ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် စိန့်လူစီ (မွေး - ၂၈၃၊ ပျံလွန် - ၃၀၄)
ယနေ့ပွဲနေ့ရှင်အား အေဒီ(၂၈၃) တွင်စိစီလီနယ်၌မွေးဖွားခဲ့သည်။'လူစီ' ၏အနက်ကား'အလင်း' ဟုဆိုလို သည်။သူ၏အမည်ကို မစ္ဆားတရားပူဇော်ရာတွင် ကိုယ်တော်မြတ်ဖန်ဆင်းသောဆုတောင်းမေတ္တာ(၄)ခုရှိသည့် အနက်နံပါတ်(၁)၌ယုံကြည်ခြင်းအတွက်ကွပ်မျက်ခံရသောသူများ၏စာရင်း၌ဖော်ပြထားသည်။အဘယ်ကြောင့်ဆိုသော် ပွဲနေ့ရှင်သည်ခရစ်ယာန်ဖြစ်သွားသောကြောင့်သူ၏ယုံကြည်ခြင်းအတွက် အေဒီ(၃၀၄)ခုနှစ်၌ကွက်မျက်ခံခဲ့ရသည်။သူသည်အသက်အရွယ်ငယ်ရွယ်သော်လည်း သတ္တိခဲမလေးဖြစ်ခဲ့၍သူကွက်မျက်ခံရပြီးနောင်းပိုင်း၌ မိန်းကလေးငယ်အတော်များများသည်'လူစီ' အမည်ကိုဂုဏ်ယူစွာမှည့်ခေါ်ခဲ့ကြသည်။အသက်အရွယ်ငယ်ရွယ်စဉ်၌ပင် ဘုရားကိုမယုံကြည်သောစိစီလီပြည်သားတို့အားအတိုက်အခံဖြစ်ခဲ့ရသည်။ ပွဲနေ့ရှင်တို့၏ ခေတ်ကာလကိုနားလည်နိုင်ရန် မျက်မှောက်မိမိတို့၏အခြေအနေကိုစဉ်းစားကြည့်ပါ။အမည်ခံရုံမဟုတ်ဘဲခရစ်ယာန်တစ်ဦးပီသစွာဖြင့်ရှင်သန်ကျင့်ကြံရန်မှာအဘယ်မျှခက်ခဲပြီးစိန်ခေါ်မှုများကြုံရသည်ကိုသာဆင်ခြင်လိုက်ပါ။သူ၏ရဲရင့်ပြတ်သားမှုကိုမြင်တွေ့လိုက်ရသော သူငယ်ချင်းများအံ့အားသင့်သွားကြပေမည်။သူသည် ကညာစင်အဖြစ်သာအသက်ထက်ဆုံးနေထိုင်သွားရန်ကတိသစ္စာပြုခဲ့သည်။ရောမခေတ်၌ အိမ်ထောင်မပြုဘဲနေထိုင်သောအမျိုးသမီးသည်ပြစ်မှုကြီးကိုကျူးလွန်သကဲ့သို့ ထူးဆန်းအံ့ဖွယ်ရာဖြစ်နေခဲ့သည်။ မိခင်ဖြစ်သူသည်ပွဲနေ့ရှင်အား လက်ထပ်ပေးရန်အစွမ်းကုန်ကြိုးစားခဲ့သည်။နောက်ဆုံး၌လက်လျော့လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် လူသားအိမ်ထောင်ဖက်မရှိသော်လည်း ယေဇူးသခင်သည်သူ၏ထာ၀ရအိမ်ထောင်ဖက်ဖြစ်ကြောင်း မိခင်ဖြစ်သူအားရှင်းပြနားချခဲ့သည်။ပွဲနေ့ရှင်အနေဖြင့် ကညာစင်အဖြစ်ဆက်ကပ်နေထိုင်သည့်အတွေးအခေါ်မျိုးကို ယခင်တရားတော်အတွက်ကွပ်မျက်ခံရသောသူများ၏အကြောင်းကိုကြားဖူးနား၀ရှိနေခဲ့သည်။ထိုသို့နေထိုင်ခြင်းသည်လည်းမွန်မြတ်သောကြောင့် အိမ်ထောင်ပြုရန်အဘယ်မျှ စုံစမ်းနှောက်ယှက်ခံရစေကာမှုသူသည်မတိမ်းမစောင်း၊မယိမ်းမယှိုင်ခဲ့ပေ။ပွဲနေ့ရှင်၏မိခင်သည် မကျန်းမမာဖြစ်နေခဲ့သည်။ ပွဲနေ့ရှင်သည် စိန့်အာဂတားအား သူ၏မိခင် အတွက်ကြား၀င်ဆုတောင်းပေးခြင်းကိုအားကိုးခဲ့သည်။နောက်ဆုံး၌ပွဲနေ့ရှင်သည်စိန့်အာဂတားသည်ပွဲနေ့ရှင်ထံ ပေါ်လာပြီး သူ၏မိခင်သည်ပြန်လည်နေကောင်းကျန်းမာလာမည်ဖြစ်ကြောင်း၊ မိခင်ဖြစ်သူ၏ပိုင်ဆိုင်ရာအချို့ကိုနွမ်းပါးသူတို့အားပေးကမ်းစွန့်ကြဲရန်ပွဲနေ့ရှင်ကဖြောင်းဖြန်းစည်းရုံးခဲ့သည်။ပွဲနေ့ရှင်၏မိခင်လည်းသက်သာကျန်းမာလာခဲ့သည်။ ပွဲနေ့ရှင်သည်မိခင်ဖြစ်သူမှလက်ထပ်ခိုင်းရန်အတင်းစီစဉ်ထားမှုကိုပြန်လည်ယုတ်သိမ်းလိုက်၍ အမျက်ထွက်ကာရောမအစိုးရအားတိုင်တောခဲ့သည်။ ထိုအတိုင်အတောကြောင့်ရောမအစိုးရလည်းထိရောက်စွာ အရေးယူပြသည့်အနေဖြင့် ကွပ်မျက်သတ်ခဲ့သည်။ မကွပ်မျက်မသတ်ဖြတ်မှီနေ့အထိ အမျိုးမျိုးဖြောင်းဖြန်း သော်လည်းနောက်ဆုံးမရ၍ပေါက်ဆိန်များဖြင့်ရိုက်သတ်ခဲ့ကြသည်။ မျက်စိရောဂါအမျိုးမျိုးကိုခံစားနေရသူများ အားမှိုင်းမသော ရဟန္တာဖြစ်သည်။
Credit Photo
Fr. Clement