေးလိုသည့် အသင်းဂိုဏ်းရည်ရွယ်ချက်၏ အမှတ်လက္ခဏာပင် ဖြစ်နေလေတော့သည်။ ပြုပြင်ဆောင်ရွက်ရာများ အားလုံးပြီးဆုံးသွားသောအခါ ဖခင်ကြီးသည် အိမ်ကိုကောင်းချီးပေးပြီး ထိုအိမ်ကိုလည်း နာဇရက်အိမ်”ဟုခေါ်တွင်စေခဲ့သည်။ ကြီးမားလှသောနက်နဲဖွယ်ရာ ကယ်တင်ခြင်း အမှုတော်ကို လျှို့ဝှက်စွာ အစပြုခဲ့သည့် နာဇရက်ရှိ သန့်ရှင်းသော၊ နှိမ့်ချသော အိမ်ထောင်စုကို ပုံတုယူစေလိုခြင်းကြောင့်ပင် ဖြစ်ပါသည်။
၎င်းနေ့ရက်တွင် နာဇရက်အိမ်ကလေး၌ ယေဇူးရွှေနှလုံးတော်နှင့် မယ်တော်၏သန့်ရှင်းဖြူစင်သော နှလုံးတော်အား အပ်နှံပူဇော်ပြီး မာသာရ် ကယ်ရိုလင်းနာအော်ဆေးနီဂိုနှင့် အဖော်သုံးဦးဖြစ်သည့် မေရီအန်းဂျေလာ အာရ်နာဘိုးလ်ဒီ၊ ရောဇာမော်ရ်လားမီနှင့် တရေးဇာဂတ်တီ တို့သည် ဝမ်းနည်းကြေကွဲခြင်း၏ မယ်တော်ပုံရှေ့တွင် ဒူးထောက်လျက် ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာ၌ ကိန်းဝပ်တော်မူသော ယေဇူးသခင်၏နှလုံးတော်ကို ဝတ်ပြုကိုးကွယ်ရန်နှင့် လူသားအားလုံး၏ ကယ်တင်ခြင်း၌ ပူးပေါင်းဆောင်ရွက်ရန်တို့ကို ရည်ရွယ်၍ ဆပ်ဖြေခြင်း အမှုတော်ကို ဆောင်ရွက်ရန် ဖာသာရ်ကားရ်လိုဆာလေးရီယို၏ လက်တော်မှ မွေးဖွားသန့်စင်ပေးလိုက်သည်။ သစ္စာသုံးပါးကို ခံယူကာ ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းကိုအသင်းဂိုဏ်းကို တည်ထောင်ခဲ့သော အချိန်အခါသည် နိုင်ငံရေးအခြေအနေရှုပ်ထွေးနေသော ကာလများဖြစ်သောကြောင့် ကြည်ညိုထိုက်သူ ဖခင်ကြီးသည် ဆင်ခြင်မျှော်တွေး၍ မိမိ၏သီလရှင်များအား “ဘုရားတရားကြည်ညို ကိုင်းရှိုင်းသော အမျိုးသမီးများ” "The Pious Ladies of Repratlon" ဟူ၍ ခေါ်ဆိုရန် ဆုံးဖြတ်ခဲ့သည်။
မာသာရ် ကယ်ရိုလင်းနာ အော်ဆေးနီဂိုနှင့် အဖော်များတို့သည် စာပေသင်ကြားပေးခြင်း၊ ဆေးရုံများသို့အလည်
အပတ်သွားရောက်၍ လူနာများကိုကြည့်ရှုခြင်း၊ အထူးသဖြင့် စာရိတ္တယိမ်းယိုင်နေသော မိန်းကလေးများကို
ဘော်ဒါလက်ခံထားပေးခြင်း၊ လေလွင့်နေသော မိန်းကလေးများကို ဘဝပြန်လည်ပြုစုပျိုးထောင်ပေးခြင်းများ စသည့်လုပ်ငန်းတို့ဖြင့် မိမိတို့၏ အသက်တာကို အထူးပင် ကြေနပ်အားရဝမ်းမြောက်စွာဖြင့် ဆက်ကပ်စွန့်လှူ ကြလေသည်။ မကြာမီ အချိန်အတွင်း၌ပင် မိခင်ကြီးတို့၏ အနစ်နာခံ၊ မေတ္တာစေတနာလုပ်ငန်းကို လူအများ အသိအမှတ်ပြုလာကြပြီး များပြားသောအမျိုးသမီးလေးများကို မိခင်ကြီးတို့၏ အရိပ်အာဝါသအောက်သို့ ခိုလှုံစေခဲ့ကြသည်။ မိခင်ကြီး မသာရ်ကယ်ရှိလင်းနာအော်ဆေးနီဂိုသည် အထူးသဖြင့် စာရိတ္တပျက်ပြား၍ ဘဝပျက်စီးနေသော မိန်းကလေးများကို စုစည်းပြီး မိမိ၏မိခင်သဖွယ် နွေးထွေးသောမေတ္တာရိပ်အောက်တွင် ခိုလှုံခွင့်ပေးခဲ့သည်။
ရည်ရွယ်ချက်တူ အသင်းဂိုဏ်းတစ်ခုနှင့် ပေါင်းစည်းခြင်း
၁၈၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ ၌ မူးမတ်မျိုးနွယ်ဝင်ဖြစ်သည့် ဂျိုးဇက်ပေမားရိုးဗစ်ချ် နှင့် မာရိယာမားရိုးဗစ်ချီ တို့မှ မိမိတို့၏ တစ်ဦးတည်းသောသမီးဖြစ်သည့် အဲန်မေရီ မားရိုးဗစ်ချ်ကို ဖွားမြင်ခဲ့ပါသည်။ မြင့်မြတ်သောအမျိုးအနွယ်မှ ဆင်းသက်လာသောသူမသည် ချမ်းသာကြွယ်ဝပြီး ဘုရားတရားကြည်ညိုကိုင်းရှိုင်းသူဖြစ်သည်။ ငယ်စဉ်ကလေးဘဝကပင် အရွယ်နှင့်မလိုက်အောင် အသိပညာ ရင့်သန်သူ ဖြစ်ခဲ့သည်။ ဂီတ၊ ကဗျာ၊ ပန်းချီအနုပညာရပ်များတွင် ထူးချွန်သူလည်းဖြစ်သည်။ ဘာသာတရား နှင့်ပတ်သက်၍ ပါရမီရင့်သန်စေမည့် စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်များထဲမှ ဆပ်ဖြေခြင်းဆိုင်ရာ စာအုပ်သည် ဖာသာရ်ကားရ်လိုဆာလေးရီယို ကိုယ်တိုင် ငယ်စဉ်ကဖတ်ရှုခဲ့ရပြီး များစွာ ဆွဲဆောင်မှုရှိခဲ့သည့် စာအုပ်တစ်အုပ် ဖြစ်ခဲ့သည်။ သူမ၏ ဆရာဖြစ်သူ မွန်ဆီညော် ဒါနီအဲလ်ကနားလ်သည် လောကီပညာရပ်များအပြင် လောကုတ္တရာရေး၌လည်း လမ်းညွှန်မှုပေးခဲ့သည်။ သူမသည် ကရုဏာရေး လုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ဆောင်ရွက်လေ့ရှိသည်။ အထူးသဖြင့် ကိုယ်ကျင့်သိက္ခာ ပျက်စီးနေသော အမျိုးသမီးများနှင့် ထောင်မှထွက်လာသော အမျိုးသမီးများအား ကူညီစောင့်ရှောက်ပေးသည်။
ဤသို့ဖြင့် ၁၈၆၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် အဲန်သည် မိမိနှင့် ဝါသနာတူသည့် အဖော် (၈) ယောက်နှင့်အတူ သူမ၏ ဆရာဖြစ်သူ ဝိညာဉ်လမ်းညွှန် ဘုန်းတော်ကြီး မွန်ဆီညော် ဒါနီအဲလ်ကနားလ် လက်တော်မှ သစ္စာသုံးပါးကို ခံယူခဲ့ပြီး ဘုရားသခင်အား ထိခိုက်ဆန့်ကျင်သော အပြစ်များအတွက်ဆပ်ဖြေရန် ဗင်းနစ်မြို့၌ "Atoners of the Most Sacred Heart of Jesus" အလွန်သန့်ရှင်းစင်ကြယ်တော်မူသော သခင်ယေဇူးရွှေနှလုံးတော်၏ဆပ်ဖြေသူ” အသင်းဂိုဏ်းကို တည်ထောင်လိုက်ပါသည်။ ထို့နောက် သူမ၏ အသင်းဂိုဏ်းအတွက် ကိုယ်တိုင်ပင် ဥပဒေများကိုရေးဆွဲခဲ့သည်။ သူမနေထိုင်ရာကျောင်းကို သန့်ရှင်းသော အိမ်ထောင်စု) (Holy Family) ဟုအမည်တွင်စေခဲ့သည်။
မိမိ၏ အသင်းဂိုဏ်းရည်ရွယ်ချက်များအတိုင်း အကောင်အထည်ဖေါ် လုပ်ဆောင်နေစဉ်မှာပင် မာသာရ်အဲန်မေရီမားရိုးဗစ်ချ်သည် မီလန်ရှိ ဆပ်ဖြေခြင်းအသင်းဂိုဏ်းအကြောင်းကိုလည်း ကြားသိနှင့်ပြီး ဖြစ်သောကြောင့် ထိုအသင်းဂိုဏ်း တည်ထောင်သူနှင့်တကွ တည်ရှိရာ နာဇရက်အိမ်သို့ သွားရောက်လေ့လာ လိုသည်။ ထိုနည်းတူပင် မာသာရ်ကားရ်လိုဆာလေးရီယိုသည်လည်း ဗင်းနစ်ရှိ အသင်းဂိုဏ်းအကြောင်းကို ကြားသိရပြီးဖြစ်၍ သွားရောက်လေ့လာကာ မာသာရ် အဲန်မေရီမာရိုးဗစ်ချ်နှင့်လည်း တွေ့ဆုံစကားပြောရန် ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် ၁၈၆၄ ခုနှစ် အောက်တိုဘာလတွင် အသင်းဂိုဏ်းနှစ်ခုကို တည်ထောင်ခဲ့ကြသူများ တွေ့ဆုံကြ၍ ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ခဲ့ကြသည်။ ဤသို့ဆွေးနွေးရာတွင် အသင်းဂိုဏ်းနှစ်ခု၏ အဓိက ရည်ရွယ်ချက်နှင့် သဘောထားတို့မှာ အပြစ်အတွက်ဆပ်ဖြေခြင်းပင် ဖြစ်နေသောကြောင့် ထိုဆပ်ဖြေခြင်းပန်းတိုင် သို့ အတူအကွ သွားကြမည်ဟု ခံယူခဲ့ကြသည်။ တူညီသောရည်ရွယ်ချက်ကြောင့် အမှုတော်ကိုနေရာအနှံ ကျယ်ပြန့်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖာသာရ်ကားရ်လိုစလေးရီယိုသည် ဆုတောင်းလျက် ကြိုးပမ်းနေလေတော့သည်။ မာသာရ်အဲန်မေရီမားရိုးဗစ်ချ် နှင့် မွန်ဆီညော်ဒါနီအဲလ်ကနားလ်တို့ထံသို့ စာရေးဆက်သွယ်ပြီး ဆပ်ဖြေခြင်းအမှုတော်ကို အတူလက်တွဲဆောင်ရွက်သွားရန် အကြံပေးစာများရေးခဲ့သည်။ နောက်ပိုင်းတွင် နှစ်ဘက်သော အသင်းဂိုဏ်းမှ သီလရှင်ကိုယ်စားလှယ်များသည် အချင်းချင်း ပိုမိုသိရှိနားလည် လာနိုင်ကြစေရန် ရည်ရွယ်လျက် အပြန်အလှန် သွားရောက်လည်ပတ် လေ့လာခဲ့ကြသည်။ ၁၈၆၈ ခုနှစ် အစပိုင်းတွင် ဖာသာရ်အဲန်မေရီ သည် မာသာရ် ကယ်ရှိလင်းနာအော်ဆေးနီဂိုနှင့် တွေ့ဆုံပြီး သူမကို ၎င်း၏ အသင်းဂိုဏ်းမှသမီးတစ်ဦးအဖြစ် လက်ခံပေးပါရန် နှိမ့်ချစွာတောင်းဆိုခဲ့သည်။ ၁၈၆ဝခုနှစ် အောက်တိုဘာလတွင် မာသာရ် အဲန်မေရီမားရိုးဗစ်ချ်သည် သူမ၏သီလရှင်များသည် မီလန်ရဲ့ Sisters of Reparation အသင်းဂိုဏ်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ဤသို့ဖြင့်ရည်ရွယ်ချက်တူညီသော အသင်းဂိုဏ်းနှစ်ခုသည် တစ်ခုတည်းသာ ဆပ်ဖြေခြင်းအသင်းဂိုဏ်းအဖြစ်ပေါင်းစည်းကာ ဆပ်ဖြေခြင်းအမှုတော်ကို အတူတကွ လက်တွဲဆောင်ရွက်ကြပါ တော့သည်။
ဆပ်ဖြေသူတို့၏ခေါ်တော်မူခြင်း
ဆပ်ဖြေခြင်းသီလရှင်တစ်ပါးသည် သခင်ခရစ်တော်၏နောက်တော်သို့လိုက်ရန် ဖြစ်သည်။ အသစ်ဖြစ်သော၊ ထူးခြားသောဂုဏ်ပုဒ်ဖြင့် အသုံးတော်ခံရန်နှင့် ဘုရားသခင်၏ဂုဏ်တော်အတွက် အထူးခေါ်တော်မူခြင်းခံရသူ လျာထားခြင်းခံရပြီး ဖြစ်သည့်အားလျော်စွာ မိမိကိုယ်ကို အလွန်ချစ်မြတ်နိုးဖွယ်ရာဖြစ်သော ဘုရားရှင်ထံ အကြွင်းမဲ့ဆက်ကပ်အပ်နှံထားသည်။ (The Directory, Milan, Generalate, 1986. art. 2.1
များပြားလှစွာသော ကညာစင်များအထဲမှ ဘုရားသခင်သည် မိမိအား သူတော်စင်အဖြစ်ခေါ်တော်မူခဲ့သည် သာမက တဖန် များပြားလှသည့် သူတော်စင်များထဲမှ ဆပ်ဖြေသူတစ်ဦးအနေဖြင့် ခေါ်တော်မူသောကျေးဇူးတော်သည် ကြီးမားလှသည်ဖြစ်၍ ဘုရားသခင်အား အတိုင်းထက်အလွန်ပင် ကျေးဇူးတင်အပ်ပေသည်။ ဆပ်ဖြေသူတို့၏ ဖခင်ကြီးဖြစ်သော ဖာသာရ်ချားလ်စ် ဆာလေးရီယိုသည် မိမိ၏သမီးများအား 'ခင်ပွန်းတကာများထဲမှသင်တို့ကို တထူးတခြား ရွေးကောက်တော်မူခဲ့သော ဘုရားသခင်သည် သင်တို့အား သိုးငယ်တော်၏ ခင်ပွန်းများ ဖြစ်စေခဲ့သည်။ သင်တို့၏ ခေါ်တော်မူခြင်းသည် သင်တို့ကို မြင့်မြတ်သော သိုးသူငယ်တော်နှင့် ပေါင်းစပ်စေသည် သာမက ဘုရားသခင်၏ ဆပ်ဖြေခြင်းအမှုတော်မြတ်၌ ကမ္ဘာလူသားတို့၏ အပြစ်များကို ချွတ်တော်မူလျက် ဝိညာဉ်များကို ကောင်းကင်ဘုသို့ပို့ဆောင်ပေးရန်၊ ဘုရားသခင်၏ ဘုန်းဂုဏ်တော်အတွက် သားတော်နှင့်ပေါင်းစပ်လျက် ဆက်ကပ်နိုင်ရန် ထာဝရကပင် သင်တို့အား ချစ်ခြင်း၏ယဇ်ကောင်အဖြစ် ရွေးကောက်တော်မူခဲ့သည်။ ခရူးစူးတံကျင်တိုင်တော်ထက်မှ အုပ်စိုးတော်မူပြီး ဒုက္ခဆင်းရဲခြင်းနှင့် ရိုင်းပြစော်ကားခြင်းများ အလယ်တွင် မိမိ၏နိုင်ငံတော်ကို တည်ထောင်တော်မူခဲ့သော ခရစ်တော်သည် မိမိနှင့်အတူ ယဇ်ကောင်အဖြစ် တည်ရှိနေရန်၊ မိမိနှင့်အတူ အသက်ကိုစွန့်လှူပူဇော်ရန်၊ မိမိသောက်သောခွက်ဇလားတော်ကို သောက်ဖို့ရန် ဆပ်ဖြေသူများအား အလိုရှိတော်မူသည်။ သင်တို့အား ကညာစင်နှင့် ဓမ္မအာဇာနည် ဘောင်းသရဖူတို့ကို အပ်နှင်းလို၍ `ကားတိုင်တော်ခြေရင်းမှ ခင်ပွန်းတော်များအဖြစ် ရွေးကောက်တော်မူခဲ့ခြင်း ဖြစ်သည်။' ဟုမိန့်ဆိုခဲ့ပါသည်။
ထို့ကြောင့် ဆပ်ဖြေသူများသည် အသင်းတော်၌ မိမိတို့၏ဘ၀ကို သန့်ရှင်းစင်ကြယ်တော်မူသောယေဇူးသခင်၏ ရွှေနှလုံးတော်နှင့် မယ်တော်မာရီးယာ၏နှလုံးတော်ထံအပ်နှံပြီး မိမိတို့ကိုယ်ကို ဆပ်ဖြေခြင်း၏ယဇ်ကောင်သဖွယ် ဆက်ကပ်ပူဇော်ထားကြသူများဖြစ်ပါသည်။ မြင့်မြတ်သည့် ယဇ်ကောင်ဖြစ်သော ခရစ်တော်သခင်၏ ကယ်တင်ခြင်း အမှုတော်မြတ်နှင့် ပေါင်းစပ်လျက် ဝိညာဉ်များ ကယ်တင်ရေးလုပ်ငန်းများတွင် အဝကို ပေးဆက်လျက် ရှိနေကြပါသည်။ ဆပ်ဖြေခြင်း အမှုတော်မြတ်သည် လွန်စွာနက်နဲလှသည့်အပြင် ဆပ်ဖြေသူအဖြစ် ခေါ်တော်မူခြင်း ခံရသော အသက်တာနှင့် ဆပ်ဖြေခြင်း၏ စိတ်ဓါတ်သည်လည်း ဆန်းကျယ်လှပါသည်။
ဆပ်ဖြေသူတို့၏သက်တာ
ဆပ်ဖြေခြင်းသမီးများ ၎င်းတို့၏ ဖခင်ကြီးနှင့်မိခင်ကြီးတို့ထံမှရရှိခဲ့သော ဝိညာဉ်ရေးအမွေအနှစ်များမှာ ဆပ်ဖြေခြင်းနှင့် ကိုယ်တော်မြတ်စက္ကရာမင်းမင်္ဂလာအား ရှစ်ခိုးကိုးကွယ်ခြင်းအမှုတို့ပင်ဖြစ်သည်။ ထိုဆပ်ဖြေခြင်းနှင့် ကိုယ်တော်မြတ် စက္ကရမင်းမင်္ဂလာအား ရှစ်မိုးကိုးကွယ်ခြင်းအမှုတို့သည်ဆက်နွယ်လျက်ရှိပြီး ၎င်းတို့၏ဆက်နွယ်မှုသည် ချစ်ခြင်းမေတ္တာ၌ တည်နေ၏။ အဘယ်ကြောင့်ဆိုသော် ဆပ်ဖြေခြင်းအမှုသည် ဘုရားသခင်၏ချစ်ခြင်းအား ဆန့်ကျင်သော အပြစ်များအတွက် ပြန်လည်ပေးဆပ်ခြင်းဖြစ်ပြီး ဘုရားသခင်၏ချစ်ခြင်းသည် ကိုယ်တော်မြတ်စက္ကရာမင်းမင်္ဂလာပင် ဖြစ်သောကြောင့်တည်း။ ကိုယ်တော်မြတ် စက္ကရာမင်းမင်္ဂလာ၌ ကျွန်ုပ်တို့သည် ထင်ရှားသောသွင်ပြင်ဖြစ်သည့် ခရစ်တော်သခင်၏ ဒုက္ခစရိယာခံခြင်းနှင့် ယဇ်ပူဇော်ခြင်းအသက်တာအားဖြင့် ခရစ်တော်၏စွန့်လွတ်သည့်ချစ်ခြင်းကို ကျင်းပကြသည်။ 'ကိုယ်တော်မြတ် စားပွဲတော်ကို ကျင်းပသည့်အခါတိုင်း လူသားတို့၏ အပြစ်များအတွက် ဆပ်ဖြေခြင်းအမှုကိုပြုခဲ့သော ခရစ်တော်သခင်၏ ဒုက္ခစရိယာနှင့် အတူပေါင်းစပ်လျက် မိမိတို့ကိုယ်ကို ယဇ်ကောင်သဖွယ် ဆက်ကပ်ပူဇော်ကြ သည်။
ဤသို့ဖြင့် ဆပ်ဖြေခြင်းအမှုသည် ယင်း၏ အဓိကဖော်ပြချက်၊ ယင်း၏အဟာရ၊ ယင်း၏ ဆက်လက်လုပ်ဆောင်ချက်နှင့် ယင်း၏အနှစ်သာရကို မရပ်မစဲသော ကိုယ်တော်မြတ်ဖူးမျှော်ခြင်း၌ တွေ့မြင်နိုင်သည်။ လူစင်စစ်နှင့် ဘုရားစင်စစ်လည်း ဖြစ်တော်မူသောခရစ်တော်သည် ကိုယ်တော်မြတ်စက္ကရမင်းမင်္ဂလာ၌ အမှန်တကယ်ပင် နေ့ရောညပါ တည်ရှိနေတော်မူပြီး ချစ်ခြင်းဖြင့် တုန့်ပြန်ဖို့ရန် လူသားများအား ဖိတ်ခေါ်လျက်ရှိနေပါသည်။ ထိုဖိတ်ခေါ်ချက်ကို ကြားခဲ့သောဖခင်ကြီးသည် မိမိ၏ သမီးများအား တန်ဘိုးမဖြတ်နိုင်သော ရတနာဖြစ်သည့် ကိုယ်တော်မြတ်ဖူးမျှော်ခြင်းကို မရပ်မစဲပဲ ကိုးကွယ်စေ၍ ကိုယ်တော်မြတ်တွင်ကိန်းအောင်းသော ခရစ်တော်အားထိခိုက်စော်ကားသော အပြစ်များအတွက် ဆပ်ဖြေခြင်းအမှုကို ပြုစေခဲ့သည်။
`ဖခင်ကြီးက 'ကိုယ်တော်မြတ် စက္ကရမင်းမင်္ဂလာအား ဖူးမျှော်ကိုးကွယ်ခြင်းသည် တုနှိုင်းမမှီနိုင်သော ဆပ်ဖြေခြင်း၏ အမှုတော်ဖြစ်ပြီး နေ့စဉ်ဆောင်ရွက်ရမည့် သင့်ခေါ်တော်မူခြင်း၏ အဓိကတာဝန်တစ်ရပ်လည်း ဖြစ်သည်ဟုဆိုခဲ့သည်။ ဖခင်ကြီး၏ အဆိုအမိန့်အတိုင်း ဆပ်ဖြေသူများသည် ကိုယ်တော်မြတ်က္ကရမင်းမင်္ဂလာအား နေ့ညစဉ်ဆက် ဖူးမျှော်ကိုးကွယ်ရာ၌ လူသားတို့၏ အပြစ်များကို ကယ်ချွတ်တော်မူသော‘ယဇ်ကောင်’၊ ကမ္ဘာလူသားတို့အား အဘခမည်းတော်ဘုရားနှင့် ပြန်လည်သင့်မြတ် စေတော်မူသောယဇ်ကောင်၊ အပြစ်သားတို့၏နှလုံးသားကို သန့်စင်စေလျက် ပြန်လည်သစ်လွင်ဆန်းသစ်စေသော ယဇ်ကောင်ဖြစ်သည့် ခရစ်တော်သခင်နှင့် ပေါင်းစပ်လျက် ကိုယ်တော်မြတ်ကို ဖူးမျှော်သည့်အခါတိုင်း မိမိတို့ကိုယ်ကို ဆပ်ဖြေခြင်း၏ ယဇ်ကောင်သဖွယ် ပူဇော်လျက် ရွတ်ဆိုကြသည်မှာ “ဤချစ်ခြင်း စက္ကရမင်းမင်္ဂလာ၌ ကိုယ်တော်ရှင်ခံထမ်းရသော မေ့လျော့ခြင်း၊ ပေါ့လျော့ခြင်း၊ မထီလေးစားပြုခြင်း၊ ထိခိုက်ကျူးလွန်ခြင်းအဖြစ်များလုံးအတွက် ဆပ်ဖြေခြင်းအမှုကိုပြုဖို့ရန် ကိုယ်တော်၏ ရှေ့မှောက်တော်သို့ သဒ္ဒါကြည်ညိုခြင်း၊ ရှိခိုးကိုးကွယ်ခြင်းတို့ဖြင့် ရောက်ရှိလာကြပါသည်” ဟုရွတ်ဆိုကြသည်။
ဆပ်ဖြေခြင်းအသင်းဂိုဏ်း၏ ဆောင်ပုဒ်
သုံးပါးတစ်ဆူဘုရား၏ ကယ်တင်ခြင်းအမှုတော်မြတ်ကို အဓိကပင်မ အရင်းအမြစ်အဖြစ် ခံယူထားသော ဆပ်ဖြေသူများ အနေဖြင့် မိမိတို့တစ်ဦးစီသည် ဘုရားသခင်ပြုတော်မူသော ကယ်တင်တော်မူခြင်း၏ အမှတ်လက္ခဏာများအဖြစ် မှတ်ယူထားကြသည်။ (Sisters of Reparation as the sign of Redemption through Love). ထို့ကြောင့် ၎င်းတို့၏အမှတ်တံဆိပ်တွင် (IN CHARITATE REDEMPTIO) "ချစ်ခြင်းအားဖြင့်ကယ်တင်ခြင်း” ယူသောစလာမ်းကို ရေးထိုးထားခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ပြုတော်မူသော ကယ်တင်ခြင်းအမှုတော်မြတ်သည် ဘုရားသခင်၏ ထာဝရချစ်ခြင်း၌သာလျှင် ဖြစ်တည်လာရသည်ဖြစ်၍ ဆပ်ဖြေသူတစ်ဦးစီသည်လည်း ဝိညာဉ်များကယ်တင်ခြင်းအတွက် လုပ်ဆောင်ရာတွင် ချစ်ခြင်းမေတ္တာသည်သာ ပဓါနကျသည်ကို သိရှိကြခြင်းကြောင့်ဖြစ်သည်။ ချစ်ခြင်းမေတ္တာမရှိလျှင် ဆပ်ဖြေခြင်းသမှုသည်လည်းတည်ရှိနိုင်မည်မဟုတ်ပေ၊ အသင်းဂိုဏ်းကိုတည်ထောင်ခဲ့ကြသော ဖခင်ကြီးနှင့် မိခင်ကြီးတို့သည်၎င်းတို့၏ အသက်တာတွင် ဤဆောင်ပုဒ်ကို ကျင့်ဆောက်တည်ခဲ့ကြပြီး ယင်းကိုမိမိတို့၏ သမီးများအား လက်ဆင့်ကမ်းပေးအပ်ခဲ့သည့် အမွေအနှစ်လည်း ဖြစ်ပါသည်။ ဤသည်မှာ ဆပ်ဖြေသူများ၏ ဝိညဉ်ရေးရာ အချက်အခြာနှင့် အနှစ်ချုပ်ပင်ဖြစ်သည်။
ကားတိုင်တော်
ဆပ်ဖြေခြင်းအသင်းဂိုဏ်း၏ အမှတ်တံဆိပ်တွင် “ချစ်ခြင်းအားဖြင့် ကယ်တင်ခြင်း” ဟူသော စာတမ်းထိုးထားသည့် ကားတိုင်တော်ကို တွေ့နိုင်ပါသည်။ ထိုလက်ဝါးကားတိုင်တော်သည် သုံးပါးတစ်ဆူဘုရား၏ ကြီးမားမြင့်မြတ်လှသည့် ထာဝရချစ်ခြင်းမေတ္တာတော်နှင့် ခရစ်တော်သခင်ဆောင်ရွက်ပြီးစီးခဲ့သော ပြန်လည်ရွေးနုတ်ကယ်တင်ခြင်း (Redemption) ကို ဖော်ကြူးထားပါသည်။ ခရစ်တော်သခင်သည် မိမိ၏ ကားတိုင်တော်ကိုထမ်းယူရင်း ဆပ်ဖြေသူသမီးများအား နေ့စဉ်မိမိတို့ ထမ်းယူရသော ကားတိုင်ကလေးများကို သူနှင့်ထပ်တူ ပေါင်းစပ်ပြီး ထမ်းယူရန် ဖိတ်ခေါ်နေပါသည်။
ကားတိုင်တော်သည် ကျွန်ုပ်တို့၏ အသက်တာအတွက် အလုံးစုံဖြစ်သောကြောင့် သခင်ယေဇူး၏ ကားတိုင်တော်လမ်းစဉ်ကို ကျွန်ုပ်တို့ လိုက်လျှောက်ကြရမည်ဖြစ်သည်။ ကားတိုင်တော်သည် ကယ်တင်ခြင်း၊ ကားတိုင်တော်သည် အသက်ရှင်ခြင်း၊ ကားတိုင်တော်သည် ရန်သူများကိုရင်ဆိုင်နိုင်ရန်ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ကားတိုင်တော်သည် ကောင်းကင်ချမ်းသာ၏ ကောင်းမြတ်ခြင်းကို ထိတွေ့ခံစားရခြင်း၊ ကားတိုင်တော်သည်စိတ်၏ခွန်အား၊ ကားတိုင်တော်သည် ဝိညာဉ်၏ ပျော်ရွှင်ခြင်း၊ ကားတိုင်တော်သည် ပါရမီ၏အထွတ်အထိပ်၊ ကားတိုင်တော်သည် ပြည့်ဝစုံလင်သောသန့်ရှင်းခြင်း စသည်တို့ဖြစ်သည်။ ထို့ကြောင့် ကားတိုင်ကိုထမ်းယူပြီး သခင်ယေဇူး၏နောက်တော်သို့.. လိုက်လျှေက်ပါ။ သခင်ခရစ်တော်၏အသက်တာ တစ်ခုလုံးသည် ကားတိုင်တော်နှင့် ဓမ္မအာဇာနည် အသက်တာဖြစ်သည်။ သင်သည် အဘယ့်ကြောင့် မိမိအတွက် ပျော်ရွှင်ခြင်းနှင့် အနားယူရခြင်းကို ရှာဖွေနေပါသနည်း။ (Thomas Akampis, Imitation of Christ, p. 103.)
