ဧပြီလ (၁၃)ရက်
ပါစကားကာလ ဗုဒ္ဓဟူးနေ့။
Wednesday Within Easter Octave.
လုကာ ၂၄း၁၃-၃၅
Reflection by OSM Sisters-Myanmar.
“ကလေအိုဖ”ဆိုသောတပည့်တော်အားဖြင့်ဒီနေ့သခင်ခရစ်တော်သည်မိမိ၏အဆုံးမဲ့ခွင့်လွှတ်ခြင်းအကြောင်းကိုဖွင့်ဟပြခဲ့သည်ကိုဧမာဦးခရီးစဉ်တွင်တွေ့ရပါသည်။ရှင်ပြန်ထမြောက်ခဲ့သောသခင်ခရစ်တော်ကိုမသိသော‘ကလေအိုဖ”သည်သခင်ခရစ်တော်ထံဒီရက်ပိုင်းဂျေရုဆလင်မြို့တွင်ဖြစ်ပျက်ခဲ့သောလူသတ်ပွဲကိုသင်တစ်ယောက်တည်းမသိပါလား ဆိုပြီး မေးခဲ့ပါသည်။ “ကလေအိုဖ” ပြောလိုသည်မှာရှင်ပြန်ထမြောက်ခဲ့သောသခင်ခရစ်တော်ကိုမသိဘဲထိုပွဲတွင်အဓိကအသတ်ခံရသောဇာတ်ကောင်သည်သခင်ခရစ်တော်ဖြစ်သည်ဟုသခင်ခရစ်တော်အကြောင်းကိုသခင်ခရစ်တော်ထံ ပြောခဲ့ပါသည်။တစ်နည်းဆိုရသော်သခင်ခရစ်တော်သည်“ကလေအိုဖ”အားဖြင့်ရှင်ပြန်ထမြောက်သောဘုရားဖြစ်ကြောင်း၊သူ့ကိုရက်စက်စွာသတ်ခဲ့သောသူကိုသူမှတ်မထားသည့်ဘုရားဖြစ်ကြောင်းဖော်ပြထားခြင်းဖြစ်ပါသည်။သခင်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအသက်တာ၊ဘုရားအဖြစ်တော်အသက်တာတွင်လူသားတစ်ယောက်ကဲ့သို့ခံစားခဲ့ရသောအရာကိုအပြစ်မမြင်ခဲ့သည့်အပြင်လူသားတစ်ယောကခုကိုမှ မမှတ်ခဲ့သောအဆုံးမဲ့ခွင့်လွှတ်နေသောဘုရားရှင်၏အသက်တာ၊ဘုရားရှင်ကအပြစ်သားကိုချစ်ပြီး အပြစ်ကိုတော့ ရေးမှတ်မထားသော အသက်တာသည် သူ၏ကြီးမားလှသောချစ်ခြင်းနှင့်ခွင့်လွှတ်ခြင်းကိုဖော်ပြနေပါသည်။ဒီနေ့မှာကျွန်ုပ်တို့ကိုလည်းသူတစ်ပါးအပြစ်ကိုမချည်နှောင်ဖို့ရန်သင်ပေးနေပါသည်။သင်၏အပြစ်များကိုရေးမှတ်တော်မမူဘဲခွင့်လွှတ်နေသောဘုရားရှင်၏သား/သမီးပီသစွာဖြင့်တစ်ဦး၏အပြစ်ကိုတစ်ဦးခွင့်လွှတ်ရင်းရှင်ပြန်ထမြောက်ခြင်းဘုရားရှင်၏အသက်တာတွင်ပါဝင်ကြပါစို့။