Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-05-14 07:22:35

15.5.2024 - 7th Week of Easter, Wednesday
St. Isidore the Farmer
မေလ ၁၅ ရက်၊ ၂ ၀၂၄၊ ပါစကားကာလသတ္တမပတ် ‌ဗုဒ္ဓဟူးနေ့၊
ရှင်ယောဟန် ၁၇း ၁၁ - ၁၉ - John 17:11-19
Reflection by Bro. John Therersan O.P
Posted by Sr. Benedetta Myat Hnin Nwe,ISR

ထောက်ရှုချက်....ယနေ့ဧဝံဂေလိတရားတော်သည် မေတ္တာတရားနှင့်နူးညံ့သိမ်မွေ့သောကျမ်းပိုဒ်ဖြင့်ကျွန်ုပ်တို့ကြားနာရသည်ဖြစ်ပါတယ်။ သခင်ယေဇူးသည် သူ့၌အပ်နှင်းထားသောကျွန်ုပ်တို့ လူသားအားလုံးအတွက်ဆုတောင်းပေးနေတာကိုကျွန်ုပ်တိုကြားနေရပါတယ်။ မြေကြီးပေါ်၌ကိုယ်တော်၏ အချိန်သည် အလွန်ပဲတိုတောင်းလှသည်ကို သူသိရှိပြီးသားဖြစ်သည်။ မကြာခင်မှာ သူသည် သူ့တပည့်တော်တွေကိုထားခဲ့ပြီးသူထွက်သွားရတော့မယ်ဆိုတာကိုလည်း သူသိသည်။ ဒါကြောင့်မို့ သခင်ခရစ်တော်သည်အဖခမည်းတော်၏ နာမတော်မြတ်၌”ကျွန်ုပ်တို့ကို သူအပ်နှင်းဆုတောင်းပေးခဲ့လေသည်။ကိုယ်တော်သည် သူ၏ “သိုးစု” ကိုလည်း သူတို့နှင့်အတူ သူမရှိတော့သောအခါ ကာကွယ်ပေးပြီး ဘေးကင်းရန်ကိုလည်း သူတောင်းတခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူသည် ကျွန်ုပ်တို့အတွက် ကြင်နာမှုပေးပြီးမေတ္တာတရားနှင့် ပြည့်စုံသော သိုးထိန်းရှင်တစ်ဦးဖြစ်သည်ကို သံတယဖြစ်စရာမလိုပါ။သခင်ခရစ်တော်သည် တပည့်တော်များကို အလွန်ချစ်ကြောင်းကိုထင်ရှားလေသည်။ သူသည်သူ၏ပျော်ရွှင်မှုကို သူ့ရဲ့တပည့်တော်၌လည်းအပြည့်အ၀မျှဝေခံစားစေချင်တယ်။ သူတို့ကိုထားသွားတော့မယ်ဆိုတာကိုလည်းကြိုတင်သိရှိပြီး ဘုရားသခင်ရဲ့မေတ္တာနဲ့ ဂရုစိုက်မှုမှာ သူတို့ကို ဘေးကင်းလုံခြုံဖို့ အတွက်သူတောင့်တခဲ့လေတယ်။ ဘုရားသခင်နှင့်တစ်သားတည်းဖြစ်သော သခင်ခရစ်တော်ရဲ့နောက်လိုက်သူဖြစ်တဲ့ ကျွန်ုပ်တို့သည်လည်း တွေ့ကြုံခံစားခဲ့ရသော ပျော်ရွှင်မှု တွေကိုတခြားသူများအားဝေမျှရန် သခင်ခရစ်တော်သည်လည်း ကျွန်ုပ်တို့ကိုအစဥ်အမြဲ တောင့်တနေလေသည်။ ဘုရားသခင်သို့မဟုတ် သခင်ခရစ်တော်နှင့်ရင်းနှီးမှုသို့မဟုတ် တစ်သားတည်းဖြစ်ခြင်းဟူသောခံစားချက်ကို ကျွန်ုပ်တို့ခေတ္တခဏထောက်ရှုစဥ်းစားကြရအောင်။သခင်ခရစ်တော်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်တွေကြုံခဲ့ရလဲ။ ပျော်ရွှင်မှုလား? ငြိမ်းချမ်းရေးလား? ချစ်ခြင်းလား? သခင်ခရစ်တော်သည် ယနေ့ကျွန်ုပ်တို့နှင့်အတူ သူ၏ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့်ကိုယ်တော်၏ အမှန်တရားကို ဝေမျှပေးစေလိုတယ်။ ဤလက်ဆောင်များကို လက်ခံရန်ကျွန်ုပ်တို့တတွေ ထိုက်တန်ပါသလား။ သို့ဆိုလျှင်ဖြူစင်သောစိတ်နှလုံးနှင့်လက်ဆန့်ပြီးသခင်ခရစ်တော်၏ရှေ့တော်၌ ငြိမ်သက်စွာထိုင်ရန်သင့်ကို ကျွန်ုပ်ဖိတ်ခေါ်ပါသည်။

 
Daily Reflection
2024-02-10 07:14:53

11.2.2024 - Sunday of week 6 in Ordinary time.
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊  ၁၁ ရက်- သာမန်ကာလ ဆဌမတနင်္ဂနွေနေ့
Mark 1:40-45 - ရှင်မာကု ၁:၄၀-၄၅
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

2024-02-09 05:45:08

10.2.2024 - Saturday of week 5 in Ordinary time.
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊ ၁၀ ရက်- သာမန်ကာလ ပဉ္စမပတ် - စနေနေ့
Mark 7: 1-10 - မာကု ၈:၁-၁၀
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

2024-02-06 06:50:31

7.2.2024 - Wednesday of week 5 in Ordinary time.
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊ ၇ ရက်- သာမန်ကာလ ပဉ္စမပတ် - ဗုဒ္ဓဟူးနေ့
Mark 7:14-23 - မာကု ၇:၁၄-၂၃
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

2024-02-04 06:41:41

5.2.2024 - Monday of week 5 in Ordinary time.
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊ ၅ ရက်- သာမန်ကာလ ပဉ္စမပတ် - တနင်္လာနေ့
Mark 6:53-56 - မာကု ၆:၅၃-၅၆
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

2024-02-02 22:13:37

4.2.2024 - Sunday of week 5 in Ordinary time.
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊ ၄ ရက်- သာမန်ကာလ ပဉ္စမတနင်္ဂနွေနေ့
Mark 1:29-39 - မာကု ၁:၂၉-၃၉
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

2024-02-02 06:34:44

3.2.2024 - Saturday of week 4 in Ordinary time.
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊ ၃  ရက်- သာမန်ကာလ စတုတ္ထပတ် - စနေနေ့
တ-ဓမ္မ ၃:၄-၁၃။ မာကု ၆:၃၀-၃၄Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

2024-01-30 07:46:00

 

1.2.2024 - Thursday of week 4 in Ordinary time.
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီ ၁ ရက်- သာမန်ကာလ စတုတ္ထပတ် - ကြာသပတေးနေ့
တ-ဓမ္မရာဇဝင် ၂:၁-၄၊ ၁၀-၁၂။
မာကု ၆:၇-၁၃ - Mark 6:7-13
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)