စိန့်ဗင်းဆင်းသည် စပိန်ပြည်အရှေ့ပိုင်း အော်စကာမြို့တွင် မွေးဖွားခဲ့ပါသည်။ ငယ်ရွယ်စဉ်ကစပြီး ပညာသင်ကြားခြင်း၊ အထူးသဖြင့် သမ္မာကျမ်းစာသင်ကြားခြင်းကို အလွန်စိတ်ဝင်စားသည်။ ဆရာတော်ဗာလေရီအူးစ်က သူ့ဝါသနာကို သတိထားမိသည်။ ဆရာတော်မကျန်းမမာဖြစ်သောအခါ ဗင်းဆင်းသည် စပိန်ဘာသာဖြင့် ဆရာတော်နေရာမှာ ဟောပြောသွန်သင်ခဲ့သည်။ ထို့ကြောင့် ရောမဘုရင်ခံက ဗင်းဆင်းအား ဖမ်းဆီးချုပ်နှောင်ထားသည်။ သူ့ကိုအမျိုးမျိုး ညှင်းပန်းနှိပ်စက်ကြသည်။ ဇန်နဝါရီလ (၂၂)ရက်နေ့တွင် သူသေဆုံးသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)