Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#6 January 2021 #The Epiphany of the Lord (မင်းသုံးပါးပွဲနေ့) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M.Sulatthtwe

ဤပွဲသည် ခရစ်တော်ထင်ရှားပေါ်ထွန်းသည့် သုံးထပ်ကွမ်းပွဲဖြစ်သည်။ ပထမမင်းသုံးပါးအားဖြင့် ဇင်ဒေဦး(Gentile)တို့ထံသို့ ထင်ရှားပြခြင်း၊ ဒုတိယဂျော်ဒန်မြစ်၌ ဆေးကြောခြင်းခံမှ ဘုရားသားတော်ထင်ရှားခြင်းနှင့် နောက်ဆုံးကာနန်မြို့လက်ထပ်ပွဲမှာ ပထမတန်ခိုးပြသည့်အချိန်၊ ရေမှစပျစ်ရည်သို့ ပြောင်းလဲခြင်းတို့ဖြစ်ကြပါသည်။ အရှေ့ပိုင်းအသင်းတော်များက မင်းသုံးပါးပွဲကို (၃)ရာစုကတည်းက ကျင်းပကြသည်။ ဂျော်ဒန်မြစ်၌ ခရစ်တော်သခင် ဆေးကြောခြင်းခံသည့်ပွဲကို အထူးပွဲကြီးအဖြစ် သတ်မှတ်ကြသည်။ လက်တင်အသင်းတော်ဟုခေါ်သော အနောက်ပိုင်းအသင်းတော်သည် မင်းသုံးပါးပွဲကို မစ္ဆားတရာတော်ဖြင့် အထူးပွဲအဖြစ် ကျင်းပကြသည်။

ခရစ်တော်ယေဇူးသည် ဗက်သလင်ဟင်မြို့ ယူဒေအာပြည်တွင် ဟေရုဒ်မင်းအုပ်ချုပ်စဉ်က ဖွားမြင်တော်မူခဲ့သည်။ ဂျေရုဇလင်မြို့အရှေ့ပိုင်းမှ မင်းပညာရှိသုံးပါးတို့လာကြ၍ ယုဒရှင်ဘုရင်မွေးဖွားခြင်းအကြောင်းကို ဟောပြောနိုင်ကြသည်။ သူ၏ကြယ်တော်ကို အရှေ့ပြည်မှမြင်ရ၍ လိုက်လာကြသည်။ ယုဒရှင်ဘုရင်အား ရှိခိုးရန်ပြောကြသည်။ ခရစ်တော်သည် အဘယ်အရပ်တွင် မွေးဖွားကြောင်း၊ မည်သည့်အချိန်တွင် မွေးဖွားမည့်အကြောင်းကို ပညာရှိမင်းသုံးပါးအား ဟေရုဒ်မင်းက မေးမြန်းခဲ့သည်။ ပညာရှိမင်းသုံးပါးတို့လည်း ကြယ်တော်သွားရာအရပ်သို့ လိုက်ကြသည်။ ကြယ်တော်ရပ်သောအရပ်မှာ သူငယ်တော်ကို ဖူးမြင်ကြရသည်။ မိမိတို့နှင့်အတူပါလာသော ရွှေ၊ လော်ဗန်၊ ရေမွေးနံ့သာ၊ မီးရားတို့ကို ပူဇော်ဆက်ကပ်ကြသည်။ (မာတေဦး ၂း ၁-၁၁)

အရှေ့ပိုင်းအသင်းတော်များမှာ ၎င်းပွဲနေ့တွင် ပင်လယ်၊ အင်းအိုင်ချောင်းရေများကို ကောင်းကြီးပေးသော အလေ့အထရှိကြသည်။ ကက်သလစ်အသင်းတော်မှာ မင်းသုံးပါးပွဲနေ့နှင့် ရာသီအတွင်း ဘုန်းတော်ကြီးအားပင့်၍ နေအိမ်ကိုကောင်းကြီးပေးခြင်းနှင့် တံခါးကြီးမှာ မင်းသုံးပါးတို့အား ဂုဏ်ပြုသည့်အထိမ်းအမှတ်အနေဖြင့် သူတို့၏နာမည်များဖြစ်ကြသော ဂက်စပါး(Gaspar)၊ မေခေါ်ယာ(Mechorr)နှင့် ဘာသစာ(Balthasar)တို့ကို ရေးသားထားကြသည်။ (ဥပမာ 19+C+M+B+86)ဟု ရေးသားကြသည်။

