Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-11-07 06:41:46

8.11.2024 – 31st week Friday in Ordinary Time;
နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၄၊ သာမန်ကာလ (၃၁) ကြိမ်မြောက် သီတင်းပတ် သောကြာနေ့
ရှင်လုကာ၁၆း၁-၈, Luke 16:1-8
Reflection By Rev.Fr. Bosco Saw Lar Htoo
Posted by Sr. Benedetta Myat Hnin Nwe(ISR)

 

1.တစ်ဖန် ကိုယ်တော်သည် တပည့်တော်တို့အား မိန့်တော်မူသည်မှာ တစ်ခါကသူဌေးတစ်ဦးတွင်ဘဏ္ဍာစိုးတစ်ယောက်ရှိ၍ ထိုဘဏ္ဍာစိုးသည် သူဌေး၏ ဥစ္စာပစ္စည်းတို့ကိုဖြုန်းတီးသည့်အကြောင်း စွပ်စွဲတိုင်ကြားချက်များသူ့ထံသို့ရောက်လာလေ၏။ 2.ထိုအခါ သူသည် ဘဏ္ဍာစိုးကိုခေါ်၍ သင်၏အကြောင်းကိုငါကြားရသည်မှာ မည်သို့နည်း။ သင်၏အလုပ်နှင့် သက်ဆိုင်သောငွေ စာရင်းကိုပေးလော့။ အကြောင်းမူကား ယခုမှစ၍ သင်သည်ဘဏ္ဍာစိုးမလုပ်ရဟုဆို၏။3.ထိုအခါ ဘဏ္ဍာစိုးက ငါ့သခင်သည် ငါ့ကိုဘဏ္ဍာစိုးအရာမှ ဖယ်ရှားလေပြီ။ ငါမည်ကဲ့သို့ပြုရမည်နည်း။ မြေတူးခြင်းငှာ ငါမတတ်နိုင်။ တောင်းစားရန်လည်း ငါရှက်၏။4.ငါသည် ဘဏ္ဍာစိုးအရာမှ ဖယ်ရှားခံရပြီးနောက် လူတို့သည်သူတို့၏အိမ်များတွင် ငါ့ကိုလက်ခံကြစေရန်မည်သို့ ပြုရမည်ကို ငါသိ၏ဟုမိမိစိတ်ထဲ၌ ဆိုလေ၏။5.ထို့ကြောင့် သူသည် မိမိ၏သခင်အပေါ် အကြွေးတင်နေသောသူများကိုတစ်ဦးစီခေါ်၍ ပထမတစ်ဦးအား သင်သည်ငါ့သခင်ကို မည်မျှပေးဆပ်ရ မည်နည်းဟုဆိုလျှင်၊6. ထိုသူက ဆီအချိန်တစ်ရာရှိပါသည် ဟုဆိုလေ၏။ ဘဏ္ဍာစိုးကလည်း သင်၏စာရင်းကိုယူ၍ အလျင်အမြန်ထိုင်ပြီးလျှင် ငါးဆယ်ဟူ၍ ရေးမှတ်လော့ဟုဆို၏။7. ထို့နောက် သူသည် အခြားသူတစ်ယောက်အား သင်သည် မည်မျှပေးဆပ်ရမည်နည်း ဟုမေးလျှင် ထိုသူက ဂျုံစပါးတင်းတစ်ရာ ရှိပါသည်ဟုဆို၏။ ဘဏ္ဍာစိုးကလည်းသင်၏စာရင်းကိုယူ၍ ရှစ်ဆယ်ဟူ၍ ရေးမှတ်လော့ဟုဆို၏။8.