ယေဇူးသခင်နှင့် မယ်တော်မာရီးယားတို့၏ သန့်ရှင်းသောနှလုံးတော်
ဒိုင်းအမှတ်တံဆိပ်ပေါ်တွင် သခင်ယေဇူးနှင့် မယ်တော်မာရီးယားတို့၏ သန့်ရှင်းသောနှလုံးတော် နှစ်ခုကိုလည်း ဖေါ်ပြ ထားပါသည်။ အသင်းဂိုဏ်းမှအဓိကထားရှိသော သဒ္ဓါကြည်ညိုခြင်းများမှာ ကိုယ်တော်မြတ်က္ကရမင်မင်္ဂလာ၌ ကိန်းဝပ်စံပယ်တော်မူသော သခင်ယေဇူး၏ရွှေနှလုံးတော်နှင့် အပြစ်မဲ့သန္ဓေယူမတာ်မူသောမယ်တော်၏နှလုံးတော်တို့အား သဒ္ဓါကြည်ညိုခြင်း တို့ပင်ဖြစ်ပါသည်။
အသင်းဂိုဏ်းတည်ထောင်သူ ဖခင်ကြီးသည် ကျွန်ုပ်တို့၏ ခေါ်တော်မူခြင်း စစ်မှန်စေရန်အတွက် ကျွန်ုပ်တို့အား အမြဲတမ်း တိုက်တွန်းနှိုးဆော်ထားသည်မှာ “ကျွန်ုပ်ချစ်မြတ်နိုးရသော စစ္စတာရ်များတို့ သင်တို့၏ခေါ်တော်မူခြင်း၊ သင်တို့၏ တာဝန်ဝတ္တရား၊ သင်တို့၏ စိတ်ဆန္ဒ၊ သင်တို့နှင့်သက်ဆိုင်သည့်လုပ်ငန်းဆောင်တာတို့ကို ဆပ်ဖြေခြင်းသီလရှင်များအဖြစ်နှင့် ယေဇူးသခင်နှင့် မယ်တော်မာရိယာတို့၏ သန့်ရှင်းစင်ကြယ်တော်မူသော နှလုံးတော်များထံတွင် အပ်နှံပူဇော်ထားကြသည်မဟုတ်ပါလော။ သို့ဖြစ်လျှင် မယ်တော်ကို ပုံတူယူရန် ကြိုးပမ်းအားထုတ်ပါ။ သင်တို့၏ နှလုံးသားများထဲတွင် အနန္တတန်ခိုးတော်ရှင် ယေဇူးသခင်ကို အုပ်စိုးစေပါ။ ကိုယ်တော်ရှင်အား သင်တို့၏ စိတ်သဘောကို လမ်းပြဦးဆောင်စေပါ။ သင်တို့၏ဆန္ဒကိုအုပ်စိုးစေပါ။ သင်တို့၏ အလုပ်ကို ဦးစီးဦးဆောင်ပြုစေပါ”Fr, Carlo Salerlo, Splritual Lectures far thie Sisters of Reporation, p. 23.) ဟူ၍ဖြစ်ပါသည်။
သခင်ယေဇူး၏ ရွှေနှလုံးတော်
ကားတိုင်တော်၏ အထက်တွင် ယေဇူး၏ရွှေနှလုံးတော်နှင့် မယ်တော်၏သန့်ရှင်းဖြူစင်သော နှလုံးတော်တို့ ယှဉ်တွဲလျက် ရှိနေပါသည်။ သခင်ယေဇူးသည် ရဟန္တာမာဂရက်မေရီအား ရူပါရုံထင်ရှားပြစဉ် မိမိ၏နှလုံးတော်အား ပြလျက်ဆိုသည်မှာ “ဤကား လူသားများကို လွန်စွာပင် ချစ်မြတ်နိုးတော်မူသော ငါ၏ နှလုံးတော်ပင် ဖြစ်သည်။ ဤသို့ရာတွင် ရိုသေညွှတ်တွားပျပ်ဝပ်မှုမရှိခြင်း၊ မလေးမခန့် ပြုမူစော်ကားခြင်းနှင့် ကျေးဇူးတရား ကင်းမဲခြင်းတို့ဖြင့် လူအများ၏ တုန့်ပြန်မှုကိုသာ ငါရရှိခဲ့သည်” ဟုမိန့်ဆိုခဲ့သည်။ ထိုသို့ဆိုခဲ့သောခရစ်တော် ၏ဒဏ်ရာနှင့်ပြည့်နေသည့် နှလုံးသားကို မည်သူနှစ်သိမ့်ပေးမည်နည်း။
ထိုကြီးမားသောချစ်ခြင်းကို ဆန့်ကျင်သည့်အရာဟူသမျှစွန့်လွတ်ပြီး မိမိ ကိုယ်ကိုလုံးဝပုံအပ်၍ ချစ်တုန့်ပြန်နိုင်ရန် ဆပ်ဖြေသူများအားဖိတ်ခေါ်လျက်ရှိနေပါသည်။ ထို့ကြောင့် ဆပ်ဖြေသူများအနေဖြင့် ထိုဖိတ်ခေါ်ချက်ကိုတုန့်ပြန်ကာ မိမိတို့စိတ်စေတနာအလျောက် ချစ်တုန့်ပြန်လျက် ရွှေနှလုံးတော်၏ချစ်ခြင်းကို မသိခြင်းမေ့လျှော့ခြင်း၊ မထီလေးစားပြုခြင်း၊ ထိခိုက်ပြစ်မှားမိခြင်းတို့အတွက်ဆပ်ဖြေခြင်းအမှုကို ပြုဘို့ရန် ဘဝကိုအနစ်နာခံစွန့်လွတ်ပူဇော်ခြင်းဖြင့် ပေးဆပ်မည်ဖြစ်သည်။
ထိုအချိန်က ဤသဒ္ဓါကြည်ညိုခြင်းများကို ယုံကြည်သူအားလုံးနှင့်ဆိုင်သော ကြည်ညိုခြင်းအဖြစ် သတ်မှတ်ခြင်းမပြုမီ ကပင် ကျွန်ုပ်တို့၏ အသင်းဂိုဏ်းတည်ထောင်သူ ဖာသာရ်ကားရ်လိုဆာလေးရီယိုသည် “လူသားများကို အလွန်ပင်ချစ်မြတ်နိုးသည့် အတွက်ကြောင့် ဒဏ်ရာများနှင့် ပြည့်နှက်လျက်ရှိသော ယေဇူးသခင်၏ရွှေနှလုံးတော်ကို ထောက်ရှုဆင်ခြင်ပါ။ သင်တို့၏ ဘဝသည် ချစ်ခြင်းမေတ္တာနှင့်ဆပ်ဖြေခြင်းတို့ဖြင့် တစ်စည်းတစ်လုံးတည်း ဖြစ်နေရမည်။ သခင်ယေဇူး၏ နှလုံးတော်ကို လေ့လာမှတ်ယူခြင်းအားဖြင့် သင်တို့သည် သင်တို့၏ ခေါ်တော်မူခြင်းအလျောက် လူသားများနှင့် မည်ကဲ့သို့ ဆက်ဆံပြုမူရမည်ကို သင်ယူနိုင်လိမ့်မည် ဖြစ်ပါသည်။ ကျွန်ုပ်၏ ချစ်သမီးများတို့၊ သင်တို့အားလုံးသည် သင်တို့၏ သူတော်စင်ဘဝနှင့်ဆိုင်သော ကတိသစ္စာပြုခြင်းတွင် အလွန်သန့်ရှင်းစင်ကြယ်တော်မူသော ယေဇူးရွှေနှလုံးတော်ထံ လူသားအားလုံး၏ကိုယ်စား သင်တို့ကိုယ်ကို သင်တို့ လိုလိုလားလား အပ်နှံပူဇော်ခဲ့ကြသည်” ဟု သူ၏သမီးများအား ပြောကြားခဲ့ပါသည်။ (Sisters of Reparation, Spiritual Lectures, Toungoo, Burma: Catholic Press, 1931, p. 233.)
ကျွန်ုပ်တို့၏အသင်းဂိုဏ်းတည်ထောင်သူဖခင်ကြီးက "ဆပ်ဖြေသူသင်တို့သည် ယေဇူးရွှေနှလုံးတော်ထံ အပြစ်သား များအတွက် အပြစ်ဒဏ်ဆပ်ဖြေပေးရန်၊ ကိုယ်တော်အား ဆန့်ကျင်သောထိခိုက်ပြစ်မှားမှုများ၏ ဝန်ကိုခံထမ်းပေးရန်၊ လူသားအားလုံး၏ အပြစ်များအတွက် ဝမ်းနည်းငိုကြွေးပြီး ထိုအပြစ်များကို ဆပ်ဖြေပေးရန်ပင် ဖြစ်သည်” ဟု ပြောကြား ခဲ့ပါသည်။
မိခင်ကြီး အကြံပေးခဲ့သည့် စကားမှာ ကျွန်ုပ်တို့သည် ယေဇူးရွှေနှလုံးတော်၏ သမီးများဖြစ်ကြသည် သာမက ရွှေနှလုံးတော်၏ ဆပ်ဖြေသူများလည်း ဖြစ်ကြသည်။ ဤအတွေးအခေါ် ယူဆချက်သည် ကိုယ်တော်ရှင်၏ ပါရမီများကို ပုံတုယူရန် အကူအညီ ဖြစ်စေသည်။ အားတက်စေသည် သာမက အပြစ်သားများထံမှ ကိုယ်တော်ရရှိသော နာကျင်မှုများကို ကုသပေးရန် သို့မဟုတ် အပြစ်များကိုတားဆီးပေးရန်အတွက် ဆင်းရဲဒုက္ခခံခြင်း၊ အနစ်နာခံခြင်း တို့တွင်လည်း လိုလိုလားလား ဖြစ်စေသည်။ သခင်ယေဇူး ရရှိခံစားရသော နာကျင်မှုများ၊ ဒဏ်ရာဒဏ်ချက်များအကြောင်း ထောက်ရှုဆင်ခြင်သောအခါ ဆပ်ဖြေသူသင်၏နှလုံးသားသည် မည်သို့ ခံစားရပါသနည်း။ ကျွန်ုပ်တို့သည် ရွှေနှလုံးတော်နှင့် အမြဲတမ်း နီးနီးတပ်ကပ် ရှိနေသင့်ပါသည်။ ဤကဲ့သို့ ရှိနေမည်ဆိုပါလျှင် ယေဇူးသခင်သည် အပြစ်သားများ ပေးနေသော နာကျင်မှုများကြားမှ နှစ်သိမ့်မှုကို ကျွန်ုပ်တို့ထံတွင် ရှာတွေ့နိုင်လိမ့်မည် ဖြစ်ပါသည်။
ကျွန်ုပ်တို့ထံ ယုံကြည်စိတ်ချစွာအပ်နှံထားသော ဝိညာဉ်များကို ချစ်ခြင်းမေတ္တာမီးတောက်လောင်လျက်ရှိသော ယေဇူးရွှေနှလုံးတော်ထံ ယူဆောင်သွားကြပါစို့။ သူတို့သည် အပြစ်သားများဖြစ်ခဲ့ကြပါလျှင် သူတို့၏ မကောင်းမှုအပြစ်ဒုစရိုက် များအားလုံးကို ယေဇူးရွှေနှလုံးတော်၏ ချစ်ခြင်းမီးလျှံထဲတွင် လောင်ကျွမ်းစေပြီး ချစ်ခြင်းမေတ္တာရှိသော သန့်ရှင်းစင်ကြယ်သော ဘဝအသက်တာတွင် နေထိုင်နိုင်ကြရန်အတွက် ခွန်အားသစ်များကို တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ သူတို့သည် ရိုးသား၍အပြစ်ကင်းစင်သော သူများဖြစ်ကြပါလျှင် လူသားတိုင်း၏ နှလုံးသားအတွင်းသို့ ချဉ်းကပ်တိုးဝင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိသော ဒုစရိုက်မကောင်းမှုများကို ခုခံတွန်းလှန်နိုင်ရန် ခွန်အားနှင့် ကြံ့ခိုင်တည်ကြည်ခြင်း ကျေးဇူးတော်ကို တွေ့ရှိကြရလိမ့်မည် ဖြစ်ပါသည်။ (The Directory, no. 7.)
မယ်တော်၏ သန့်ရှင်းဖြူစင်သော နှလုံးတော်
သားတော်၏ရွှေနှလုံးတော်နှင့်ယှဉ်လျက် ချစ်မြတ်နိုးတတ်သူတို့၏ ဘုရင်မဖြစ်သော သားတော်ဘုရားနှငအတူ ဆပ်ဖြေခြင်းအမှုကို ပြုလျက်ရှိသော မယ်တော်၏နှလုံးတော်ကို ဖေါ်ပြထားပါသည်။ မယ်တော်၏သန့်ရှင်းဖြူစင်သော နှလုံးတော်သည် ဆပ်ဖြေသူတို့စံထားရာ ပုံတုယူရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကာလဝါရီတောင်ပေါ်တွင် ကားတိုင်ထက်ဝယ် ဒုက္ခစရိယာခံလျက်ရှိသော သားတော်၏ဆပ်ဖြေခြင်းအမှုတော်မြတ်၌ မယ်တော်သည် ကားတိုင်တော်ခြေရင်း တွင်ရပ်လျက် လှံဖြင့်ထိုးဖေါက်ခြင်းခံရသည့် သားတော်၏နှလုံးသားနှင့်အတူ ပေါင်းစပ်ကာဆပ်ဖြေခြင်းအမှုကို ပြုခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ သံနှင့်လှံတို့သည် သားတော်၏ဒုက္ခစရိယာကို ဖြစ်စေသည်နည်းတူ မိခင်၏ဝမ်းနည်းကြေကွဲမှုနှင့် နာကြင်မှုတို့သည်လည်း ထပ်တူထပ်မျှပင် ဖြစ်ခဲ့သည်။ မယ်တော်သည် မိမိ၏ နှလုံးသားဖြင့် သားတော်ဘုရား၏ ဒုက္ခစရိယာ၌ ပေါင်းစပ်ပါဝင်လျက် ပူးပေါင်းဆပ်ဖြေသူဖြစ်လာသည်။ နှစ်ဦးစလုံးသည် တစ်ချိန်တည်းမှာပင် ဘုရားသခင်ထံတစ်ခုတည်းသော ယဇ်ပူဇော်ခြင်းကို ပူဇော်ခဲ့ကြသည်။ တစ်ဦးမှာ သူမ၏နှလုံးသားမှသွေးဖြင့်ပူဇော်ခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ သူ၏ကိုယ်ခန္ဓာမှသွေးဖြင့် ပူဇော်ခြင်းဖြစ်သည်။
ယေဇူးသခင်နှင့်အတူ ရွေးနုတ်ကယ်တင်ခဲ့သူ အလွန်သန့်ရှင်းမွန်မြတ်သော ကညာစင်မယ်တော်အား သူတော်စင် ဘဝအသက်တာတွင် စံထားထိုက်သူတစ်ဦး အဖြစ်လက်ခံသော ဆပ်ဖြေခြင်းသီလရှင်တစ်ပါးသည် တည်ကြည် လေးနက်သောဧဝံဂေလိတရားဆိုင်ရာ ပါရမီများကို မယ်တော်၏သန့်ရှင်းစင်ကြယ်တော်မူသော နှလုံးတော်ထံမှ အတုယူရန်အတွက် ကြိုးပမ်းအားထုတ်လိမ့်မည်ဖြစ်သည်။ ယင်းပါရမီများမှာ ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ချစ်ကြောက်ရိုသေ ကြည်ညိုကိုင်းရှိုင်းခြင်း၊ ဘုရားသခင်၏အလိုတော်ကို လွယ်လင့်တကူလက်ခံခြင်း၊ စိတ်ရင်း စေတနာဖြင့်နာခံခြင်း၊ ကညာစင်တစ်ဦး၏ သန့်ရှင်းစင်ကြယ်ခြင်း၊ ဘုရားသခင်၌သာလျင် ယုံကြည်အားကိုးမှုထားရှိသော လေးစားထိုက်သည့်ဆင်းရဲခြင်း၊ စစ်မှန်သော နှိမ့်ချခြင်းနှင့် အလွန်ကြီးမားသော ကရုဏာမေတ္တာထားရှိခြင်း တို့ဖြစ်ကြပါသည်။
မယ်တော်၏ နှလုံးတော်ထံမှ ဆပ်ဖြေခြင်းအမှုကို ပြည့်ဝစုံလင်စွာ ပြုလုပ်သွားနိုင်ရန် ရဲစွမ်းသတ္တိ၊ ခွန်အားနှင့် လိုအပ်သော ကျေးဇူးတော်များကို ရယူနိုင်သည်။ ထို့ကြောင့် ဆပ်ဖြေသူများသည် မိမိတို့၏ ဂတိအာမခံချက်များကို အကောင်အထည်ဖေါ်ရန် ခက်ခဲနေချိန်ချစ်ရန် မတတ်စွမ်းနိုင်ဟု ခံစားရချိန်တို့တွင် မယ်တော်ချစ်ခဲ့သကဲ့သို့ ချစ်နိုင်ရန်၊ မယ်တော်ဒုက္ခဆင်းရဲခံသကဲ့သို့ ခံနိုင်စွမ်းရှိရန် သွန်သင်ပေးမည့်အမိမယ်တော်၏ ဆပ်ဖြေခြင်းနှလုံးတော်ထံ ချဉ်းကပ်ခိုလှုံ အတုယူကြရမည်ဖြစ်သည်။ သို့မှသာလျှင် ဆပ်ဖြေသူများသည် သားတော်ဘုရားနှင့် မိခင်မယ်တော်တို့၏ အသက်တာ ဖြစ်သည့် ချစ်ခြင်းအားဖြင့် ကယ်တင်ခြင်း အသက်တာ တစ်နည်းဆိုသော် မိမိတို့၏ ဆောင်ပုဒ်အတိုင်း ချစ်ခြင်းမေတ္တာပြည့်ဝစွာဖြင့် ဆပ်ဖြေခြင်းအမှုတော်ကိုအကောင်အထည်ဖေါ် ပြည့်စုံစေနိုင် မည်ဖြစ်သည်။ အလွန်သန့်ရှင်းမြင့်မြတ်တော်မူသော မယ်တော်မာရိယာနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏မိခင်ကြီးသည် သူမ၏ဆပ်ဖြေ သူသီလရှင်များအား သင်တို့သည် မယ်တော်ကိုချစ်ရန်နှင့် မယ်တော်အား တစ်ပါးသူများချစ်ခင်ကြစေရန် မယ်တော်၏ပါရမီများကို ပုံတုယူပါ။ လိုအပ်မှုတိုင်း၌ မယ်တော်ထံသို့ ယုံကြည်အားကိုးခြင်းဖြင့်သွားပါ ” ဟုပြော ကြားခဲ့ပါသည်။
နှင်းဆီပန်းနှင့် နှင်းပန်း
အသင်းဂိုဏ်း၏ အမှတ်တံဆိပ်၌ ပန်းခရမ်းရောင် နှင်းဆီပန်းနှင့် အဖြူရောင် နှင်းပန်းတို့ကိုလည်း တွေ့မြင်နိုင်ပါသည်။ ... ဆပ်ဖြေသူတို့၏ ဘဝသက်တာတွင် ဤကဲ့သို့ ပွင့်လန်းရှင်သန်နေကြရမည်ဖြစ်သော နှင်းဆီပန်းသည် မေတ္တာစေတနာကို ကိုယ်စားပြု ဖေါ်ဆောင်ပြီး.. အဖြူရောင်နှင်းပန်းသည် ကညာစင်ဘဝ၏ အမှတ်လက္ခဏာပင် ဖြစ်ပါသည်။ ၎င်းတို့၏ သင်းပျံ့သော အသက်တာအားဖြင့် ကယ်တင်ခြင်းအမှုတော်သည် ချစ်ခြင်းဖြင့်သာလျှင် ရရှိနိုင်ကြောင်း ကမ္ဘာကို ကြေငြာလျက် ရှိနေပါသည်။
မြန်မာနိုင်ငံသို့အသင်းဂိုဏ်းရောက်ရှိလာခြင်း
ဆပ်ဖြေခြင်းအသင်းဂိုဏ်းကို တည်ထောင်ခဲ့သော ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် ပီးမေသာသနာပြု
အသင်းဂိုဏ်းဝင်တစ်ဦးဖြစ်သည်နှင့်အညီ သာသနာပြုစိတ်ဓာတ်ပြင်းထန်သူတစ်ဦးဖြစ်ခဲ့သည်။ မိမိ၏သမီးများ ဖြစ်သော ဆပ်ဖြေသူများကိုသာသနာပြုနိုင်ငံများသို့ ခေါ်ဆောင်သွားပြီး သာသနာပြုစေလိုခဲ့သည်။ သို့ရာတွင် ဖခင်ကြီး၏ဆန္ဒမှာ မပြည့်ဝခဲ့ပေ။ ဖခင်ကြီးပျံလွန်တော်မူပြီး(၂၅)နှစ်ပြည့်ချိန် ၁၈၉၅ခုနှစ် အီတလီမှ ဆပ်ဖြေခြင်းသီလရှင် (၆)ပါးတို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန်မှသာလျှင် ဖခင်ကြီး၏မပြည့်ဝခဲ့သော ဆန္ဒကို အကောင်အထည် ဖေါ်နိုင်ခဲ့ကြသည်။
အီတလီနိုင်ငံမှ(P.I.M.E)ဘုန်းတော်ကြီးများသည် မြန်မာနိုင်ငံသို့ ၁၈၆၈ခုနှစ်တွင် ရောက်ရှိခဲ့ပါသည်။ ၎င်းဘုန်းတော်ကြီးများသည် တောင်ငူနယ်တဝိုက်တွင် သာသနာပြုလုပ်ငန်းကို တာဝန်ယူဆောင်ရွက်ပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းတစ်ခုလုံးသို့ ဧဝံဂေလိတရားတော်ကို ပြန့်နှံစေခဲ့သည်။ မွန်ဆီညော်ရော်ကိုတိုနာတိုးရယ် (Msgr. Rocco Tornatore) သည် တောင်ငူသာသနာ၏ ဆရာတော်အဖြစ် ရွေးချယ်ခံရပြီးသည့်နောက် သာသနာပြု လုပ်ငန်းတွင် သီလရှင်များနှင့် ပူပေါင်းဆောင်ရွက်ရန် အထူးလိုအပ်သည်ကို ကြိုတင်သိမြင်ခဲ့သည်။ ထို့ကြောင့် အီတလီနိုင်ငံမှ ဆပ်ဖြေခြင်းသီလရှင်ဂိုဏ်းချုပ်ကြီး Mother Mary Angela Arnaboldi ထံသို့ ပင်ပန်းဆင်းရဲ ခက်ခဲသော သာသ နာပြုလုပ်ငန်းများအတွက် ကျန်းမာပြီး ဇွဲသတ္တိရှိသော၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ်ရှိသော သီလရှင်များကို စေလွတ်ပေးပါရန် မေတ္တာရပ်ခံစာရေးသားတောင်းဆိုခဲ့ပါသည်။ ဆုတောင်းမေတ္တာဖြင့် ပြည့်ဝသောညှိနှိုင်းဆွေးနွေးမှုပြုပြီးသည့်နောက် ၁၈၉၅ ခုနှစ်တွင် ငယ်ရွယ်ပြီးသာသနာပြုလုပ်ငန်းအတွက် စိတ်အားထက်သန်သော သီလရှင်ခြောက်ပါးကို ရွေးချယ်လိုက်ပါသည်။ ၎င်းသီလရှင် များမှာ - 1. Mother Armalia Nazari 2. Mother Carlotta Nazari 3. Mother Arcangela Santinai 4. Mother Monica Carzzaniga 5. Mother Louisa Gussage 6. Mother Giacomelli တို့ဖြစ်ကြပါသည်။
ထိုသီလရှင်ခြောက်ပါးတို့သည် ပီးမေဘုန်းတော်ကြီး Fr.Paolo Manna ၏ ဦးဆောင်မှုဖြင့် အီတလီမှ မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် ထွက်ခွာလာခဲ့ကြသည်။ လှိုင်းလေထန်ပြီး ကြမ်းတမ်းသည့် ပင်လယ်ရေကြောင်းခရီးကို (၂)လကြာအောင် ဖြတ်သန်းလာခဲ့ကြပြီးနောက် ၁၈၉၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုမှတဖန် တောင်ငူမြို့သို့ မီးရထားဖြင့် ရောက်ရှိခဲ့ကြသည်။
သာသနာပြုလုပ်ငန်းများနှင့် တမန်တော်လုပ်ငန်းများဆောင်ရွက်ခြင်း
သာသနာပြုသီလရှင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြသည်နှင့်တပြိုင်နက် နှောင့်နှေးမှုမရှိပဲ ကလေးသူငယ်များနှင့် လူငယ်များအတွက် ပညာရေးလုပ်ငန်းကို စတင်တော့သည်။ ဘော်ဒါကျောင်းများမိဘမဲ့ ဂေဟာများကို ဖွင့်လှစ်ခဲ့ကြသည်။
အသင်းဂိုဏ်း၏ကျောင်းသည် တောင်ငူမြို့တွင်သာမကကျောင်းခွဲကို ကရင်ပြည်နယ်၊ လိပ်သိုကျောင်းကုန်း၌ St.Francis Xaviers Covent. ဟူ၍ ၁၈၉၉ ခုနှစ် အောက်တိုဘာလ (၂၀)ရက် နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာအား ကြည်ညိုဖူးမျှော်လျက် ဆုတောင်းမေတ္တာများနှင့်အတူ ကရုဏာရေး လုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ရင်း ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၁၉၂၂ ခုနှစ်တွင် ဒေသခံတိုင်းရင်းသူလေးများ၏ ခေါ်တော်မူခြင်းအတွက် သီလရှင်လောင်းကျောင်း (Novitiate) ကို တောင်ငူမြို့တွင် ဖွင့်နိုင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် စိန့်ဂျိုးဇက်မူလတန်းအဆင့် ဆရာဖြစ်သင်ကျောင်းကိုလည်း ဖွင့်နိုင်ခဲ့ပြီး မြန်မာပြည်အရပ်ရပ်မှ မိန်းကလေးများ တက်ရောက်သင်ယူခဲ့ကြသည်။ ထိုဆရာဖြစ်သင်တန်းကျောင်းဆင်း မိန်းကလေးအချို့သည် သန့်ရှင်းသောခေါ်တော်မူခြင်း ကျေးဇူးတော်ကိုရရှိပြီး သူတော်စင်ဘောင်သို့ ဝင်ရောက် လာသူများ ရှိသကဲ့သို့ သာသနာတော်လုပ်ငန်းတွင် အကူအညီပေးသူများလည်း ရှိသည်။ ဆရာတော်ကြီးများ၏ တောင်းဆိုချက်များအရ ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် သာသနာပြုသီလရှင်များသည် ပင်ပန်းဆင်းရဲခြင်းများနှင့် ဒုက္ခများကြားမှ ဒေသခံတိုင်းရင်းသားများ၏ ဝိညာဉ်ရေးအပြင် လူမှုရေးပညာရေး၊ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးစားလုပ်ဆောင်ပေးရင်း သီလရှင်ကျောင်းများစွာကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ပညာရေးဆိုင်ရာလုပ်ငန်း များနှင့် တမန်တော်လုပ်ငန်းလှုပ် ရှားမှုများကို အောင်မြင်စွာ မျိုးစေ့ပျိုးကြဲနိုင်ခဲ့ကြသည်။
