ယနေ့ပွဲနေ့ရှင်သည် ဆယ်ကျော်သက်ရွယ်သူမြတ်တစ်ပါးဖြစ်သည်။သူသည်သူတော်မြတ်အဆင့်သာရှိသေးပြီးရဟန္တာအဆင့်သို့တင်မြောက်ရန်အတွက် လူအစွမ်းအစဖြင့်မတတ်နိုင်တော့သည့်ဘုရားသခင်၏အစွမ်းတန်းခိုးဖြင့်ပြုသောအာနုဘော်တစ်ခုကိုသူ၏ကြား၀င်ဆုတောင်းပေးခြင်းဖြင့်ရယူရမည်ဖြစ်သည်။ ထိုသို့သောအာနုဘော်တစ်ခုရရှိကြောင်းကို ခိုင်လုံသောအထောက်အထားအမှန်အကန်ရရှိပါက သူ့အားရဟန္တာအဖြစ်လူသိရှင်ကြားကြေညာ၍တင်မြောက်မည်ဖြစ်သည်။ ယခုမှာမူသူတော်မြတ် အဆင့်သာရှိသေးသည်။ သူတော်မြတ်သည် ရဟန္တာဖြစ်လာရန်ဒုတိယအဆင့်၌သာရောက်ရှိနေသေးသောအဆင့်ဖြစ်သည်။ ယခုအခါသူ၏ကြားဝင်ဆုတောင်းခြင်းကိုတောင်းခံပေးသောအွန်လိုင်းမှဆုတောင်းခြင်းအဖွဲ့ကိုလည်းသူ့အားကြညညိုကိုးစားသူများကဖွဲ့စည်းထားသည်။ယနေ့ပွဲနေ့ရှင်အား‘digital missionary’(နည်းပညာဖြင့်သာသနာပြုသူ)ဟုဂုဏ်ပြုထားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကွန်ပြူတာနှင့်ခေတ်သစ်နည်းပညာကိုလွန်စွာရူးသွပ် သူဖြစ်သည်။သို့သော် သူ၏ဝါသနာသက်သက်အတွက်၊ သူ၏ပျော်ရွှင်မှုအတွက်သာမသုံးခဲ့။ ကိုယ်တော်မြတ် အကြောင်းကိုလူသိများအောင်ရှာဖွေတင်ဆက်ရာတွင်အသုံးပြုသည်။ သူ၏အချိန်အများပိုင်းကိုလည်း ထိုရည်ရွယ်ချက်အတွက်အသုံးပြုခဲ့သည်။ဆယ်ကျော်သက်ရွယ်သူတော်မြတ်လေး၏စံပြုထိုက်သောအသက်တာကိုအားကျ၍ ဤအွန်လိုင်းဆုတောင်းခြင်းအဖွဲ့ (Sosporn.org) ကိုစတင်တည်ထောင်ခဲ့သည်။ ဤအဖွဲ့ကိုတည်ထောင်သူကတဖန် ညစ်ညမ်းရုပ်ပုံ၊ ဗွီဒီယိုများအားစွဲလန်းနေသောသူတို့အတွက်ရည်စူး၍ထိုနွံထဲမှရုန်းထွက်နိုင်ရန်ဆု တောင်းမေတ္တာတစ်ပုဒ်ကိုသီကုံးထားသည်။အထက်ကဆိုခဲ့သောမကောင်းသောအကျင့်ရှိသူတို့သည်လည်း ရုန်းထွက်နိုင်ရန်ရည်ရွယ်၍ ဤဆုတောင်းမေတ္တာကိုလိုင်းပေါ်တွင်(၂၀၂၀) မှစ၍တင်ပေးခဲ့သည်။ ဆယ်ကျော်သူတော်မြတ်၏မိခင်ထံမှလည်းခွင့်ပြုချက်ကိုတောင်းခံခဲ့သကဲ့သို့သာသနာမှလည်းထုတ်ဝေ ဖြန့်ချိခွင့်ကို (ဧပြီ ၂၀၂၀) ခုနှစ်၌ ပြင်သစ်မှ Bourges ဂိုဏ်းချုပ်ဆရာတော် Jérôme Beau ထံမှလည်း ကောင်း၊ ဤဆုတောင်းမေတ္တာသည် အမိသာသနာတော်ကြီး၏သွန်သင်ချက်နှင့်လွဲမှားမှုမရှိကြောင်း(Nil Obstat)စီစစ်ထောက်ခံချက်ကိုလည်းပြင်သစ်နိုင်ငံမှ‘Our Lady of Fontgombault’ ရသေ့ကျောင်းတစ်ကျောင်း၏ကျောင်းအုပ် Dom Jean Pateau ထံမှလည်းကောင်းတစ်ပါတည်းရရှိခဲ့သည်။ဤဆုတောင်းမေတ္တာကိုတင်ပေးလိုက်သည့်နောက် ဆုတောင်းကြသူ အတော်များများအနေဖြင့် ခွန်အားရကြောင်း၊၎င်းတို့၏အကျင့်ဆိုးကိုလည်း တစ်စတစ်စရုန်းထွက်နိုင်ခဲ့ကြောင်းများဖြင့် ရင်ဖွင့်လာကြသည်ဟုဆိုပါသည်။
ဆုတောင်းကြစို့
စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကားသူတို့သည် ဘုရားသခင်ကိုဖူးမြင်ရလိမ့်မည်။ (သံမာတေဦး ၅း၈)
အိုနူးညံ့သိမ်မွေ့ပြီး၊ကောင်းမြတ်သောဘုရားသခင်မယ်တော်မာရိယာ၏အလွန်စင်ကြယ်သောနှလုံးတော်အားဖြင့်ကမ္ဘာကြီးအားနှောက်ယှက်ဖျက်ဆီးနေသည့်ညစ်ညမ်းသောရုပ်ပုံကားချပ်၊ဗွီဒီယို၊ရုပ်ရှင်တို့၏မကောင်းမှုကိုကြွလာ၍ဖျက်ဆီးပစ်ပေးတော်မူပါ။ဤမကောင်းသောအကျင့်ဆိုး၏နွံ၊ကျွန်ဖြစ်နေသောသူတို့အတွက်ဆုတောင်းပေးပါသည်။အထူးသဖြင့်(ဆုတောင်းပေးလိုသူအား စိတ်အာရုံထဲမှအမည်တပ်ခေါ်ပါ)တို့ကို၎င်းတို့၏စိတ်နှလုံး၊အာရုံတို့ကိုသန့်စင်ကုသပေးတော်မူပါ။ထိုမကောင်းသော အကျင့်ထဲသို့ကျရောက်စေတတ်သောနှောက်ယှက်ခြင်းများနှင့်ကြုံတွေ့ရလျှင်လည်းကျော်ဖြတ်နိုင်သောခွန်အားကိုပေးသနားတော်မူပါ။ဆယ်ကျော်သက်ဘ၀ကိုအပြစ်ကင်းစင်စွာဖြင့်ကျင့်ကြံရှင်သန်နိုင်ခဲ့သော၊သင့်နှလုံးသား၏သာသနာပြုမယ်တော်အားလုံး၀ဆက်ကပ်အပ်နှံ၍ရှင်သန်ခဲ့သူ သူတော်မြတ်ကားရ်လိုအကူးတစ်၏ ကြား၀င်ဆုတောင်းပေးခြင်းအားဖြင့်တောင်းခံအပ်ပါသည်ဘုရား …..အာမင်….(Aleteia)
ဘာသာပြန်-ဖာသာရ်ကလေးမင်းအိန်ဂျယ်
Posted by Sr. Benedetta Myat Hnin Nwe(ISR)
Photo Crd