Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#3 January 2021 #The Holy Name Of Jesus (သန့်ရှင်းသောယေဇူးနာမတော်ပွဲ) #Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M.Sulatthtwe

တပည့်တော်ကြီးများခေတ်ကတည်းကစပြီး သန့်ရှင်းသောယေဇူး၏နာမတော်သည် ကက်သလစ်အသင်းတော်အတွက် ဂုဏ်ပြုအတည်ပြုထားသည်။ ဘုရားသခင်က လူသားအားလုံး ကယ်တင်ရေးအတွက် ပေးထားသော သားတော်ဘုရား၏နာမတော်ဖြစ်သည်။ (St. Bernard) သန့်ရှင်းသောရွှေနှလုံးတော်သည် ယေဇူးသခင်၏ချစ်ခြင်းသင်္ကေတဖြစ်သလို ကားတိုင်တော်သည် ခရစ်တော်၏ဒုက္ခစရိယာ အမှတ်လက္ခဏာဖြစ်သည်။ ”အကြောင်းမူကား ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌သတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေဇူး၏ဘွဲ့နာမတော်ကို ဒူးထောက်၍ ယေဇူးခရစ်တော်သည် သခင်ဖြစ်တော်မူ၏။ ဟု နှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည့် အကြောင်းတည်း။“ (ဖိလိပု ၂၀း ၁၀-၁၁)။ ဘာပဲလုပ်လုပ် ခရစ်တော်ယေဇူး၏နာမနှင့် အစပြုပြီးတောင်းရမည့်အကြောင်း ခရစ်တော်က သွန်သင်ခဲ့သည်။ သင်တို့သည် ငါ၏နာမကို အမှီပြုလျှက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကား ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်း ရှိတော်မူမည့်အကြောင်းတည်း။ (ယော ၁၄း၁၃) သန့်ရှင်းသောယေဇူး၏ဘွဲ့နာမတော်ကို ဂုဏ်ပြုချစ်မြတ်နိုးသော ရဟန္တာသူတော်မြတ်တို့မှာ သံဘားနာဒ် (St. Bernerd)၊ သံဂျွန်ကပီစထရန်(St. John Capistran)၊ သူတော်မြတ် ဟင်နရီ ဆူဆို(Blessed Henry Suso) နှင့် သံဘာနာဒ်ဒင်း (St. Bernerdine of Siena) တို့ဖြစ်ကြသည်။ သူနယ်လှည့်သည့်အခါ မကျန်းမမာသူများအား ကောင်းကြီးမင်္ဂလာပေးရန် သစ်သားပေါ်မှာရေးထားသော ယေဇူး၏နာမတော်ပျဉ်ပြားကိုလည်း ရောမ(အသင်းတော်)ရှိ ဆန္တာမာရီးယား၏ အေရယ်ချယ်လီမှာ ယခုတိုင်ထားရှိကြသည်။ (In Roman Church of Santa Maria in Ara Coct) ၎င်းဖြင့် ခရစ်တော်ယေဇူးဘွဲ့နာမတော်(I.H.S)ဟု ရေးထားသောပျဉ်ပြားထဲမှာ ရွှေရောင်ဖြင့် အနားကွပ်ထားသည်။(I.H.S)သည် ပထမစာလုံးနှင့် နောက်ဆုံးစာလုံးအားဖြင့် ကယ်တင်ရှင်ယေဇူးနာမတော်အား ဖော်ပြထားသည်။ (I Hesus)ဟု (၈) ရာစုနှစ်မှာ လူသိများခဲ့သည်။ ယေဇူး(Jesus)ဟူသော နာမတော်ကို အာရမိုက်ဘာသာ ယေဇူး(Yesu)၊ ဟီဘရူးဘာသာ ယေစွ (သို့မဟုတ်) ယေအိုစွ(Hebrew jeshua or Jehoshua)မှ ဘာသာပြန်ထားခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ ”ယာဝေ“(Meaning Johweh has saved)က ကယ်တင်ပြီဟုဖြစ်သည်။ ယေဇူး၏နာမတော်အားဖြင့် ကျွန်ုပ်တို့အား နှစ်သိမ့်စေသည်။ ကာကွယ်သည်။ ချစ်ခြင်းမေတ္တာပွါးများစေသည်။ (သံလောရင်း ဂျာစတီနာ)(St. Lawrence Justinian) ယေဇူး၏နာမတော်၌ ဘုရား၏မြင့်မြတ်ခြင်း ဘုန်းအာနုဘော်သည် ရိုသေလေးမြတ်ခြင်းရှိသည်။(သံပီတာ ခရစ်စောလိုဂုစ်(St. Peter Chrysologus) ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ (ဖိလိပု ၂း၉) ထိုသခင်၏နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်ရှိလူတို့တွင် မပေါ်ရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။ (တမန် ၄း၁၂)

Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