ရင်မှာမောလျ နွမ်းရပါလည်း
သခင့်အတွက် စိတ်မှာမှန်းရည်
တမ်းတပါလျှင် ပေးဆပ်ဦးမည်...
စိတ်နှင့်ခန္ဓာ စွမ်းအင်လောင်းကာ
သခင့်အတွက်သာဝမ်းမြောက်လှည့်ပါ.....
သခင့်ကျွန်ဟာ အသက်ဆက်လျက်ပါ။
ကြုံရ၊ဆုံရ နေ့စဥ်ဘဝက ချိုချဥ်စပ်ခါး ရသတွေများ..
ပြုံးပန်းဆင်ဖို့ ခက်နေတွန့်ပို့
ဘဝဇာတ်ခုံ ကြိုးစားလို့မကုန်...
သင်ယူနေဆဲ မအောင်မြင်လည်း ..
သခင့်အတွက်သာ နားလည်လှည့်ပါ...
သခင့်ကျွန်ဟာ အသက်ဆက်လျက်ပါ။
ဖြစ်ချင်တာနဲ့ ဖြစ်နေတာထက်..
စိတ်ကူးတွေနဲ့ လက်တွေ့တွေလည်း
ထပ်တူမကျ လိုတိုင်းမရ
ဆုတ်ကိုင်ထားစရာ မရှိတဲ့အခါ
ကိုယ်လိုအင်များ ပစ်ကာထား...
အားမာန်လျော့ကာ...မျက်လွှာချထား....
သခင့်အတွက်သာ ကျေနပ်လျက်ပါ.......
သခင့်ကျွန်ဟာ အသက်ဆက်လျက်ပါ။
"... ဝတ်မှုန်
Posted by Sr.Benedetta Myat Hnin Nwe(ISR)