အေဒီ(၂၃၆)ခုနှစ် သံဃာတော်များနှင့် လူထုစည်းဝေး၍ စိန့်အန်တဲရားစ်ကို ဆက်ခံရန် ရွေးကောက်သည့်အခါ ခိုငယ်လေးတစ်ကောင်သည် စိန့်ဖေးဘီးယန်းအပေါ် လာ၍နားသောကြောင့် သူ့အားရဟန်းမင်းကြီးအဖြစ် တင်မြောက်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှတ်လက္ခဏာကို ဆောင်သောခိုသည် ဝိညာဉ်တော်၏ လှုံ့ဆော်မှုကြောင့်ဖြစ်သည်။ ထို့ကြောင့် သာမန်ဘာသာဝင်ထဲက ပထမဦးဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်သည်။ ထိုအချိန်က ဖိလီဆိုသူအာရာဗီယာက ဧက္ကရာဇ်ဖြစ်သည့်အတွက် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခြင်းမခံရပါ။ (၂၄၃-၂၄၉)အထိ ဧက္ကရာဇ်မင်း အာဏာဆက်ခံ၍ ခရစ်ယာန်အယူဝါဒကို လက်ခံစေသည်။
စိန့်ဖေးဘီးယန်းသည် ဦးပဉ္ဇင်း(၇)ပါးအား တာဝန်ခွဲဝေပေးသည်။ အကူဦးပဉ္ဇင်းများက နယ်အလိုက် ခရစ်တော်အတွက် အသတ်ခံစာရင်းကို စုဆောင်းကြသည်။ ကြာသပတေးနေ့ကြီး၌ သန့်ရှင်းသောဆီအား ကောင်းကြီးပေးခြင်း၊ သာမန်ဘာသာဝင်များ တစ်နှစ်မှာအနည်းဆုံး(၃)ကြိမ် ကိုယ်တော်မြတ်မပင့်မနေရ။ အထူးသဖြင့် ပါစကားပွဲ၊ သန့်ရှင်းသောဝိညာဉ်တော်ပွဲနှင့် ခရစ္စမတ်ပွဲများ ဖြစ်သည်။ ဒေဆီအူးစ်ဧက္ကရာဇ်မင်း ဖြစ်လာသောအချိန်မှာ ပထမဦးစွာ စိန့်ဖေးဘီးယန်း အသတ်ခံရသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)