Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#7 January 2021 #St.Raymond of Penafort (စိန့်ရေမွန် ပါန်နဖော့) (၁၁၇၅-၁၂၇၅) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M.Sulatthtwe

စိန့်ရေမွန်သည် ဒေါမိနစ်ကန်ဂိုဏ်းမှဖြစ်သည်။ စပိန်ဘုရင်အာရကွန်နှင့် အမျိုးတော်စပ်သူဖြစ်သည်။ သူသည် စပိန်ပြည်၊ကာတူနီးယားရှိ ပါန်နဖော့မှာ မွေးဖွားသည်။ ဘာချဲလောနားတက္ကသိုလ်မှာ ကာနွန်ဥပဒေကို (၁၅)နှစ်တိုင်တိုင် စာချပေးခဲ့သည်။ ၁၂၂၂ခုနှစ်တွင် ကာနွန်ဥပဒေဆိုင်ရာဘွဲ့ကို ရယူပြီး သွန်သင်ဟောပြောသည့် အသင်းဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။ သူသည် စိန်ပီတာနီလာစကိုနှင့်အတူ (Our Lady of Mercy) သနားခြင်း၏မယ်တော်ဂိုဏ်းကို တည်ထောင်ခဲ့ကြသည်။ အာဖရိကမြောက်ပိုင်းရှိ မူအာ(Moor) လူမျိုးတို့၏သုံ့ပန်းအဖြစ် အဖမ်းခံထားရသူများအား ကယ်တင်ရန် ရည်ရွယ်ချက်ဖြင့် (Our Lady of Mercy) သနားခြင်း၏မယ်တော်ဂိုဏ်းကို တည်ထောင်ခြင်းဖြစ်သည်။ သူသည် အဟောအပြော ကောင်းသောသူဖြစ်သည်။ (Saracen, Worldenses and Abigenses) စာရာစင်၊ ဝေါဒင်းဆဲစ်နှင့် အာဘီဂျစ်လူမျိုး ထောင်ပေါင်းများစွာတို့အား ဘာသာထဲသို့ သွင်းယူနိုင်ခဲ့သည်။

၁၂၃၀ ခုနှစ်တွင် ရဟန်းမင်းကြီးဂရေဂေါ်ရီ(၉)က သူ၏(Chaplian)အဖြစ် ရောမသို့ခေါ်သည်။ သူ့အား အသင်းတော်ဆိုင်ရာ ဥပဒေများနှင့် ဝိနည်းများကို စနစ်တကျဖြစ်အောင် ပြုလုပ်ခဲ့သည်။ ၁၉၁၇ခုနှစ်တွင် အသင်းတော်သို့ တရားဝင်ကြေငြာလိုက်သည်။ စိန့်ရေမွန်သည် တာရာကိုနာ၌ ဂိုဏ်းချုပ်အဖြစ်မှ အနားယူရန် စပိန်သို့သွားရောက်ခဲ့သည်။ ၁၂၃၈ခုနှစ်တွင် ဒေါမိနစ်ကန်အသင်းဂိုဏ်း၏ အကြီးအကဲဖြစ်လာသည်။ အသင်းဂိုဏ်းအား ပြန်လည်မွမ်းမံ ပြင်ဆင်ခဲ့သည်။ ဘာချဲပိုနာနှင့် ဂျူနီမှာ စာသင်ကျောင်းများ ဖွင့်လှစ်ပေးသည်။ သူသည် စိန့်သောမတ်စ်အကွီးနားကို (Summa Contra Gentiles) ဂျင်ကိုင်တွေကို ဆန့်ကျင်သည့် စာစောင်များစုဆောင်းခိုင်းသည်။ သက်တော်(၁၀၀)တွင် ကွယ်လွန်ခဲ့ရှာသည်။ စိန့်ရေမွန်အား ကာနွန်ဥပဒေကို လေ့လာဆည်းပူးလိုက်ကျင့်သောသူတို့အား မှိုင်းမသောရဟန္တာကြီးဟု ခေါ်ဝေါ်ကြလေသည်။

 

#Fr.​ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

ရဟႏာၱ