Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#13 January 2021 #St.Hilary of Poitiers, စိန့်ဟေလာရီ (ပွေတီယားစ်) #Bishop Confessor #Father and Doctor of the Church (315-368) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M.Sulatthtwe

သူသည်ကာလို ရောမမိသားစုသူဌေးကြီး၏သားဖြစ်သည်။ မိသားစုနှင့် ပူတီယားခေါ်အနောက်နိုင်ငံတွင် ဗဟိုဖြစ်သောပြင်သစ်ပြည်တွင် နေထိုင်ကြသည်။ ဒိဌိအယူဝါဒကို လက်ခံကြသော မိဘများသည် သားအား ပညာထူးချွန်ကြောင်း သိကြ၍ ပညာကို ဆက်လက်လေ့လာစေသည်။ စိန့်ဟေလာရီသည် ဒိဌိဖီလော်ဆော်ဖီအား သဘောမကျချေ။ အမှန်တရားကို လေ့လာလိုသောဆန္ဒကြောင့် သမ္မာကျမ်းစာကို လေ့လာရန် ဆုံးဖြတ်သည်။ မကြာခင် ဆေးကြောခြင်းကို ခံယူသည်။

အသက်(၃၀)အရွယ် ရောက်ပြီဖြစ်သည့်အတိုင်း သူခံယူသော ယုံကြည်ခြင်းကို အပြောအဆို၊ အဟောအပြော၊ စာရေးသားခြင်းတို့ဖြင့် ကာကွယ်ခဲ့သည်။ ၃၅၀ခုနှစ်တွင် ပိုတီယားဆရာတော်အဖြစ် ရွေးကောက်ခံရသည်။ ထိုအချိန်က အခြေအနေအရ သူသည် ကလေးတစ်ယောက်အဖေ ဖြစ်ငြားသော်လည်း ဆရာတော်တာဝန် ယူခဲ့သည်။ အလက်ဇနြီးယားက အက်ရီအိုစ်လူမျိုးများက ခရစ်တော်သည် ဘုရားသားတော်ဖြစ်ခြင်းကို ဆန့်ကျင်ပြောဆိုသော အချိန်လည်းဖြစ်သည်။ အာလေဂိုဏ်းချုပ်ဆရာတော်က သံဃာတော်အစည်းအဝေးခေါ်၍ (Heresy) အသင်းတော်အား ဆန့်ကျင်သူတို့၏အယူဝါဒကို အတည်ပြုရန် ပြင်သစ်ပြည် ဘေယာဒ်မြို့၌ ၃၅၆ခုနှစ်တွင် ကျင်းပသည်။ စိန့်ဟေလာရီသည် ၎င်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ သို့သော် အမှန်တရားကို ကာကွယ်ရန် ခရစ်တော်သည် ဘုရားစစ်စစ်ဖြစ်ကြောင်း အယူဝါဒကို ပြောဆိုခွင့်လုံးဝ မပြုကြပါ။မကြာခင် မကျေနပ်၍ ၎င်းအစည်းအဝေးအား ဆန့်ကျင်၍ အမှန်အတိုင်းဟောပြောသည်။ အာရီယာန်များက ဧက္ကရာဇ်မင်းအား စိန့်ဟေလာရီအား အာရှမိုင်းနားဝေးကွာလှသော ဖရီကြာသို့ ပြည်နှင်ဒဏ်ပေးကြသည်။

စိန့်ဟေလာရီသည် ပြည်နှင်ဒဏ်ခံရသည့် (၃)နှစ်အတွင်း ဂရိဆရာများ ရေးသားပြုစုသော အကြောင်းအရာများကို လေ့လာခဲ့သည်။ မှန်ကန်သောအသင်းတော် ယုံကြည်ရာဝါဒအား ပြုစု၍ ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူအကြောင်းအား ရေးသားထုတ်ဝေခဲ့သည်။ ၃၅၉ခုနှစ်တွင် ကွန်စတန်တီနိုဗယ်သို့ သံဃာတော်အစည်းအဝေး ကိုယ်စားလှယ်အဖြစ်သွားသည်။ အရှေ့တိုင်းဆရာတော်များ ဖိတ်ကြားချက်အရ ဆဲလိုရှားသံဃာတော်အစည်းအဝေးကို ၃၅၉ခုနှစ်တွင် တက်ရောက်သည်။

ဧက္ကရာဇ်မင်း၏ခြိမ်းခြောက်မှုကြောင့် အာရီယာန်တို့၏ အယူအဆကိုသာ လိုက်နာရန်ဖြစ်သည်။ စိန့်ဟေလာရီသည် (Gaul) ဂေါလ်သို့ပြန်လာသည်။ ၃၆၁ခုနှစ်တွင် ပြည်ဝင်ခွင့်ရသည်။ (၇)နှစ်နေပြီး အသက်တော်စွန့်သည်။ ၂၅၇၂ခုနှစ်တွင် Calvinish ကာဗီနစ်တို့က သူ၏ဓါတ်တော်များကို ဖျက်ဆီးကြသည်။ သူ့ကိုတိုင်တည်ပြီး ဆုတောင်းပဌနာပြုပါက မြွေအဆိပ်ပြင်းအန္တရာယ်မှ လွတ်သည်။

 

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) 

ရဟႏာၱ