ဤကဲ့သို့ သာသနာလယ်ကွင်း စိုပြေလန်းဆန်းချိန်တွင် ဒုတိယကမ္ဘာစစ်၏ ကြောက်မက်ဖွယ် ကံကြမ္မာဆိုး ဝင်ရောက်လာမှုကြောင့် သီလရှင်ကျောင်းများနှင့် စာသင်ကျောင်းများအချို့ ပျက်စီးခဲ့ရသည်။ သီလရှင်များ၊ သီလရှင်လောင်းများနှင့်အတူ မိဘမဲ့ကလေးများသည် စစ်ဘေးဒဏ် လွတ်မြောက်ရန်အတွက် တောင်ပေါ် ဒေသများသို့ တိမ်းရှောင်ခိုလုံခဲ့ကြရသည်။ မြောက်များစွာသော ကြမ်းတမ်းခက်ခဲမှုများနှင့် ဒုက္ခများကြုံတွေ့ ခဲ့ရသည့်အပြင် သာသနာပြုသီလရှင်များမှာ ငှက်ဖျားရောဂါ၏ သားကောင်များအဖြစ် ဘဝကိုစတေးခဲ့ရလေသည်။
ဤကဲ့သို့သော အခြေအနေတွင် မြန်မာနိုင်ငံရှိ ဆပ်ဖြေခြင်းသီလရှင်များကို ဦးဆောင်လမ်းညွှန်မှု ပေးမည့် Major Superior တစ်ဦး အရေးတကြီးလိုအပ်ခဲ့သည်။ ထို့ကြောင့် ဆရာတော် A. Lifranconi သည် သာသနာပြု ဒေသများ၌ ဆရာတော်များ၏ ပေးပိုင်ခွင့်အထူးအာဏာကို အသုံးပြု၍ ၁၉၄၄ ခုနှစ် ဇွန်လ(၁၆)ရက်နေ့တွင် သာသနာပြုသီလရှင်တစ်ပါး ဖြစ်သည့် Mother Ester Viscardl ကို မြန်မာနိုင်ငံအတွက် ဆပ်ဖြေခြင်း အသင်းဂိုဏ်း ၏ ဂိုဏ်းအုပ်အကြီးအကဲ Regoinal Superior အဖြစ်ခန့်အပ်ခဲ့သည်။ ဤသို့ဖြင့် Mother Ester ၏လမ်းညွှန်မှုအောက်တွင် ဆပ်ဖြေခြင်းအသင်းဂိုဏ်း၏ တမန်တော်လုပ်ငန်း အသီးအပွင့်များ ဆက်လက်၍ ရှင်သန်ဝေဆာလျက် ရှိနေခဲ့သည်။
အသင်းဂိုဏ်း၏ရည်ရွယ်ချက်
အသင်းဂိုဏ်းဝင်များ၏ သန့်ရှင်းစင်ကြယ်ခြင်းရရှိရန်
အသင်းဂိုဏ်း၏ပထမရည်ရွယ်ချက်မှာ အသင်းဂိုဏ်းဝင်များ၏ ကိုယ်ပိုင်သန့်ရှင်းစင်ကြယ်ခြင်း ရရှိရန်ဖြစ်သည်။ အသင်းဂိုဏ်းတည်ထောင်သူ အခိုင်အမာပြောဆိုခဲ့သည်မှာ ယခုတွင် သင်တို့သည် အသစ်သော မိသားစုတစ်ခုကို တည်ဆောက်ကြတော့မည် ဖြစ်သည်။ သင်တို့သည် ဦးစွာအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်သန့်ရှင်းစင်ကြယ်ခြင်း အတွက်နှင့် ထို့နောက်မှ မိမိတို့နှင့်နီးစပ်သူများ၏ သန့်ရှင်းစင်ကြယ်ခြင်း အတွက် ကြိုးပမ်းရယူနိုင်ရန် ကောင်းသော လုပ်ဆောင်မှုများ၌ တစ်ဦးကိုတစ်ဦး အားပေးနိုးဆော်ကြပါ။ (Fr. Charles to first Daughters on Sep. 7, 1858.) ဟူ၍ဖြစ်သည်။
ကျွန်ုပ်တို့၏ ခေါ်တော်မူခြင်းတွင် တာဝန်နှစ်ရပ် ပြဌာန်းထားသည်။ ပထမအနေဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို ဘုရားသခင်၏စိတ်သဘောဖြင့် အပြည့်ဖြည့်သွင်းကြရမည်။ ဒုတိယအနေဖြင့် တစ်ပါးသောသူတို့ သည် ကျွန်ုပ်တို့အားဖြင့် သန့်ရှင်းစင်ကြယ်ခြင်းသို့ ရောက်ရှိကြစေရန် ယင်းစိတ်သဘောကို သူတို့၌ ထည့်သွင်း ကြရမည် ဖြစ်သည်။ ယင်းကား ကျွန်ုပ်တို့၌ ဝိညာဉ်တော်ဘုရား၏ လုပ်ဆောင်ချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့ မပိုင်ဆိုင်သည့်အရာကို တစ်ပါးသူများအား မပေးနိုင်ပါ။ (Don Carlo Salerio, Three days Retreat in preparation for Religious Profession, 1938, p. 81.)
ဘုရားသခင်၏ ဂုဏ်တော်တိုးပွါးရန် ကျွန်ုပ်တို့၏ အသင်းဂိုဏ်းကို တည်ထောင်ခဲ့သူ အဆိုရှိခဲ့သည်မှာ သင်တို့၏ခေါ်တော်မူခြင်းနှင့် သင်တို့အသက်တာ၏ ရည်ရွယ်ချက်မှာ သခင်ယေဇူးကိုအများက သိရှိရန်နှင့် ချစ်ခင်မြတ်နိုးကြရန် ပြုလုပ်ကြရမည်ဖြစ်သည်။ ယေဇူးခရစ်တော်သခင်ကို ချစ်မြတ်နိုးခြင်းဖြင့် အသက်ရှင် နေထိုင်သူတစ်ဦးသည် ရက်ရောခြင်းနှင့် စိတ်အားထက်သန်ခြင်း၌ စိတ်ရှည်သည်းခံခြင်းတို့သာမက နှိမ့်ချခြင်း လည်းရှိပြီး ဘုရားသခင်၏ဆုကျေးဇူး များကိုအသိအမှတ်ပြုရင်း ဂုဏ်တော်ဟူသမျှကို ဘုရားသခင်အား ရည်ညွှန်းသည်။ ကျေးဇူးတော်ကို မခံစားတတ်သူသည် ကျေးဇူးတရားကိုပင် မခံစားတတ်သူဖြစ်သည့်အပြင် ပထမနှင့်အကြီးမားဆုံးသော တာဝန်ဖြစ်သည့် ဂုဏ်တော်ကို ဘုန်းတော်ရှင်အား ပေးအပ်ခြင်းအမှုကိုလည်း လွယ်ကူစွာ ပျက်ကွက်သူ လည်းဖြစ်သည်။ (FrCarlo Salerio) အသင်းဂိုဏ်းတည်ထောင်သူအတွက် ဆပ်ဖြေခြင်း၏ ပထမရည်ရွယ်ချက်မှာ လျော်ကန်သော ချီးမွမ်းကိုးကွယ်ခြင်းအမှုကို ပြုရန်ဖြစ်သည့်အပြင် မည်သည့်အခါမျှ ချီးမွမ်းကိုးကွယ်ခြင်းအမှုကို ဘုရားသခင်အား ထိုက်တန်မပြုသောသူများကိုယ်စား ပြုလုပ်ပေးခြင်းဖြင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ဖော်ကျူးခြင်းဖြစ်သည်။ (Cauzzi, Three people-one ideal, p. 28.)
ဆပ်ဖြေခြင်းအမှုပြုခြင်းခြင်းသည် သခင်ယေဇူး၏ အသက်တာတစ်ခုလုံးကို မိမိတို့၏ နေ့စဉ်သက်တာတွင် ပုံဖေါ်ဆောင်ရန်၊ အဖခမည်းတော်ဘုရားအား ထိခိုက်ပြစ်မှားခြင်းများ အထူးသဖြင့် ခမည်းတော်ဘုရားနှင့် ထိုက်တန်သော ဘုန်းဂုဏ်တော်ကိုအပ်နှင်းရန် ပျက်ကွက်ခြင်းများအတွက် ဆပ်ဖြေခြင်းပြုလုပ်ရန် သခင်ယေဇူး၏ အဆွေခင်ပွန်းတစ်ဦးအဖြစ်လည်း ညွှန်းဆိုသည်။ ယင်းသည် ကမ္ဘာလူသားတစ်ရပ်လုံးကို ဆပ်ဖြေသူတစ်ဦးစီ၏ နှလုံးသား၌ယူဆောင်ပြီး ဘုရားသခင်၏ ရှေ့တော် မှောက်တွင်ရပ်လျက် လျော်ကန်သောအပြုအမူများဖြစ်သည့် ချီးမွမ်းခြင်း၊ အသနားခံခြင်း၊ ကျေးဇူးဆပ်တင်ခြင်းနှင့် အပြစ်ဒဏ်ဆပ်ဖြေခြင်းတို့ကို ပြုကြရသည်။ အဘယ်ကြောင့်ဆိုသော် ဆပ်ဖြေခြင်းအမှုကို ပြုသောသူတစ်ဦးသည် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို အစဉ်အမြဲရှာဖွေသောသူ၊ အခြားသူတို့၏ နေရာတွင် ကိုယ်စားဝင်ယူသောသူ၊ အခြားသူတို့၏အခန်းကဏ္ဍကို ချစ်မြတ်နိုးသောသူ၊ အခြားသူတို့ကို စိတ်ဝင်စားသောသူ၊ ဆုတောင်းခြင်းမပြုသောသူများ ကိုယ်စား ဆုတောင်းပေးသောသူဖြစ်သောကြောင့် ဖြစ်ပါသည်။ အသင်းဂိုဏ်းတည်ထောင်သူသည် မိမိသက်တာ၏ နောက်ဆုံးအချိန်၌ ရဟန်းတော်တစ်ပါးအား ပြောခဲ့သည်မှာ နာဇရက်အသင်းဂိုဏ်းသည် ဘုရားသခင်အား ဘုန်းတော်ဂုဏ်တော်ကို ဖေါ်ကျူးခြင်းဟူသော မိမိ၏ပထမ အခြေခံအကျဆုံးသော ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပါမူ ၎င်းသည် လောင်ကျွမ်းပျောက်ပျက်သွားသည်ကို ကျွန်ုပ်မြင်တွေ့ရန် ပိုမိုလိုလားသည် ဟူ၍ဖြစ်သည်။ Sisters of Reparation, An Apostle of faith and of Reparation, p. 220.) မေတ္တာဂရုဏာလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ဝိညာဉ်များ ကယ်တင်ခြင်းရရှိစေရန်၊ သူတော်စင်မိသားစုတိုင်းအတွက် တမန်တော်လုပ်ငန်း၏ ရည်ရွယ်ချက်မှာ မြင့်မြတ်သောချစ်ခြင်းဖြင့် လူသားထုတစ်ရပ်လုံးအား ဘုရားသခင်နှင့် ပေါင်းစပ်ခြင်းဆီသို့ ပြန်လည်ဆောင်ယူလာရန်နှင့် လူသားများအချင်းချင်း စည်းလုံးညီညွတ်ခြင်း ရရှိရန်တို့ဖြစ်သည်။ 'ဝိညာဉ်တော်ဘုရားသည် ဆက်ကပ်အပ်နှံထားသူများရှေ့တွင် ဆာလောင်မွတ်သိပ်ခြင်း ကြောင့် ရုပ်ဆင်းသဏ္ဍန်ပျက်စီးနေသော သွင်ပြင်များ ၊ အနှိမ်ခံသူတို့၏ ဝေဒနာပြင်းပြမှုကို ဖော်ဆောင်သော မျက်နှာများအမျိုးသမီးများ၏ နာကြင်မှုနှင့် အရှက်တကွဲခံရသော အသွင်သဏ္ဍန်များ၊ အနိမ့်ဆုံးသော လူ့ဂုဏ်သိက္ခာ၏ အသက်တာ အခြေအနေကိုပင် မရရှိကြသော သက်ကြီးရွယ်အိုများ၏ ရုပ်သွင်များ စသည့် ချို့ယွင်းပျက်စီးသွားသော ဘုရားသခင်၏ ရွှေပုံသဏ္ဍန်တော်ကို ညီအစ်ကိုမောင်နှမများ၏ မျက်နှာများတွင် ရှုမြင်စေသည်။ (VC No. 75.)
ဆပ်ဖြေခြင်းသီလရှင်များအတွက် အကြီးမားဆုံးသော ကရုဏာလုပ်ငန်းမှာ ၎င်းညီအစ်ကိုမောင်နှမတို့၏ ဝိညာဉ်၊ ကာယကောင်းကျိုးချမ်းသာအတွက် ပါရမီတို့ကိုယ်ကို လုံးလုံးလျားလျား ဆက်ကပ်ခြင်းပင်ဖြစ်သည်။ သူတို့သည် လူသားဆိုင်ရာ၊ ကိုယ်ကျင့်တရားဆိုင်ရာနှင့် လောကုတ္တရာဆိုင်ရာ ချိုးဖောက်စော်ကားခြင်း များကြောင့် ယိုယွင်းပျက်စီးသွားသော အသွင်သဏ္ဍာန်အစစ်အမှန်ကို ပြန်လည်ရရှိနိုင်ကြစေရန် ကူညီပေးသည်။
ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဆီသို့ ၎င်းတို့ကို လမ်းပြခေါ်ဆောင်ပြီး ဘုရားသခင်အား သိရှိရန်နှင့် ချစ်မြတ်နိုးကြရန် လုပ်ဆောင်ပေးသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ ခိုင်မာစွာအခြေပြုထားသော ယုံကြည်ခြင်းအားဖြင့် ဆင်းရဲသားများ၊ အပြစ်သားများ၊ မကျန်းမာသူများနှင့် အပယ်ခံသူများ၏မျက်နှာများ၌ ယေဇူးသခင်၏ မျက်နှာတော်ကို တွေ့မြင်ကြလျှက် သူတို့၌ ရှိတော်မူသော သခင်ခရစ်တော်ကို အခြေခံကြသည်။ ဖာသာရ်ကားရီလိုဆာလေးရီယိုသည် ငယ်သောအရွယ်ကပင် ဝိညာဉ်များကို ဆာငတ်ခဲ့သည်။ ဝိညာဉ်များ၏ ကောင်ကျိုးချမ်းသာအတွက် လုပ်ဆောင်ပေးသူတစ်ဦး ဖြစ်လာရန် ပြင်းပြသောစိတ်ဆန္ဒရှိခဲ့သည်။ ဝိညာဉ်များအတွက် သူ၏ဇွဲထက်သန်ခြင်း၊ ကိုယ်တော်မြတ်စက္ကရမင်းမင်္ဂလာတော်မြတ်နှင့် ဆပ်ဖြေခြင်းအမှုကို နှစ်သက်မြတ်နိုးခြင်းတို့သည် သူ၏သက်တာတွင် ပုံဖေါ်လျှက် နောင်တွင်မိမိတည်ထောင်သည့် အသင်းဂိုဏ်း၏ စိတ်နေသဘောထား ဖြစ်လာခဲ့သည်။ ယင်းသည် ကြီးမားလှသော ကမ္ဘာလောကကြီး တစ်ခုလုံး၏ ကယ်တင်ခြင်းလုပ်ငန်း၌ ကယ်တင်ရှင်နှင့် အတူပူးပေါင်း လုပ်ဆောင်သော စိတ်သဘောထား ပင်ဖြစ်သည်။''ကျွန်ုပ်တို့အသင်းဂိုဏ်း၏ ယေဘုယျရည်ရွယ်ချက်မှာ တမန်တော်လုပ်ငန်းဖြင့် နွမ်းပါးသော အပြစ်သားများ၏ ကယ်တင်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့ အထူးဝီရိယစိုက်ထုတ် လုပ်ဆောင်ရမည့် ရည်ရွယ်ချက်မှာ စွန့်ပစ်ခြင်းအခံရဆုံးသူများ လိုအပ်ချက်များနှင့် အပြည့်နှက်ဆုံးသူများသည် မကောင်းမှု ဒုစရိုက်လမ်းတွင် ရှိနေကြပါလျှင် ပြုပြင်ပြောင်းလဲခြင်းဆီသို့၎င်း၊ ဘေးအန္တာရာယ်ကျရောက်ပါလျှင် ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ကို ပြုကြရမည်။ ကျွန်ုပ်တို့၏တာဝန်မှာ မသိနားမလည်သူများနှင့် အပြစ်သားများအား သွန်သင်လမ်းညွှန်ပေးရန်ပင် ဖြစ်သည်။' (Fr.CarloSalero)
ဘာသာပြန် စီစစ်ရေးသားပေးခဲ့သူများ - Mother Theresa Rose (ISR), Mother Simplicia Ah Ei (ISR) and Mother Gloria Aye Aye Naing (ISR)
အသင်းဂိုဏ်းတည်ထောင်သူ ဖခင်ကြီးဖာသာရ် ကားရ်လိုဆာလေးရီယို
(Fr.Carlo Salerio) ၏ အတ္ထုပ္ပတ္တိအကျဉ်း
ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် ၁၈၂၇ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် အီတလီနိုင်ငံ၊ မီလန်မြို့ရှိ စိန့်စတီးဗင်း သာသနာအုပ်စု၌ ဖွားမြင်ခဲ့ပါသည်။ မိဘနှစ်ပါးမှာ ပေါလူဆာလေးရီယို (Paolo Salerio) နှင့် ကယ်ရိုလီးနာဆာစီ (Carolina Sassi) တို့ဖြစ်ကြပြီး သားသမီးရတနာ(၉)ယောက်ရှိသည့်အနက် ဖာသာရ်ကားရ်လိုမှာ (၈) ယောက်မြောက် သားရတနာ ဖြစ်ပါသည်။ ဖခင်ဖြစ်သူမှာ ချမ်းသာကြွယ်ဝသော အထည်ကုန်သည်ဖြစ်သည့်အတွက် စီးပွားရေးအဆင်ပြေသော မိသားစုတစ်ခုလည်းဖြစ်သည်။ မိသားစုစံပြုထိုက်သော ထူးခြားချက်များမှာ ဘုရားတရားကြည်ညိုကိုင်းရှိုင်းပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်ခြင်း၊ ညစဉ်ညတိုင်း မိသားစုဝင်များ အတူတကွစိပ်ပုတီးစိပ်ခြင်း၊ တနင်္ဂနွေနေ့နှင့် ပွဲနေ့ကြီးများတွင် မည်သည့်အခါမျှ ပျက်ကွက်ခြင်းမရှိဘဲ မစ္ဆားတရားတော်မြတ်၌ပါဝင်ခြင်း၊ စက္ကရာမင်းမင်္ဂလာများကို မကြာခဏ ခံယူခြင်းနှင့် ရိုးသားပြီး ရက်ရောမှုရှိခြင်းတို့ပင် ဖြစ်ကြသည်။
ကားရ်လိုသည် ၁၈၃၄ ခုနှစ် အသက်(၇)နှစ်အရွယ်တွင် ခရစ္စမားအားပေးခြင်း စက္ကရာမင်းမင်္ဂလာကို ခံယူရရှိခဲ့ပြီး အသက်(၁၀)နှစ်တွင် ပထမကိုယ်တော်မြတ်စက္ကရာမင်းမင်္ဂလာကို ရရှိခဲ့သည်။ ဤသို့စက္ကရာမင်းမင်္ဂလာများကိုခံယူနိုင်ရန် အစ်မကြီးဖြစ်သူ လွီးဇာမှကူညီပြီး ဘုရားတရားနှင့်ဆိုင်ရာများကို သွန်သင်ပေးခဲ့သည်။ ကားရ်လိုသည် ပထမကိုယ်တော်မြတ် ရရှိပြီးသည့်နေ့မှစ၍ နေ့စဉ်မစ္ဆားတရားတော်မြတ်၌ ပါဝင်သည့်အပြင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်လိုကြောင်း မိဘများကိုဖွင့်ပြောခဲ့သည်။ သူသည်ငယ်စဉ်ကပင် ပျော်ပျော်ရွှင်ရွှင်နှင့် ဖျတ်လတ်တက်ကြွစွာ နေတတ်ပြီး နောက်ပြောင်ကြည်စယ်တတ်သူလည်းဖြစ်သည်။ ထိုစဉ်ကပင် သူသည် ဆင်းရဲသောသူများဒုကရောက်သောသူများကို အကူအညီပေးလေ့ရှိသည်။ ထို့အပြင်အပယ်ခံ လူငယ်ကလေးများဘက်မှလည်း ကူညီရပ်တည်ပေးခဲ့သည်။ အဖော်သူငယ်ချင်းများနှင့် ကစားနေချိန် များတွင် မဖွယ်မရာရိုင်းစိုင်းသောစကားများနှင့် ထိုအသုံးအနှုန်းဖြင့် ဟာသများပြောဆိုလာပါလျင် ၎င်းတို့အား ထိုသို့ပြောရန် ခွင့်မပြုချေ။ အဖော်သူငယ်ချင်းများအတွက် စံနမူနာကောင်းများ ပြပေးနိုင်သူဖြစ်သည့်အပြင် စာပေ၌လည်း ထူးချွန်ထက်မြက်သူ တစ်ဦးဖြစ်ခဲ့သည်။
၁၈၃၉ ခုနှစ် အသက်(၁၂)နှစ် အရွယ်တွင်သူသည် မီလန်မြို့ရှိ The Minor of St. Peter the Martyr ရဟန်းဖြစ်သင်ကျောင်းသို့ ဝင်ခွင့်ရရှိခဲ့သည်။ ထိုကျောင်းတွင်(၅)နှစ်တာ ဘာသာရေးဆိုင်ရာပညာရပ်များ သင်ယူပြီးသည့်နောက ၁၈၄၄ ခုနှစ်တွင် မွန်ဇာရှိ . Major Seminary တွင် အတွေးအခေါ် ပညာရပ် (Phllosophy) ကိုသင်ယူခဲ့သည်။ နွေရာသီကျောင်းအားလပ်ရက်များတွင် ကားရ်လိုနှင့်အဖော်တစ်စုသည် ပါဗီယာရှိမျက်ရ်တိုးဆာ ရသေ့ကျောင်းသို့ သွားရောက်လည်ပတ်လေ့ရှိသည်။ ဤသို့လည်ပတ်ရင်း ထိုရသေ့ကျောင်း၏ အကြီးအကဲ ဖာသာရ်လော်ရင်းနိုနှင့် ဆုံတွေ့ခဲ့ကြသည်။ ထိုဘုန်းတော်ကြီးသည် တစ်ချိန်က The Forelgn Mission of Paris မှ သာသနာပြုရဟန်းတစ်ပါးဖြစ်ပြီး ကျန်းမာရေးအခြေအနေ ကြောင့် အကြီးအကဲများမှ ပြန်လည်ခေါ်ယူခြင်းခံရသူဖြစ်သည်။ ထို့နောက် ၎င်းသည် Carthusian ရသေ့အဖြစ် သစ္စာခံယူခဲ့ပြီး ပါဗီယာသို့ စေလွှတ်ခြင်းခံရကြောင်း ပြောပြသည်။ . ထိုဘုန်းတော်ကြီးမှ ဆက်လက်၍ ယခုတိုင် ဘုရားသခင် အကြောင်းမသိရှိ သေးသောသူများ ရှိနေသေးကြောင်း၊ ထိုသူတို့သည် ဝေးလံလှသည့် ထိုဆီးနီးယားကျွန်း (Oceania) တွင် နေထိုင်ကြကြောင်း၊ ထိုဒေသများသို့ ပြင်းပြသော တမန်တော်စိတ်ဓာတ်ဖြင့် သာသနာပြုရန်လိုကြောင်း၊ သို့သော် သီတလီတွင် သာသနာပြုရန်အတွက် ကျောင်းများဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း တို့ကိုပြောပြခဲ့သည် ထိုအချိန်မှစ၍ ကားရ်လို၏စိတ်တွင် သာသနာပြုလိုစိတ် ပြင်းပြစွာ ကိန်းအောင်း ခဲ့လေသည်။
ထို့အပြင် ကားရ်လိုသည် ငယ်ရယ်စဉ် ကလေးဘဝကတည်းကပင် ဝိညာဉ်များ ကကယ်တင်ရန် ဆောငတ်ခဲ့သူ ဖြစ်သည်။ အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်ကို အထူးသဒ္ဒါကြည်ညိုခဲ့ပြီး မယ် တော်နှင့်ဆိုင်သော ဆုတောင်းမေတ္တာများကို နေ့စဥ်ရွတ်ဆိုလျက် မယ်တော်၏ ကူညီစောင့်ရှောက်မှုကို ခံယူခဲ့သည်။ ကိုယ်တော်မြတ်စက္ကရာမင်းမင်္ဂလာကိုလည်း ဆပ်ဖြေခြင်းစိတ်ဓာတ်ဖြင့် အထူးသဒ္ဓါကြည်ညိုပြီး ဝတ်ပြုကးကွယ်ခဲ့သည်။ အပြစ်သားများအတွက် အပြစ်ဒဏ်ဆပ်ဖြေပေး လိုစိတ်သည် ငယ်စဉ်ကပင်အစပြုခဲ့သည်။ ဤဆပ်ဖြေခြင်းစိတ်ဓာတ်သည် အဲန်းမေရီ မားရိုးဗစ်ချ် (နောင်တွင် အသင်းဂိုဏ်းနှင့်အတူ လက်တွဲလုပ်ဆောင်မည့် မာသာရ် အဲန်မေရီမားရိုးဗစ်ချ် ဖြစ်သည်။) ရေးသားထားသော ဝိညာဉ်ရေးဆိုင်ရာ စာအုပ်များကိုဖတ်ပြီး မိမိ၏စိတ်နှလုံးထဲတွင် သန္ဓေတည်ခဲ့ခြင်း ဖြစ်သည်ဟု ကားရ်လိုသည် ပြောပြခဲ့သည်။
