Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Order of Friars Minor OFM

1.      The Order of Friars Minor (OFM)
The Order of Friars Minor, founded by St. Francis of Assisi, is a fraternity. In a more complete fulfillment of their baptismal consecration and in answer to the divine call, the friars give themselves totally to God, their supreme love; through profession of obedience, poverty and chastity, which they are to live in the spirit of Saint Francis.
The Friars Minor, embodied in the People of God, paying attention to the new signs of the times and responding to the conditions of a developing world, are always to be of one mind with the Church; they are to adopt as their own and foster as much as they can the Church’s undertakings and aims.

2.      The History of St. Francis of Assisi
Francis of Assisi was born in Assisi (Italy) in 1181/1182. After a carefree youth, he had a conversion experience and founded the Order of Friars Minor, commonly known as the Franciscans. Soon a young woman, Clare of Assisi, wanted to share his way of life and, during her lifetime, her little community of sisters developed into the Order of the Poor Sisters, later called the Poor Clare. The Franciscan Third Order, known today as the Secular Franciscan Order, also sees St. Francis as its founder. In 1219/1220 Francis went to Egypt, where he met the Sultan; this meeting was the inspiration behind the origin of the Custody of the Holy Land, which is the name for the community of friars who maintain the ancient Franciscan presence in Jerusalem, and help keep alive the memory of Jesus’ presence in the holy places.
Francis received the stigmata in 1224 on the Mountain of La Verna, and the following year he composed the Canticle of Brother Sun, a prayer-poem of praise to God, the Creator of everything that exists. In 1979, this prayer and his attitude of reverence towards all created things led to his being proclaimed the patron saint “of those who promote ecology”. Francis died on October 4th, 1226 in Assisi, and was declared a saint in 1228.

3.      The OFM Mission 
Our entire fraternity is missionary and shares in the mission of the Church, following the example of St. Francis and the desire he expressed in the Rule. Each friar, therefore, conscious of his own responsibility, is to play his part in missionary work. There are some priorities in OFM as our mission life:

A.     Spirit of Prayer and Devotion
B.     Mission and Evangelization
C.     Formation and Study
D.     Fraternity                       

4.      OFM Myanmar
The official name of OFM in Myanmar is St. Francis of Assisi Foundation of Myanmar. This foundation is established on 11 August 2005 with the permission of Archbishop of Yangon, Cardinal Charles Bo, SDB. The OFM in Myanmar only foundation and it’s not yet as province and the superior for OFM in Myanmar is called president of foundation. Since February 2018, OFM Myanmar is under the jurisdiction of Holy Korean Martyrs Province of South Korea.

5.      The OFM Mission in Myanmar
There are two missions of OFM in Myanmar:
a.      The OFM Foundation aims to respond to the needs of the Church in Myanmar, such as counseling, spiritual direction, spiritual retreat to the clergy, the religious and lay people; and human development
b.      Following St. Francis of Assisi and his charisma, the Foundation aims to establish the Order in Myanmar with careful selection and formation local candidates

6.      The Formation Stages
a.      Come and see program for one month for those young men who wants to experience the real life as Franciscan in our formation house in Yangon. The young men will stay with our friars and join our daily program for one month. Then they will decide and apply for candidacy program. The ‘come and see’ program always held three times a year during the month of February, June and the end of September.
b.      The candidacy program is one-year program which is held in Yangon.
c.      The aspirants program will takes one year program in Yangon
d.      The postulants program in the Philippines for one year
e.      The novitiate stage is in the Philippines for one year.
f.      Study philosophy in the Philippines for three year
g.      Study theology at Major Seminary of Yangon

How to contact us?
Address:
No.10, 6 Ward, Bo Hmue Ba Htoo Road, East Dagon, Yangon, Myanmar
Telp No:09795647165 

သံဖရန်စစ်အစီစီ အသင်းဂိုဏ်း

          ဖရန်စစ်အစီစီ သက်ရှိထင်ရှားရှိခဲ့သောအချိန်၌၊ သူ့အား “ သူဆင်းရဲလေး”  ဟု သိရှိခဲ့ကြ သည်။ ကမ္ဘာ့သမိုင်း လမ်းကြောင်းတွင် အချို့သောသူဆင်းရဲသားများသည် သံဖရန်စစ်အစီစီ၏ ဘ၀ကျင့်စဥ်ကို  နှစ်သက်မြတ်နိုး ကြသောကြောင့် သူ့နောက်လိုက် အပေါင်းအပါများအဖြစ် နေထိုင်အသက်ရှင်ခဲ့ကြသည်။ ကုန်လွန်ခဲ့သော နှစ်ပေါင်း (၈၀၀) အလယ်ခေတ်ကာလတွင် မွေးဖွား ခဲ့ပြီး သူလက်ခံကျင့်သုံးခဲ့သော စံနမူနာ၊ ငြိမ်းချမ်းသာယာခြင်းကို ‌ဆာလောင်မွတ်သိပ်ခြင်း၊ ရိုးသား နှိမ့်ချမှုကို တစိုက်မတ်မတ် ရှာဖွေကျင့်သုံးခြင်းနှင့် ဖန်ဆင်းခံအရာသတ္တ၀ါများ အားလုံးကို အရိုအသေ အလေးအမြတ်ထားခြင်းတို့သည် မျက်မှောက်ကာလ၌လည်း ဆီလျော်လျောက်ပတ်လှပေသည်။

