Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#3 January 2021 #St. Genevieve(Virgin 422-511) (စိန်ဂျေနေဗီ (ကညာစင် ၄၂၂-၅၁၁)) #Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M.Sulatthwe

၄၂၉ ခုနှစ်၌ စိန်ဂျာမင်သည် ”Britain“ အင်္ဂလန်ပြည်သို့ ပင်လယ်မှာနေသူတို့အား အတိုက်အခံပြုရန် လမ်းခရီး၌ ပဲရစ်နားက နန်တေရေး (Nanterre)မှာ ညအိပ်ရပ်နားခဲ့သည်။ သူသည် အစည်းအဝေးတစ်ခု၌ ဘာသာသူများအား (၇)နှစ်အရွယ် မိန်းကလေး၏ ဘုရားအားကြည်ညိုသစ္စာရှိကြောင်း ထုတ်ဖော်၍ ရှေ့မကြာမီတွင် ရဟန္တာဖြစ်နိုင်ကြောင်း ကြိုတင်ဟောခဲ့သည်။ သူပြန်လာပြီး (၈)နှစ်အကြာတွင် သူမသည် ခရစ်တော်အတွက် သန့်ရှင်းဖြူစင်ခြင်းအား အပ်နှံခဲ့သည်။ ဝတ်ရုံဖြူကိုလည်း လက်ခံဝတ်ဆင်သည်။ ပဲရစ်မြို့တွင် ကွန်ဗင့်စစ္စတာရ်ကျောင်း မရှိသေးသည့်အတွက်ကြောင့် မိဘနှင့်အတူနေ၍ ကျင့်ကြံခဲ့သည်။ မိဘနှစ်ပါးကွယ်လွန်သွားပြီးသောနောက်တွင် ခေါင်းကိုင်မိဘများက တာဝန်ယူခဲ့သည်။ သူမသည် ခြိုးခြုံခြင်း၊ ဖြူစင်ခြင်းများကို ဂရုဏာရေးလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်၍ ကျင့်ကြံခဲ့သည်။ သူမသည် ဘုရားသခင်၏ ကျေးဇူးတော်ကို အထူးခံစားရသဖြင့် လူဝင်စားနတ်ဆိုးဖမ်းစားသောသူအား ဘုရား၏နာမတော်နှင့် နှင်ထုတ်၍ ကုသနိုင်ခဲ့သည်။ သူမ၏ဆရာတော်ကြီး၏ အကြံပြုချက်အရ သန့်ရှင်းစွာ ပဲရစ်ကဖြူစင်ခြင်း အလင်းတော်ဖြစ်ရန် အသက်တာဘဝကို အပ်နှံပြီး ဆက်လက်၍ ဘုရားသခင်အား ပူဇော်ရန်ဖြစ်သည်။ ၄၅၁ခုနှစ်၌ အာတီလာနှင့်ဟွန်းဟု ခေါ်သော ဥရောပတိုက်ကို တိုက်ခိုက်သော အာရှအနွယ်တို့သည် ပဲရစ်သို့ ချီတက်တိုက်ခိုက်ကြသည်။ ပဲရစ်ကလူတို့ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်ချိန်မှာ စိန်ဂျေနေဗီက ခြိုးခြံဆုတောင်းခြင်းများကို ပြုလုပ်ကြရန် တိုက်တွန်းခဲ့သည်။ ဤကဲ့သို့ အပြစ်ဒဏ်ဆပ်ဖြေခြင်း၊ ဆုတောင်းခြိုးခြံခြင်းများကို ပြုကြသည့်အတွက် ရန်သူများသည် စိတ်ပြောင်းလဲကာ ပဲရစ်မြို့အား ချန်ထားခဲ့ကြသည်။ ထို့နောက် (Franks) ဂျာမန်အနွယ်ဖရင့်တို့က ပဲရစ်အား ဝိုင်းရံတိုက်ခိုက်လာသောအခါ စိန်ဂျေနေဗီသည် တောင်းပန်ပြောဆိုသည့်အတွက် ချမ်းသာရခဲ့ကြသည်။ သူမအသက်(၈၉)နှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။ ဘုရင်ကလောဗစ်၏အနားတွင် သင်္ဂြိုလ်ခြင်းကို ခံရသည်။ သူမ၏ရုပ်ပုံတော်ရှေ့မှာ ဆုတောင်းသောသူအားလုံး ဘုရား၏တန်ခိုးတော်များကို ခံစားကြရသည်။ ၁၁၂၉ခုနှစ်တွင် ဆိုးသွမ်းသောကပ်ရောဂါ ကျရောက်လာချိန်၌ စိန်ဂျေနေဗီ၏ ဓါတ်တော်မွေတော်ကို သယ်ဆောင်ကြပြီး မြို့အတွင်း စီတန်းလှည့်လည်သောအခါ လူပေါင်း(၁၄၀၀၀)တို့သည် အသက်ချမ်းသာရကြသည်။ ရဟန်းမင်းကြီးအင်နိုးဆင့်(၂) (Pope Innocent II) ပဲရစ်သို့  နောက်တစ်နှစ်ကြွလာသောအခါ ရဟန်းမင်းကြီးက ပုန်ကန်သူ ဘုရင်အာနာကလေးတူးစ်အား ဘုရားတန်ခိုးတော်ကို လက်ခံအတည်ပြုရန် နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ပွဲကျင်းပရန် တိုက်တွန်းသည်။ ၁၇၉၃ခုနှစ် တော်လှန်ရေးအချိန်နှင့် ၁၈၇၂ခုနှစ်တွင် ပဲရစ်ကလူဆိုးများစုရုံး၍ စိန်ဂျေနေဗီ၏ဓါတ်တော်များကို ဖျက်ဆီးပစ်ကြသည်။ သူမ၏ဘုရားကျောင်းတော်ကြီးကို ဘုရားတရားမဲ့သူတို့၏အလောင်းများကို သင်္ဂြိုလ်ရန်နေရာအဖြစ် သတ်မှတ်ကြသည်။ သူမသည် ပဲရစ်မြို့ကြီး၏ အားကိုးရာ သူတော်စင်ရဟန္တာမ ဖြစ်သည်ဟု အများက လက်ခံကြပါသည်။

Reflection--ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသောသတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေဇူး၏ဘွဲ့နာမတော်ကို ဒူးထောက်၍ ယေဇူးသည် သခင်ဖြစ်သည်ကို ဝန်ခံကြမည်။

 #Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

ရဟႏာၱ