ပထမဦးစွာ (Stylite an arientol) အရှေ့တိုင်းသားဆာတာလိုက်ရသေ့တစ်ပါးဖြစ်သည်။ သူသည် ဆီးရီးယားမြောက်ပိုင်းနယ်စပ် လယ်သမားမိသားစုမှ မွေးဖွားလာသည်။ အသက်(၁၅)နှစ်အရွယ်တွင် ရသေ့ကျောင်းသို့ ဝင်ရောက်ခဲ့သည်။ သူသည်တောသို့ထွက်၍ ရသေ့ကျင့်စဉ်တို့ကို အမြဲကျင့်လေ့ရှိသည်။ အထူးသဖြင့် ဝါတွင်းအချိန်များတွင် အစာရှောင်၊ ဝါရှောင်ပြီးအမြဲကျင့်သည်။ တစ်ပါးတည်းထွက်သွားသည့်အတွက် တစ်ခါတစ်ရံ မိမိ၏ဝိညာဉ်လမ်းညွှန်ဖြစ်သူက လိုက်လံရှာလေ့ရှိသည်။ ဘုရင်ဧက္ကရာဇ်တေအိုဒိုဆီနှင့် မိဖုရားအင်ဒိုရှားကိုယ်တိုင် လူထုအားရှာခိုင်းလေ့ရှိသည်။
စိန့်စီမွန်ဆာတာလိုက်သည် ဆုတောင်းခြိုးခြံခြင်းဖြင့် တန်းခိုးလက္ခဏာပြခဲ့သည်။ သူသည် လူများကသူ့ကိုရှာပြီး အနှောက်အယှက်ပေးမည်ကို စိုးရိမ်သဖြင့် တောင်ပေါ်ဒေသ ဆီးရီးယားနှင့် စီလီရှားနယ်စပ်တွင် (၁၀)ပေအမြင့်ရှိသော တဲတစ်ဆောင်ကို ဆောက်၍နေသည်။ နောက်ပိုင်းတွင် ပေ(၆၀)အမြင့်ဆောက်၍ သက်တော်(၃၆)နှစ်အထိ နေထိုင်ခဲ့သည်။ သူသည်ဒူးထောက်ခြင်း (သို့) ထိုင်ခြင်းဖြင့်ကျင့်၍ လှဲလျောင်းအိပ်ခြင်းကို မပြုချေ။ နေရာကိုလည်း (၃)ပေအကျယ်သာ ပြုလုပ်၍ ပက်လက်အိပ်၍မရပါ။ ပွဲနေ့များတွင် လူထုထံသွား၍ တရားဒေသနာဟောကြားခြင်းကို ပြုသည်။ သူရေးသားသောစာစောင်သည် အလွန်ကျော်ကြားသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)