Bishop Confessor, Father and Doctor of the Universal Church (325-389)
ဆရာတော်ကြီးအပြစ်ဖြေသူ၊ အသင်းတော်၏ ကထိကဒေါက်တာဖြစ်သည်။ (၃၂၅-၃၈၉)
သံဂရေဂေါ်ရီသည် ရဟန္တာများအိမ်ထောင်စုမှ ဆင်းသက်လာသည်။ သူ၏ဖခင်သည် ဂရေဂေါ်ရီကြီးဖြစ်သည်။ ရဟန္တာဖြစ်သည်။ မိခင်သည် သံတာနော်နားဖြစ်သည်။ သံဆေဆားရီသည် သူ၏အစ်ကိုဖြစ်သည်။ သံတာကော်ရိုနီးယားသည် သူ၏အစ်မဖြစ်သည်။ သူသည် ဆီထရီးယားမှာ ပညာသင်ယူခဲ့စဉ် သံဘာဆေးလ်နှင့် ရင်းနှီးခဲ့သည်။ နောက်ဆုံးပညာတော်သင်ယူရန် ပါလက်စတိုင်းသို့ရောက်ခဲ့သည်။ အလက်ဇန္ဒား၊ အီဂျစ်နှင့် အေသင်မြို့များတွင် စကားပြေ၊ စကားပြောနည်းကို သံဘာဆေးလ်နှင့် အတူသင်ယူခဲ့သည်။ အယူဖောက်ပြန်သူ ဂျူလီယံခေါ်သမိုင်းတွင် အယူတိမ်းသူနှင့်လည်း အတူနေခဲ့ဖူးသည်။ သံဂရေဂေါ်ရီ အိမ်ပြန်ရောက်လာချိန်တွင် အသက်(၃၁)နှစ်ရှိပြီး သံဘာဆေးလ်နှင့်အတူ ရသေ့ဘဝ၌ အသက်တာအပ်နှံရန် ဆုံးဖြတ်ကြသည်။ နှစ်အတော်ကြာသောအခါ သူ၏ဖခင်ဂရေဂေါ်ရီကြီးက ရဟန်းသိက္ခာခံယူရန် အတင်းပြောလေသည်။ သူသည် ရဟန်းဖြစ်ရန် စိတ်အားထက်သန်မှု မရှိခဲ့ပါ။ ရဟန်းများ၏နေ့စဉ်ကမ္မဌာန်းရှုချိန်၌ ဖတ်ရမည့်စာများမှာ သံခရစ်စောစတုံး၊ သံဂရေဂေါ်ရီနှင့်အတူ အခြားသောစာရေးဆရာများအား ဂုဏ်ပြုသင့်ကြောင်း ရေးသားခဲ့ဖူးသည်။
နှစ်ပေါင်း(၁၁)နှစ်ကြာသောအခါ သူ၏သူငယ်ချင်း သံဘာဆေးလ်သည် သူ၏ဂိုဏ်းချုပ်ဆရာတော်ဖြစ်လာသည်။ သူသည် စိတ်မပါသော်လည်း ဆရာတော်သိက္ခာပေးလိုက်သည်။ သို့သော် နိုင်ငံရေးရှုတ်ထွေးမည်ကို စိုးရိမ်သည့်အတွက် ဖခင်ရှိရာ နာဇီယန်ဇန်သို့ ပြန်လာခဲ့သည်။
နှစ်ပေါင်း(၃၀)အတွင်း ကွန်စတန်တီနိုဗယ်ကို အက်ရီးယန်းဒိဌိများက အုပ်စိုးခဲ့သည်။ သို့သော် (၃၇၉)ခုနှစ်တွင် သံဂရေဂေါ်ရီသည် ဒိဌိတို့အား ကက်သလစ်အယူဝါဒကို အားသွင်းပေးခဲ့သည်။ သူ၏သန့်ရှင်းစင်ကြယ်ခြင်း၊ ဉာဏ်ပညာထက်မြက်ခြင်းနှင့် ပြောဆိုမှုကြောင့် အသစ်တစ်ဖန်ပြန်လည်၍ ယုံကြည်ခြင်းသို့ ခေါ်သွင်းနိုင်ခဲ့သည်။ သူ၏ယုံကြည်ချက်(၅)ခုအနက် ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူအား နီဆဲလ်အစည်းအဝေးက အတည်ပြုခြင်းကို အထူးဟောပြောသည်။ သူ့ကို စိန်ဂျွန်း (Evangelist) ဟု ဂရိလူမျိုးတို့က ခေါ်ကြသည်။ သံဂျေရုမ်း (St. Jerome) လည်း သံဂရေဂေါ်ရီ၏တပည့်ဖြစ်ခဲ့သည်။
၃၈၀ခုနှစ်၌ (Theodosicis) ဧက္ကရာဇ်မင်းဖြစ်လာသောအခါ အာရီယာန်ဂိုဏ်းအုပ်ကြီး (အဘ) အား ပြည်နှင်ဒဏ်ပေးပြီး ဂရေဂေါ်ရီအား အစားထိုးနေရာပေးခဲ့ပါသည်။ (Ecumenical Council) ဒုတိယအကြိမ် အတည်ပြုလိုက်သည်။ သံဂရေဂေါ်ရီသည် ကျန်းမာရေးကြောင့် နာရီယူးစ်မြို့တွင် အနားယူရသည်။ သက်တော် (၆၄)နှစ်မှာ ပျံလွန်တော်မူခဲ့ပါသည်။
Reflection-- ဘုရားသခင်အား မိမိကိုယ်ကို စုံလင်စွာအပ်နှံပါက ဘုရားသခင်ထံမှ စုံလင်ခြင်းကိုပြန်ရမည်။ (St. Gregory Nazian Zen)
#Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)