၁၈၄၆ ခုနှစ်တွင် မီလန်မြို့ရှိ ရဟန်းဖြစ်တက္ကသိုလ်တွင် ဓမ္မသင်္ဂြိုလ်ပညာ (Theology) ကို ဆည်းပူးသင်ယူခဲ့သည်။ ထိုအချိန်တွင် အီတလီနိုင်ငံသည် ဩစတြီးယားနိုင်ငံနှင့် စစ်ဖြစ်ကာ မိမိနိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေရသော အချိန်ဖြစ်သည်။ နောက်ဆုံး၌ ရဟန်းဖြစ်သင်ကျောင်းသားများလည်း မိမိနိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရသည်။ ကားရ်လိုသည်လည်း ရှေ့တန်းမှ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့သည်။ နောက်ပိုင်းတွင် အခြေအနေအားလုံးသည် အေးချမ်းသွားသည်ဟု ထင်ရသော်လည်း ဩစထြေးလျတပ်များ ပြန်လည်ဝင်ရောက်လာပြီး ပြည်သူပိုင် အဆောက်အဦးများ၊ ကြီးမားကျယ်ဝန်းသော အရပ်သားအိမ်များနှင့် ရဟန်းဖြစ်သင်ကျောင်းတို့ကို ခံတပ်အနေဖြင့် အသုံးပြုလိုက်ကြသည်။ ထို့ကြောင့်ရဟန်းဖြစ်သင်ကျောင်းကိုလည်း ပြန်လည် မဖွင့်နိုင်တော့သည့်အတွက်ကြောင့် ကားရ်လိုသည် မိမိ၏နေအိမ်ကို ကျောင်းသားများ ပညာလေ့လာ ဆည်းပူးရန် ဗဟိုနေရာအဖြစ် သတ်မှတ်စေခဲ့သည်။
ဤသို့ဖြင့် ၁၈၅၀ ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် ကျွန်ုပ်တို့၏ဖခင်ကြီး ကားရ်လိုသည် ဦးပဉ္စင်းကြီးသိက္ခာကိုခံယူခဲ့ပြီး ထိုနှစ် မေလ(၂၅)ရက်နေ့တွင် ရဟန်းသိက္ခာကို ခံယူခဲ့လေသည်။ ဖာသာရ်ကားရ်လို ဆာလေးရီယို၏ ငယ်သူငယ်ချင်းဖြစ်သူ ဂျိုဝါးနီမာဇူကိုးနီ၊(အိုဆီးနီယား၌ အသက်ပေးလှူခဲ့သည့် ဓမ္မအာဇာနည်ဖြစ်သည်။) သူသည်လည်း ရဟန်းသိက္ခာကို အတူတူပင် ခံယူခဲ့သည်။ ထိုနှစ်(၁၈၅၀ခုနှစ်)၌ပင် Saribbl တွင် သာသနာပြု ရဟန်းဖြစ်သင်ကျောင်းကို ဖွင့်လှစ် လိုက်သည့်အတွက် သနာပြုလိုသောရဟန်းများအား မွန်ဆီညော်အန်းဂျေလိုရာမာဇော့တီမိမ နှင့်ဆက်သွယ်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို့ကြောင့် သာသနာပြုလိုစိတ်ပြင်းပြသော ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် မွန်ဆီညော် အန်းဂျေလိုရာမာဇော့တီ နှင့် ဆက်သွယ်ပြီး ထိုကျောင်းသို့ ဝင်ရောက်ခဲ့သည်။ သူနှင့်အတူ ဂျိုဝါးနီ မာလိုးနီသည်လည်း ဝင်ရောက်ခဲ့သည်။ (လိုသာသနာပြုကျောင်း ကို (Pontific institute of Foreign Mission (PIME) ဟု နောင်တွင်ခေါ်ဆိုကြသည်။) ထို့နောက် ၎င်းတို့သည် သာသနာပြုများသိရှိအပ်သည့် ပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာ ကြသည်။
၁၈၅၂ ခုနှစ်တွင် ၎င်းတို့နှစ်ဦးအပါအဝင် ရဟန်းတော်(၅)ပါး၊ ဓမ္မဆရာ (၂)ဦးတို့သည် ထိုဆီးနီးယားကျွန်းသို့ သာသနာပြုရန် ရဟန်းမင်းကြီး နဝမမြောက်ပီးအူထံမှ အမိန့်စာကိုရရှိခဲ့ကြသည်။ ထို့ကြောင့် မတ်လ (၁၆) ရက်နေ့တွင် သာသနာပြုသွားကြမည့်ဘုန်းတော်ကြီး (၅)ပါးနှင့် ဓမ္မဆရာ (၂) ဦးတို့အထွက် စေလွှတ်ခြင်း မစ္ဆားတရားတော်မြတ်ကို ပူဇော်ပြီးသည်နောက် ၎င်းတို့၏အသင်းဂိုဏ်း အကြီးအကဲမှ သာသနာပြုသွားမည့် ဘုန်းတော်ကြီးများနှင့် မ္မဆရာ (၂) ဦးကို သာသနာပြုခရူးစူးများ အပ်နှင်းပေးလိုက်သည်။ ထိုစဉ် အသင်းဝင်များမှ သန့်ရှင်းသောဝိညာဉ်တော်၏ မေတ္တာထိုသံစဉ်ဖြင့် သီဆိုကြလေသည်။ ဖခင်ကြီးဖာသာရ်ကားရ်လိုဆာလေးရီယိုသည် ပထမဦးဆုံး ပီးမေသာသနာပြု ရဟန်းများထဲတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး သူ၏တိုင်းတစ်ပါးသို့ သာသနာပြုလိုသည့်ဆန္ဒမှာပြည့်ဝ ခဲ့လေသည်။ဖခင်ကြီးဖာသာရ်ကားရ်လို ဆာလေးရီလိုနှင့်အတူ ပီးမေသာသနာအဖွဲ့သည် ဥရောပမှလဆင့် ထိုဆီးနီးယားကျွန်းသို့ ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် သာသနာပြုခရီးကို စတင် ခဲ့ကြပါတော့သည်။ လမ်းခရီးတစ်လျှောက်တွင် သဘာဝ၏ ရှုမောဖွယ်ရာ အလှအပများကို ဖေါ်ကြူး၍ မလုန်နိုင်အောင်ပင် မြင်တွေ့ခံစားခဲ့ကြရသည်သာမက ပင်လယ်ရေပြင်၏ သဘောသဘာဝဖြစ်သော ကြမ်းတမ်းခက်ထန်ခြင်း၊ ဘေးအန္တရာယ်များပြားလှခြင်း၊ ဖြတ်သန်းသွားရသည့် ကျွန်းများမှ ကျွန်းသားတို့၏ အနှောက်အယှက်ပေးခြင်းများ တို့ကိုလည်း တွေ့ကြုံခံစားကြရသည်။ ထိုအခြေအနေများကို ကျော်လွန်သွားခဲ့ကြပြီးသည့်နောက် ဖာသာရ်ကားရ်လိုဆာလေးရီလို၏ အိမ်မက်နယ်မြေဖြစ်သော ဟိုဆီးနီးယားကျွန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ ဤဖြစ်ရပ်အတွက် ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် ရင်တွင်းမှအတိုင်းမသိ ကြေနပ်မှုတို့ဖြင့် ပီတိဖြစ်ခဲ့ရပါသည်။ ဝမ်းမြောက်ပျော်ရွှင်မှုနှင့်အတူ ဖခင်ကြီးသည် မိမိ၏ ရင်တွင်းခံစားချက်လို အောက်ပါအတိုင်း ဖေါ်ပြလိုက်ပါတော့သည်။ အကျွန်ုပ် ငယ်ရွယ်စဉ်ကတည်းကဝင် စိတ်ကူးယဉ်ခဲ့ရသည့် မြေ အကျွန်ုပ် လွန်စွာမှပင် ကောင်းတခဲ့သည့် ထိုမြေ သင်သည် ကြီးမြတ်လှပေသည်။ သင်၏ မြတ်နိုးဖွယ် မြေဆီကို ကျွန်ုပ်နမ်းရှုံ့ပါ၏။ အကျွန်ုပ်သည် သင်၌ချမ်းသာကြွယ်ဝခြင်းကိုလည်းကောင်း၊ အပန်းဖြေအနားယူခြင်းကိုလည်းကောင်း၊ နှစ်သိမ့်ကျေနပ်မှုကို လည်းကောင်း မတောင်းဆိုပါ။ အကျွန်ုပ် လိုလားတောင်းတဆုံး အရာတစ်ခုတည်းသာ ရှိပါသည်။ ဤသည်ကား ဝိညာဉ်များပင် ဖြစ်ပေတော့သည်။ ၎င်းတို့၏ ကယ်တင်ခြင်းအတွက် အမှန်တကယ်လိုအပ်မည်ဆိုပါလျှင် ဤမှာကျွန်ုပ်ရှိပါသည်။ ကျွန်ုပ်၏ သွေးအားလုံးသည်လည်း ၎င်းတို့အတွက်ပင် ဖြစ်ပါသည်။ ကျွန်ုပ်သည် နောက်ဆုံးသွေးတစ်စက် မကျန်သည့်တိုင်အောင် ပေးဆပ်ပါမည် ဟုဖခင်ကြီးသည် ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ဆိုလိုက်ပါတော့သည်။
ဖခင်ကြီးတို့ သာသနာပြုရဟန်းတို့သည် ဝုဒ်လာဒ်ကျွန်းကို ဆိုက်ရောက်လာကြသည့်သည့်အခါ ထိုကျွန်းတွင် ရှိနှင့်ကြပြီးဖြစ်သော မာရစ်ဘုန်းတော်ကြီး သုံးပါးတို့သည် နွေးထွေးပြူငှါစွာဖြင့် ခရီးဦးကြို ပြုခဲ့ကြပါသည်။ ရောက်မဆိုက်ပင် ဖခင်ကြီးတို့ မြင်တွေ့လိုက်ရသော ရဟန်းတော်များ၏ အင်အားချိနဲ့ နေသည့်ရုပ်လွှာများနှင့် မှုံနရီဖျော့တော့နေသော မျက်ဝန်းအစုံတို့သည် စစ်မှန်သော သာသနာပြုများ၏ ပြင်းထန်သောတိုက်ပွဲဝင် သင်္ကေတအမှတ်တစ်ခုပင် မဟုတ်ပါလားဟု ဖခင်ကြီးက သိမှတ်လိုက်သည်။ ၎င်းသင်္ကေတသည် အသစ်သောသာသနာပြုများအတွက် အနာဂတ်တွင် ဖြတ်လျှောက်ရမည့် ခရီးလမ်းကြမ်းနှင့် ရင်ဆိုင်ကြရမည့် ဘဝတိုက်ပွဲကိုကြိုပြီး ဖေါ်ကျူးနေသကဲ့သို့ ဖခင်ကြီး၏ စိတ်တွင် မှန်းဆပုံဖေါ်မိလိုက်သည်။
ကျွန်းသို့ ရောက်လျှင်ရောက်ချင်း သူတို့အားလုံးသည် မစ်ရှင်ဘုရားကျောင်းဆောင်လေးထဲသို့ ဝင်လိုက်ကြသည်။ မစ်ရှင်ကို ရောက်ရှိလာကြသူ သာသနာပြုတိုင်းသည် ၎င်းဘုရားကျောင်းဆောင်ငယ် အထဲ၌ စံမြန်းနေတော်မူသော မစ်ရှင်၏အရှင်သခင်ကို တွေ့ဆုံဂါရ၀ပြုကြရမည်မှာ ပထမဦးဆုံးနှင့် အရေးကြီးဆုံးတာဝန်နှင့် လိုအပ်ချက်ပင် မဟုတ်ပါလား။ ဖခင်ကြီးတို့ မြင်တွေ့လိုက်ရသော နန်းဆောင်လေးဟာဖြင့် အနောက်တိုင်းတွင် မြင်တွေ့နေကျ ဘုရားဆောင်များနှင့် လားလားမျှမတူ ဆန့်ကျင်လွန်းလှပါသည်တကား၊ ဆင်းရဲနိမ့်ကျလှပြီး သက်ကယ်မိုးနှင့် သာမာန်တဲကလေးတစ်လုံးပင် ဖြစ်ပေတော့သည်။ သို့ရာတွင် သာမာန်ထက်လွန်ကဲသည့် ကျွန်းအားလုံး၏ အရှင်သခင်နှင့် ကျွန်းသူကျွန်းသားအားလုံးတို့၏ နှလုံးသားများကို ပိုင်သသည့် အရှင်သခင်၊ သာသနာပြုအားလုံးကို လက်ကမ်းကြိုပွေ့ပိုက်သည့် အရှင်သခင်သည် လူတို့၏အမြင်တွင် သိမ်ငယ်လှသည့် ကိုယ်တော်မြတ်စက္ကရာမင်းတူး အသွင်သဏ္ဍာန်အောက်တွင် ဝှိုက်ကွယ်၍ နေတော်မူသည်။ အားလုံးအတွက် တဲကလေးထဲတွင် သူစံမြန်းနေသည်။ ၎င်းဖြစ်ရပ်ကို မြင်တွေ့လိုက်ရသော ဖခင်ကြီးသည် ‘ဤသည်ကား သာသနာပြုအားလုံးအတွက် လျှို့ဝှိုက်ခွန်အားပေတည်း’ ဟု ရင်ထဲမှ ဟစ်ကြွေးအားယူလိုက်ရ ပါတော့သည်။
သာသနာပြုအဖွဲ့သည် ထိုဒေသသို့ရောက်သောအခါ အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ကြပြီး ဦးစွာသာသနာပြု နေကြသော ပြင်သစ် သာသနာပြုဘုန်းတော်ကြီးများ (Marist Fathers) နှင့် လက်တွဲ လုပ်ကိုင်ကြသည်။ ဖာသာရ်ကားရ်လိုဆာလေးရီယိုနှင့်အတူ အပေါင်းဖော်ဘုန်းတော်ကြီးတစ်ပါး၊ ဓမ္မဆရာတစ်ဦးတို့သည် (Woodlark)ကျွန်းသို့ သာသနာပြုရန်တာဝန်ကျသည်။ ၎င်းဒေသတွင် နေထိုင်ကြသော ဒေသခံ ကျွန်းသူကျွန်းသားတို့သည် ဖန်ဆင်းရှင်ကို သိကျွမ်းခြင်းမရှိကြသူများ ဖြစ်ကြပြီး ရိုးရာနတ်ကိုးကွယ်မှု အယူသည်းခြင်း၊ နတ်မိစ္ဆာတို့၏ ကျေးကျွန်ဖြစ်ရခြင်း၊ အလိုမရှိသော ကလေးငယ်များနှင့် သက်ကြီးနာမကျန်းတို့ကို သတ်သောဓလေ့ထုံးစံကို ဆုတ်ကိုင်ထားခြင်း တစ်ဦးနှင့်တစ်ဦး စာနာထောက်ထားမှု ကင်းမဲ့လျက် ရက်စက်ကြမ်းကြုတ်ခြင်း၊ သာသနာများအပေါ် စသည့်ဂုဏ်များကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။ ရွံရှာမုန်းတီးပြီး ရိုင်းပြစွာ ဆက်ဆံခြင်း၊ ၎င်းတို့သည် မိမိတို့၏ ဓလေ့ထုံးစံများကိုပစ်ပြီး ဘုရားသခင်ကို သိရှိလက်ခံလာနိုင်ရေးအတွက် ဟောပြောသွန်သင် ပေးရန်´`အမှန်တကယ်ပင် လိုအပ်နေကြောင်း၊ ထိုသို့ ဟောပြောနိုင်ရန်မှာလည်း လွန်စွာမှပင် ခက်ခဲကြောင်းကို ဖခင်ကြီးနှင့် အပေါင်းပါများသည် ကောင်းစွာသိရှိနားလည်ကြသည်။ ဖခင်ကြီးတို့သည် မိမိတို့ကြွေးကြော်ခဲ့ကြသည့်အတိုင်း ကျွန်းသူ ကျွန်းသားများ၏ လောကုတ္တရာကို သာမက လာကီရေးရာပါမကျန် နည်းလမ်းပေါင်းများစွာဖြင့် အသက်နှင့် ကြိုးပမ်းခဲ့ကြသော်လည်း ကျွန်းသူကျွန်းသားများ၏ နှလုံးသားတို့သည် မာကြောခက်ထန်ရှိနေဆဲပင်ဖြစ်သည်။ များပြားလှစွာသော ဒုက္ခအခက်အခဲများ၊ ပင်ပန်းဆင်းရဲခြင်းများနှင့် ကြုံတွေ့ကြရသော်လည်း ဝိညာဉ်တစ်လုံးရရှိရန်အတွက် မိမိတို့၏အသက်ကိုပင်စွန့်ရန် ဝန်မလေးကြဘဲ စိတ်အားထက်သန်ခြင်းနှင့် ရက်ရောစွာဖြင့် ဘဝကို ဆက်ကပ်ခဲ့ကြသည်။ ဖခင်ကြီးတို့သည် ဘုရားသခင်အားစိတ်ဇောထက်သန်သည့် ချစ်စိတ်တို့ဖြင့် အပြစ်ထဲတွင် နစ်မွန်းနေသောဝိညာဉ်များအား ကယ်တင်လိုသောစိတ် ပြင်းပြလှသည့်အတွက် အရာရာတိုင်းတွင် သည်းခံခဲ့ကြသည်။ မည်မျှပင် သည်းခံခြင်းရှိရမည်အကြောင်း ဖခင်ကြီးသည် မီလန်တွင်ရှိသော အကြီးအကဲထံသို့ ပေးပို့သောစာတွင် ဂုဏ်ပြုလေးစားထိုက်သည့် သည်းခံခြင်းပါရမီကို လေ့လာသိရှိနိုင်ပါသည်။
အသစ်သောသာသနာပြုများကို ဤနေရာသို့ စေလွှတ်ပါလျှင် စံပြုလောက်သည့် သည်းခံခြင်း ရှိသူဖြစ်ရန် လိုအပ်သည်။ နှစ်မြို့ဖွယ်ရာ ဆိုးယုတ်သော အနှိမ်ခံရခြင်းများ ကြုံတွေ့ ခံစားရစဉ်တွင် သည်းခံစိတ်ရှိခြင်း မညီသည့်အခါမျှ ရရှိမည်မဟုတ်သော ကြိုးပမ်းအားထုတ်မှု၏ အသီးအပွင့် ရလဒ်ကို သည်းခံခြင်းဖြင့် မျှော်လင့်စောင့်စားခြင်း၊ အောင်မြင်မှုအတွက် အသေချာဆုံးသော နည်းလမ်းများ အနည်းနည်းဖြစ်ရခြင်း ကို သည်းခံခြင်းနှင့် ရှုမြင်ရခြင်း၊ ကျွန်ုပ်တို့၏ တောင်းမေတ္တာသည် နားညောင်းခြင်း ခံရမည့် အသွင်မရှိသော်လည်း သည်းခံခြင်းဖြင့် စိတ်အားထက်သန်စွာနှင့် ယုံကြည်အားကိုးခြင်းဖြင့် ဆုတောင်းခြင်း၊ ကျွန်ုပ်တို့၏ ကြီးမားသော ချစ်ခြင်းအတွက် အနည်းငယ်မျှသော ချစ်တုံ့ပြန်မှုကို မျှော်လင့်၍ မရနိုင်သောသည်းခံခြင်း၊ ဘုရားသခင်အတွက်သာလျင် ဒုက္ခအခက်အခဲ ဟူသမျှကို ဝမ်းမြောက်ခြင်းနှင့် ခံထမ်းသောသည်းခံခြင်း ဟူ၍ဖြစ်သည်။ အချိန်ကာလသည် သုံးနှစ်ကိုင် ကြာညောင်းခဲ့သော်လည်း ဖခင်ကြီးနှင့် အဖွဲ့တို့သည် မည့်သည့် အနည်းငယ်သောအောင်မြင်မှုကို မရရှိကြဘဲ များပြားပြီး ခါးသီးလွန်းလှသည့် အတွေ့အကြုံများကိုသာ ရရှိခဲ့ကြပါသည်။ ပြင်းထန်သော ရာသီဥတုဒဏ်ကြောင့် ဖခင်ကြီး၏ ကျန်းမာရေးအခြေအနေသည် တစ်နေ့တခြား ဆိုးရွားလာခဲ့ပါသည်။ စိတ်ခံစားချက်များသည်လည်း ကြီးမားနာကြင်လွန်းလှပါသည်။ ထိုသို့ခံစားနေရချိန်တွင်ပင် “ကျွန်းသည် ကြီးမားပြင်းထန်လှသောဒုက္ခဆင်းရဲခြင်း အလယ်တွင် ရွှင်ပြလျက်ရှိနေပါသည်'ဟုဆိုနိုင်ခဲ့ပါသည်။ ဖခင်ကြီး၏ စံပြုထိုက်သည့် ပါရမီပါတကား။
နောက်ဆုံးတွင် ၁၈၅၅ ခုနှစ် မီလန်မှ သက်ဆိုင်ရာအကြီးအကဲများသည်အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးသည့်နောက်တွင် ဖခင်ကြီးအား မီလန်သို့ ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ကြသည့်အတိုင်း သာသနာပြုရာကျွန်းမှ ထွက်ခွာလျှက် မိမိ၏ ဇာတိမြေဆီသို့ ပြန်သွားရန် အကြောင်းဖြစ်လာပါတော့ သည်။ ဖခင်ကြီးသည် မိမိသာသနာပြုနေသည့် ဒေသကမှ တစ်ဖဝါးမျှပင် ထွက်ခွာသွားလိုသော စိတ်ဆန္ဒမရှိခဲ့သည့်အတွက် လွန်စွာပင် စိတ်မကောင်းဖြစ်ခဲ့ရပါသည်။ ယောက်ကျားတန်မဲ့ မျက်ရည်များ ဖြင့် အကြီးအကဲအား မိမိကို ဤမြေမှ ထွက်ခွာသွားခွင့် မပြုပါရန် တိုးရှိုးတောင်းပန်ခဲ့ပါသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် ဘုရားသခင်၏ အလိုတော်ကို လက်ခံပြီး မိမိ၏မွေးရပ်မြေ အီတလီနိုင်ငံ၊ မီလန်မြို့သို့ ၁၈၅၆ ခုနှစ်တွင် ပြန်လည်ရောက်ရှိလာခဲ့ပါတော့သည်။ အိုဆေးနီးယားကျွန်းမှ ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်းတွင် ဖခင်ကြီးသည် မီလန်ရှိ ရဟန်းဖြစ်သင်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်း၊ အချိန်နာရီများစွာ အာပတ်ဖြေနားထောင်ပေးခြင်း၊ သူတော်စင်ဂိုဏ်းအသီးသီး၏ ဝတ်စောင့်ပွဲများတွင် တရားဒေသနာ ဟောကြားပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။
ထိုအန်၌ အီတလီမြောက်ပိုင်းတွင် ဩစထြေးလျကို တိုက်ထုတ်ရန် လွတ်လပ်ရေးတိုက်ပွဲဆင်နွဲ နေရသော အချိန်ကာလဖြစ်သည့်အတွက် မီလန်မြို့ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ်စစ်ပွဲများနှင့် ရင်ဆိုင်နေရသည်။ ထိုသို့သော အခြေနေများကြောင့် ဘာသာရေးနှင့် လူတို့၏အကျင့် စာရိတ္တအခန်း ကဏ္ဍတို့သည် ပျက်စီးယိုယွင်းလာပြီး ဘဝလုံခြုံမှုလည်းမရှိတော့ချေ။ အထူးသဖြင့် ငယ်ရွယ်သော အမျိုးသမီးလေးများတွင် ဖြစ်ပျက်နေသည်။ ဤသို့သော အဖြစ်အပျက် အခြေအနေများသည် ဖာသာရ်ကားရ်လိုဆာလေးရီယိုအား ထိုဝိညာဉ်များကို ကယ်တင်ရန်အတွက် နည်းလမ်းရှာဖွေရန် တွန်းအားပေးလျက်ရှိနေသည်။
ထို့ကြောင့် ဖာသာရ်ကားရ်လိုဆာလေးရီယိုသည် မယ်တော်သခင်မ၏ သန့်ရှင်းဖြူစင်သော နှလုံးတော်၏ ကာကွယ်စောင့်ရှောက်မှုအောက်၌ အမျိုးသမီးများအတွက် အမျိုးသမီးအသင်းဂိုဏ်း တစ်ခုကို တည်ထောင်ရန် ဆန္ဒဖြစ်ပေါ်ခဲ့သည်။ ထိုအသင်းဂိုဏ်းသည် မိမိ၏အပြစ်နှင့် လူသားအားလုံး၏ အပြစ်များအတွက် ဆပ်ဖြေပေးရန်၊ မိမိကိုယ်ကို ယဇ်ကောင်သဖွယ် ပူဇော်လျက် ပျက်စီးယိုယွင်းနေသော လူမှုအဖွဲ့အစည်းကို ပြန်လည်ထူထောင်ပေးရန် အထူးသဖြင့် ပျက်စီးလေလွှင့်နေသော မိန်းခလေးများနှင့် ခိုကိုးရာမဲ့ အပယ်ခံရသူများကို ကူညီပေးရန်တို့ဖြစ်သည်။