သူ၏သခင်သည်ကား မရိုးသားသော ထိုဘဏ္ဍာစိုး၏ဆင်ခြင်မြော်မြင်ဉာဏ်ကို ချီးကျူးလေ၏။အကြောင်းမူကား လောကီသားတို့သည် လောကီအမှုကိစ္စတို့ကိုဆောင်ရွက်ကြရာ၌အလင်း၏သားများထက် ပို၍ကျွမ်းကျင်ပါးနပ်ကြ၏။ထောက်ရှုချက်"လောကီသားတို့သည်လောကီအမှုကိစ္စတို့ကိုဆောင် ရွက်ကြရာ၌ အလင်း၏သားများထက်ပို၍ကျွမ်းကျင်ပါးနပ်ကြ၏။”(လုကာ 16:8)ဘဏ္ဍာစိုး ဆိုတာကသူဌေးကသူ့ကိုယုံကြည်လို့သူ၏ပိုင်ဆိုင်ရာအားလုံးကိုအပ်ပြီး၊စီမံခန့်ခွဲဖို့တာဝန်အပ်နှင်းခံရသူဖြစ်ပါတယ်။ထိုဘဏ္ဍာတွေအားလုံးဟာသူ့အပိုင်မဟုတ်ပါဘူး၊သူ့အနေနဲ့အလွဲသုံးစားလုပ်ခွင့်မရှိပါဘူး။ အလွဲသုံးစားလုပ်ရင် အလုပ်ပြုပ်ပါလိမ့်မယ်။"ယခုမှစ၍ သင်သည်ဘဏ္ဍာစိုးမလုပ်ရ"(လုကာ 16:2)ကျွန်ုပ်တို့ အားလုံးဟာလည်း ဘုရားသခင်ရဲ့ဘဏ္ဍာစိုးတွေဖြစ်ကြပါတယ်။ဘုရားသခင်က ကျွန်ုပ်တို့ တစ်ဦးချင်းစီအားပါရမီအရည်အချင်း၊ငွေကြေးဥစ္စာကြွယ်ဝခြင်း၊ပညာရေးဘွဲထူးများ၊အရည်အချင်းအလိုက် ရာထူးတာဝန်များ၊ကိုပေးအပ်ထားပါတယ်။ဒီအရာတွေအားလုံးဟာ ဘုရားရှင်၏ပိုင်ဆိုင်ရာများသာဖြစ်ပါတယ်။ ကျွန်တော်တို့ အလွဲသုံးစား လုပ်ခွင့်မရှိပါဘူး။စနစ်တကျ ရိုးသားစွာစီမံခန့်ခွဲကြရပါ့မယ်။ဒီအရာတွေကို ဒီလောကကြီးကိုအလှဆင်ကြရမှာဖြစ်ပါတယ်။ ဘုရားမိမိတို့အား အပ်နှင်းထားသောလောကီဘဏ္ဍာများကို ရိုးသားစွာဘုရားရှင်၏ဘုဏ်းဂုဏ်တော်အတွက်စီမံခန်ခွဲလုပ်ဆောင်ကြပါစို့။ဘုရားရှင်ရဲ့ ရိုးသားဖြောင့်မတ်တဲ့ ဘဏ္ဍာစိုးတွေအဖြစ်အသက်ရှင်သန်နိုင်ဖို့ ကြိုးစားကြပါစို့။

 

Daily Reflection
2024-06-17 20:50:55

19.06.2024 11th week of Wednesday in Ordinary time
ဇွန်လ ၁၈ ရက်၊ ၂၀၂၄၊ ၁၁ ကြိမ်မြောက်သာမန် ဗုဒ္ဓဟူးနေ့    
2 kgs 2:1,6-14 - Gospel Mt 6:1-6,16-18 - ရှင်မာတေးဦး ၆း၁-၆, ၁၆-၁၈
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR

2024-06-16 23:50:47

18.06.24-11th week of Tuesday-in Ordinary time
ဇွန်လ ၁၈ ရက်၊ ၂၀၂၄၊ ၁၁ ကြိမ်မြောက်သာမန် အင်္ဂါနေ့  
1-1 kgs 21:17-19-Gospel Mt 5:43-48 ရှင်မာတေးဦး ၅း၄၃-၄၈
Reflection by Rev.Fr. Thomas Zaw Lwin,OSM
Posted by Sr. Benedetta Myat Hnin Nwe,ISR