Untitled Document
Untitled Document
Untitled Document
ကဗ်ာ
မလွမ်းကြေးနော်....(ရှားမာန်)

ဒူဝေဝေအသံသာဖို့

အထုခံသီးခံနိုင်

မှမြည်လိုက်ပါနော်..

 

ဒူဝေဝေအသံမြည်ဖို့

အားထည့်ကာတီးနိုင်ပါမှ

အမျှဝေနော်..

 

ဒူဝေဝေအသံကြားလို့ 

သတိထား နားဆင်နိုင်မှ

သာဓုခေါ်နော်...

 

ဒူဝေဝေအသံမကြား

မေ့လျှော့ကာချောင်ထိုးပြီးမှ 

ကာလရယ်အတန်ကြာ

တဖန်ပြန် အမျှဝေနှိုးဆော်ဖို့

သာဓုခေါ်မျှော်နေသူများအတွက်

တီးလိုက်မယ်ကြံ

ကောက်ကိုင်ကာ ကြိုးတွေကဆွေး

ဒူဝေဝေ အသံမပေးတော့ပြီ..

မလွမ်းကြေးနော်.... ။ 

 

ရှားမာန်

ကဗ်ာမ်ား