ဤသို့ဖြင့် ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် သူ၏မိတ်ဆွေ ဖာသာရ် ဂျွန်ရီဘိုးလ်ဒီနှင့် တွေ့ဆုံပြီး သူ၏ရည်ရွယ်ချက်ကိုပြောပြခဲ့သည်။ နောက်ပိုင်းတွင် ထိုဘုန်းတော်ကြီး၏ စိန့်မတ် သာသနာအုပ်စုတွင် စေတနာတရားထက်သန်စွာဖြင့် ကရုဏာရေးလုပ်ငန်းများကို ဆောင်ရွက်နေသော ကာရှိလင်းနာ အော်ဆေးနီဂိုနှင့် ဆုံတွေ့ခွင့်ရရှိခဲ့သည်။ နောက်ဆုံးတွင် ရည်ရွယ်ချက်၊ သဘောထားဆန္ဒများတူညီသည့် ဖာသာရ်ကားရ်လို ဆာလေးရီယိုနှင့် ကယ်ရိုလိုင်းတို့သည် အီတလီနိုင်ငံ၊ မီလန်မြို့၌ ၁၈၅၉ ခုနှစ်အောက်တိုဘာလ (၂) ရက်နေ့တွင် ဆပ်ဖြေခြင်းအသင်းဂိုဏ်းကို ယေဇူးရွှေနှလုံးတော်နှင့် မယ်တော်၏သန့်ရှင်းဖြူစင်သော နှလုံးတော်ထံအပ်နှံပူဇော်ကာ ကိုယ်စောင့်သိကြားများ၏ ကာကွယ် စောင့်ရှောက်မအောက်၌ ထားရှိပြီး တည်ထောင်ခဲ့ကြပါသည်။ အသင်းဂိုဏ်းတည်ထောင်ပြီးသည့်နောက် ဖခင်ကြီးဖာသာရ်ကားရ်လိုဆာလေးရီယသည် ဝိညာဉ်ရေးစာပေများကို ရေးသားခဲ့သည်။ သူ၏ ဆုံးမစာပေများ၊ အကြံပေးဩဝါဒများတို့သည်သူ၏ အနစ်နာခံစိတ်နှင့် ဆပ်ဖြေခြင်းစိတ်ဓာတ်တို့ကို ဖော်ပြလျက်ရှိနေသည်။ ထို့ပြင်ယေဇူးရွှေနှလုံးတော်နှင့် မယ်တော်၏သန့်ရှင်းဖြူစင်သောနှလုံးတော် တို့နှင့်ပေါင်းစပ်ခြင်း၊ ဖာသာရ်ကားရလိုဆာလေးရီယို၏ ကျန်းမာရေးအခြေအနေမှာ အိုဆေးနီးယားကျွန်း မှအသင်းဂိုဏ်း၏ ဥပဒေအပြင် သူ၏သမီးများဝိညာဉ်ရေးတိုးတက်စေရန်အတွက် ဆုံးမသြဝါဒများ၊ ဂုဏ်ပြုချီးမွမ်းမထာမနာပြုခြင်းတို့တွင် ဆုတောင်းခြင်း၌ မွေ့လျှော်သောစိတ်ထားနှင့် ခြိုးခြံ ချုပ်တည်းခြင်းပါရမီတို့ရှိရန် လိုအပ်ကြောင်း တို့ကိုအထူး အလေးထားပြီး ရေးသားခဲ့သည်။ ပြန်လည်ရောက်ရှိလာချိန်မှစ၍ ကောင်းမွန်မှုမရှိတော့ဘဲ အခြေအနေသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာခဲ့တော့သည်။ ဤသို့သော ဝေဒနာများကို ခံစားနေရသော်လည်း ဖာသာရကားရ်လို ဆာလေးရီယိုသည် မိမိတည်ထောင်ထားသော အသင်းဂိုဏ်း၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ခြင်းနှင့် မိမိ၏ပီးမေအသင်းမှ တာဝန်များကိုလည်း ဆောင်ရွက်ရင်း ၁၈၇၁ ခုနှစ်စက်တင်ဘာလ (၂၉) ရက် နေ့တွင် ငြိမ်သက်အေးချမ်းစွာ ထာဝရဘုရားသခင်၏ရင်ခွင်တော်ဝယ် အနားယူသွားခဲ့လေသည်။ ထိုအချိနတွင် ဖခင်ကြီး၏ သက်တော်မှာ(၄၃)နှစ် သာရှိသေးသည်။ ဖာသာရ်ကားရ်လိုဆာလေးရီယို၏ ဘုရားသခင်ကိုချစ်သောစိတ် အပြစ်သားဝိညာဉ်များကိုလည်းချစ်ပြီး အပြစ်ဒဏ်ဆပ်ဖြေပေးလိုသောစိတ်၊ ဝိညာဉ်များကိုကယ်တင်လိုသောစိတ် စသည့်ပြင်းပြသော စိတ်ဆန္ဒ တို့သည် ဆပ်ဖြေခြင်းအသင်းဂိုဏ်း ဤကမ္ဘာလောကတွင် တည်ရှိနေသရွေ့သက်ဝင်လှုပ်ရှား ရှင်သန်လျက်ရှိနေဦးမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ချစ်လှစွာသော ဖခင်ကြီး ဖာသာရ်ကားရလိုဆာလေးရီယို ဆုံးမသွန်သင်အားပေးခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် စကားများကို လိုက်နာကျင့်သုံးပြီး ဆပ်ဖြေသူတို့၏ဘဝအသက်တာကို တည်ဆောက်သွားကြပါစို့။
ဘာသာပြန် စီစစ်ရေးသားပေးခဲ့သူများ - Mother Theresa Rose (ISR), Mother Simplicia Ah Ei (ISR) and Mother Gloria Aye Aye Naing (ISR)
အသင်းဂိုဏ်းတည်ထောင်သူ မိခင်ကြီးမာသာရ်ကယ်ရိုလင်းနာအော်ဆေးနီဂို (Mother Carilina Orsenligo) ၏အတ္ထုပ္ပတ္တိအကျဉ်း
မာသာရ်ကယ်ရိုလင်းနာအော်ဆေးနီဂို သည် ၁၈၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့၊ အီတလီနိုင်ငံ၊ မီလန်မြို့၌ အဖ ဂျိုးဇက်ပေနှင့် အမိ ဂျိုဝါးနီနာမီအေးဆာ တို့မှမွေးဖွားခဲ့သည့် သားသမီးလေးဦးအနက် သမီးဦးရတနာ ဖြစ်သည်။ ကက်သလစ်မိသားစု ဖြစ်သည့်အတိုင်း မိမိတို့၏ တိုက်နယ်ရှိ စိန့်ဖီဒေးလယ်ဘုရားကျောင်းတွင် ဆေးကြောခြင်း မင်္ဂလာကို ခံယူပြီး မာရိယာ ကယ်ရိုလင်းနာ ဂက်ထရုဒ် ဟု အမည်တွင်ခဲ့ပါသည်။
ကယ်ရိုလင်းနာသည် အသိပညာများအတတ်ပညာများ အထူးသဖြင့် ဝိညာဉ်ရေးဆိုင်ရာဖြစ်သော “အတွင်းစိတ်အားဖြင့် ဆုတောင်းတတ်ခြင်း၊ စက္ကရမင်းမင်္ဂလာများအား ထိုက်တန်စွာလက်ခံနိုင်ရန် ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ခြင်းနှင့် မိမိကိုယ်ကိုခြိုးခြံတတ်ရန်' စသည်တို့ကို သူမ၏မိခင်ထံမှ ရရှိခဲ့ပါသည်။ ကျွန်မအိမ်မှ စာသင်ကျောင်းသို့ လမ်းလျှောက်သွားသောအခါ အနည်းဆုံးကြိုးခြံခြင်း အခါတစ်ရာပြုလုပ်ရန် ဆုံးဖြတ်ချက် ချခဲ့သည်'ဟု ဆိုပါသည်။ ခြိုးခြံခြင်းပြုသောအခါ 'ကျွန်မ ကြိုက်နှစ်သက်သော အရာများ၊ စွဲလမ်းသောအရာများကို မကြည့်ပဲ မျက်လွှာချပြီး ထိုအရာများနှင့် ဝေးစေ၏။ ဆိတ်ငြိမ်ခြင်းကို ကြာရှည်စွာစောင့်ထိန်း၏။' ငယ်ရွယ်စဉ်ကပင် ခြိုးခြံခြင်းပါရမီကို ကျင့်ဆောက်တည်ခဲ့သည်။ ကယ်ရိုလင်းနာ၏ ကလေးဘဝတွင် မိသားစုအတွင်း၌သော်လည်းကောင်း၊ စာသင်ကျောင်းမှ သော်လည်းကောင်း ကြားနာသင်ယူခဲ့ရသမျှတို့သည် သူမ၏ ဘဝရှေ့ရေးအတွက် အလွန်အရေးပါသော ပြင်ဆင်မှုတစ်ရပ် ဖြစ်ခဲ့ပြီး အဖိုးတန်သော အသီးအပွင့် ဖြစ်လာခဲ့သည်။ သူမ၏ ထူးခြားသောလက္ခဏာရပ်များကို ဖော်ပြရမည်ဆိုပါလျှင် သူမသည် အရွယ်နှင့်မလိုက်အောင်ပင် ထူးချွန်ပြီး ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။ အသက်(၉)နှစ်အရွယ်သာ ရှိသော်ငြားလည်း အသင်းတော်အတွက်၊ မိမိ၏သာသနာအုပ်စုအတွက် တမန်တော်လုပ်ငန်းများအဖြစ် စိန့်မတ်ခ် ဘုရားကျောင်းတွင် ကလေးသူငယ်များအား ဘုရားစကားသင်ပေးခြင်း၊ မိမိ၏မိခင်နှင့်အတူ လူနာများအား အလည်အပတ် သွားရောက်ကြည့်ရှုခြင်း၊ အကျဉ်းထောင်များသို့ သွားရောက်ကြည့်ရှုခြင်း၊ ဆင်းရဲသားများနှင့် အတိဒုက္ခရောက်နေသူများအား နှစ်သိမ့်အားပေးစကားနှင့်အတူ ဝိညာဉ်ကာယ လိုအပ်ချက်များကိုလည်း ရက်ရောစွာပေးကမ်း လှူဒါန်းလေ့ရှိပါသည်။ သူမ၏ ရင်တွင်းမှ ဖြစ်ပေါ်လာသော မေတ္တာကရုဏာလုပ်ငန်းသည် ငယ်စဉ်ကလေးဘဝမှစ၍ တဖြည်းဖြည်းနှင့် သိသာထင်ရှားလာရာ လူကြီးဘဝ ရောက်သည့်အချိန်တွင် ပိုမို၍ ကြီးမားကျယ်ပြန့်လာခဲ့သည်။ သူမ၏ လုပ်ဆောင်ချက်ဟူသမျှသည် ဘုရားသခင်၏ ဘုန်းတော်ဂုဏ်တော် အတွက်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အခြေပြု၍ မိမိနှင့်နီးစပ်သောသူများအား ဝေမျှပေးရန် အတွက်သာ ရွယ်ရွယ်ခဲ့လေသည်။ (The Order of Poor Clare) သီလရှင်ဂိုဏ်း ကိုဝင်ရန်ဆုံးဖြတ်နေစဉ် သူမ၏ ကျောင်းထိုင် ဘုန်းတော်ကြီးလွီးဇီဘောဆီးဇီယို က တားမြစ်သောအခါ သူမက 'ဤသည်မှာ ဘုရားသခင်၏ အလိုတော်ပင် ဖြစ်သည်'ဟုဆိုပြီး နှိမ့်ချစွာ လက်ခံခဲ့ပါသည်။ ကာရိုလင်းနာ၏သတင်းကို မီလန်မြို့မှ ဂိုဏ်းချုပ်ဆရာတော် ကြားသိသောအခါ ကျောင်းထိုင်ဘုန်းတော်ကြီး၏ တားမြစ်ချက်ကို ထောက်ခံခဲ့လေသည်။ ဆရာတော်ဘုရားက 'ကယ်ရှိလင်းနာ သင်၏ဆုံးဖြတ်ချက်ကို ရပ်တန့်ပါ။ ဘုရားသခင်သည်သူ၏ ဘုန်းတော်ဂုဏ်တော်အတွက် ဤအရာထက် ပိုမိုကြီးမားသော လုပ်ငန်းတစ်ရပ်ကို လုပ်ဆောင်ရန် သင့်အား သီးသန့်ရွေးချယ်ထားပြီး ဖြစ်သည်။
ဟုမိန့်တော်မူသည်။ သူမကလည်း 'ဘုရားသခင်၏ အလိုတော်အတိုင်းဖြစ်ပါစေ။ ကျွန်မလက်ခံပါမည်။'ဟု နှိမ့်ချစွာဆိုခဲ့လေသည်။ အထက်ပါ အကြောင်းအရာများကို လေ့လာကြည့်မည်ဆိုပါလျှင် ကာရိုလင်းနာ၏ ရိုးသားသည့်သဘော၊ ဖြူစင်သောစိတ်ထား၊ သိမ်မွေ့နှိမ့်ချရက်ရောသော စေတနာမေတ္တာစိတ်၊ မိမိ၏အလိုထက် ဘုရားသခင်၏ အလိုတော်ကို ဦးစားပေးခြင်း၊ သူတပါး၏ လမ်းညွှန်မှုကို လေးစားလိုက်နာတတ်ခြင်း စသည့်ပါရမီများကို ပိုင်ဆိုင်သော ပုဂ္ဂိုလ်ထူးတစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားလှပါသည်။ ကျွန်ုပ်တို့အတွက် စံပြုထိုက်သော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပေသည်။ ကယ်ရိုလင်းနာနှင့် အခြားသောအမျိုးသမီးများသည် အဖွဲ့အစည်းသစ်တစ်ဖွဲ့ကို စတင်ဖွဲ့စည်းပြီး ၎င်းအမည်ကို (A Pious Association of Charity) သန့်ရှင်းသော မေတ္တာကရုဏာ လုပ်ငန်းအသင်း ဟု ကျောင်းထိုင် ဘုန်းတော်ကြီးကအမည်ပေးခဲ့ပါသည်။
ကယ်ရိုလင်းနာသည် အခြားသော အမျိုးသမီးများကိုစည်းရုံးပြီး အဆောင်တစ်ခုကို ကျောင်းနှင့် မနီးမဝေးတွင် ဖွင့်လှစ်ခဲ့သည်။ ဤနေရာကား တနင်္ဂနွေနေ့ရက်များတွင် ဘုရားစကားသင်ကြားရန် လူငယ်များအား စုရုံးစေခြင်းလေလွင့်နေသော အမျိုးသမီးများအား ပြန်လည်စုစည်းပေးခြင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများ၊ ဓဝါသည်များ၊ ဆေးလိပ်ခုံတွင် အလုပ်လုပ်နေသော အမျိုးသမီးများ၊ မီးဖိုးပေါင်းတိုင်သန့်ရှင်းရေး လုပ်ဆောင်သူများအားလုံးကို စုစည်းပြီး ဘဝပျိုးထောင်ပေးသည့်နေရာ ဖြစ်လာသည်။ ဤအဖွဲ့အစည်း၏ ရည်ရွယ်ချက်သည် ခရစ်ယာန်တို့၏ ဘဝကိုအခြေခံ၍ အစဉ်အမြဲတောက်လောင်နေသော ချစ်ခြင်းမေတ္တာ ကရုဏာလုပ်ငန်းကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရန် ဖြစ်ပါသည်။ ကယ်ရှိလင်းနာသည် လူနာများ၊ ထောင်သားတို့အပေါ် မေတ္တာကရုဏာထားလျှက် အလုပ်လက်မဲ့များ ဆင်းရဲသားများ၊ အထူးသဖြင့် ဘဝပျက်စီးနေသော အမျိုးသမီးငယ်များကို စည်းရုံးပြီး တတ်အားသမျှ ကူညီပေးခဲ့လေသည်။ ကယ်ရိုလင်းနာသည် ဤလုပ်ငန်းကို စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့သော်လည်း သူမ၏အတွင်းစိတ်ကား ကျေနပ်ရောင့်ရဲမှု မရှိခဲ့ပေ။ သူမ၏ရည်မှန်းချက်များကား အရိပ်ကဲ့သို့ လွမ်းမိုးထားဆဲပင်ဖြစ်သည်။ သူမ၏ဘဝရှေ့ရေးသည် အမှောင်ထဲ မျှော်လင့်ချက် ကင်းမဲ့လျှက်ပင်။ သူမ၏ကျောင်းထိုင်ထံမှ အခွင့်မရမရှိမချင်း မဆောင်ရွက်နိုင်ချေ။ ဤသို့စောင့်စားနေရင်း သူမ၏ နက်နဲသောဘဝ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ပေးမည့်သူတစ်ဦး ပေါ် ထွက်လာခဲ့သည်။
ဖာသာရ်ကားရီလို ဆာလေးရီယိုနှင့် မာသာရ် ကယ်ရိုလင်းနာအော်ဆေးနီဂိုတို့၏ သဘောထား တူညီမှုကြောင့် ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းကို ၁၈၅၉ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့ ကိုယ်စောင့်သိကြားမင်းပွဲနေ့တွင် စတင်တည်ထောင်ခဲ့ကြသည်။ ဤသို့ဖြင့် ဆပ်ဖြေခြင်းလုပ်ငန်းကို ကျယ်ပြန့်စွာ ဆောင်ရွက်လာခဲ့ရာ အထူးသဖြင့် စာရိတ္တပျက်ပြား၍ ဘဝပျက်စီးနေသော မိန်းကလေးများကို စုစည်းပြီး မိမိ၏မေတ္တာအရိပ်အောက်တွင် ခိုလုံခွင့် ပေးခဲ့လေသည်။ မိခင်သဖွယ် မိမိ၏နွေးထွေးသော မေတ္တာအားဖြင့် ပျက်စီးနေသောမိန်းကလေးများ၊ အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိနေသောသူများ ခိုကိုးရာမဲ့နေသောသူများ၊ ဝိညာဉ်ရေး၊ ကာယရေးများ လိုအပ်နေသူများပါမကျန် နွေးထွေးစွာဖြင့် လက်ခံကြိုဆိုခဲ့လေသည်။ သူမ၏အလွန်ထက်သန်သော ဇွဲလုံ့လတို့ဖြင့် ဆပ်ဖြေခြင်းအမှုတော်ကို သက်ဆုံးတိုင်အောင် ထမ်းဆောင်ခဲ့ လေသည်။ သူမလုပ်လေသမျှ အရာအားလုံးတို့သည် ဘုရားသခင်၏ ဘုန်းတော်ဂုဏ်တော်အတွက်နှင့် ဝိညာဉ်များ ကယ်တင်ခြင်းရရန် ရည်ရွယ်ပြီးဆောင်ရွက်ခဲ့ပါသည်။ ဤသို့ဖြင့် သူမ၏မေတ္တာကရုဏာလုပ်ငန်းသည် အသင်းဂိုဏ်းအတွက်သာမက အသင်းတော်တစ်ခုလုံးအတွက်ပါ အရေးပါသောလုပ်ငန်း ဖြစ်လာသည်။ မာသာရ် ကယ်ရိုလင်းနာ အော်ဆေးနီဂိုသည် အသင်းဂိုဏ်း၌ဘုရားသခင်၏ အလိုတော်ကို စွမ်းစွမ်းတမံ အစေခံရင်း သက်တော် (၅၈)နှစ်အရွယ်၊ ခုနှစ်၊ ဇူလိုင်လ (၈)ရက်တွင် အဖအိမ်တော်သို့ အစဉ်အမြဲသုခချမ်းသာစံစားရန် ပြန်လည်ခေါ်ဆောင်ခြင်း ခံရလေသည်။ သူမသည် ဘုရားသခင်၏အလိုတော်ကို သစ္စာရှိစွာထမ်းဆောင်ခဲ့ပြီး ဝိညာဉ်များ ကယ်တင်ခြင်းရရန် ရည်ရွယ်လျက် ဆပ်ဖြေခြင်းအသင်းဂိုဏ်းကို တည်ထောင်ခဲ့လေသည်။ သူမသည် အသက်ပင်သေသော်ငြားလည်း အမည်နာမမှာမသေခဲ့ပေ။ မိမိ၏အသင်းဂိုဏ်း၌ ဆက်လက်ပြီး ရှင်သန်နေဦးမည် သာဖြစ်သည်။ သူမ၏စိတ်ဓာတ်ရေးရာ အကျင့်သီလဝါများနှင့် လမ်းစဉ်များသည် ကျွန်ဒီတို့အတွက် နေ့စဉ်အဟာရအားဆေးများသဖွယ် ခွန်အားပေးလျက်ရှိသည်။ ဆပ်ခြေခြင်းသီလရှင်ဂိုဏ်းဝင် အားလုံးသည် မိမိတို့၏မိခင်ကြီးအား အစဉ်သတိရလျှက် ရိုသေချစ်ခင်နှင့် လေးစားထိုက်အပ်သောမိခင် အတုယူဖွယ် ကောင်းသောမိခင်ဟု ဂုဏ်ယူဝင့်ကြွားလျှက် ချီးမွမ်းသြဘာပေး ကြပါသည်။
အသင်းဂိုဏ်းတည်ထောင်သူတို့၏ မိန့်ကြားစကားများ
၁။ကျွန်ုပ်တို့သည် ယေဇူးရွှေနှလုံးတော်၏ သမီးများဖြစ်သည်သာမက ရွှေနှလုံးတော်၏ ဆပ်ဖြေသူများလည်း ဖြစ်ကြသည်။ ဤအတွေးအခေါ်ယူဆချက်သည် ကိုယ်တော်၏ ပါရမီများကို ပုံတုယူရန် အကူအညီဖြစ်စေသည်၊ အားတက်စေသည်သာမက အပြစ်သားများထံမှ ကိုယ်တော်ရရှိသော နာကျင်မှုများကို ကုသပေးရန် သို့မဟုတ် အပြစ်များကို တားဆီးပေးရန် အတွက် ဆင်းရဲဒုက္ခခံခြင်း၊ အနစ်နာခံခြင်းတို့တွင်လည်း လိုလိုလားလား ဖြစ်စေသည်။ ယေဇူးသခင်ရရှိသော နာကျင်မှုများ၊ ဒဏ်ရာဒဏ်ချက်များအကြောင်း စဉ်းစားသောအခါ ဆပ်ဖြေသူ သင်၏ နှလုံးသားသည် မည်သို့ ခံစားရသနည်း။ ကျွန်ုပ်တို့သည် ရွှေနှလုံးတော်နှင့် အမြဲတမ်းနီးနီးကပ်ကပ် ရှိနေသင့်သည်။ ဤသို့ရှိနေမည်ဆိုလျှင် အပြစ်သားများပေးနေသော နာကျင်မှုများကြားမှ နှစ်သိမ့်မှုကို ယေဇူးသခင်သည် ကျွန်ုပ်တို့ထံတွင် ရှာတွေ့လိမ့်မည် ဖြစ်ပါသည်။) (မာသာရ်ကာရိုလီးနာ အော်ဆေးနီဂို)
၂။ ချစ်သမီး ဒုက္ခအခက်ခဲများ ကြုံတွေ့ရသောအချိန်များသည် သီလပါရမီကို ကြိုးပမ်းရယူရန်အတွက် အဖိုးတန်သော အချိန်များဖြစ်ပြီး ဆပ်ဖြေသူသင်သည် ယေဇူးသခင်ကို ထိခိုက်ပြစ်မှားခြင်းများ၊ကိုယ်တော်ခံရသော နာကျင်မှုဝေဒနာများကို ပိုမို၍သိရှိနားလည်ရမည်ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်များကယ်တင်ရန်အတွက် သင့်ကိုယ်ကို ယဇ်ကောင်သဖွယ်ပူဇော်ရန် ကိုယ်တော်နှင့်အတူ ဒုက္ခခံထမ်းရန် အလိုဆန္ဒရှိပါ။ (မာသာရ်ကာရိုလီးနာအော်ဆေးနီဂို)
၃။ ဆိတ်ငြိမ်ခြင်းသည် အပြစ်မကျူးလွန်ရန်အတွက် အဓိကနည်းလမ်းတစ်ခုဖြစ်သည်။ ကျရှုံးမှုအများဆုံးမှာ လျှာအားဖြင့်ကျူးလွန်ခြင်းဖြစ်ပြီး အလွန်အကျူး စကားပြောဆိုခြင်းသည်`ကမ္မဋ္ဌာန်းထောက်ရှုစဉ်းစားခြင်းကို ပျောက်ဆုံးစေသည့်အပြင် ကျွန်ုပ်တို့၏ နှလုံးသားထံသို့ ဘုရားသခင် ပြောကြားလာသော အသံတော်ကိုလည်း ကြားနိုင်လိမ့်မဟုတ်ပါ။ (မာသာရ်ကာရိုလီးနာ အော်ဆေးနီဂို)
၄။ ချစ်သမီးများတို့ ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှ စိတ်ထားကြံ့ခိုင်ခြင်း၊ မဆုတ်မနစ် သည်းခံကြိုးပမ်းခြင်း၊ ရက်ရောခြင်းတို့ကို အလိုရှိတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် နှိမ့်ချရမည်။ နာခံရမည်။ ခြိုးခြံချုပ်တည်း ရမည်။ သည်းခံရမည်။ ဝိညာဉ်များ ကယ်တင်ခြင်းအတွက် ဇွဲရှိရမည်။ ထိုဝိညာဉ်များကို ကယ်တင်ရန်အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အသုံးပြုလိုပြီး သေသည့်တိုင်အောင် လုပ်ဆောင်သွားရန် အလိုရှိတော်မူသည်။ အချင်းချင်းကြားတွင် ချစ်ခြင်းမေတ္တာနှင့် သနားခြင်းရှိပါ။ သင်၏ခေါ်တော်မူခြင်းကို ချစ်မြတ်နိုးပြီးလေးစားပါ။ (မာသရ်ကာရိုလီးနာအော်ဆေးနီဂို)
၅။ သင်တို့အချင်းချင်း ကြားတွင် ချစ်ခြင်းမေတ္တာ ရှိရန်နှင့် စွန့်လွှတ်အနစ်နာခံတတ်သော စိတ်ထားရှိရန် မမေ့ပါနှင့်။ (မာသာရ်ကာရိုလီးနာ အော်ဆေးနီဂို)
၆။ သင်တို့၌ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းရှိပါ။ ယေဇူးသခင်အတွက် သင်၏ချစ်ခြင်းမေတ္တာသည် အစဉ် တောက်လောင် နေရမည်ဖြစ်ပြီး ထိုချစ်ခြင်းမီးရှိန်ကို သင့်ထံသို့ လာသောသူများသည် ခံစားနိုင်ကြလိမ့်မည် ဖြစ်ပါသည်။ (မာသာရ်ကာရှိ လီးနာအော်ဆေးနီဂို)
