Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#2 January 2021 #St. Basil the Great (သံဘာဆေးလ်) #Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M.Sulatthtwe

Bishop Confessor, Father and Doctor of the universal Church (329-379)

ဆရာတော်ကြီးအပြစ်ဖြေသူ၊ အသင်းတော်၏ကထိကလည်းဖြစ်သည်။(၃၂၉-၃၇၉)

သံဘာဆေးလ်သည် ရဟန္တာမိသားစုမှ ဖွားမြင်လာသူဖြစ်သည်။ အသင်းတော်က သူ၏ဖခင် သံဘာဆေးလ်ကြီးအား ရဟန္တာတင်မြောက်ခဲ့သည်။ သူ၏မိခင် သံတာအယ်မလီ (St. Emelia) အားလည်း ရဟန္တာမအဖြစ် တင်မြောက်ခဲ့သည်။ သံတာအယ်မလီ (St. Emelia) ၏မိခင်သည် တရားတော်အတွက် အသေခံခဲ့သူဖြစ်သည်။ မိဘနှစ်ပါးစလုံးသည် ရဟန္တာဖြစ်ရုံမက ဘိုးဘွားတို့သည်လည်း တရားတော်အတွက် အသက်ပေးလှူခဲ့ကြသည်။ အစ်ကိုများဖြစ်ကြသော စိန်ဂရေဂေါ်ရီ (နီဆာ)နှင့် စိန်ပီတာ (ဆဲဘဲတ်)၊ ညီမဖြစ်သူ စိန်မာဂရီနားတို့သည်လည်း ရဟန္တာကြီးများ ဖြစ်ကြသည်။

သံဘာဆေးလ်သည် ငယ်ရွယ်စဉ်ကတည်းက ဉာဏ်ပညာထက်မြက်သူဖြစ်သည်။ ကွန်စတန်တီနိုဗယ်မြို့မှာ စကားပြေ၊ စကားပြော၊ စာစီစာကုံးနှင့် ဒဿနိကပညာများကို သင်ယူခဲ့သည်။ အေသင်မြို့တွင် နက္ခတာရာအတတ်ပညာနှင့် ဆေးပညာကို သင်ယူခဲ့သည်။ သို့သော် လောကဂုဏ် ပကာသနမှ လောကုတ္တရာရေးရာ၊ ဝိညာဉ်ရေးရာသို့ ညီမဖြစ်သူ သံတာမာဂရိနားက ပို့ဆောင်လမ်းညွန်ပေးခဲ့သည်။ ”ငါသည်သမ္မာကျမ်းစာတော်ကိုဖတ်ပြီး အသိကြွယ်ဝလာသည်။ သင်ပိုင်ဆိုင်သမျှ ရောင်းချ၍ ဆင်းရဲသားတို့အား ဝေငှလော့“ ဟူသော ကျမ်းပိုဒ်အားဖြင့် လောကီရေးရာကို တပ်မက်စွဲလမ်းခြင်းတို့မှ ပြောင်းလဲ၍ ဝိညာဉ်ရေးခွန်အား ရရှိခဲ့သည်။

သံဘာဆေးလ်သည် ဆီးရီးယား၊ ပါလက်စတိုင်း၊ မက်ဆိုပိုတေးမီးယား၊ အီဂျစ် စသည့်အရပ်တို့တွင်ရှိသော ရသေ့ကျောင်းများသို့ လေ့လာရေးထွက်ခဲ့သည်။ ထိုကဲ့သို့ ရသေ့ကျောင်းများသို့ လေ့လာပြီး (၅)နှစ်တိုင်တိုင် မိမိကိုယ်ကို ပြင်ဆင်မှုပြုလုပ်၍ ကျင့်ကြံနေထိုင်ခဲ့သည်။

ပွန်တူးအရပ်တွင် သူ၏ဂိုဏ်းတစ်ခုကို အသစ်ဖွင့်လှစ်တည်ထောင်ခဲ့သည်။ သံဘာဆေးလ်၏ကျင့်စဉ်နှင့် စည်းမျဉ်းစည်းကမ်းဖြစ်သော အလုပ်လုပ်ခြင်း၊ စာကျက်မှတ်လေ့လာခြင်းနှင့် ဆုတောင်းမေတ္တာပြုခြင်းသည် အရှေ့ဘက်ရှိ ရသေ့ကျောင်းများအတွက် အထူးအသုံးကျလေသည်။ ဖခင်ကြီးသဖွယ် လက်ခံထားကြသည်။

