အီဂျစ်ပြည်တောင်ပိုင်း၌ ခရစ်ယာန်မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၁၈)နှစ်၌ မိဘနှစ်ပါးသေဆုံးသွား၍ မိဘမဲ့ဖြစ်ခဲ့ရသည်။ ရသေ့ဂိုဏ်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ပြီး အမွေပစ္စည်းအားလုံးကို ရောင်း၍ ဆင်းရဲသားများအား ဝေငှါပေးခဲ့လေသည်။ သင်္ချိုင်းကုန်း၌ (၁၅)နှစ်ခန့် တရားအားထုတ်ခဲ့သည်။ ထို့နောက် အနှစ်(၂၀)ခန့်ဒါအေမေမိုအနားတွင် ရှိသောတောင်ကုန်း၌ လူများကို အတွေ့မခံဘဲ တရားကျင့်ခဲ့သည်။ သူ၏နောက်လိုက် တပည့်များတိုးလာသည်။ တဲကလေးများ ဆောက်လုပ်ကြသည်။ လူဦးရေများသည့်အတွက် စိန့်အန်ထော်နီသည် ဝိညာဉ်လမ်းညွှန် ဖြစ်လာခဲ့သည်။အစာရှောင်ခြင်း၊ ဝါရှောင်ခြင်းများကို ပြုလုပ်ပြီး ပျားရည်ကိုသာ သောက်သုံးနေခဲ့သော်လည်း ကျန်းမာသန်စွမ်းလျှက်ရှိသည်။ (၅)နှစ်ကြာသော် ရသေ့တို့၏ဝိညာဉ်လမ်းညွှန်မှုနှင့် တရားအားထုတ်လိုသူများအတွက်သာ လေ့ကျင့်ပေးခဲ့သည်။ လူများအတွေ့မခံဘဲ တိတ်ဆိတ်စွာ တရားကျင့်၍ တစ်ခြားသော ရသေ့များထက် ထူးခြားသည်။ (၃၁၁)ခုနှစ်တွင် စိန့်အန်ထော်နီသည် အလက်ဇနြီးယားမြို့သို့သွား၍ မက်ဆီမီနားက ညှင်းပန်းနှိပ်စက်ခံနေကြရသော ခရစ်ယာန်များအား နှစ်သိမ့်အားပေးစကား ပြောကြားသည်။ သူသည် ပြန်လာပြီး တောင်ကုန်းတစ်ခုနားရှိ သဲကန္တာရတစ်ခုမှာ (၄၅)နှစ် နေထိုင်ခဲ့သည်။ သူ့ထံ၌ ဝိညာဉ်ရေးဆိုင်ရာ အကြံဉာဏ်များ တောင်းခံလာကြသည်။ (၃၃၅)ခုနှစ်တွင် အလက်ဇနြီးယားမြို့သို့ တစ်ခေါက်ပြန်သွား၍ အေရီယန်တို့၏အယူအဆ မှားယွင်းမှုများအား တိုက်ခံဟောကြားလေသည်။ စိန့်အာသာနာဆီဦးသည် သူ၏မိတ်ဆွေတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ဦးသည် ရသေ့ကျောင်းများအား ကောင်းမွန်စွာ ကြိုးစားဦးဆောင်၍ ဖွင့်လှစ်ပေးခဲ့သည်။ သူသည် သက်တော်(၁၀၅)နှစ်မှာ ကွယ်လွန်သွားရှာသည်။ သူ့အား အမဲသားရောင်းသောသူများ၊ ဆေးရုံအမှုထမ်းများ၊ သင်္ချိုင်းတွင်နေထိုင်သူများ၊ ဖုန်မှုန့်နှင့်အမှိုက်များကို သုတ်ရန်ကိရိယာများကို လုပ်သောသူများနှင့် တောင်းပလိုင်းလုပ်သောသူများ၏ ကိုးစားရသော ရဟန္တာဖြစ်လာသည်။ သူ့ထံ၌ ဆုတောင်းရာတွင် ဝက်ရူးပြန်ရောဂါရရှိသောအချိန်၊ ကင်ဆာရောဂါရရှိသောအချိန်၊ မီးလောင်နာနှင့် အရေပြားရောဂါများ ဖြစ်ချိန်တွင် အထူပျောက်ကင်းကြပါသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)