သူသည် အင်ဂလိုအက်ဆုန်လူမျိုး ဂုဏ်ကြီးသူဖြစ်သည်။ ငယ်စဉ်က ဘုရင့်နန်းတော်၌ နေခဲ့သည်။ ၆၅၃ခုနှစ်တွင် စိန့်ဝီးဖရက်နှင့်ရောမသို့ အလည်သွားကြသည်။ ရောမမှအပြန် နော်တူဘရီမှာ ရောမဥပဒေဝိနည်းကို ကျင့်သုံးရန် အစပြုတည်ထောင်ကြသည်။ ဆဲလ်တီတိုကျင့်သုံးသောဝိနည်းကို မသုံးချင်ကြပါ။ နောက်(၁၂)အကြာ ရောမသို့ ဒုတိယအကြိမ် အလည်သွားပြီး သူကိုယ်တိုင် ဘေနဒစ်တင်ရသေ့ဂိုဏ်းသို့ဝင်သည်။ လေရင်မြို့မှာ (၃)နှစ်နေသည်။ စိန့်အနြီးယနှင့်အတူ ပုပ်ရဟန်းမင်းကြီးက ကင်တာဘိုရီမှာ ဆရာတော်အရာ၌ တာဝန်ယူရန် ထားခြင်းဖြစ်သည်။ သူတို့ကို စိန့်သီအိုဒို(တာဆီ)က ဆက်ခံသည်။
ကင်တာဘိုရီမှာရှိသော စိန့်ပီတာရသေ့ဂိုဏ်း၏ အကြီးဥက္ကဌဖြစ်လာသည်။ ၆၇၅ခုနှစ်တွင် ဝေမော၌ရသေ့ကျောင်း တစ်ကျောင်းကို တည်ထောင်သည်။ နော်ဘူတရီဘုရင်မင်းမြတ်က သူ့အားရသေ့ကျောင်း ဆောက်လုပ်ရန် မြေတစ်ကွက်ကို လှူသည်။ (၇)နှစ်ကြာသော် စိန့်ပေါလ်ကျောင်းမှာနေသည်။ ငါးကြိမ်မြောက် ရောမသို့သွား၍ ရသေ့ကျောင်းမှာ လိုအပ်သော စာရွက်စာတမ်း၊ စာအုပ်မျိုးစုံ ယူလာပေးသည်။ ရောမမြို့ရှိ စိန့်ပီတာကျောင်းတော်ကြီးမှာ သီချင်းမြူးစိနည်းပြအဖြစ် သင်တန်းတက်သည်။ အင်္ဂလန်ပြည်ရှိ ရသေ့များအား ပြန်လည်ပို့ချရန်ဖြစ်သည်။ ပထမဦးဆုံး ပြင်သစ်လက်သမား အင်ဂျင်နီယာဆရာများအားဖြင့် အင်္ဂလန်ပြည်မှာ မှန်ပြူတင်းပေါက်နှင့် ပြုလုပ်သော ကျောက်ဖြင့်ဘုရားကျောင်း တည်ဆောက်သည်။ ၆၉၇ ဇန်နဝါရီလ(၁၂)ရက်နေ့တွင် ဝေမောရှိကျောင်း၌ ပျံလွန်တော်မူခဲ့သည်။ နှစ်ပေါင်း(၂၀၀) သူတည်ထောင်သော ရသေ့ကျောင်းသည် နာမည်ကျော်ကြားလှသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)