၇။ သင်သည် မယ်တော်ကိုချစ်ရန်နှင့် မယ်တော်အား ချစ်ခင်ကြစေရန် မယ်တော်၏ ပါရမီများကို ပုံတုယူပါ။ လိုအပ်မှုတိုင်း၌ မယ်တော်ထံသို့ ယုံကြည်အားကိုးခြင်းဖြင့်သွားပါ။ အဘယ်ကြောင့်ဆိုသော် မယ်တော်၏ ဆုတောင်းမေတ္တာသည် ကယ်တင်ခြင်းအမှုတော်ကို အလျှင်အမြန် ပြီးမြောက်စေသောကြောင့် ဖြစ်သည်။ (မာသာရ်ကာရိုလီးနာ အော်ဆေးနီဂို)
၉။ ကျွန်ုပ်တို့၏ ဆပ်ဖြေပူဇော်ခြင်းကို လက်ခံပြီး လူအများ၏ စွန့်ပယ်ခြင်းကိုခံရသော ဝိညာဉ်များအားကျွန်ုပ်တို့ထံ ပေးအပ်ထားခြင်းသည် ဘုရားသခင်၏ကြီးမားသော ကရုဏာမေတ္တာ၏သက်သေပင် ဖြစ်ပါသည်။ (မာသာရ်ကာရိုလီးနာ အော်ဆေးနီဂို)
ချစ်သမီး . . . .မိမိကိုယ်ကို ပြုပြင်ပြောင်းလဲခြင်းဟူသော အတွေးမှတပါး အခြားသော မည်သည့်အရာကိုမှ တွေးတောခြင်း မပြုဘဲ သင်သည် ရောက်ရှိလာမည့် နေ့ရက်များကို ဘုရားသခင်တစ်ပါးတည်းနှင့်သာ အချိန်ကို ကုန်လွန်စေရမည် ဟူသော အတွေးသည် ကျွန်ုပ်ကို ကြီးမားသော နှစ်သိမ့်မှု ဖြစ်စေသည်။ ဘုရားသခင်သည် သူ၏အသံတော်ကို သင်ကြားနိုင်ရန် ပြုလုပ်ပေးမည်ဟု ကျွန်ုပ်ထင်မြင် ယူဆသည်။ သင်၏နှလုံးသားကို သူသည် စကားပြောလိမ့်မည်။ သင်၌ရှိသော သူမနှစ်သက်သည့် အရာများကို သင် သတိမူမိစေရန် ပြုလုပ်ပေးလိမ့်မည်။ သူသည်သင့်အား သူ့အလိုတော်အတိုင်းလိုက်၍သူ့အား ကျေနပ်နှစ်သက်စေခြင်းမှတပါး အခြားမည်သည့် အရာကိုမျှ ရှာဖွေခြင်းမပြုသည့်စစ်မှန်သော သတို့သမီးကဲ့သို့ သင့်ထံမှသူလိုလားသော အရာဟူသမျှကို နားထောင်ပြီး ပြုလုပ်လိမ့်မည်။ ယခုနေ့ရက်များအတွင်း သင့်အတွက် ကမ္မဋ္ဌာန်းပြုလုပ်ရန် တွေးတောဆင်ခြင်ရန်အချက်တို့ကို သင့်အား ပြောလိုပါသည်။ သင့်အား ဒေသ ထိုင်ပြီးအထောက်အကူပြုမည့် အချို့သောသင့်အတွက် ဆုတောင်းပေးနေမည်။ အမေကြီးကယ်ရိုလိုင်းအတွက် ဆပ်ဖြေခြင်းအမှုကို ပြုခြင်းဟာ သူမရဲ့ ချစ်ခြင်းမေတ္တာပြသခြင်းအမှု ဆာငတ်ခြင်းနဲ့ ဆက်စပ်မှုရှိနေတယ်။ တည်ငြိမ်အေးချမ်းခြင်း၊ ပွင့်လင်းခြင်း၊ ပြည့်ဝတဲ့ယုံကြည်ခြင်း၊ ဘုရားရှင်ပြညွှန်တော်မူတဲ့ မည်သည့်အလုပ်ကိုမဆို ပြည့်နာလက်ခံခြင်းတို့ဟာ သူမရဲ့ ပြင်းပြတဲ့ဆန္ဒဖြစ်တယ်။ သူနဲ့ဆက်ဘာတစ်ခုလုံးက ဘုရားရှင်ကို ချစ်တဲ့စိတ်နဲ့ နီးစပ်သူတွေကို ချစ်မေတ္တာပြုခြင်းတို့ လောင်ကျွမ်းလျှက်ရှိပြီး သူမရဲ့ နေ့စဉ်သက်တာ လုပ်ဆောင်ရာရာတိုင်းမှာ ဖေါ်ပြလို့နေတယ်။ ချစ်ခြင်းမေတ္တာ မီးပွားတွေကို နေရာတိုင်းမှာ ပျံ့နှံ့စေတဲ့သူဖြစ်စေပါ။ စစ္စတာရ်တစ်ပါးဆီကိုရေးတဲ့ မာသာရ် ရဲ့ပြန်စာတစ်စောင်မှာလည်း သူမရဲ့ ချပ်ခြင်းမေတ္တာကို တွေ့မြင်နိုင်ပါတယ်။ အခုနေ ကျမအလုပ်တွေမများဘူး ဆိုရင် သင့်ဆီကိုအလျှင်လာချင်တယ်။ သူကိုထပ်မံတွေ့ဖို့ ဆန္ဒရှိနေတယ်။ ဒါပေမဲ့ ကျမရဲ့ဆန္ဒဟာ ကျမနဲ့လုံးဝ သက်ဆိုင်မှု ပတ်သက်မှု ကျမမပိုင်ဆိုင်တော့ပါ။ အကြောင်းကတော့ ကျမရဲ့ဆန္ဒတွေကို ချစ်ခြင်းတရားဆီကို ရောင်းလိုက်ပြီးဖြစ်တယ်။ အမေကြီးဟာ မိမိတို့အပြစ်အတွက် ဆပ်ဖြေခြင်းအမှုကို ပြုတဲ့နေရာမှာ St.Mary Magdalene ကို စံနမူနာယူကြရမှာ ဖြစ်တဲ့အကြောင်း၊ သူမဟာမိမိနောင်တ တရားရချိန်၊ ပြောင်းလဲချိန်ကစပြီး “သခင်ခရစ်တော် ကာလ်ဝါရီတောင်ပေါ်မှာ အသေခံခြင်း၊ ရှင်ပြန်ထမြောက်တဲ့ သင်္ဂျိုင်းဂူတိုင်အောင် အဖေါ်ပြု လိုက်ပါ ခဲ့တဲ့အတွက် ကယ်တင်ရှင်ရဲ့ ထူးခြားတဲ့ အရေးပေးမှုကို ရရှိခဲ့တယ်။
ဘာသာပြန် စီစစ်ရေးသားပေးခဲ့သူများ - Mother Theresa Rose (ISR), Mother Simplicia Ah Ei (ISR) and Mother Gloria Aye Aye Naing (ISR)
မာသာရ်အဲန်မေရီမားရိုးဗစ်ချ်၏ဘဝဖြစ်စဉ်သမိုင်း
အဲန်း၏ ကလေးဘဝ
အဲန်းမေရီမားရိုးဗစ်ချ်ကို မွေးသဖခင် ဦးဂျိုးဇက်အားရိုးဗစ်ချ်နှင့်မွေးသမိခင်ဒေါ်မာရိယာအီကနိုးဗစ်ချ်တို့မှ ဖေဖေါ်ဝါရီလ (၇) ရက်၊ ၁၈၁၅ ခုနှစ် ဗင်းနစ်မြို့တွင် မွေးဖွားသန့်စင်ခဲ့ပါသည်။ မိဘများနှင့် ဆွေမျိုးသားချင်း အသိုင်းအဝိုင်းတို့သည် ဘုရားတရားကိုင်းရှိုင်းသူများကြဖြစ်ပြီး သူတို့၏ အချစ်ကို တစ်ဦးတည်းသောသမီးလေး အဲန်းသည် အပြည့်အဝ ရယူပိုင်ဆိုင်ခွင့် ရရှိခဲ့သည်။
အဲန်းသည် အလွန်ပင် စိတ်ဆိုးလွယ်သည်။ အငြိမ်မနေတတ်ပဲ အမြဲတမ်းလှုပ်လှုပ်ရှားရှားနေတတ်သည်။ မာနကြီးသည်။ သို့ရာတွင် မိခင်ဖြစ်သူသည် အဲန်းအား ဘုရားရှိခိုးဆုတောင်းတတ်ရန် သင်ကြားပေးခဲ့သည်။ အဲန်း (၉) နှစ်အရွယ်တွင် ဘုန်းတော်ကြီး ဒါနီအဲလ်ကာနယ်၏အုပ်ထိန်းမှုအောက်တွင် ပထမအာပတ်ဖြေခြင်း၊ အသက်(၁၀)နှစ် အရွယ်တွင်ခရစ္စမားအားပေးခြင်း၊ ၁၈၂၆ ခုနှစ်၊ အသက်(၁၁)နှစ်အရွယ်တွင် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားပွဲနေ့၌ ပထမကိုယ်တော်မြတ်ပင့်ယူခြင်း စသည့်စက္ကရမင်းမင်္ဂလာများကို ခံယူခဲ့ပါသည်။
အသက်(၁၁)နှစ်အရွယ်တွင် အရွယ်နှင့်မလိုက်အောင်ပင် ထက်မြက်သောအဲန်းသည် မိမိဝါသနာပါသောကစားခြင်း၊ စာဖတ်ခြင်း၊ ဝတ္ထုဖတ်ခြင်းနှင့် အခြားသော စာပေများကို လေ့လာဆည်းပူး ခဲ့ပါသည်။ သို့ရာတွင် ဤသို့သော ထက်မြက်မှုကို ဘုရားပေးတော်မူသော လက်ဆောင်အဖြစ် နားလည်လာပြီး နောက်တွင် ဤလက်ဆောင်ကို လောကီရေးရာ၊ သွေးသားနှစ်သက်မှုများအတွက် အသုံးပြုရန် မဟုတ်ကြောင်းကို သိနားလည်ကာ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့သည်။ ပထမအာပတ်ဖြေပြီးသည့်နောက် သူမသည် ဝိညာဉ်ရေးကိုထိပါးစေသည့် စာအုပ်များဖတ်ရှုခြင်းကို ရှောင်ကျဉ်တော့သည်။ နောက်ပိုင်းတွင် ဘုရားတရား အရေးတွင် စိတ်အားထက်သန်မှု ပိုမိုပြင်းပြလာပြီး ဘုရားတရားကြည်ညိုကိုင်းရှိုင်းခြင်းမိမိ၏တာဝန်ဝတ္တရားများကို ဇွဲလုံ့လဝီရိယဖြင့် ပြုလုပ်လာခြင်း၊ စသည့်ပါရမီများဖြင့် သူမ၏ ဘဝကို စတင်ဆောက်တည်ခဲ့လေသည်။
ငယ်ရွယ်သူ အဲန်း
ဘုန်းတော်ကြီး ဒါနီအဲလ်၏လမ်းညွှန်မှုအောက်တွင် အဲန်းသည် အချိန်တိုတိုနှင့် လိုအပ်သော ပညာရပ်များ၊ စိတ်ဝိညာဉ်သန့်ရှင်းဖြူစင်ခြင်းအကြောင်းများကို သင်ခဲ့ယူနိုင်ခဲ့သည်။ ကျောင်းသို့ မသွားပဲ လာတင်းအီတလီ ဘာသာစကားများ၏ အခြေခံသဘောတရားများကို ဆရာကောင်းများနှင့် အိမ်တွင်သာ သင်ယူခဲ့ရသည်။ အဲန်း၏ စာပေလေ့လာမှု၌ ထက်မြက်ခြင်းစိတ်ကူးစိတ်သန်းကောင်းခြင်းနှင့် ထိရောက်စွာ သင်ကြားခွင့် ရရှိခဲ့ခြင်းတို့ကြောင့် တတ်ကျွမ်းထူးချွန်သူတစ်ဦး ဖြစ်လာခဲ့သည်။ ပန်းချီနှင့် ဂီတပညာရပ်များကိုလည်း သင်ယူတတ်ကျွမ်းခဲ့ပါသည်။ သူမသည် ပန်းချီရေးဆွဲခြင်း၌ ပိုမို၍ ထူးချွန်သူ ဖြစ်ခဲ့ပါသည်။ နောက်ပိုင်းတွင် လောကုတ္တရာရေးဆိုင်ရာ စာမူများ၊ ကဗျာ၊ လင်္ကာများကိုသာ ရွေးချယ်ရေးသားခဲ့သည်။ အဲန်းရေးသားသော စာမူများသည် လောကုတ္တရာ စာပေလောကတွင် ဝင်ဆန့်နိုင်သည်ဖြစ်၍ ဖတ်ရသူတိုင်း၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်ခဲ့သည်။ အဲန်းသည် သူမရေးသားခဲ့သော စာအုပ်များထဲမှ ‘The Science of The Cross’ စာအုပ်ကို အလွန်နှစ်သက်ခဲ့သည်။ ကာဒီနယ်သည် အဲန်းရေးသားသော စာမူများကို စာအုပ်ထုတ်ဝေခွင့် ပေးသည်အထိ အားပေးခဲ့သည်။ အဲန်း အသက်
(၂ဝ)အရွယ်တွင် စာအုပ်ပေါင်း(၈)အုပ်ကိုရေးသားထုတ်ဝေနိုင်ခဲ့ပြီးဖြစ်သည်။
၎င်းတို့မှာ ၁။လမြတ်ဂျူလိုင် (ခရစ်တော်၏ အသွေးတော်ကိုအထူးသဒ္ဓါကြည်ညိုရန်အတွက်လမ်းညွှန်စာအုပ်)
၂။ရဟန္တာမဒေါ်ရသီ၏ဘဝသမိုင်းနှင့် တရားဟောချက်များ၊အထူးသဖြင့် ကလေးတွေကိုမည်သို့ဘုရားစကား သင်ကြားပေးရမည်ဆိုသည့်လမ်းညွှန်စာအုပ်၊
၃။လူတိုင်းအတွက်ကိုယ်ကျင့်တရားနှင့်ပတ်သက်သောစာစောင်များစုစည်းထားသည့်စာအုပ်၊ ၄။အမျိုးသမီးများ၏ဝတ်စားဆင်ယင်မှုအပေါ် ခရစ်ယန်ဘာသာအမြင်အားဖြင့် ဆင်ခြင်သုံးသပ်ထားသည့်စာအုပ်၊
၅။အမျိုးသမီးငယ်များအတွက် ခရစ်ယာန်ကိုယ်ကျင့်တရားဆိုင်ရာဘဝလမ်းညွှန်စာအုပ်၊
၆။အာပတ်ဖြေခြင်းနှင့်ကိုယ်တော်မြတ်ပင့်ယူခြင်းအပေါ်ဆင်ခြင်သုံးသပ်ထောက်ရှုခြင်းနှင့်ဆုတောင်းမေတ္တာများ၊
၇။ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုထောက်ရှုစဉ်းစားခြင်း၊ ၈။စစ်မှန်သောသဒ္ဓါကြည်ညိုမှုအပေါ်ဆင်ခြင်သုံးသပ်ထောက်ရှုခြင်း၊ စသည်တို့ကို ရေးသားထုတ်ဝေခဲ့သည်။
အဲနီးသည် စုတ်တံကိုကိုင်သော နေရာတွင်လည်း ဘုရားသခင်၏ နက်နဲဆန်းကျယ်သော အရာများကို ဖော်ကျူးချယ်မှုန်းနိုင်ခဲ့သောကြောင့် သူမ၏ပန်းချီကားများကို ဗင်းနစ်မြို့ရှိ ဘုရားကျောင်းများတွင်အမှတ်တရ အနေဖြင့် ယနေ့တိုင်ချိတ်ဆွဲထားကြသည်။ သူမရေးဆွဲခဲ့သော မယ်တော်သခင်မ၏ ပုံတော်ပန်းချီကားကို ပုပ်ရဟန်းမင်းကြီး နဝမမြောက်ပီဘူးအား လက်ဆောင်ဆက်သခဲ့ရာ ရဟန်းမင်းကြီးသည် ထိုပုံတော်ကို အလွန်နှစ်သက်မြတ်နိုးခဲ့သည်။ သူမခြယ်သသောပန်းချီကားတိုင်းသည် ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်သော ရုပ်လုံးကို ပြောင်မြောက်စွာ သရုပ်ဖော်ရေးဆွဲထားသော ပုံများဖြစ်သည်။ သူမခေတ်တွင် သူမရေးဆွဲခဲ့သည့် ပန်းချီကားချပ်များမှာ လူကြိုက်များ၍ ရေပန်းစားသော ပန်းချီကားများဖြစ်ခဲ့သည်။
အဲန်းအတွက် ရုန်းကန်မှုတစ်ခု
အဲန်းသည် ပထမကိုယ်တော်မြတ်ပင့်ယူပြီးသည့်အချိန်မှစ၍ ဖြူစင်ခြင်းသစ္စာဖြင့် မိမိဘဝကို ဘုရားသခင်ထံ လုံးလုံးလျားလျား ဆက်ကပ်အပ်နှံထားခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မျှ အကြံမပေးခြင်းမျိုး မဟုတ်ဘဲ ရာသက်ပန်သစ္စာကိုပြုလုပ်ခဲ့သည်။ လေးငါးလလွန်ချိန်မှသာလျှင် ဘုန်းတော်ကြီးဒါနီအဲလ်ကို ပြောပြသောအခါ ကိုယ်တော်ကအံ့အားသင့်ခဲ့ရသည့်အပြင် ဤကဲ့သို့ မဆင်မခြင်ပြုလုပ်လိုက်ခြင်းအတွက် သူမအားသတိပေးဆိုဆုံးမခဲ့သည်။ ၎င်းသစ္စာကိုဖြေရန်အတွက် ပုပ်ရဟန်းမင်းကြီးထံသို့ လျှောက်တင်ရမည့် အကြောင်းကိုလည်း သူမအားရှင်းပြခဲ့သည်။ ထို့နောက်တွင် သူမအားတစ်နှစ်လျင်တစ်ကြိမ် တစ်နှစ်တာ အချိန်ကာလအတွက်သာ သစ္စာပြုခြင်းကို ပြုလုပ်ခွင့်ပေးခဲ့သည်။
ဘုန်းတော်ကြီး၏ ဆုံးမသွန်သင်မှုများသည် အဲန်းအတွက်များစွာ အကျိုးရှိသည့်အပြင် သီလရှင်ဖြစ်လိုသော ပြင်းပြသည့်ဆန္ဒအတွက် တွန်းအားလည်းဖြစ်ခဲ့ရသည်။ အဲန်းသည် ထိုအချိန်မှစ၍ ပိုမို၍ခြိုးခြံခြင်းအမှုများကို ကျင့်ဆောက်တည်ခဲ့သည်။ သက်တောင့်သက်သာရှိသော အိပ်ယာမျိုး၌မအိပ်ခြင်း၊ မိမိကြိုက်သည့် အစားအသောက်များကို ရှောင်ကျဉ်ခြင်း စသသည့်အမူအကျင့်တို့ဖြင့် မိမိ၏ ဆန္ဒကိုချိုးနှိမ်ခဲ့သည်။ မိမိ၏နေ့စဉ်လုပ်ငန်းအတွက် အချိန်ဇယားကိုရေးဆွဲခဲ့သည်။ ဆုတောင်းပြုရန် အချိန်ကို သက်မှတ်ပြီးအားလပ်သော အချိန်များတွင် အခြားလုပ်ငန်းများကိုလည်း လေ့လာသင်ယူခဲ့သည်။ မိမိရေးဆွဲထားသည့် အချိန်ဇယားအတိုင်း အချိန်ကို တန်ဖိုးထားပြီး တိကျစွာ လိုက်နာဆောင်ရွက်ခဲ့သည်။
ထိုအချိန်အခါမျိုး၌ မိဘများက အဲန်းကိုအရိပ်တကြည့်ကြည့်နှင့် သူမ၏ ရည်မှန်းချက်မြင့်မားသည်ကို နှစ်သက်သဘောတွေ့ခဲ့ကြသော်လည်း ဘုရားရှင်အတွက် ဘဝတစ်ခုလုံး ဆက်ကပ်အပ်နှံခြင်းကိုမူ မလိုလားခဲ့ ကြပေ။ အဲန်းမိဘ၏ မိတ်ဆွေမိသားစုတစ်စုသည် မိမိတို့၏ သားနှင့် အဲန်းကို လက်ထပ်ထိမ်းမြားပေးစေလိုကြောင်း တောင်းဆိုလာသည်။ ထိုသို့ပြောဆိုသံများကို ကြားရသောအခါ အဲန်းသည်ချက်ချင်းပင် ဘုရားသခင်ထံ တောင်းဆုပြုလိုက်သည်။ သူမသည် ပထမကိုယ်တော်မြတ်ပင့်ယူစဉ်ကပင် ဘုရားသမင်ထံ မိမိကိုယ်ကို လုံးလုံးလျားလျား အပ်နှံပူဇော်ခဲ့သည်ဖြစ်၍ မည်မျှပင် ပြည့်စုံသည်ဟုဆိုစေကာမူ မည်သည့် လောကီအမျိုးသား နှင့်မျှ ထိမ်းမြားသော သတို့သမီး မဖြစ်လိုကြောင်း ဆုတောင်းခဲ့သည်။
အဲန်း၏ မိခင်ကြီးသည် မိမိ၏အစီအစဉ်ထဲသို့ မိမိ၏သမီးအား သွေးဆောင်၍မရနိုင်ကြောင်းကို သိလာရသောအခါ ဝမ်းနည်းအံ့သြခဲ့ရသည်။ သူမ၌ အခြားသောစိတ်ကူးစိတ်သန်းများ ဝင်မလာစေရန်လည်း မျှော်လင့်ချက်များထားခဲ့သည်။ သို့သော်အဲန်း၏ ရင်တွင်း၌မူအခြားသော ရည်မှန်းချက်များ ရှိနေခဲ့ပြီးဖြစ်သောကြောင့် မိမိ၏ ဝိညာဉ်ရေးလမ်းညွှန် ဘုန်းတော်ကြီး၏ ခွင့်ပြုချက်ဖြင့် မိဘများထံ မိမိဆန္ဒကို တင်ပြနိုင်မည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။ တစ်နေ့တွင် မိမိ၏ဆုံးဖြတ်ချက်ကို မိဘနှစ်ပါးအား ပြောပြလိုက်သောအခါ သူတို့သည် လွန်စွာပင်အမျက်ထွက်ခဲ့ကြပြီး အဲန်းကိုသူတို့၏ ခြေရင်းတွင် အသက်ဆုံးရခြင်းထက် ထောင်နှင့်တူသော ကွန်ဗင့်ကျောင်းထဲတွင် သေဆုံးရသည်ကို မမြင်လိုကြကြောင်း ခါးသီးစွာ ပြောဆိုခဲ့ကြသည်။ ထို့နောက်တွင် မိဘများက အဲန်းအားပျော်ပွဲရွှင်ပွဲများဖြင့် စည်းရုံးခဲ့ကြသော်လည်း မအောင်မြင်ခဲ့ချေ။
အဲန်းသည် ဤသို့သော စုံစမ်းခြင်းကို ၅ နှစ်တာမျှ ခံစားခဲ့ရသည်။ ဝိညာဉ်ရေးစိတ်အားထက်သန်သော အဲန်းအဖို့ မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်း မရှိတော့သည့်အပြင် မိမိ၏ခေါ်တော်မူခြင်းအတွက် ရုန်းကန်မှုတစ်ရပ်သာဖြစ်ကြောင်း လေးနက်ခိုင်မာစွာ ခံယူခဲ့လေသည်။
အဲန်းနှင့်ထူးဆန်းသည့်အာရုံများ
တစ်ခါက ခရစ်တော်သည် အဲန်းကို သင်သည် ငါ့၏လက်ထဲတွင်ရှိသော မြေအိုးနှင့်တူကြောင်း မိန့်ဆိုခဲ့သည်။ ဤကဲ့သို့ မိန့်တော်မူခြင်းသည် အဲန်းကို ချစ်မြတ်နိုး၍ သူနှစ်သက်သည့်အတိုင်း သူမကို အသုံးပြုလိုကြောင်း၊ အားနည်းသောဝိညာဉ်ကို မိမိ၏လုပ်ငန်းစဉ်အတွက် အသုံးတော်ခံ(instrument)အဖြစ် မည်ကဲ့သို့ အသုံးပြုရမည်ကို ကောင်းစွာသဘောပေါက်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ခရစ်တော်၏ မိန့်မှာချက်များကို အဲန်းသည် အမြဲတမ်းပင် ကြည်ညိုလေးစားခဲ့သည်။ ခရစ်တော်က ထပ်မံပြီးသူမအား ‘သင့်ကိုမြောက်များစွာသော ကလေးသူငယ်တို့၏မိခင် ဖြစ်စေမည်။ သင့်အားဖြင့်ဤကြီးမားသောအရာကို ငါပြုလုပ်မည်’ ဟုမိန့်တော်မူသည်။တစ်နေ့တွင် အဲန်း၏ စိတ်နှလုံးသည် ခရစ်တော်သခင်အား လုံးလုံးလျားလျား ဆက်ကပ်ပူဇော်လိုသော ပြင်းပြသည့်စိတ်ဆန္ဒများ ဖြစ်ပေါ်လာခဲ့သည်။ အကြောင်းမှာ ကမ္ဘာလောကသားများ အပြစ်အတွက် ဆပ်ဖြေပေးဖို့ဖြစ်သည်။ သူမ၏ အနာဂါတ်ကာလတွင် လုပ်ဆောင်ရမည့် လုပ်ငန်းများကို ဖေါ်ပြနေသော သဘာဝထက်လွန်ကဲသည့် အတွေးအခေါ်များ ရရှိပြီးသည့်အချိန်တွင် သူမသည် စိုးရိမ်စိတ်များနှင့် ကြုံတွေ့လာခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအတွေးအခေါ်များသည် သူမ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပြီး နတ်ဆိုး၏ လှည့်ဖြားမှုဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်သူမ၏ ဝိညာဉ်လမ်းညွှန် ဘုန်းတော်ကြီးနှင့် တိုင်ပင်ရန်ဆုံးဖြတ်ပြီး သီလရှင်ဘောင်သို့ဝင်လျင် သင့်လျှော်မည်ဟု သူမယူဆခဲ့သည်။
