ညီအစ်ကို(၆)ယောက်ထဲမှာ အကြီးဆုံးဖြစ်သည်။ အသက်(၂၅)နှစ်မှာ ဥပဒေဘွဲ့ကို ပဒ္ဒါမြို့၌ရရှိသည်။ မကြာခင်၌ ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ရန် စိတ်ပြင်းပြလာ၍ ရဟန်းဘုန်းတော်ကြီး ဖြစ်လာသည်။ ပရိုတက်စတန်တို့နှစ်(၅၀)လောက် ယုံကြည်ထားသူများအား စိန့်ဖရန်စစ်နှင့် ညီအစ်ကိုဝမ်းကွဲများက ဟောပြောသွန်သင်ရာ ကက်သလစ်ဘာသာသို့ သွင်းယူနိုင်ခဲ့သည်။ ကာလ်ဗင်းနစ် (Calvinnist)တို့အား ကက်သလစ်ဘာသာဖြစ်စေသည်။
(၄)နှစ်ကျော်သွားသောအခါ ကာလ်ဗင်းနစ်မှ (၇၀၀၀၀)ယောက်ကို ကက်သလစ်ဘာသာ ဖြစ်စေသည်။ ဘုရားရှိခိုးကျောင်းကိုလည်း ကက်သလစ်ဘုရားရှိခိုးကျောင်းအဖြစ်သို့ ပြောင်းလဲလိုက်သည်။ သူ၏သန့်ရှင်းဖြူစင်ခြင်းနှင့် အောင်မြင်မှုကြောင့် ဆရာတော်ကြီး၏ကိုယ်စားလှယ်ဖြစ်လာသည်။ ဖရန်စစ်သည် သက်တော်(၃၂)နှစ်သာ ရှိသေးသည်။
နေရာတိုင်းသို့သွားရောက်၍ တရားဒေသနာတော်ကို ဟောပြောခဲ့သည်။ အာပါတ်ဖြေနားထောင်ခြင်း၊ အသင်းတော်၌ ဘုရား၏အမှုတော်ထမ်းများ ပြန်လည်ဖွဲ့စည်းတည်ထောင်ပေးခြင်း၊ ဓမ္မဆရာများအား ဘုရားစကားသင်ကြားရန် ဖွဲ့စည်းပေးခဲ့သည်။
၁၆၀၇ခုနှစ်တွင် (Our Lady of the Sisters of Visitation Order) ကြည့်ရှုပြုစုသူ စစ္စတာရ်ဂိုဏ်းကို စိန့်ဂျင်းဒီချန်တာနှင့် တည်ထောင်ကြသည်။ အထူးသဖြင့် သာမာန်ကက်သလစ်ဘာသာဝင်များအတွက် ရည်ရွယ်ပြီး ရေးသားပြုစုခဲ့သည်။ ပုပ်ရဟန်းမင်းကြီးပီဦး (၁၁)က စာရေးဆရာများ ကိုးစားရာ ရဟန္တာအဖြစ်ကြေငြာသည်။
#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)