            ဖရန်စစ်သည် ၁၁၈၂ - ခုနှစ်တွင် Giovanni Bernadone အမည်ဖြင့် ဆေးကြောခြင်းမင်္ဂလာ ခံယူခဲ့ပြီး အီတလီနိုင်ငံ၊ အလယ်ပိုင်းရှိ ချမ်းသာကြွယ်၀သော အဝတ်အထည် ကုန်သည်ကြီးတစ်ဦး၏ အခွင့်ထူးခံစားခဲ့ရသော သားတစ်ယောက်ဖြစ်ခဲ့သည်။ လွတ်လွတ်လပ်လပ်နေထိုင်ပြီး မိမိစိတ်ကြိုက် လုပ်ချင်ရာလုပ်ကာ ခေတ်နှင့်အညီ အောင်မြင်ကျော်ကြားခဲ့သော သံဖရန်စစ်သည် အတိုင်းထက် အလွန် ပျော်ရွှင်မှုတို့ဖြင့် လူငယ်ဘဝကို ကုန်လွန်စေခဲ့သည်။ သို့သော် သူ့ဘ၀၌ အဓိပါယ်မဲ့နေသည်ကို ခံစားခဲ့ရသည်။ တစ်နေ့သောအခါ ဝိညာဉ်တော်သည် သံဖရန်စစ်အား “ဖရန်စစ်၊ ပျက်စီးယိုယွင်းကာ ပြိုလဲလုနီးဖြစ်နေသည့် ကျွန်ုပ်ဘုရားကျောင်းကို သွား၍ ပြင်ဆင်ပါလော့” ဟုပြောကြားခဲ့သည်။ သံဖရန်စစ်သည် ထိုစကားကို တုံ့ပြန်ရန် အသင့်ရှိခဲ့သည်။ သံဖရန်စစ်သည် ဘုရားရှင်၏ နှုတ်တော်ထွက်စကားကို အတည်ပြုလျက် ဆန်ဒါမီယာနို ဘုရားရှိခိုးကျောင်းကို စတင်မွမ်းမံပြုပြင် ခဲ့သည်။ အချိန်ကာလ ကြာညောင်းလာသောအခါ ဘုရားရှင်သည် သူ၏လူမျိုးတော်ကို အသစ်တဖန် ပြန်လည်ပြုပြင်စေလိုသည်ကို ဖရန်စစ် နားလည်သဘောပေါက်ခဲ့သည်။

ကျွန်ုပ်တို့ မည်သူနည်း

The Order of Friars Minor တို့ကို ဖရန်စစ်စစ္စကင်းဟူ၍ အများက အသိအမှတ်ပြုကြပြီး စိန်ဖရန်စစ်အစီစီ တည်ထောင်ထားခဲ့သော သီလသည် အသင်းဂိုဏ်း ဖြစ်ပါသည်။ ဤအသင်းဂိုဏ်း နှင့် စည်းမျဉ်းဥပဒေကို ၁၂၀၉ - ခုနှစ်တွင် ရဟန်းမင်းကြီး တတိယမြောက် အင်နိုးဆင့်မှ တရားဝင် အသိအမှတ်ပြုပေးခဲ့သည်။ ဖရန်စစ်အစီစီအတွက် Order of Friars Minor တို့ အသက်ရှင်ရမည့် စည်းမျဉ်းဥပဒေနှင့် ဘဝကျင့်စဉ်သည် ယေဇူးခရစ်တော်ဘုရား၏ သန့်ရှင်းမွန်မြတ်သော သမ္မာကျမ်းစာတော်မြတ်ကို အခြေခံ၍ နာခံခြင်း၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုမထားရှိခြင်းနှင့် စင်ကြယ်ခြင်း ကတိသစ္စာတို့ကို ကျင့်ဆောက်တည်ကြရသည်။ ဖရန်စစ်စစ္စကင်းတို့၏ ဝိညာဉ်ရေးရာကျင့်စဉ်သည် ဘုရားရှင်၏ နှုတ်ကပါတ်တော် (သမ္မာကျမ်းစာ) လမ်းစဉ်ပေါ်ဝယ် အခြေခံ အမြစ်တွယ်ခြင်းဖြစ်ပါသည်။