တစ်နေ့သောအခါ သူမသည် ကိုယ်တော်မြတ်ပင့်ယူပြီး ခရစ်တော်ထံဆုတောင်းခဲ့သည်။'ကိုယ်တော် ဘုရား= တပည့်တော်မကို ကာပူချင် (Capuchin) သီလရှင်ဖြစ်ဖို့ အလိုတော်ရှိပါသလော” ဟုမေးလျှောက်ရာတွင် သူမ၏ နှလုံးသားတွင်းမှ ခရစ်တော်က 'နိုးဟုဆိုပြီး ငါ့အားကြီးမားသော ဘုန်းဂုဏ်တော်ကိုဖြစ်စေမည့် အသင်းဂိုဏ်း တစ်ခု၏ မိခင်အဖြစ်ငါအလိုရှိသည်။ ဤအသင်းဂိုဏ်းသည် ဆပ်ဖြေခြင်းအမှုပြုလုပ်ရန်ဖြစ်သည်’ ဟုမိန့်မှာတော်မူ ၏။ သူမသည် ဤဆပ်ဖြေခြင်းအမှုတော်ကို တိကျခိုင်မာသောဖွဲ့စည်းမှုဖြစ်ရန် ပုံဖော်စဉ်းစား ခဲ့သည်။ နောက်ဆုံးတွင် Pious Reparation Union of the Most Precious Blood အဖွဲ့ဖြစ်ပေါ်လာပြီး တိုတောင်းသော အချိန်ကာလအတွင်း လူပေါင်း(၃၀၀၀)ကို စုစည်းမိခဲ့သည်။ ကာဒီနယ်မောနိကိုမှ အပြည့်အဝထောက်ခံမှုကို ရရှိခဲ့ပြီပုပ်ရဟန်းမင်းကြီး (၁၆) ပါးမြောက်ဂေဂေါ်ရီမှလည်း များစွာသောအပြစ်ခွင့်လွှတ်ခြင်း ကျေးဇူးတော်များ (Indulgences)ကိုပေးသနားတော်မူခဲ့သည်။ ထို့နောက်တွင် အောင်မြင်မှုများ ရရှိလာသည်နှင့်အမျှ စုံစမ်း နှောက်ယှက်မှုများကိုလည်း အလူးအလဲပင်ခံခဲ့ရသည်။ တစ်ခုသော သူမ၏မှတ်တမ်းတွင် သူမသည် မကြာခဏဆို သကဲ့သို့ အတွင်းစိတ်၌မီးနှင့်တူသော ပူလောင်ခြင်းမျိုးကို ခံစားရသဖြင့် မကြာခဏရေသောက်၍ ထိုပူလောင်ခြင်းကို ကုသခဲ့ရလေသည်။ ကျန်းမာရေးထိခိုက်မှုများ ဖြစ်လာသော်လည်း အဲန်းသည် ဆိတ်ဆိတ်နေ၍ သူမ၏ ရောဂါကိုထမ်းခဲ့သည်။ သို့ရာတွင် ဘုရားသခင်သည် သူမအားကျေးဇူးတော်များ သွန်းလောင်းပေးလျက် ရှိနေသည်။
အဲန်း၏ ခိုင်မာသောယုံကြည်ခြင်း
အဲန်းသည် သူမ၏ကျန်းမာရေး ချို့တဲ့လာမှုနှင့်အတူ ဒုက္ခအခက်အခဲများကို သတ္တိရှိရှိ ယုံကြည်ခြင်းနှင့် ခံထမ်းခဲ့သည်။ သူမသည် ကျန်းမာရေးအတွက် ရှည်လျှားသောဆေးကုသမှု ခံယူရမည်ကို စိုးရိမ်လာသည်။ အကယ်၍ သူမ၏နာမကျန်းဖြစ်ခြင်းသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ခဲ့ပါလျှင် စိန့်ပေါလ်ကဲ့သို့ အားနည်းမှုထဲမှ ဘုရားသခင်၏ဂုဏ်တော်အတွက် ပေးဆပ်မည်။ ချီးမွမ်းမည်။ အရာအားလုံးကို ဘုရားသခင်ပေးသနားခဲ့ကြောင်း မိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြင့် နှစ်သိမ့်မှုများပေးခဲ့သည်။ မှတ်တမ်းတစ်ခု၌ ငါသည်ကြောက်ရွံ့ခြင်းနှင့် စိတ်ဓါတ်ကျခြင်းကို တွန်းလှန်နိုင်သော ခိုင်မာတောင့်တင်းသည့်နှလုံးသားကို ပိုင်ဆိုင်ထားသည်။”ဟူ၍ ရေးသားထားသည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။ ၎င်းမှတ်တမ်း ကိုရေးသားချိန် တွင် သူမ၏အသက်သည် (၂၉)နှစ် ရှိခဲ့ပေပြီ။ဆရာဝန်မှ အဲန်းအားအနီးကပ်ဆေးကုသမှု ခံယူရန်အတွက် အကြံပေးခဲ့သည်။သို့သော်အဲန်းအနေဖြင့် ဆေးကုသမှုမခံယူပဲနေလျှင် သာ၍ကောင်းမည်ဟူသည့် အတွေးတစ်ခု ဝင်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အဲန်းသည် စိန့်အလွိုက်ရှက်၏ကျင့်စဉ်ကို အားကျမိသည်။ တစ်ခါကစိန့်အလွိုက်ရှက်၏ အကြီးအကဲမှ သူ့အား ဘုရားသခင်အကြောင်းကို မတွေးတောဘဲ ခဏတဖြုတ်နေရန် တောင်းဆိုခဲ့ဖူးသည်။ သို့သော် သူ့အားဘုရားသခင်က ဆွဲဆောင်နေသောအရာကို မစဉ်းစားပဲမနေနိုင်ကြောင်း ပြောခဲ့ဖူးပါသည်။ အလားတူပင် အဲန်းသည်လည်း သူမ၏စိတ်နှလုံးထဲသို့ ဘုရားသခင်ကြွဝင်မှုကို မတားဆီးနိုင်ကြောင်းပြောခဲ့သည်။နောင်နှစ်အနည်းငယ်ခန့်အကြာတွင်သူမ၏ရည်မှန်းချက်အိပ်မက်သည် အကောင်အထည်ပေါ်လာခဲ့သည်။ အထူးသဖြင့် သူမ၏တမန်တော်လုပ်ငန်းက သက်သေထူခဲ့သည်။ သူမထံ ခိုလှုံကြသော ဆင်းရဲသားများကို နှုတ်အားဖြင့်ဖြစ်စေ၊ စာအရေးအသားများဖြင့်ဖြစ်စေ၊ ကူညီမှုများပေးနိုင်ခဲ့သည်။ ထို့ကြောင့် သူမကို လေးစားသူများတဖြည်းဖြည်းများပြားလာခဲ့သည်။ ဤသို့သောအခြေအနေမျိုးအတွက် သူမသည်ဘုရားသခင်အား အမှန်တကယ်ပင် ကျေးဇူးတင်နေမိခဲ့သည်။ ပန်းပုဆရာသည် လှပသောပန်းပုရုပ်လေး တစ်ခု ဖြစ်လာစေရန် လိုအပ်သလိုထွင်းထုခဲ့ခြင်းပင်ဖြစ်သည် မဟုတ်ပါလော။
စွန့်လွတ်အနစ်နာခံသောအဲန်း
အဲန်း၏အဝတွင် စုံစမ်းနှောက်ယှက်မှုများစွာ ကြုံတွေ့ခဲ့ရပြီး ဝိညာဥ်ရေးရာ၌လည်း ပြင်းထန်စွာခံခဲ့ရသည်။ မည်သည့်အခက်အခဲများနှင့်ပင်တွေ့ကြုံရစေကာမူ ဘုရားသခင်သည် သူမအားစွန့်ပစ်မထားကြောင်းလို့သူမ အတိအကျ ယုံကြည်ခဲ့သည်။ ၁၈၉၂ ခုနှစ် သူမ၏မှတ်တမ်းတွင် ငါသည်ဒုက္ခဆင်းရဲ အနစ်နာခံမှုကို ဆာလောင်၏။ မိဘများ၏ ဆန့်ကျင်မှုဒဏ်ကိုခံရခြင်း၊ ဝိညာဥ်ရေးရာကျင့်စဉ်များကို ရပ်ဆိုင်းထားရခြင်း၊ ကျန်းမာရေးကြောင့် ခံစားရခြင်း၊ “ဤအရာအားလုံးတို့သည် ငါဆာလောင်နေသော တောင့်တမှုများဖြစ်သောကြောင့် ဘုရားသခင်သည် ငါ၏နှလုံးတွင် လေးနက်စွာဖြင့် ခံထမ်းရန်စီစဉ်ပေးခြင်းဖြစ်၍ ငါ၏တောင်းလျှောက်သံကို ဘုရားသခင် နားမညောင်းပဲ မနေပါ” ဟုရေးသားထားသည်။
အဲန်းသည် ထောင်ပေါင်းများစွာသောဝိညာဉ်များကို ကယ်တင်လိုသည့်ပူဇော်မှုကို ပြုလုပ်လို၏။ သို့မှသာ လူသားအားလုံးသည် ဘုရားသခင်ကိုသိရှိလာကြပြီး ချစ်ခင်လာနိုင်ကြပေလိမ့်မည်။ ထို့ကြောင့် သူမသည် အနည်းဆုံးဝိညာဥ်တစ်ခုလို ကယ်တင်နိုင်ခဲ့သော် တာရှည်စွာနေရလျှင်လည်း အကြောင်းမဟုတ်၏” ဟုပြောကြားခဲ့သည်။ ၁၈၄၈ ခုနှစ် မှတ်တမ်းတွင် တစ်ပါးသူတို့၏ ကမ္ဘာကုန်သည့်တိုင်အောင် ငရဲငယ်တွင် အပြစ်များအတွက် ဆပ်ဖြေပေးလိုသော တာဝန်ကိုယူရန် စိတ်ဆန္ဒတဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။ သူမ၏အသက် (၃၃) နှစ်တွင် ကိုယ်ရောစိတ်ပါ ဒုက္ခအခက်အခဲများနှင့် ကြုံတွေ့ ခဲ့ရသော်ငြားလည်း ခရစ်တော်အတွက် ရည်စူး၍ မိမိ၏ ဒုက္ခအကြောင်းကို တစ်ခွန်းမျှပင်ဖွင့်ဟပြောဆိုခြင်းမပြုဘဲ နှုတ်ဆိတ်နေခဲ့သည်။ ခရစ်တော်သည် သူ၏အလိုတော်ကို သူမ၏ သြတ္တပ္ပစိတ်အားဖြင့် စကားတော်မိန့်မှာလျက် ရှိနေသည်။
၁၉၅၁ခုနှစ် မှတ်တမ်းတွင် ငါ၏ဒုက္ခများသည် တစ်နေ့ထက်တစ်နေ့ ကြီးထွားများပြားလာ၏။ ဖခင်၏စီးပွားရေးလုပ်ငန်းများကျဆင်းလာခြင်း၊ အထောက်အပံ့နည်းလာခြင်း၊ ရောင်းချမှုနှုန်းနည်းပါးလာခြင်း တို့ကြောင့် မျှော်လင့်ချက်ကုန်ခမ်း၍ ရူးသွင်သွားမည်ကို စိုးရိမ်ပူပန်မိသည်” ဟုရေးသားခဲ့သည်။ ဤအတောအတွင်းတွင် မိသားစုငွေရေးကြေးရေးပြဿနာများကို ဖြေရှင်းပေးရင်း နောက်ဆုံး အဲန်းမွေးဖွားခဲ့သည့် အိမ်ကြီးနှင့်ဥယျာဉ်ကိုပါ အလျင်အမြန်ရောင်းချခဲ့ရလေသည်။ အိမ်ရောင်းပြီးသည်နောက် ဖခင်ကြီး၏ အခြေအနေမှာ ပိုပိုဆိုးရွားလာကာ နောက်ဆုံးတွင် ဖခင်ကြီးသည် စိတ်ဖိစီးမှုဒဏ်ကြောင့် ဘဝနိဂုံးချုပ်ခဲ့သည်။
အဲန်း၏ဖခင်ကြီး ကွယ်လွန်ချိန်တွင် နောက်ဆုံးစက္ကရာမင်းမင်္ဂလာပေးခဲ့သည့် မော်ဆီညော် ဇူအဲနစ်ချ် မှ ဤကဲ့သို့ မှတ်တမ်းတင်ခဲ့သည်။ ဤဝမ်းနည်းဖွယ်ကောင်းသော အချိန်အခါတွင် အဲန်း၏ခရစ်ယာန်စိတ်ဓာတ်ကို ကျွန်ုပ်လေးစားမိသည်။ သူမသည် ပူဆွေးမှုကိုကြိတ်မှိတ်သည်းခံရင်း အေးချမ်းတည်ငြိမ်စွာဖြင့် ကျွန်ုပ်နှင့်အတူ မေတ္တာများကို လိုက်ဆိုနိုင်ခဲ့သည်။ သူမအလွန်အလွန် စိတ်သောကဖြစ်နေသည်ကိုလည်း ကျွန်ုပ်မှတ်မိသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ဖခင်သည် လေသင်တုန်းဖြတ်ထားသော လူမမာဖြစ်သောကြောင့် အာပတ်ဖြေခြင်း စတ္တရာမင်းမင်္ဂလာနှင့် ကိုယ်တော်မြတ်စတ္တရာမင်းမင်္ဂလာကို မခံယူနိုင်ချေ။ သို့သော် ဖခင်ကြီးသည် အသက်ထွက် ခါနီး(၁)နာရီအလိုတွင် မျှော်လင့်ခြင်းအပြည့်နှင့် အရာအားလုံးကို ကျော်လွှားနိုင်ခဲ့ပြီး စတ္တရာမင်းမင်္ဂလာများကို ခံယူနိုင်ခဲ့လေသည်။ လူနာအတွက် လာရောက်ဆုတောင်းပေးကြသော ယုံကြည်သူများက ဤကဲ့သို့ဖြစ်ရခြင်းမှာ အဲန်း၏ ဆုတောင်းမေတ္တာကြောင့်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။၎င်းအပြင် ၁၈၅၁ ခုနှစ်တွင် တစ်ခုသော ပါစကားပွဲနေ့ကြီး၌ တရားနာပရိသတ်များကို တရားပေးနေစဉ် ကာဒီနယ်မောနိကိုသည် နှလုံးရောဂါကြောင့် ပျံလွန်တော်မူခဲ့ရပြန်လေသည်။ ဗင်းနစ်မြို့သူမြို့သားများသည် မိမိတို့၏ဝိညာဉ်ရေးဖခင်ကြီး ပျံလွန်တော်မူသည့် အတွက် ဝမ်းနည်းကြေကွဲခဲ့ကြသည်။ ထိုအထဲတွင် အဲန်းသည်ပို၍ပင်ယူကျုံးမရ ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ကာဒီနယ်သည် ဒုက္ခအခက်အခဲ ကြုံတွေ့နေသူများကို ဖခင်တစ်ဦးသဖွယ် နှစ်သိမ့်မှု ပေးစွမ်းနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူမထံမှ သူမချစ်ခင်လေးစားရသော ပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် သိမ်းပိုက်သွားပုံကို ထောက်ရှုကြည့်မည်ဆိုလျင်သူမအား ဘုရားသခင်တစ်ပါးတည်း ကိုသာ ယုံကြည်အားကိုးပြီး ပူးပေါင်းတတ်စေရန် သွန်သင်နေကြောင်းကို သူမသိရှိနားလည်နိုင်ခဲ့လေသည်။
ခရစ်တော်နှင့်အတူ
ဘုန်းတော်ကြီး ဒါနီအဲလ်သည် အပယ်ခံကလေးသူငယ်များ၏ ဘဝကို မြင့်တင်ပေးရန်နှင့် ၎င်းကလေးများအား ပြုစုစောင့်ရှောက်ရန် ဟူသောသူ၏ရည်ရွယ်ချက်များကို အဲန်းအားပြောပြရန် ချဉ်းကပ်ခဲ့သည်။ အဲန်းကလည်း သီလရှင်ဖြစ်ရန် ဆန္ဒပြင်းပြနေသည့်အချိန်နှင့် တစ်ထပ်တည်းကျနေချိန်ဖြစ်သောကြောင့် ထိုလုပ်ဆောင်ချက်ကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်လေတော့သည်။ ထိုအချိန်မှစ၍ သူမသည် ကာဒီနယ်မောနိကို၏ အရိုက်အရာကိုဆက်ခံ သော ဂိုဏ်းချုပ်ဘုန်းတော်ကြီးရာမာဇော့တီ နိုင်ငံရပ်ခြားသာသနာပြုများအတွက် အသင်းတော်မှ အသိအမှတ်ပြု ထားသည့် အသင်းဂိုဏ်း (PIME) ကို တည်ထောင်သူနှင့် တိုင်ပင်ခဲ့သည်။ထိုဂိုဏ်းချုပ်ဘုန်းတော်ကြီးက ‘ဤအစီအစဉ်ကို သင်ငြင်းဆိုခဲ့ပါလျင် ပျက်စီးသွားလိမ့်မည်ဖြစ်ပြီး အကယ်၍ သင်လက်ခံမည်ဆိုပါက ကြီးမားသော အောင်မြင်မှုကို ရရှိလိမ့်မည်။ တချိန်ချိန်တွင် သင်သည်အခက်အခဲကြုံတွေ့ငြားသော်လည်း ကျွန်ုပ်တို့သည် အကူအညီပေးရန် အမြဲတမ်းအဆင်သင့်ရှိနေမည်။ ထို့ကြောင့်ရိုးသားခြင်းဖြင့် ဤအစီအစဉ်ကိုလက်ခံပါ ဘုရားသခင်၏ အလိုတော်ဖြစ်ပါသည်' ဟုအကြံပေးခဲ့သည်။ထိုအချိန်တွင် မော်ဆီညော် ကာနယ်သည် လုပ်ငန်းအကောင်အထည်ဖေါ်ရန်အတွက် ရန်ပုံငွေရှာဖွေရန် ဗီယင်နာ၊ ပရာဂွေး၊တွိုင်ရိုလ်၊ ဩစတြီးယား နှင့် ဒါလီမာတီယာသို့ ခရီးထွက်နေချိန်ဖြစ်သည်။ ထို့နောက် အဲန်းသည်သူမနှင့် လိုလိုလားလား လက်တွဲပြီး အလုပ်လုပ်လိုသောကောင်းမွန်သည့် မိန်းကလေးများကို ရှာဖွေနေခဲ့သည်။ ဘုရားသခင် အလိုရှိပါလျင် ခရစ်တော်သခင်၏ နှလုံးတော်ကို ထိခိုက်စော်ကားမှုများအတွက် ဆပ်ဖြေရန်နှင့်အပြစ်သားများ နောင်တတရား ရရှိစေရန်အတွက် ဆုတောင်းပေးလိုသော ရည်ရွယ်ချက်ဖြင့် သူမသည်အသင်းဂိုဏ်းတစ်ခုကို တည်ထောင်ရန် ရည်ရွယ်ခဲ့သည်။ ၎င်းနောက် အနည်းငယ်သော အမျိုးသမီးငယ်များနှင့် အသင်းဂိုဏ်းကို အစပြုခဲ့သည်။ ဤရည်ရွယ်ချက်များကြောင့် သူမကိုယ်တိုင်မိန်းကလေးများကို အပင်အပန်းခံပြီး သင်တန်းများပေးခြင်း၊ ခရစ်တော်နှင့် နီးစပ်မှုရရှိရန် ကမ္မဋ္ဌာန်းရှုခြင်း၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်းများ ပြုလုပ်တတ်ရန် သွန်သင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ ဂိုဏ်း၏စည်းမျဉ်းဥပဒေများကိုလည်း ရေးဆွဲခဲ့သည်။ သူမရေးဆွဲသော ဥပဒေများကို ဥပဒေကျွမ်းကျင်သူ ဗင်းနစ်မြို့မှ ဘုန်းတော်ကြီးတစ်ပါးက 'ကောင်းကင်မှ လမ်းညွှန်သော ဥပဒေ' ဟု တင်စားခဲ့သည်။ အတွေ့အကြုံရှိပြီး လက်တွေ့ဆန်သော အဲန်းသည် လူ၏စိတ်နှလုံးသားအတွင်း၌ မြင့်မြတ်သော စိတ်ဓါတ်ရှိရန် မိမိရေးဆွဲထားသော စည်းမျဉ်းဥပဒေအတွင်းတွင် ထည့်သွင်းရေးဆွဲခဲ့သည်။၁၈၆၄ခုနှစ်၊ ဇူလိုင်လတွင် သူမနှင့် အပေါင်းပါအမျိုးသမီး (၄) ဦးတို့သည် (The house of Servites)ဂိုဏ်းသို့ သီလရှင်ဘဝအစပြုရန် ဝင်ရောက်ခဲ့ကြသည်။ ၁၈၆၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ သူငယ်တော်ယေဇူးကို ဗိမာန်တော်တွင် တင်ပူဇော်သော ပွဲနေ့ကြီး၌ အမျိုးသမီး (၈) ဦးထပ်မံ၍ သီလရှင်ဘဝကိုခံယူခဲ့ကြပြီး သန့်ရှင်းသော ယေဇူးရွှေနှလုံးတော်၏ ဆပ်ဖြေခြင်းသီလရှင်များ' အသင်းဂိုဏ်းကို စတင်တည်ထောင်ခဲ့ကြသည်။ အသင်းဂိုဏ်းကို တည်ထောင်သူနှင့် မိခင်ကဲ့သို့ တာဝန်ယူသူမှာစစ္စတာရ်အဲန်းမေရီမားရိုးဗစ်ချ် ကိုယ်တိုင်ပင်ဖြစ်ပါတော့သည်။
မေတ္တာကရုဏာရှင်အဲန်း
အဆောက်အဦး ဆောက်လုပ်သည့်လုပ်ငန်း ပြီးစီးသွားသောအခါ အဲန်းသည် အနာဂတ်သမီးများ စုဆောင်းရန် ရှာပုံတော်ထွက်ခဲ့ရသည်။ ၁၈၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်ပါ မှတ်တမ်းတစ်စောင်တွင် သူမ၏ သူငယ်ချင်းတစ်ဦးဆီသို့ စာတစ်စောင် ရေးသားခဲ့သည်။ သူမသည် ဂျူဒေကာထောင်ထဲတွင် ခိုကိုးရာမဲ့ မိန်းကလေးများကို သွားရောက်ရှာဖွေခဲ့ကြောင်း၊ သူမတည်ထောင်ထားသောဂိုဏ်း၏ စည်းမျဉ်းနှင့်အညီ သူတို့၏ ဘဝကို ကယ်တင်ရမည်ဖြစ်သောကြောင့် အလွန်ပင် နှစ်သက်ကျေနပ်ကြောင်း ရေးသားထားသည်။စစ္စတာရ်အဲန်း ၏ တစ်ခုတည်းသော ဆန္ဒသည်ကား ထိုပျက်စီးနေသော မိန်းကလေးများကို သူတို့၏ဆိုးဝါးသော ဘဝဟောင်းသို့ ပြန်လည်ရောက်ရှိသွားခြင်း မရှိစေရန်ပင်ဖြစ်သည်။ သူတို့သည် သော့များဖြင့် ပိတ်ခတ်ထားခြင်းကို ခံရသောဘဝ၊ လူအများ၏ လစ်လျူရှုမှုကိုခံရပြီး ခိုင်းစေသမျှကို လုပ်ကိုင်ရသည့်ဘဝ၊ ထိုသို့သောဘဝ၌ နေထိုင်ခဲ့ကြရသည်။ ထို့ကြောင့် ဘဝသစ်နှင့် အိမ်သစ်ထဲသို့ ဝင်လာကြသည့်ထိုမိန်းကလေးငယ်များကို အိမ်အဝင်ဝမှပင် မိခင်မေတ္တာ အပြည့်နှင့်ကြိုဆိုခြင်း၊ တစ်နေ့တာလုံးသူတို့နှင့်အတူရှိနေခြင်း၊ ညရောက်လျင်အိပ်ယာဝင်သိပ်ပေးခြင်း၊ အေးချမ်းစွာ အိပ်စက်အနားယူနိုင်သည့် အခြေအနေတို့ကို ဖန်တီးပေးခဲ့သည်။ဤဂေဟာထဲတွင် နေထိုင်စဉ် သူတို့၏ဘဝကို ပြန်လည်ပြုပြင်ထူထောင်ပေးရာ၌ ဘုရားတရားရှိစေရန်၊ အိမ်တွင်းမှုဆိုင်ရာအလုပ်များလုပ်ကိုင် တတ်စေရန်၊ စိုးရိမ်သောကမရှိစေရန်၊ နေ့စဉ်လုပ်ငန်းများကို တိကျမှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်တတ်စေရန် တို့ကို သိမ်မွေ့ ချိုသာစွာဖြင့် လမ်းညွှန်ပေးခဲ့သည်။ တစ်နေ့သောအချိန်၌ မိမိတို့ဌာနေကို ပြန်ရောက်သွားသောအခါ သူတို့လျှောက်လှမ်းရမည့် ဘဝလမ်းခရီးကို စိတ်အေးချမ်းတည်ငြိမ်စွာဖြင့် လျှောက်လှမ်းသွားနိုင်ကြမည် ဖြစ်ကြောင်း ယုံကြည်သည်။ သို့မှသာလျှင် ဆုတောင်းခြင်းအမှုပြုနေစဉ် ခရစ်တော်သခင်မိန့်ဆိုခဲ့သည့် သင့်ကို ကလေးသူငယ်မြောက်များစွာ၏ စစ္စတာရ်အဲန်းမိခင်ဖြစ်စေမည်´ဟူသော ကတိစကားသည် ပြည့်စုံတော့မည် ဖြစ်သည်။၎င်းနှစ်များအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများသည်ပင် သက်သေထူနေပေပြီ။ ၎င်းမိန်းကလေးများကို ပြုစုရန်အတွက် ကောင်းသောပြင်ဆင်ချက်များနှင့်အကောင်ထည်ဖော်လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်သည် စစ္စတာရီအဲန်းအားဖြင့် ဤအလုပ်ကို လုပ်ဆောင်ရန်ဆက်လက်ပြီး ပြင်ဆင် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့်ဘုရားသခင်သည်” သူမကိုငယ်ရွယ်စဉ်ကတည်းကပင် ရင့်ကျက်သော သူတစ်ဦး အဖြစ် အလိုတော်ရှိခဲ့သည်။ ကမ္ဘာလူသားအားလုံး၏ အပြစ်များအတွက် ဆပ်ဖြေခြင်းပြုလုပ်ရန် သူမ၏စိတ်ကို ပြင်ဆင်ပေးခဲ့သည်။ ထို့အပြင် ဘုရားသခင်သည် စစ္စတာရ်အဲန်းကို နှိုင်းမရသောမေတ္တာစေတနာများ ထားရှိတတ်ရန် ကျေးဇူးတော်များပေးသနားခြင်းဖြင့် သူမအားထိုတာဝန်ကို ယူနိုင်ရန်အတွက် ပံ့ပိုးပေးခဲ့သည်။ ဤကဲ့သို့သော မေတ္တာစေတနာများနှင့်အတူ စစ္စတာအဲန်းအားအဖွဲ့အစည်းကို အုပ်ချုပ်နိုင်ရန်၊ ကြီးလေးသော တာဝန်ကို မိသားစုအဖွဲ့အစည်းကဲ့သို့ ဖွဲ့စည်းတည်ထောင်ရန် ကူညီပေးခဲ့သည်။သနားစရာကောင်းသည့် ပျက်ဆီးလေလွင့်နေသော မိန်းကလေးများသည် လူအများ၏စော်ကားခြင်းကိုခံကြရသည်။ အပြစ်ရှိသူများဟု မျက်လုံးအစုံဖြင့်ကြည့်တတ်ကြပြီး သူတို့၏ဘဝကိုဝေဖန်ဆုံးဖြတ်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ကို ဒဏ်ပေးမည့်အစား ၎င်းတို့၏ဘဝရှေ့ရေးကိုတာဝန်ယူပေးခြင်း၊ မသိကျေးကျွန်ပြုခြင်းထက် မေတ္တာနှင့် ကုသပေးခြင်း၊ညှိုးနွမ်းနေသောပန်းများကို