နေပူရန်လည်း မစွမ်းသာ
နှင်းကျရန်လည်း မစွမ်းသာ
ကိုယ်တွေစွမ်းတာ ပျော်ပါးတာ...
ချစ်တာ၊ မုန်းတာ၊ ပြုံးတာ၊ မဲ့တာ၊
မနာလိုတာ, ဒေါသတွေသာ.....
စိတ်ဆိုးပြစ်တင်၊ ညည်းညူတာ...
မြက်တစ်ပင်ပင် ရှင်သန်ထွားရန်
မစွမ်းနိုင်ငြား မာနထိပ်ထား၊ စွမ်းတောင်ရှင်အလား....
ဘာကြောင့်တို့များ၊ ဘယ်အထိတို့များ...
ဒီအတိုင်းသာ ရှေ့ဆက်ကြမှာ ဝန်လေးစရာ...
"ဝတ်မှုန်
Posted by Sr.Benedetta Myat Hnin Nwe,ISR