            နှစ်ပေါင်း (၈၀၀) ကြာပြီးနောက် Order of Friars Minor တို့သည် ပြည်နယ်ပေါင်း (၁၂၃) ခုရှိ၍ တိုက်ကြီး (၅) တိုက်ရှိ နိုင်ငံပေါင်း (၁၀၇) နိုင်ငံတွင် အမှုထမ်းဆောင်နေကြသည်။ ဖရန်စစ္စကင်း (ရဟန်းများနှင့် ရာသက်ပန်ကိုရင်များ) တို့သည် သာသနာအုပ်စုများ၌ အမှုတော်ထမ်းရွက်ခြင်း၊ စာသင်ကျောင်းများနှင့် ပညာရေးကဏ္ဍများတွင် ပြုစုပျိုးထောင် သင်ကြားပေးခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းသာယာခြင်းနှင့် သဘာ၀ပတ်ဝန်းကျင် မျှတရေးလုပ်ငန်းများတွင် တိုးမြှင့်ဆောင်ရွက်ခြင်း၊ ဘာသာတရား အချင်းချင်းဆွေးနွေးတိုင်ပင် နှီးနှောဖလှယ်ခြင်း၊ ဥပုသ်သီတင်းတည်ဆောက်ရာ နေရာကျောင်းတိုက်များ၊ အဖွဲ့အစည်းအမျိုးမျိုးတို့ကို ဥပုသ်သီတင်းတည်ဆောက်ပေးခြင်း၊ ခေါင်းပုံဖြတ်ခံရသော ဖိနှိပ်ချုပ်ခြယ်ခံရသော စွန့်ပယ်ခံရသော ဆင်းရဲသား လူတန်းစား အဖွဲ့အစည်း များကို မိမိတို့ဘဝ ရပ်တည်မှုရရှိနိုင်ရန် သင်တန်းများပို့ချပေးခြင်းစသော လုပ်ငန်းမျိုးစုံ တို့ကို လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။

မြန်မာပြည်သို့ သာသနာပြုခြင်းနှင့် လက်ရှိအခြေအနေ

ကနဦး ဖရန်စစ္စကင်း သာသနာပြုများသည် မြန်မာနိုင်ငံသို့ ၂၀၀၅ - ခုနှစ်တွင် ရောက်ရှိလာပါ သည်။ မြန်မာနိုင်ငံ၌ အနာဂတ် အတွက် ဖရန်စစ္စကင်းလှုပ်ရှားမှုများကို လာရောက်ပြင်ဆင်ခဲ့ကြရာ ပထမဦးဆုံး ပြုစုပျိုးထောင်ရေးကို လုပ်ဆောင်ခဲ့ကြပါသည်။ စိတ်ကောင်း နှလုံးကောင်းရှိ၍ ရည်ရွယ် ချက်မှန်ကန်ကာ စိန်ဖရန်စစ်အစီစီ၏ဘ၀ကျင့်စဉ်ကို မွေးမြူကျင့်သုံးနေထိုင်လိုသော လူငယ်များကို နွေးထွေးပျူငှာစွာ ကြိုဆိုလက်ခံခဲ့ကြရာ ယခုအခါတွင် မြန်မာနိုင်ငံသား ဖရန်စစ္စကင်းဘုန်းတော်ကြီး ၃ပါး၊ ရာသက်ပန်သစ္စာခံယူပြီးသော ကိုရင်ကြီး ၁ပါး၊ ယာယီသစ္စာခံယူပြီးသော ကိုရင် ၁ပါး နှင့် ကိုရင်လောင်း ၂ပါး ရရှိခဲ့ပြီးဖြစ်ပါသည်။

ယခုလက်ရှိတွင် အသင်းဂိုဏ်းသို့ ဝင်ရောက်လိုသော လူငယ်များအား ပြုစုပျိုးထောင် ပေးသောလုပ်ငန်းကို ကျောင်း ၂ကျောင်းတွင် အဓိကထား လုပ်ကိုင်နေသည့်အပြင် ဥပုသ်သီတင်း ဆောက်တည်ပေးခြင်း၊  ဆင်းရဲနွမ်းပါးသူများအား ကူညီပေးခြင်း၊ သာသနာနေမြေများတွင် ကူညီ လုပ်ကိုင်ပေးခြင်း နှင့် သဘာဝပတ်ဝန်းကျင်  မျှတရေးလုပ်ငန်းများတွင်  ပါဝင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျှက် ရှိကြပါသည်။

ကျောင်းလိပ်စာ - အမှတ်(၁၀)၊ ၆ ရပ်ကွက်၊ ဗိုလ်မှူးဘထူးလမ်း၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်

 

ဖုန်းနံပါတ် - ၀၉၇၉၁၂၀၃၀၂၆၊ ၀၉၉၆၆၆၀၁၂၈၆၊ ၀၉၄၅၂၅၇၆၉၈၃

          

 

Untitled Document
Total viewer: 441190