နူးညံ့ပျော့ပျောင်းသောလက်များဖြင့် ဒုစရိုက်နွံမှဆယ်ထုတ်ပေးပြီး ယခင်ကရှိနှင့်ပြီးသော ၎င်းတို့၏ဘဝအလှများနှင့် ပြန်လည်ရှင်သန်နေကြရမည်ဖြစ်သည်။ စာရိတ္တပျက်ပြားနေ သည့် မိန်းကလေးများ၏ဘဝကို ပြန်လည်ပြုပြင်ပေးရာတွင် အလွန်ကြင်နာနူးညံ့သော စိတ်များထားရှိပြီး လုပ်ကိုင် ရပေမည်။ထိုကဲ့သို့ ကြိုးစားပေးသင့်ကြောင်းကို စစ္စတာရ်အဲန်းသည် အခိုင်အမာယုံကြည်မှုရှိခဲ့သည်။ ထို့ကြောင့် ထိုသို့သောမိန်းကလေးများ၏ ဘဝကိုကယ်တင်ရန် အခြေပြု၍အသင်းဂိုဏ်းအား တည်ထောင်နိုင်ခဲ့ သည်။ ဘုရားတရားရေး၌လည်း လက်တွေ့ကျင့်ဆောင်နိုင်ရန် အတင်းအဓမ္မစေခိုင်းခြင်းမပြုပဲ ကိုယ်တိုင်ရင်တွင်းမှ ဖြစ်ပေါ်လာသည့်ဆန္ဒနှင့်သာ ဆုတောင်းနေရပါမည်။ ကြင်နာမူကို အဓိကပြဌာန်းချက်တစ်ခုအနေနှင့် ထားမှသာလျှင် မိန်းကလေးများ နားလည်သဘောပေါက်လာပြီး ကွန်ဗင့်ကျောင်းတွင် နေခဲ့သည့်အချိန်များ၌ သီလရှင်များ၏ ကြင်နာမှုများ ပြုစုမှုများ ရရှိခဲ့ကြောင်းကို ရင်ထဲမှလေးလေးနက်နက် သတိရနေမည်ဖြစ်သည်။ အရေးကြီးဆုံးမှာ မသေဆုံးမှီ နောင်တတရားရရှိပြီး ကောင်းသောသေခြင်း ရရှိစေရန်ပင်ဖြစ်သည်။ဤသို့ စစ္စတာရ် အဲန်း ပြုစုထားသည့် ပြဋ္ဌာန်းချက်များသည် ပြည့်စုံကောင်းမွန်သည့် နည်းစနစ်တစ်ခုဖြစ်ပါသည်။ ၎င်းအထဲမှ သာဓကတစ်ခုမှာ(၁၆)နှစ် အရွယ်မိန်းကလေးတစ်ယောက်ကို ဂျူဒကာထောင်ထံမှ အိမ်သစ်သို့ ခေါ်လာကြသော်လည်း သူမသည်မပြောင်းလဲခဲ့ချေ၊ သီလရှင်များ၏ကြင်နာဂရုစိုက်မှုများ ခံရသော်လည်း မျှော်လင့်ချက်မရှိသော ဘဝမျိုးနှင့်သာ နေထိုင်ခဲ့သည်။ စစ္စတာရ်များသည် ကြိုးစားကြသော်လည်း မအောင်မြင်သောကြောင့် နောက်ဆုံး၌စစ္စတာရ်အဲန်းဆီသို့ ခေါ်ဆောင်လာခဲ့ကြသည်။ စစ္စတာရ်အဲန်းက ဘုရားသခင်သည် သူမ၏စိတ်ရှည်ခြင်းကို စမ်းသပ်ကြောင်းချက်ချင်းနားလည်ခဲ့သည်။ ၎င်းမိန်းကလေးကို ပြုပြင်ပေးနိုင်ရန်အတွက် မိမိစိတ်စေတနာထက်သန်မှုကို အထူးရှေ့တန်းတင်ထားရပြီးမကြာခဏသူမအတွက် ဆုတောင်းပေးခြင်းနှင့် သူမကိုပြုပြင်နိုင်ရန် အလင်းကျေးဇူးကို ပေးသနားတော်မူပါရန်ကိုလည်း ဘုရားသခင်ထံ တောင်းခံခဲ့သည်။ ထိုမိန်းကလေးကို ချစ်ခင်ကြင်နာစွာဖြင့် အမြဲတမ်းပင် ဆက်ဆံသည်။ ဒဏ်ပေးစနစ် ကိုမသုံး၊ ဒေါသကိုမပြ၊ညင်သာစွာနှင့် သူမကိုဆက်ဆံပြောဆိုခဲ့သည်။တစ်နေ့တွင် မိန်းကလေးသည် အဖျားဝင်လာတော့ သည်။ ပေကပ်ကပ်နိုင်သော တင်းမာမှုများကို ပိုမိုလုပ်လာတော့သည်။ သူမ၏ အုံ့မှိုင်းမှိုင်းပုံသုန်သုန် အမူအရာသည် ပိုမိုဆိုးလာသော်လည်း စစ္စတာရ်အဲန်း၏ ချိုသာလှသောမေတ္တာကို မကျော်လွန်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် ထိုမိန်းကလေးသည် စစ္စတာရ်အဲန်း၏ မေတ္တာစေတနာကိုနားလည်လာခဲ့သည်။ ၎င်းမိန်းကလေးငယ်သည် နောင်တတရားနှင့် ကိုယ်တော်မြတ်စက္ကရာမင်းမင်္ဂလာကို မကြာခဏ ဆိုသလိုမျက်ရည်များဖြင့် ပင့်ယူခဲ့လေသည်။ နောင်တရရှိပြီး တစ်လခန့်အကြာတွင် သူမသည်ကောင်းသောသေခြင်းဖြင့် သေဆုံးသွားခဲ့သည်။ ဤသို့ဖြင့် စစ္စတာရ်အဲန်းသည် မြောက်များစွားသော စာရိတ္တပျက်ပြားနေသည့် မိန်းကလေးများကိုဘဝမှန်သို့ ပြန်လည်ရောက်ရှိစေရန် ပြုပြင်ခဲ့သည်။ အချို့သောမိန်းကလေးများသည် ပို၍မြင့်မြတ်သော အသက်တာကိုပင် ဆွတ်ခူးနိုင်ကြပြီး သီလရှင်ဘဝအသက်တာ ကိုရယူခဲ့ကြလေသည်။ စစ္စတာရ်အဲန်းသည် သူ၏မျှော်လင့်မျက်များ ပြီးပြည့်စုံ၍ ဘုရားသခင်အတွက်အသုံးတော်ခံအဖြစ် အသက်ရှင်ရသည်ကို ကျေးဇူးတင်နေမိလေသည်။
ဂျူံနှင့်တူသောပျိုးပင်ငယ်
မွန်ဆီညော်ကာနယ်နှင့် စစ္စတာရ်အဲန်းတို့ တည်ထောင်ထားသည့် အသင်းဂိုဏ်းသည် တိုးတက်ပြောင်းလဲမှုများ ရှိခဲ့လေသည်။ ချမှတ်ထားသော စည်းမျဉ်းများကိုကောင်းမွန်စွာ လိုက်နာစောင့်ထိန်းခဲ့ကြသည်။ သီလရှင်များ အတွက် သင်္ကန်းကိုလည်း ရွေးချယ်ခဲ့သည်။ ဘုရားတရားကြည်ညိုသော ဗင်းနစ်သူလေးများသည် ဤသို့သော အသစ်ဖွင့်လှစ်ထားသည့် သီလရှင်အသင်းဂိုဏ်းကို စိတ်ဝင်စားလာကြပြီး ဝင်ရောက်ရန် စိတ်ဆန္ဒရှိလာကြသည်။ ၎င်းတို့ထံမှ ဝင်ခွင့်တောင်းဆိုမှုများ စတင်ပြီးတဖွဲဖွဲဝင်လာခဲ့သည်။ ထို့ကြောင့်စစ္စတာရ်အဲန်းသည် စိတ်ပူပန်မှု အနည်းငယ်ဖြစ်ခဲ့သည်။သူမသည် အမြဲတမ်းဆိတ်ငြိမ်ခြင်းကို မြတ်နိုးသူပီပီ ထင်ပေါ်ကျော်ကြားမှုသည် သူမ၏ ဘဝထဲသို့ ရောက်ရှိလာမည်ကို မနှစ်မြို့ခဲ့ချေ။ သူမ၏မှတ်တမ်းတွင် မည်သူသည် မိမိ၏ နားတဝိုက်တွင် တဝီဝီနှင့် ညည်းနေသော ခြင်တစ်ကောင်၏ ညည်းသံကို သည်းခံနိုင်သနည်း။ ဤသို့ စိတ်အနှောင့်အယှက်ဖြစ်မည့်အစား အကိုက်ခံရလျှင်ပင်သာ၍ကောင်းသေးသည်။ ငါသည်လည်း ဤသို့ပင် ချီးမွမ်းခြင်းခံရသည်ထက် ပျားတုတ်ခြင်း နှင့်တူသော စော်ကားခြင်းကို ခံယူဖို့ရန်သာ၍ ရှိသည်” ဟု ရေးသားခဲ့သည်။ ဤစကားများအားဖြင့် ရိုးသားနှိမ့်ချစွာ နေလိုသော သူ၏စိတ်နေသဘောထားကို သိရလေသည်။ ဘုရားသခင်သည် အေးဆေးတည်ငြိမ်သောဘဝကို ဆာလောင်သည့်စစ္စတာရ်အဲန်းအား သန့်ရှင်းခြင်းအထွတ်အထိပ်သို့ရောက်အောင် ကျေးဇူးတော် အမြဲသွန်းလောင်း ပေးခဲ့သည်။တစ်ချိန်တစ်ခါက စိန့်ဆယ်ဗိုလိုကျွန်းတွင် လူနာများကို ကြည့်ရှုပေးနေသည့် ဘုန်းတော်ကြီး ပရိုဒိုချီးမို ဆာလေးရီယိုသည် သူမ၏မိသားစုဝင်များနှင့် သိကျွမ်းသူမိတ်ဆွေဖြစ်သည်။ ထိုဘုန်းတော်ကြီး၌ ညီတော်ရဟန်းတစ်ပါးရှိပြီး အမည်မှာဘုန်းတော်ကြီးချားလ်ဆာလေးရီယိုဖြစ်ကြောင်းသူသည်လည်း ၎င်းကျွန်း နိုင်ငံတွင်သာသနာပြုသွားမည့်ဘုန်းတော်ကြီးတစ်ပါးဖြစ်ကြောင်းကို စစ္စတာရ်အဲန်းအားပြောပြသည်။နောက်ပိုင်း တွင် ထိုဘုန်းတော်ကြီးကားရ်လိုဆာလေးရီယိုသည် မီလန်၌သီလရှင်ဂိုဏ်းအသစ် တစ်ခုကို တည်ထောင်ထား ကြောင်း၊ ဂိုဏ်း၏ရည်ရွယ်ချက်များသည် ဗင်းနစ်မြို့တွင်ရှိသော ဆပ်ဖြေခြင်းသီလရှင်များနှင့်အလွန်ပင် ဆင်တူဖြစ်နေကြောင်းကို သိရသည်။ ထို့ကြောင့် သူမတည်ထောင်ထားသည့် အသင်းဂိုဏ်းနှင့် အမည်နာမချင်း ဆင်တူသကဲ့သို့ ရည်ရွယ်ချက်မှာလည်းတူညီနေသည့် ၎င်းအသင်းဂိုဏ်းကို စစ္စတာရ်အဲန်းသည် အထူး စိတ်ဝင်စား လာခဲ့သည်။ထို့အတွက်ကြောင့် မိမိ၏အသင်းဂိုဏ်း ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ရန် အလိုဆန္ဒရှိခဲ့သည်။ တစ်နေ့တွင် ဘုန်းတော်ကြီးကားရ်လိုဆာလေးရီယိုထံသို့ သူမ၏ဂိုဏ်းနှင့်ပတ်သက်သော သတင်းအချက်အလက်အချို့တို့ကို ပေးပို့လိုက်သည်။ ၎င်းနောက် ဘုန်းတော်ကြီးထံမှ ပြန်စာတစ်စောင်ကို ရရှိခဲ့ပါသည်။ ထိုပြန်စာထဲ၌ ချစ်ခင်လေးစားရပါသော စစ္စတာရ်အဲန်း ခင်ဗျား ကျွန်တော်တို့၏ ဘုရားကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ကျွန်ုပ်နှင့်အတူအဖွဲ့ဝင်များအားလုံးက စစ္စတာရ်တို့ကို လေးစားစွာဖြင့် ဤအခမ်းအနားသို့ တက်ရောက်စေချင်ပါသည်။ ဤဘုရားကျောင်းဆောင်သည် ကျွန်ုပ်၏ အသင်းဂိုဏ်းအတွက် သီးသန့်ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့နှင့်အတူနာရီပိုင်းအချိန်အတွင်း လိုရာဆုကျေးဇူးများတောင်းခံဖို့ရန် လာဖြစ်အောင်လာစေချင်ပါသည်” ဟု ပါရှိလေသည်။ ၎င်းစာလွှာကို အောက်တိုဘာလ (၅)ရက် ၁၈၆၄ ခုနှစ်တွင် စစ္စတာရ်အဲန်း လက်ခံရရှိခဲ့ပါသည်။ ၎င်းနောက် အောက်တိုဘာ ၁၅ ရက်တွင်ကျင်းပမည့် အခမ်းအနားသို့ တက်ရောက်ရန် မွန်ဆီညော်ကာနယ်ကိုလည်း ဖိတ်ခေါ်လိုက်သည်။ စစ္စတာရ်အဲန်းသည် ဘုန်းတော်ကြီးကားရ်လိုဆာလေးရီယို၏ အသင်းဂိုဏ်းဖွဲ့စည်းပုံကိုတွေ့သောအခါ သူမ တည်ထောင်ထားသည့် အသင်းဂိုဏ်းနှင့် အားလုံးနီးပါး ဆင်တူနေသောကြောင့် ဤဂိုဏ်းနှစ်ခုကို ပူးပေါင်းလိုသော စိတ်ကူးများ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် မွန်ဆီညော် ကာနယ်၏ အမြင်နှင့် ဆန့်ကျင်မူဖြစ်မည်ကို စိုးရိမ်သဖြင့် စစ္စတာရ်အဲန်းသည် ဆိတ်ဆိတ်နေခဲ့သည်။ ဆုတောင်းရင်း ပြောင်းလဲမှုတစ်ရပ် ဖြစ်လာမည့်အချိန်အထိ စောင့်နေ ရမညကို သူမနားလည်ခဲ့သည်။ ထို့နောက် ဗင်းနစ်တွင်ရှိသောသီလရှင်များသည် မီလန်တွင်ရှိသော အသင်းဝင်များ ကဲ့သို့ သီလရှင်များဘဝကို အစပြုခဲ့ကြသည်။စစ္စတာရ်အဲန်းအနေဖြင့် ဤကဲ့သို့သော ပြောင်းလဲခြင်းမျိုးကို ကန့်ကွက်စရာမရှိချေ။ အရှက်ကွဲစရာ စွန့်လွှတ်အနစ်နာခံစရာအဖြစ် မသတ်မှတ်ဘဲ အလွန်ဖြူစင်ရိုးသားသော စိတ်ထားဖြင့်လက်ခံခဲ့သည်။ လူ၏သဘောသဘာဝကို နားလည်သူတိုင်းတစ်ကိုယ်ကောင်းဆန်ခြင်းသည် ဘုရားတရားနှင့်ဆိုင်သောလုပ်ဆောင်မှုအတွင်းသို့တဖြည်းဖြည်းနှင့် တိတ်တဆိတ်ဝင်လာနိုင်ကြောင်း၊ သူတော်စင်၊ ရဟန်းသီလရှင်များပင်လျင် ၎င်းတို့၏ရပိုင်ခွင့် အခွင့်အရေးများကို ဟစ်ကြွေးတောင်းဆိုလာနိုင်ကြောင်းကို သိရှိကြသည်။ ဤတစ်ကိုယ်ကောင်းဆန်ခြင်းကို နှိမ့်ချခြင်းဖြင့်သာလျင်အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်းကို စစ္စတာရ်အဲန်းယုံကြည်ထားသည်။ ထို့ကြောင့် သူမအနေဖြင့် ဆက်လက်ပြီး ဘုန်းတော်ကြီးကားရ်လိုဆာလေရီယို နှင့် အဆက်အသွယ်ပြုလုပ်၍ အသင်းဂိုဏ်းနှင့်ပတ်သက်သော အကြောင်းအရာများ ပြေလည်မှုရှိအောင်ကြိုးစားခဲ့ သည်။ သူမအပေါ် ဖခင်တစ်ဦးသဖွယ် အလွန်မေတ္တာတရားကြီးမားသော မွန်ဆီညော်ကာနယ် နားလည်စေရန် လည်းကြိုးစားခဲ့သည်။၁၈၆၇ ခုနှစ်၌ ဘုန်းတော်ကြီးကားရ်လိုဆာလေးရီယိုထံမှ စာတစ်စောင်ရရှိခဲ့ပြန်သည်။ ထိုစာထဲတွင် ဘုရားသခင်အလိုရှိတော်မူသော ဆပ်ဖြေခြင်းအသင်းဂိုဏ်းနှစ်ခုပူးပေါင်းနိုင်ရေးအတွက် အထူး မျှော်လင့်လျက်ရှိကြောင်း၊ စစ္စတာရ်အဲန်း၏ သဘောထားကို အမြန်ဆုံးသိလိုကြောင်းဘုရားသခင် ကူညီစောင်မရန် ဆုတောင်းမေတ္တာ ပို့သလိုက်ပါကြောင်း ပါရှိလေသည်။ ထို့နောက် စစ္စတာရ်အဲန်းသည် အသင်းဂိုဏ်းနှင့် ပတ်သက်သော အကြောင်းအရာများကို ဆက်လက်ဆွေးနွေးခဲ့သည်။ဤသို့ဖြင့် ၁၈၆၈ ခုနှစ်တွင် မီလန်မှ မာသာရ်ကြီး ကယ်ရှိလင်းနာအော်ဆေးနီဂိုသည် ဗင်းနစ်မြို့သို့ ကြွရောက်လာစဉ် စစ္စတာရ်အဲန်းသည် ကိုယ်တိုင်သွားရောက်ကြိုဆိုခဲ့သည်။မာသာရ်ကြီးရောက်လျင်ရောက်ချင်း စစ္စတာရ်အဲန်းသည် သူမ၏ရှေ့မှောက် တွင် ဒူးထောက်လျက် မိမိအားမီလန်မြို့တွင်ရှိသည့်အသင်းဂိုဏ်းဝင် သမီးတစ်ဦးအဖြစ်လက်ခံပေးပါရန် တောင်းဆိုခဲ့လေသည်။
နာဇရတ်အိမ်ကလေးဆီသို့
စစ္စတာရ်အဲန်းသည် မီလန်ရှိ ဆပ်ဖြေသူများနေထိုင်ရာ'နာဇရက်'အိမ်တွင် ဆပ်ဖြေသူသီလရှင်အဖြစ် မိမိ၏ ဘဝသစ်ကို အစပြုခဲ့သည်။ စစ္စတာရ်အဲန်း မီလန်သို့ရောက်ရှိချိန်တွင် မွန်ဆီညော်ကာနယ်သည် ဗီယာနာနှင့် အခြားသောမြို့များသို့သွားရောက်အလှူခံနေသည့် အချိန်ဖြစ်သည်။ ၁၈၆၈ ခုနှစ်၊အောက်တိုဘာ(၁၅)ရက်နေ့တွင် မွန်ဆီညော်ကာနယ်ကိုယ်တိုင်ပင် ပထမသစ္စာခံယူခြင်းအခမ်းအနားကိုတက်ရောက်ခဲ့ပြီး စစ္စတာရ်အဲန်းအား ဖြူဖွေးသောဝတ်ရုံသရဖူပန်းခွေနှင့် စစ္စတာရ်အန်း၏ မီလန်ဆပ်ဖြေခြင်းဂိုဏ်းဝင်သီလရှင်များ ရာသက်ပန်သစ္စာ ပြုခြင်းတွင် သစ္စာပြုဝတ်ဆင်ရသောရွှေလက်စွပ်တို့ကို ပေးအပ်ခဲ့သည်။ ထို့နောက်စစ္စတာရ်အဲန်းသည် ဗင်းနစ်မြို့သို့ပြန်သွားပြီးလျင် ဆပ်ဖြေခြင်းအမှုတော်ကိုစတင် ထမ်းဆောင်လေသည်။ ထိုအချိန် တွင်သူမ သည် အသက်(၅၃) နှစ်အရွယ် ရှိပြီးဖြစ်သည်။စစ္စတာရ်အဲန်းသည် အသင်းဂိုဏ်း၏စည်းကမ်းဥပဒေများကို တိကျမှန်ကန်စွာသစ္စာရှိရှိ စောင့်ထိန်းလိုက်နာခဲ့သည်။ သူမပြောဆိုလေ့ရှိသည်မှာ သီလရှင်တစ်ပါးသည် သူမ၏ဘဝ တစ်လျှောက်လုံး၌ ဥပဒေစည်းမျဉ်းများကို သစ္စာရှိရှိ စောင့်ထိန်းလိုက်နာခဲ့ပါလျင် သေဆုံးခါနီးအချိန်၌ ကြီးမားသောယုံကြည်စိတ်ချမှုနှင့်အတူခရစ်တော်သခင်ကို ဖူးမြင်ရလိမ့်မည် ဟုဆိုခဲ့သည်။ စစ္စတာရ်များ အပေါ်တွင်လည်း မိခင်တစ်ဦးကဲ့သို့ ချစ်ခင်ကြင်နာစွာဖြင့် လမ်းညွှန်ပဲ့ပြင်ပေးခဲ့သည်။ သူမ၏လေးစားအတုယူဖွယ် ကောင်းသော သူမ၏ပါရမီများထဲမှ ပါရမီကျင့်စဉ်တစ်ခုမှာ နှိမ့်ချခြင်းပင်ဖြစ်သည်။ နှိမ့်ချခြင်းနှင့်ပတ်သက်၍ သူမပြောကြားခဲ့သည်မှာ‘အမြဲတမ်းမိမိကိုယ်ကို အထင်ကြီးစေသော မည်သည့်အတွေးအခေါ်ကိုမဆို မောင်းထုတ် ပါ။ အမြဲတမ်း တစ်ပါးသူသည် မိမိထက်ကောင်းသည်ဟု မှတ်ယူပါ။ မိမိကိုယ်ကို မည်သည့်အခါမျှ မချီးမွမ်းပါနှင့် ဆန်းပြားမှုကို ရှောင်ရှားပါ။ မလိုအပ်ဘဲ မိမိကိုယ်ကိုအကြောင်းပြချက် မပေးမိစေရန်ကြိုးစားပါ။ အေးချမ်းစွာဖြင့် နှိမ့်ချခြင်းကိုလက်ခံပါ’ဟူ၍ဖြစ်သည်။ ထို့ကြောင့် သူမ၏စစ္စတာရ်များအား မကြာခဏတိုက်တွန်းနှိုးဆော်လေ့ ရှိသည်မှာ “ဘုရားသခင်ကိုချစ်ပါ၊ အချင်းချင်းတစ်ဦးနှင့်တစ်ဦး ချစ်ကြပါ။ နှိမ့်ချခြင်းရှိပါ' ဟူ၍ပင် ဖြစ်သည်။ဤသို့သော သူမ၏ရိုးသားနိမ့်ချသော စိတ်ထားနှင့်အတူ ဘုရားသခင်အပေါ်ကြီးမားသော ချစ်ခြင်းမေတ္တာထားရှိနိုင်ခဲ့ခြင်းကြောင့် အပယ်ခံဆင်းရဲသားများ၊ ခိုကိုးရာမဲ့ကလေးငယ်များပျက်စီး လေလွင့်နေ သောမိန်းကလေးများ၊ ထိုသူများအားလုံးကို မိခင်မေတ္တာအပြည့်အဝဖြင့် ကူညီစောင့်ရှောက်ကျွေးမွေးပြုစုနိုင်ခဲ့ လေသည်။
ထာဝရအိမ်တော်ဆီသို့
၁၈၈ဝ ခုနှစ်၌ စစ္စတာရ်အဲန်းသည် အပြင်းဖျားခဲ့သည်။ ထို့နောက်ပြန်လည်ကောင်းမွန်လာပြီး တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်ခဲ့သည်။ နောင်(၅) နှစ် ကြာသောအခါ သူမ၏လက်ယာဘက်ပခုံးနှင့်လက်မောင်းတွင် အကြိုက်ကင်ဆာရောဂါစတင် ဝင်ရောက်လာခဲ့သည်။ ထိုအချိန်မှစ၍ သူမ၏ကျန်းမာရေးအခြေအနေမှာ ဆိုးဝါးလာခဲ့သော်လည်း အနားမယူပဲလိုအပ်သည်များကို ဆက်လက်ကူညီခဲ့သည်။ အထူးသဖြင့် ဝိညာဉ်ရေးဆိုင်ရာ လိုအပ်ချက်များ အကူအညီတောင်းလာသူတို့အား အကြံပေးကူညီရင်း သူမ၏နောက်ဆုံးနေ့ရက်များသည် တဖြည်းဖြည်းကုန်လွန်လာခဲ့တော့သည်။သူမ၏ဘဝနေဝင်ချိန် ရောက်ခဲ့ပေပြီ။ တိုးညှင်းစွာဖြင့်'ယေဇူးသခင် ကိုယ်တော်ကို တပည့်တော်မ ချစ်ပါသည်'ဟု သူမနောက်ဆုံးရွတ်ဆိုလိုက်သောအချိန်သည် ၁၈၈၇ ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့ပင်ဖြစ်သည်။ယခုအချိန်တွင် စစ္စတာရ်အဲန်း၏ ရုပ်ကလပ်ကို ဗင်းနစ်ရှိ သူမသီတင်းသုံးနေထိုင်ခဲ့သောကျောင်း(ထိုကျောင်းသည် သူမတည်ထောင်ခဲ့သော အသင်းဂိုဏ်းတည်ရှိရာ ကျောင်းလည်းဖြစ်သည်။) စစ္စတာရ်အဲန်း၏ ရုပ်ကလပ်ကို ဘုရားကျောင်းကလေ(Chapel) ထဲတွင် ကောင်းစွာမြုပ်နှံထားလျက် ထာဝရအနားယူနေလေပြီ။
တစ်ချိန်က သူမသီဆိုခဲ့သောသူမ၏ကဗျာလေးတစ်ပုဒ်မှာ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးပေါ်တွင်ရှိသော ကောင်းမြတ်ခြင်းနှင့်တရားမျှတခြင်းတို့ထက် ကောင်းမွန်ပြီး တိုင်းတာ၍ မရနိုင်အောင် ငါ၏ ဘုရားသခင်သည်အလွန်ကောင်းမြတ်တော်မူ၏။ အလွန်ပင်တရားမျှတတော်မူ၏။” ထိုတရားမျှတခြင်းနှင့်ကောင်းမြတ်ခြင်းတို့ သည် သူမ၏ မပြောင်းလဲသော ဘဝရည်မှန်းချက်များ ဖြစ်ခဲ့သည်။ ယခုအချိန်တွင်မူ ထိုအရာများသည် ၎င်းတို့၏ ခန့်ညားထည်ဝါမှုတို့ဖြင့် သူမအား ဘုရားသခင်၏ရှေ့မျက်မှောက်တော်ဝယ် လာရောက်၍ သက်သေခံပေးနေပြီ ဖြစ်သည်။ |
|
ဘာသာပြန် စီစစ်ရေးသားပေးခဲ့သူများ - Mother Theresa Rose (ISR), Mother Simplicia Ah Ei (ISR) and Mother Gloria Aye Aye Naing (ISR)
STATISTIC OF THE SISTERS OF REPARATION IN MYANMAR
(February 2023 )
1. Seniors 345
2. Juniors 33
3. First Year Novices 6
4. Second-Year Novices 5
5. Postulant 23
Total 412
2023 Local Superiors