စိန့်ဧလိဇဘက်အဲန်ဘဲလီဆက်တုန်သည် ၁၇၇၄ခုနှစ်၊ ဩဂုတ်လ(၂၈)ရက်နေ့တွင် နယူးယော့ခ်မြို့တော် (Newyork City)တွင် ဖွားမြင်ခဲ့ပါသည်။ သူမ၏မိသားစုတို့သည် ပရိုတက်စတန်အသင်းတော်တွင် ရှိကြသည်။ သူမ၏ဖခင်သည် ခြေလက်အင်္ဂါများကို ခွဲစိပ်ပါရဂူစာချပုဂ္ဂိုလ်အဖြစ် (King’s College) ကင်းစ်ကောလိပ်တွင် တာဝန်ထမ်းဆောင်သည်။ သူမ၏မိခင်မှာမူ (Episcopalion)အပစ်ကော်ပက်လျန် အသင်းမှ (Pastor Parson) ဘုန်းကြီး၏သမီးဖြစ်သည်။ အမည်မှာ (Catherine Bayley) ကက်သရင်းဘဲလီဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် မိခင်မှာသေဆုံးခဲ့သည့်အတွက် ဖခင်နှင့်အတူ ကြီးပြင်းလာသူဖြစ်သည်။ ဖခင်ထံမှ သင်တန်းကောင်းမွန်စွာ ရရှိခဲ့၍ အကျင့်သီလကောင်းမွန်သော အမျိုးသမီးတစ်ဦး ဖြစ်လာသည်။ ငယ်ရွယ်စဉ်ကတည်းက ဆင်းရဲသားများအား စာနာတတ်သောသူ ဖြစ်သည်။ ထိုသို့သော မွန်မြတ်သည့်စိတ်ထားများကြောင့် တစ်ချို့သောသူများက သူမအား ပရိုတက်စတန်စစ္စတာရ်ဟု နောက်ပြောင်၍ ခေါ်ဆိုတတ်ကြသည်။ သူမ၏ကျင့်စဉ်နှင့် အပစ်ကော်ပက်လျန်အသင်းတော်နှင့် ကိုက်ညီမှုမရှိပါ။ သူမ၏လည်ပင်းတွင် ခရစ်တော်အသေခံတော် မူသော ကားတိုင်ကိုဆွဲထား၍ နေ့စဉ်နေ့တိုင်း ကမ္မဌါန်းရှု့ပြီး ခရစ်တော်အား ပုံတုယူစာကို အမြဲဖတ်လေ့ရှိသည်။ သမ္မာကျမ်းစာကိုလည်း အမြဲဖတ်လေ့ရှိသည်။ ၁၇၉၄ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ဝီလျံမာရီဆက်တုန်ကုန်သည်ကြီးနှင့် လက်ထပ်ခဲ့ကြသည်။ သားသမီး(၅)ယောက် ရရှိပြီး သူမ၏ခင်ပွန်းဝီလျံသည် ကျန်းမာရေးချို့တဲ့လာကာ စိတ်ဓာတ်လည်း ပြောင်းလဲလာသည်။
၁၈၀၃ခုနှစ်တွင် အီတလီပြည်မှ သူငယ်ချင်းတစ်ဦးက ဖိတ်ခေါ်လိုက်သည်။ ရက်သတ္တ(၆)ပတ်ကြာသော် ဝီလျံသည် ပီဆာ(Pisa)မှာ သေဆုံးရှာသည်။ ဧလိဇဘက်သည် မုဆိုးမဘဝဖြင့် ဖိလိချိ(Filicchi) ကက်သလစ်အိမ်ထောင်စု၌ ခဏနေခဲ့ပါသည်။ ကက်သလစ်အသင်းတော်ဆိုင်ရာ ယုံကြည်ခြင်းကိုလည်း စိတ်ဝင်စားလာသည်။ ဖိလိချိမိသားစု ဘုရားခန်းထဲမှာ မယ်တော်သခင်မအား ရိုသေဂုဏ်ပြု ဆုတောင်းလေ့ရှိကြသည်။ ဧလိဇဘက်လည်း နေ့တိုင်းဖိလိချိတို့မိသားစုနှင့်အတူ အမြဲဆုတောင်းခဲ့သည်။ မကြာခင် အီတလီမှ ပြန်လာသောအခါ သူမ၏စိတ်ထဲတွင် ကက်သလစ်အသင်းတော်အား ယုံကြည်၍စိတ်ဝင်စားလာသည်။ ၁၈၀၅ခုနှစ်၊ မတ်ချ်လ(၄)ရက်နေ့တွင် သူမ၏ဆွေမျိုးများနှင့် သူငယ်ချင်းများက ကက်သလစ်အသင်းတော်အား