၁၈၃၆ခုနှစ်မှစပြီး ရောမရှိ (St.Andrew)ဘုရားကျောင်းတွင် အရှေ့ပိုင်းအသင်းတော်၏ စနစ်များအတိုင်း မင်းသုံးပါးပွဲအတောအတွင်း နေ့တိုင်းမစ္ဆာတရားတော်ကြီး ဟောလေ့ရှိသည်။ အင်္ဂလန်ပြည်တွင်မူကား ခရစ္စမတ်ပွဲတော်ပြီးနောက် ညပေါင်း(၁၂)ညကို သတိယအောက်မေ့ဆုတောင်းကြသည်။

 

#The Magi

#မင်းသုံးပါး(သို့)အရှေ့တိုင်းပညာရှိများ

ဤပညာရှိသုံးပါးတို့သည် ရှင်ဘုရင်များ မဟုတ်ကြသော်လည်း ပညာရှိရဟန်းအနွယ်ဝင်များဖြစ်ကြသည်။ သူတို့သည် အဆီးရီးယား(သို့) ဘာဘီလုံမြို့ (Assyria or Babbylon) မှလာကြသည်။ အများအားဖြင့် (Persia) ပါရှားပြည်မှလာကြသည်။ သူတို့သည် ဘာသာရေးသာမက နိုင်ငံရေးမှာလည်း နယ်မြေအလိုက် လာရောက်ဖူးတွေ့ကြသည်။ ပါးရှားလက်အောက်ခံဖြစ်ကြသည်။ ပညာရှိတာတူးလျံ (Tertullian)က ပညာရှိမင်းသုံးပါးဟု ခေါ်ထားသည်။

သို့ဖြစ်၍ ဘုန်းကြီး(ရဟန်း)အနွယ်ဝင်ဖြစ်သည့်အားလျော်စွာ ထူးဆန်းသောကြယ်အား ဖီလော်ဆိုဖီပညာနှင့် နက္ခဗေဒင်ပညာအားဖြင့် တွက်ချက်နိုင်ကြသည်။ ဇူဒေဦးလူမျိုးများသည် ပညာရှိမင်းသုံးပါးဟောပြောချက်ကို ယုံကြည်ကြသည်။ ပါးရှားနှင့်ဘာဘီလုံပြည်ရှိ ဂျူးလူမျိုးများသည် ဟောစာတန်းကို ယုံမှားခြင်းမရှိကြချေ။ ရောမအင်ပါယာတစ်ခုလုံး ပြောင်းလဲမည့်နှစ်သစ်ကို မျှော်လင့်တမ်းတကြသည်။

ဂျေရုဇလင်မြို့နှင့် ဗက်သလင်ဟင်မြို့သို့ ခရီးသွားရန်ပြင်ဆင်မှုနှင့် ကုလားအုပ်များဖြင့် ခရီးထွက်ရန် တစ်နှစ်ကြာခဲ့ကြသည်။ တစ်ချို့သောလူကြီးများသည် မင်းသုံးပါးတို့ ခရစ်တော်ထံရောက်သည့်အချိန်မှာ ခရစ်တော်သည် တစ်နှစ်သားလောက်ရှိပြီဟု ယူဆကြသည်။

Reflection--ဘုရားသခင်မနှစ်သက်သောအရာကို မည်သူမျှမနှစ်သက်ကြပါ။(Alphonsus Liguari)  

 

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

ရဟႏာၱ