သူသည် စီစီလီမှာမွေးသည်။ လောကကို ကျောခိုင်းပြီး ရသေ့ဘဝသို့ မဝင်မှီ အိမ်ထောင်ဦးစီးဘဝ၌ နှစ်ပေါင်း(၂၀) နေခဲ့ပါသည်။ ပါလမိုနှင့်ရောမတွင် ရသေ့အဖြစ်နေခဲ့သည်။ ရှေးထုံးသက်သေအရ သူသည်(၆၇၈)ခုနှစ်၌ ရဟန်းမင်းကြီးအဖြစ် တင်မြောက်ခြင်းခံရသည်။ သူ၏နူးညံ့သိမ်မွေ့ခြင်းနှင့် ဂရုဏာစိတ်ထားကြောင့် လူတိုင်းက အားကိုးချစ်ခင်ကြသည်။
၆၈၀-၆၈၁ခုနှစ် (၆)ကြိမ်မြောက် (Ecuminical Council) ခရစ်ယာန်အသင်းကြီး၏ အစည်းအဝေးကို ကွန်စတန်နိုပါမှာ ကျင်းပသည်။ သူတင်ပြသော အချက်သုံးချက်လည်း အထူးအရေးကြီးစွာ စည်းဝေးကြသည်။ ဂရိဆင်းရဲသားများအား ဘာသာစကားကို ဦးစွာအရေးတကြီးထားရမည့်အစား ယုံကြည်ခြင်းကို ပထမထားရန် တိုက်တွန်းသည်။ အဘယ်ကြောင့်ဆိုသော် ဘာဘယ်ရီယန်းတို့၏ အုပ်ချုပ်တိုက်ဖျက်မှုကြောင့်ဖြစ်သည်။
စိန့်အာဂါသိုသည် ဘုရားတစ်ပါးတည်းသာ ယုံကြည်ခြင်းရှိရမည်ဟူသော အချက်သည် ကက်သလစ်ဘာသာ၏ ယုံကြည်ရာအချက် မှန်ကန်သည်ဟု အတည်ပြုကြေငြာရန် တင်ပြသည်။ ဘုရားတစ်ပါးတည်းဆိုသောအချက်ကို လက်မခံသူအား ဆန့်ကျင်တိုက်ဖျက်ခဲ့သည်။ ရှင်ပီတာသည် ဤယုံကြည်ရာအချက်ကို စိန့်အာဂါသိုမှ လူတို့အားတဆင့် ပြောကြားသည်နှင့်တူသည်။ သို့သော် ဤကြေငြာချက် မထုတ်ပြန်ခင် သေဆုံးခဲ့သည်။ စိန့်အာဂါသိုအား သောမတ်သုဂိုစ် (Thaumaturgus) ဘွဲ့နာမကို ပေးကြသည်။ သူ၏လုပ်ငန်း၌ ဘုရား၏တန်ခိုးလက္ခဏာ ထင်ပေါ်လေ့ရှိသည်။ အင်္ဂလန်ပြည်၏ ကွာယာမာစတာ (Choir-Master) ဟုလူသိများသည်။ ရောမသံစဉ်အား အင်္ဂလန်သို့ ပထမဆုံး မိတ်ဆက်ပေးသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)