ယုံကြည်စိတ်ဝင်စားလာကြောင်းကို သိကြသောအခါ သူမအားဒုက္ခပေးရန် စီစဉ်ကြသည်။ ပြဿနာနှင့်ဒုက္ခများကို စိတ်အေးဆေးစွာ ရင်ဆိုင်ပြီး ကနေဒါသို့သွားသည်။ သူမကို ဘုန်းတော်ကြီး ဒူဘောက ဘာတီမိုပါကားလမ်းရှိ စိန်မေရီရဟန်းဖြစ်သင်ကျောင်းနားတွင် အမျိုးသမီးများအတွက် ကျောင်းတစ်ကျောင်းဖွင့်ရန် ဖိတ်ခေါ်ထားသည်။ မကြာမီ မိန်းကလေးများစွာ သူမ၏ကျောင်းသို့ ဝင်လာကြသည်။ မိန်းကလေးကျောင်းမှ ဘာတီမိုဆရာတော်ကြီး၏ ခွင့်ပြုချက်အရ ကွန်ဗင့်(စစ္စတာရ်ကွန်ဗင့်)အဖြစ် ပြောင်းလဲကြသည်။ သူမသည် စစ္စတာရ်များ၏အကြီး ဖြစ်လာသည်။ စစ္စတာရ်များ၏စည်းကမ်းဥပဒေ၊ ဂတိသစ္စာစသည်တို့အား အဖွဲ့အစည်းမှ လိုအပ်သည့်အရာအားလုံး တည်ထောင်လိုက်သည်။ ၁၈၀၉ခုနှစ်တွင် သူမသည် မေရီလန့်ရှိ အမ်မီဘချ့်သို့ပြောင်း၍ စိန်ဗင်းဆင်းဒီပေါလ် (St. Vicent De Paul)၏ ဦးဆောင်လမ်းညွန်မှုအောက်တွင် ဂရုဏာရေးသီလရှင် (The Sister of Charity) ဂိုဏ်းကိုတည်ထောင်လိုက်သည်။ သူမသည် အမေရိကနယ်တစ်လျှောက်ရှိ ကျောင်းများနှင့် ဆရာ/ဆရာများအတွက် သင်တန်းကျောင်းများ ဖွင့်လှစ်ပေးခဲ့သည်။ ဝိညာဉ်ရေးဆိုင်ရာ စာအုပ်များရေးသားခဲ့သည်။ ဆင်းရဲသားများနှင့် မကျန်းမမာသူများအား ကူညီပေးခြင်းဖြင့် ကက်သလစ်ယုံကြည်ခြင်းသို့ လူများကိုခေါ်ဆောင်နိုင်သည်။ (Newyork)နယူးယော့ခ်မြို့နှင့် ဖိလာဒေဖိယားမြို့မှာ မိဘမဲ့ကလေးများကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ၁၈၂၁ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်တွင် မာသာရ်ဆက်တုန်သည် (Mother Seton)သည် ခရစ်တော်၌အိပ်ပျော်ခဲ့ပါသည်။ ၁၉၇၅ခုနှစ်၊ စက်တင်ဘာ(၁၄)ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလ်က သူမအား ရဟန္တာအဖြစ် တင်မြောက်ခဲ့သည်။ ဗာတီကန်မှ သူမ၏ရဟန္တာတင်မြောက်သည့် နေ့ကို သန့်ရှင်းသော အမျိုးသမီးများနေ့ဟု သတ်မှတ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဘဝအခြေအနေမျိုးစုံကို ကျော်လွှားခဲ့သည်။ (Mainden hood, Widow hood, Religious life)
Reflection--ယုံကြည်ခြင်းသည် ယုံမှားသံသယမှားယွင်းခြင်းမှ တိုးတက်စေ၍ မျှော်လင့်ခြင်းသည် ၎င်းကို တိုးမြင့်ကူညီသည်။ အတွေ့အကြုံက ၎င်းသည်မှန်ကန်ကြောင်းပြောပြ၍ ချစ်ခြင်းသည် ၎င်းကိုတွန်းအားပေးသည်။ (St. Elizabeth Ann Bayley Seton)
#Fr.ဒေါမိနစ်ကုန်ကုန်(ဘာသာပြန်)