စိန့်အန်ဒရီးယားသည် အာဖရိကလူမျိုးဖြစ်သည်။ အီတလီပြည်တွင် ရသေ့ဖြစ်သည်။ နီပေါနားရှိနေရီဒါမှာ ရသေ့ကျောင်းအကြီးအကဲဖြစ်သည်။ သူ၏အကျင့်သီလပါရမီသည် ထင်ပေါ်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးပီတာလျံက ကင်တာဘိုရီဆရာတော်လုပ်ငန်းမှာ တာဝန်ပေးလိုက်သည်။ ကပ်ရောဂါများ ကျရောက်ချိန်တွင် ပျံလွန်တော်မူသော စိန့်ဒေအိုစဒေဗီက နေရာယူသည်။ သို့သော်သူသည် အလွန်နိမ့်ချသည့်အတွက် သူ့ပါရမီသည် ရသေ့နှင့်ရသေ့ကျောင်းသာဖြစ်ကြောင်း ရဟန်းမင်းကြီးအား လျှောက်တင်ထားလေသည်။ သို့သော်လည်း အင်္ဂလန်ပြည်ဆရာတော် အကြံပေးကောင်စလှယ်အဖြစ် တာဝန်ယူရန်ဖြစ်သည်။ အင်္ဂလန်ဧက္ကရာဇ်မင်းက (၂)နှစ်ခန့် ပြင်သစ်ပြည်သို့ စေလွှတ်သည်။ ဘင်ရာတင်ဧက္ကရာဇ်မင်း ကွန်စတန်တင်(၂)၏ လျှို့ဝှက်သတင်းထောက်ဟု ယူဆသည်။ အင်္ဂလန်ပြည်သို့ ဝင်ရသည့်အခါ ကင်ဘာဘိုရီရှိ စိန်ပီတာရသေ့ကျောင်းတွင် အကြီးအကဲအဖြစ် တာဝန်ယူရပြန်သည်။ သက္ကရာဇ်(၆၀၅)ခုနှစ်၌ စိန့်ဩဂုတ်စတင်း တည်ထောင်ခဲ့သော ရသေ့ကျောင်းဖြစ်သည်။ စိန့်အန်ဒရီးယားဦးဆောင်လာသောအခါ အင်္ဂလိပ်များ၏စိတ်စွဲလန်းဖွယ် ဗဟိုရသေ့ကျောင်းဖြစ်လာသည်။ ၎င်းကျောင်းမှတဆင့် ဂျာမဏီပြည်၊ ပြင်သစ်ပြည်သို့ ရသေ့ကျောင်းများဖွင့်ကာ သာသနာကို တိုးချဲ့နိုင်ခဲ့ကြသည်။ သက်တော်(၃၉)နှစ်မှာ စိန်အန်ဒရီးယားသည် ပျံလွန်တော်မူရှာသည်။ သူ၏အလောင်းကို ကင်တာဘိုရီမှာ သင်္ဂြိုလ်ကြသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)