၃၆၄ ခုနှစ်တွင် ဆေဇားရီးယား ဂိုဏ်းချုပ်ဆရာတော်ကြီး ယူဆဲဘီအူးစ်က ရဟန်းသိက္ခာ တင်ပေးလိုက်သည်။ (၆)နှစ်ကြာသော် သံဘာဆေးလ်သည် ဆီးရီးယားဆရာတော်ကြီး ဖြစ်လာသည်။ သူ၏သန့်ရှင်းဖြူစင်ခြင်း၊ ဉာဏ်ပညာထက်မြက်ခြင်းအားဖြင့် အုပ်ချုပ်သည်။ စိန်ဂရေဂေါ်ရီကဆိုသည်မှာ ”လူမျိုးများကို ဦးဆောင်သောအချိန်မှာ တစ်ယောက်သည် ခေါင်းဆောင်များကို ဦးဆောင်သည်။ အာရှမိုင်းနားရှိ နယ်(၁၁)နယ်သည် ဆီစာရီးယားဂိုဏ်ချုပ်ဆရာတော်ကြီး၏ လက်အောက်တွင်ရှိသည်။

ရဟန်းဘုန်းတော်ကြီးများနှင့် ဘာသာတူလူစုအားလုံးတို့သည် ကာနွန်ဥပဒေကို လေးစား၍ ယုံကြည်ပြီး သစ္စာရှိကြသည်။ ရဟန်းတော်များကိုလည်း ကောင်းမွန်စွာ သင်တန်းပေးသည်။ ထို့ကြောင့် ဆေဇားရီးယား ဂိုဏ်ချုပ်သာသနာသည် အောင်မြင်စွာ ဘုရားအား ယုံကြည်ကိုးစားကြသည်။ ဆင်းရဲသားများ တည်းခိုစရာအိမ်လည်း သာသနာအတွင်း အများအပြားဆောက်လုပ်ခဲ့သည်။ ဆင်းရဲသားမကျန်းမာသူများ၊ လူအိုရုံများ၊ နူနာရုံများ၊ အိမ်ယာမဲ့သူအားလုံး အခမပေးဘဲ ဆေးကုသနိုင်ရန် ဆရာဝန်/ မများမှ ဆရာ၊ ဆရာမများအားဖြင့် ကြည့်ရှုစောင့်ရှောက်စေသည်။

စက်မှုလက်မှုဆိုင်ရာ ဝပ်ရှော့ကိုလည်း ဖွင့်လှစ်ပေးသည်။ လူတိုင်းစိတ်ဝင်စားလာကြသည်။ သူကိုယ်တိုင်လည်း ဆင်းရဲခြင်းပါရမီကျင့်သည်။ ငတ်မွတ်ခေါင်းပါးသောအချိန်မှာ သူ့ပစ္စည်းဥစ္စာများအား ဝေငှပေးသည်။ အသင်းတော်ရာဇဝင်သမိုင်းမှာ ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်သည်။ (Ecumenical Doctors) ဟုခေါ်သော (Greek) လူမျိုးများ၏ရိုသေသူ (၃)ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်သည်။ အခြားနှစ်ဦးမှာ စိန်ဂျွန်းခရစ္စစောစတုံးနှင့် စိန်ဂရေဂေါ်ရီ (နာရီရင်) တို့ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပတ်သက်သည့် ယုံကြည်ရာများရေးရာ၌ ထင်ရှားကျော်ကြားသည်။ ဧက္ကရာဇ်မင်းဗလင်ဆော်လက်ထက်၌ ကက်သလစ်အသင်းတော်၏ ယုံကြည်ရာများအား သတ္တိရှိစွာ ကာကွယ်ခဲ့သည်။ ကိုယ်တော်မြတ်ဆိုင်ရာ ဝတ်ပြုကိုးကွယ်နည်းကို အထူးပြုခဲ့သည်။ သက်တော်(၅၀)နှစ်၌ ပျံလွန်တော်မူရာ ခရစ်ယာန်များ၊ ယုဒလူမျိုးများနှင့် အခြားနတ်စားဘာသာဝင်များပါ ဝမ်းနည်းခဲ့ကြသည်။

 

#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

ရဟႏာၱ