မာရီးယားဘုရား၏မယ်တော်ပွဲနေ့ကို အနောက်ဘက်အသင်းတော်က ဂုဏ်ပြုကျင်းပလေ့ရှိသည်။ ရဟန်းမင်းကြီးပီအူး (၁၁)၏ ”Luxveritatis“ စာချွန်တော်၌ (၂၅-၁၁-၁၉၃၁)ခုနှစ်၊ ဧဖက်ဆုအစည်းအဝေးကို ထောက်ရှုပြီး တရားဝင်ကြေငြာလိုက်သည်။ တတိယအကြိမ်အားဖြင့် သံတာမေရီ မေဂျာကျောင်းတော်ကြီးအဖြစ် သတ်မှတ်ကာ ရဟန်းမင်းကြီး တတိယမြောက် စစ္စတူး (St. Sixtus 111) ကကောင်းမွန်စွာ မွမ်းမံထားခဲ့သည်။ ရဟန်းမင်းကြီး ဧကဒသမမြောက်ပီအူးက ခေတ်မှီအောင်ပြန်၍ ပြုလုပ်ပေးသည်။ ဤသည်ကို မယ်တော်ကိုဂုဏ်ပြုသည့် ပွဲဖြစ်ကြောင်း သိကြသည်။ ကောင်းကင်ဘုရင်မဖြစ်သော မာရီးယားဘုရင်မထံသို့ ယုံကြည်စွာ ကိုးစားဆုတောင်းကြရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ ဤကဲ့သို့ ဘုရားမယ်တော်ကို လက်ခံယုံကြည်ခြင်းဖြင့် ဘုရားတစ်ပါးတည်း၌ ကိုယ်တော်၏ကိုယ်စားလှယ် ရဟန်းမင်းကြီးအား လက်ခံရာရောက်ပေသည်။ မယ်တော်အားဖြင့် ငြိမ်သက်ခြင်းနှင့် သာသနာအမှုထမ်းသော သူတို့အပေါ်သို့ ချစ်ခြင်းမေတ္တာရောင်ပြန်ဟပ်သည်။
Reflection--မယ်တော်သည် ကျွန်ုပ်တို့၏စစ်မှန်သော မိခင်မယ်တော်တည်း။ ကျွန်ုပ်တို့၏ ဝိညာဉ်ကယ်တင်ရေးအတွက် မိခင်ဖြစ်သည်။
ဘုရားသားတော် ယေဇူးခရစ်တော်ကို လောကသို့ လူ့အဖြစ်မွေးဖွား သန့်စင်ပေးခြင်း၊ အသက်ရရှိ၍ ကာလ်ဝါရီတောင်ကုန်းပေါ်၌ အသက်ပေးလှူပူဇော်ခြင်းအားဖြင့် ကယ်တင်ခြင်းအသက်တာကို ဆောင်ယူတော်မူသည်။ (စိန်အာလ်ဖုန်းလီဂိုရီ)
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)