စိန့်ပေါလ်သည် အီဂျစ်ပြည်သဲဘက်မြို့တွင် ဖွားမြင်သည်။ အသက်(၁၅)နှစ်အရွယ်တွင် မိဘနှစ်ပါးစလုံးကွယ်လွန်၍ မိဘမဲ့ဖြစ်ရရှာသည်။ မိဘများက ချမ်းသာကြသည်။ သူသည် ပညာရေးဘက်၌ ထူးချွန်သူဖြစ်ခဲ့သည်။ ညှင်းပန်းနှိပ်စက်ခြင်းကို ကြောက်သောကြောင့် မိမိရရှိထားသော ခရစ်ယာန်ဘဝအသက်တာကို မစွန့်လွတ်ရအောင် ရွာငယ်လေးတစ်ရွာတွင် ရှောင်တိမ်း၍ နေထိုင်ခဲ့ရသည်။ သို့ရာတွင် လူတစ်ယောက်က ပေါလ်သည် ခရစ်ယာန်တစ်ယောက်ဖြစ်ကြောင်းကို ဖော်ထုတ်သည့်အတွက်ကြောင့် ပေါလ်အနေဖြင့် ဧက္ကရာဇ်မင်းဒီစီအူးစ်ကို ကြောက်သောကြောင့် သဲကန္တာရတစ်ခုသို့ ထွက်ပြေးခဲ့ရပြန်သည်။ သူထွက်ပြေးသောနေရာအရပ်တွင် ထန်းပင်များ အလွန်ပေါများသောကြောင့် သောက်ရေအတွက် ထန်းရေသောက်ခြင်း၊ အဝတ်အတွက် အရွက်နှင့်အခေါက်ကို အသုံးပြုရသည်။ ထန်းပင်မှ သောက်စရာ၊ စားစရာမရသောအခါများ၌ ကျီးကန်းတစ်ကောင်းက သူ့အားမုန့်ချပေးသည်။ ခရစ်ယာန်များအား ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုများ ပြီးဆုံးသွားသောအခါ မြို့ထဲပြန်ရောက်လာသည်။ သို့သော် ဆုတောင်းမေတ္တာပြုခြင်း၊ ကမ္မဌာန်းရှုခြင်းများ၌သာ မွေ့လျော်၍ အသက်တော်(၉၀)အထိ ဘဝကိုလောကမှာ ကုန်ဆုံးစေခဲ့သည်။
ဘုရားသခင်က တစ်ဦးတစ်ယောက်တည်း ဆုတောင်းမေတ္တာပြုသောပေါလ်အား စိန့်အန်ထော်နီအား ဝံပုလွေအားဖြင့်ပြသည်။ ရေငတ်နေသော ဝံပုလွေတစ်ကောင်သည် ကျောက်တုံးကြီးမှ ပန်းထွက်နေသောရေကို သောက်နေသည်ကို စိန့်အန်ထော်နီက မြင်ရသည်။ ဝံပုလွေကို ကြည့်လိုက်ရင်း စိန့်ပေါလ်အား ရေငတ်နေသည်ကို တွေ့ရသည်။ စိန့်အန်ထော်နီသည် စိန့်ပေါလ်နှင့်ထိုင်၍ စကားများပြောနေကြရာ ကျီးကန်းတစ်ကောင်က ပေါင်မုန့်တစ်လုံးလာချပေးသည်။ သူတို့နှစ်ဦးစလုံး တစ်ညလုံးဆုတောင်းခြင်းအမှု ပြုကြသည်။ မနက်မိုးလင်းသောအခါ စိန့်ပေါလ်က “ငါသေရတော့မည်၊ ငါ့ကိုသင်္ဂြိုလ်ပါ” ဟုပြောပြီး စိန့်အာသာနာဆီအူးစ်ပေးသော ဝတ်ရုံရှည်ကို စိန့်အန်ထော်နီအား ပေးလိုက်သည်။ စိန့်အန်ထော်နီ အပြန်လမ်းတွင် စိန့်ပေါလ်၏ဝိညာဉ်သည် ဝမ်းမြောက်ဝမ်းသာစွာ ကောင်းကင်သုခချမ်းသာသို့ တက်သွားသည်ကို မြင်ရသည်။ အလောင်းဘေးနားမှာ ဆုတောင်းရရှာသည်။ မမျှော်လင့်ဘဲ ခြင်္သေ့ကြီးနှစ်ကောင်ပေါ်လာပြီး သင်္ဂြိုလ်ရန်တွင်းတူးပေးကြသည်။ စိန့်ပေါလ်သေသောအခါ သက်တော်(၁၁၃)နှစ် ရှိလေသည်။ သူ့အား ယက်ကန်းရက်သောသူတို့ ကိုးစားသောရဟန္တာအဖြစ်တင်မြောက်ကြသည်။
#Fr.ဒေါမိနစ်ကုန်ကုန်