Untitled Document
Untitled Document
Untitled Document
ဝတၳဳ
#18 January 2021 #St. Prisca (Virgin and Martyr), စိန့်ပရီစကား (ကညာစင်) #Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်) Posted by M. Sulatthtwe

အလွန်ရှုပ်ထွေး၍ မသေချာမရေရာသည့် အကြောင်းကြောင့် အထူးဂရုပြုစရာရှိသည်ဟု လူထုက စိန့်ပရီစကားအား ဆိုကြသည်။ (ရောမ ၁၆း ၃-၅) သံပေါလူးက ပရီစကားသည် အာကွီလာ၏ဇနီးဖြစ်ကြောင်းနှင့် ဘုရားသခင်အား ချီးမွမ်းကြောင်း ဆိုထားလေသည်။ (တမန်တော်ဝတ္တု ၁၈း ၂)တွင် သူတို့သည် ခရစ်ယာန်မိသားစု ဖြစ်ကြသည့်အတွက်ကြောင့် ယုဒလူတို့နှင့် ရောမားမြို့မှာ သူတို့ကို နှင်ထုတ်ကြသည်။ (တမန်တော်ဝတ္တု ၁၈း၁၈-၂၆) ကောရိန္တုမြို့သို့ သွားကြ၍ ဧဖက်ဆုမှာ သံပေါလူးအား ဆက်သွယ်၍ သံပေါလူးအား ကူညီကြသည်။ ဧက္ကရာဇ်မင်း ကလောဆီဒီအူးစ် ကွယ်လွန်ပြီးနောက် ရောမမြို့သို့ပြန်လာကြသည်ဟု သမိုင်းများမှာ တွေ့ရှိရသည်။

စိန့်ပရီစကားသည် တရားတော်အတွက် အသေခံခဲ့ကြောင်းကို ခရီးသွားအညွှန်းမှတ်တမ်းက ဆိုထားလေသည်။ သူမ၏လိုက်ဂူကိုလည်း ပရီစကားလိုက်ဂူဟုလည်း ဗီအာဆာလာရီယားမှာ တွေ့ရှိရပါသည်။ သူမ၏သင်္ချိုင်းဂူပေါ်တွင် ဘုရားကျောင်းတစ်ဆောင်ကို ဆောက်လုပ်ထားကြသည်။ သံပေါလူးရေးသားထားသော သမ္မာကျမ်းစာထဲတွင် တွေ့ရသလို အဆက်အစပ်ရှိကြောင်းကိုလည်း တွေ့ရပါသည်။ စိန့်ပရီစကားဘုရားကျောင်းတော်သည် ရှေ့ဟောင်းသန့်ရှင်းရာဌာနဖြစ်သော မီထရစ်၌ရှိသည်။

 

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

ရဟႏာၱ